Photoshop ဖြင့် ဒီဇိုင်းရေးဆွဲနည်း(၂)

အခုသင်ခန်းစာအတွက် အောက်မှာပါတဲ့ပုံလေးတစ်ပုံကို အသုံးပြုပြီး နောက်ခံ Background ထည့်နည်းလေး တင်ပြပေးသွားမှာဖြစ်ပါတယ်။ မိမိစက်ထဲကို ဒေါင်းပြီး လေ့ကျင့်နိုင်ပါတယ်။
ပုံ(၁) Background မထည့်မီပုံ
ပုံ(၂) Background ထည့်ပြီးပုံ
အဆင့်(၁)
အထက်ဖော်ပြပါ Background မထည့်မီပုံလေးကို Photoshop သုံးပြီးဖွင့်လိုက်ပါ။
အဆင့်(၂)
Layer Palette မှာ Locked ဖြစ်နေပါတယ်။ အဲဒီသောပုံပေါ်မှာ Double Click လုပ်ပြီး သော့ဖွင့်လိုက်ပါ။
New Layer ဆိုပြီး Box ပေါ်လာပါမယ်။ Name ကို Model လို့အမည်ပေးပြီး OK လုပ်လိုက်ပါ။
အဆင့်(၃)
Magic Wand tool ကိုရွေးလိုက်ပါ။ Model ရဲ့ဘေးက အဖြူကွက်မှာ Click လုပ်ပါ။
Keyboard က Delete Key ကို နှိပ်ပြီးဖျက်လိုက်ပါ။
အောက်ပါပုံအတိုင်းတွေ့ရပါမယ်-
Ctrl + D ကို နှိပ်ပြီး Deselect လုပ်လိုက်ပါ။
အဆင်(၄)
Layer Menu က New Fill Layer မှ တစ်ဆင့် Gradient ကိုရွေးလိုက်ပါ။
အောက်မှာပြထားတဲ့အတိုင်း Box တစ်ခုကျလာပါမယ်။
OK ကိုနှိပ်လိုက်ပါ။
Style မှာ Radial ရေးလိုက်ပါ။
Gradient နောက်မှာ ရှိတဲ့ မြှားကလေးကို နှိပ်လိုက်ပြီး Spectrum ကိုရွေးပြီး OK ကိုနှိပ်လိုက်ပါ။
Layers Palette မှာ Model Layer ကို အပေါ်ဆွဲတင်လိုက်ပါ။
အဆင့်(၅)
Layer Menu က New Fill Layer သွားပြီး Pattern ကိုရွေးချယ်ပေးပါ။
Box ကျလာရင် OK လုပ်လိုက်ပါ။
Pattern ထဲက Stain ကိုရွေးလိုက်ပါ။ Scale ကို 467 ထားပြီး OK လုပ်ပါ။
Model Layer ကို Pattern Fill 1 အပေါ်ကို ဆွဲတင်လိုက်ပါ။(အပေါ်မှရောက်နေရင်တော့တင်စရာမလိုပါဘူး)
အဆင့်(၆)
Pattern Fill 1 Layer ကို Click လုပ်ထားပါ။
Layer Menu က Layer Style သွားပြီး Blending Options ကိုရွေးချယ်ပေးပါ။
Blend Mode မှာ Hue ကိုရွေးပြီး OK လုပ်လိုက်ပါ။
အဆင့်(၇)
Layer Menu က New Fill Layer သွားပြီး Pattern ကိုရွေးချယ်ပေးပါ။
Box ကျလာရင် OK လုပ်လိုက်ပါ။
စကေးကို 816 ထားပြီး OK လုပ်ပါ။
အဆင့်(၈)
Layer Menu က Layer Style သွားပြီး Blending Options ကိုရွေးချယ်ပေးပါ။
Blend Mode မှာ Difference ကိုရွေးပြီး OK ကို Click လုပ်ပါ။
အနားသတ်မညီတာလေးတွေရှိရင် Model Layer ကို Click လုပ်ပါ။
Polygonal Lasso Tool ကိုသုံးပြီး Select လုပ်ပြီး Delete နှိပ်ပါ။
မလိုအပ်တာတွေကို ဖျက်ထုတ်ပြီးရင် အောက်ပါအတိုင်း နောက်ခံ ဒီဇိုင်းလေးနဲ့ ပုံဖြစ်သွားပါတယ်။
ဖျက်ထုတ်တာလေးတွေ သေသေသပ်သပ်နဲ့ အချိန်ပေး လုပ်နိုင်ရင် ပိုပြီးအဆင်ပြေနိုင်ပါတယ်။
ပိုပြီးကောင်းတာက မူရင်းပုံကို အစကတည်းက မလိုအပ်တာတွေကို ဖျက်ထုတ်သင့်ပါတယ်။
အခုလိုတင်ပြပေးရတာကတော့ အချိန်တိုအတွင်းမှာ လုပ်လို့ရအောင် အဆင့်ဆင့်တင်ပြပေးသွားရတာပါ။
နောက်သင်ခန်းစာတွေမှာ မလိုအပ်တာတွေ ဖျက်ထုတ်ပုံနည်းစနစ်များကို တင်ပြပေးသွားပါမယ်။
အခုတင်ပြထားတဲ့နည်းစနစ်ကလေးတွေအနက် အဆင့်တစ်ခု၊ အတိုင်းအတာတစ်ခုထိ လုပ်နိုင်တယ် ဆိုရင် ဒါမှမဟုတ် အပေါ်အဆင့်တွင်နှစ်သက်တယ်ဆိုရင် အသုံးပြုလို့ရပါပြီး။ Menu လေးတွေ သုံးတတ်အောင် တင်ပြပေးသွားရခြင်းဖြစ်ပါတယ်။ အမှားအယွင်းလေးများပါခဲ့ရင်ခွင့်လွှတ်ပေးပါ။
သုံးထားတာကတော့ Adobe Photoshop CS3 ဖြစ်ပါတယ်။
ကျနော်တင်ပြသလို မဟုတ်ဘဲ အခြား Option များကိုရွေးချယ်ပြီး လုပ်ဆောင်ကြည့်ပါ။ ဒီဇိုင်းကောင်းကောင်းလုပ်တတ်သွားပါမယ်။ အခုတင်ပြတာကတော့ နမူနာလုပ်ပြသွားတာဖြစ်ပါတယ်။
အားလုံးကိုခင်မင်လေးစားလျက်
ကိုရင်ကျော်
(၂၄-၁၁-၂၀၁၁)(၀၆း၄၀)နာရီ

Mozilla Firefox 7.0 Beta 5

Mozilla Firefox 7.0 Beta 5


Download Mozilla Firefox 7.0 Beta 5 :
http://ftp.mozilla.org/pub/firefox/releases/7.0b5/win32/en-US/Firefox%20Setup%207.0b5.exe
Download All Languages:
http://ftp.mozilla.org/pub/firefox/releases/7.0b5/win32/

Firefox 7.0 Final

firefox-7_final
Firefox 7.0 Final Now Available for Download 

Internet Download Manager 6.07 Build 14 Final&Portable

Internet Download Manager 6.07 Build 14 Final ပါခင်ဗျာ
Internet Download Manager registratar လုပ်နည်းကတော့

Patch ကိုအရင်ဖြည့်ပီး
 
Patch ကလစ်လိုက်ပါ
အဲဒါဆိုအခုလိုပုံမှာပြထားတဲ့အတိုင်းပေါ်လာမယ်ခင်ဗျာ
ပုံမှာပြထားတဲ့အတိုင်း c ;Progran fileးInternet Download Managerဖိုင်ထဲ အဆင့်ဆင့်ဝင်ပြီး  IDman ကိုကလစ်ပေးပြီ open ကိုကလစ်လိုက်ပါ အဆင်ပြေပြီခင်ဗျာ
(Patch မလုပ်ခင်မှာ ဒေါင်းလော့မန်နေဂျာကို Exit လုပ်ထားပါ)
Keygen ကနေ serial ကုတ်လေးထည့်ပါ (တောင်းမှထည့်ပါ ကျွန်တော့မှာတော့မတောင်းပါဘူး)
Download>>>>http://ifile.it/ (or)http://www.ziddu.com/ (or)http://www.diskme.com/ အဆင်ပြေကျပါစေ
နောက်တစ်ခုကInternet Download Manager Portablea
Download>>>http://ifile.it/ (or)http://www.ziddu.com/ (or)http://fmk.la/u4HiLJ

Beautifully Myanmar Fontsထည့်သွင်းလိုသူများအတွက်ပါ

နေရာစုံမှာ အသုံးတည့်တဲ့ ဖောင့်တွေလို ဆိုရပါမယ်။ မဂ္ဂဇင်းစာအုပ်တွေ၊ ဂျာနယ်တွေမှာလည်း
တော်တော် သုံးစွဲနေကြပါတယ်။ လူတိုင်းရဲ့ ကွန်ပျူတာတိုင်းမှာ ရှိသင့်သလို
ကွန်ပျူတာတိုင်းမှာလည်း ရှိနေကြမှာပါ။
လိုရမယ်ရ ဖော်ပြပေးလိုက်ပါတယ်။
Download
လုပ်ယူပါ။
အရာရာအဆင်ပြေကြပါစေဗျာ
လေ့လာသမျှကိုပြန်လည်ဝေမျှပါသည်...
ခင်မင်လေးစားစွာဖြင့် နေလင်းဖြိုး
ဒါကတော့ 

English Font   လေးပါ



ဒီဆိုဒ်မှာ www.dafont.com ဒီဇိုင်းမျိုးစုံနဲ့ အင်္ဂလိပ်ဖောင့်မျိုးစုံကို မြင်တွေ့ရတယ်။
တစ်ချိန်ချိန် အသုံးဝင်နိုင်တာမို့ ဒေါင်းယူထားတယ်။ မိမိတို့ အမြဲသုံးနေတာတွေက
Webdings, Wingdings စသဖြင့် ဖြစ်တယ်။ U4 လည်း သုံးကြတယ်။ အခု
လိုရမယ်ရ ပြောင်းသုံးမယ်ဆို ရှိသင့်တယ်လေ။ ဘာဖြစ်ဖြစ် ဒေါင်းထားလိုက်တယ်။
ပေးတာကလဲ Free။ လိုအပ်ရင် အဲဒီဆိုဒ်မှာ သွားယူနိုင်ပါတယ်။
ကိုစေတနာကိုလည်းကျေးဇူးတင်ပါတယ်.
.ကျွန်တော်လည်းဒီမှာပြန်လည်မျှဝေပေးလိုက်ပါတယ်ခင်ဗျာ
ညီအစ်ကိုတွေအားလုံးအဆင်ပြေကြပါစေဗျာ.....

GOOGLEမှာ ဓါတ်ပုံပြပြီး ရှာကြည့်မယ်

ဘာရယ်တော့ မဟုတ်ဘူးပေါ့ဗျာ။
Google ကကျနော်တို့ကို ပေးထားတဲ့ အကောင်းစား ရှာဖွေရေး လုပ်ဆောင်ချက်လေးပါပဲ။ အရင်တုန်းက ကျနော်တို့တွေ ပုံတစ်ပုံကို လိုအပ်လို့ ရှာချင်တဲ့အခါ Browser window ရဲ့ Address Bar ပေါ်မှာ ကိုယ်ရှာချင်တဲ့ပုံရှိရာ ဆိုဒ်လိပ်စာကို ရိုက်ထည့်၊ ဒါမှမဟုတ် Search Box ထဲမှာ ရှာချင်တဲ့ပုံကို စာနဲ့ရိုက်ထည့်ပြီး ရှာခဲ့ကြရပါတယ်။ ( ဥပမာ ... ကားတစ်စင်းလိုချင်တယ် ဆိုကြပါစို့ ... Search Box ထဲမှာ car လို့ ရိုက်ပြီး ရှာခဲ့ကြရတယ်။)


အခုတော့ အဲဒါထက်ပိုကောင်းတဲ့ အကောင်းစား ရှာဖွေရေးစနစ်တစ်ခုကို Google က ကျနော်တို့အတွက် ပေးထားပါပြီ။ ဓါတ်ပုံလေးတစ်ပုံ ပြလိုက်တာနဲ့ မိမိပြလိုက်တဲ့ ဓါတ်ပုံနဲ့ အမျိုးအစားတူတဲ့ အခြားပုံပေါင်းများစွာကို Google က အလိုလို ရှာပေးနိုင်ပါပြီ။

ကဲ ... အခု ကျနော်တို့ စပြီး စမ်းသပ်ရှာဖွေကြည့်ကြရအောင် ... ဒီလိုလေးဗျာ >>>




Browser တစ်ခုကနေ Google ကိုဖွင့်ထားပြီးတဲ့နောက် Menu Bar မှာရှိတဲ့ image ကိုနှိပ်ပါမယ်။






အဲဒီလိုနှိပ်လိုက်တာနဲ့ search box ရဲ့ ညာဖက်ထောင့်လေးမှာ ကင်မရာပုံလေးပါလာတာကို တွေ့ရပါမယ်။ အခုတွေ့နေရတဲ့ ကင်မရာပုံလေးကို နှိပ်လိုက်တဲ့အခါ .... ....







Box တစ်ခုပွင့်ကျလာပါမယ်။ ပွင့်ကျလာတဲ့ Box လေးထဲက Upload an image ဆိုတာလေးကို နှိပ်ပေးလိုက်ရပါမယ်။




ထပ်ပြီးပွင့်ကျလာတဲ့ Box ထဲက Browse ကိုနှိပ်လိုက်တာနဲ့ မိမိကွန်ပျူတာရဲ့ file upload dialog box ကျလာပါမယ်။




ဒါဆိုရင်တော့ မိမိစက်ပေါ်မှာရှိတဲ့ (ဥပမာ ..desktop ပေါ်က) ပုံတစ်ပုံပေါ်ကို တစ်ချက်နှိပ်လိုက်ပြီးနောက် Open ကိုနှိပ်ပေးလိုက်တာနဲ့ အခုမိမိရွေးချယ်ပေးလိုက်တဲ့ ဓါတ်ပုံနဲ့ အမျိုးအစားတူတဲ့ နောက်ထပ် ဓါတ်ပုံပေါင်းများစွာကို google ကရှာပေးပါလိမ့်မယ်။


အားလုံးအဆင်ပြေကြပါစေဗျာ..

ကယ်သူငယ်ချင်းတို့ရေ G-mail တစ်ခုမက ဖွင့်ထားရအောင်.....

ကျနော်တို့ G-mail account တွေကို တစ်ခုထက်မက တစ်ပြိုင်နက်ဖွင့်သုံးဖို့

လိုအပ်လာတဲ့အခါ Browser တစ်ခုချင်းစီမှာ လိုက်ဖွင့်ခဲ့ကြရပါတယ်။

ဥပမာ- Mozilla မှာ တစ်ခု၊ IE မှာတစ်ခု၊ Chrome မှာတစ်ခု .....အဲဒီလို။


အခုတော့ ...ကျနော်တို့တွေ Browser တစ်ခုတည်းမှာပဲ G-mail Account တွေကို

တစ်ခုထက်မက တစ်ပြိုင်နက်ဖွင့်သုံးလို့ရပါပြီ ။ ကျနော်တို့ G-mail Inbox setting

လေးကို နည်းနည်းပြင်လိုက်ရုံသာ..။

(၁) ပထမဆုံး ...ကျနော်တို့ရဲ့ ပုံမှန်သုံးနေကျ G-mail account ကို ဖွင့်ထားလိုက်ပါ။

     G-mail Inbox ထဲကို ရောက်ပါပြီ။

(၂)Inbox ရဲ့ညာဖက်အပေါ်ထောင့်က setting ကိုနှိပ်ပါ။



(၃)ပွင့်ကျလာတဲ့အထဲက Accounts and Import ကိုနှိပ်။

     ပြီးရင် Google account  setting ကိုနှိပ်။


(၄)ထပ်ပြီးပေါ်လာတဲ့အထဲက Personal setting ခေါင်းစဉ်အောက်မှာရှိတဲ့

      Multiple sign in ဆိုတဲ့နေရာက Edit ကိုနှိပ်ပါ။


(၅)ပွင့်ကျလာတဲ့အထဲက on use ဆိုတဲ့ radio button အ၀ိုင်းလေးကို နှိပ်ပါ။

    လေးထောင့်ကွက်များအားလုံးကို အမှန်ခြစ်ပေးပါ။ ပြီးရင် save ကိုနှိပ်ပါ။


အဲဒီအဆင့်တွေပြီးသွားရင် ကျနော်တို့ရဲ့ သုံးနေကျ (မူလကဖွင့်ထားတဲ့မေးလ်) ကို retry

ပြန်နှိပ်ကြည့်လိုက်ပါ။(သို့) ကီးဘုတ်ပေါ်က F5 ကီးကိုနှိပ်ပေးပါ။ Loading

ပြီးအောင်စောင့်ကြည့်လိုက်တဲ့အခါမှာ မိမိရဲ့ G-mail Address ရဲ့ ဘေးမှာ

Down Arrow လေးတစ်ခုပါနေတာကိုတွေ့ရပါမယ်။


 အဲဒီနေရာလေးကိုနှိပ်ပြီး ဖွင့်ချလိုက်ရင် အောက်ကပုံမှာပြထားသလိုလေး

ပွင့်ကျလာပါလိမ့်မယ်။


ဒီတော့မှ အပေါ်ကပုံမှာ အ၀ါရောင်မြားနဲ့ပြထားတဲ့နေရာက sign in to another

account
ဆိုတာလေးကိုနှိပ်ပြီး နောက်ထပ် Account တွေကို လိုသလောက် Sign in

ဝင်ပြီးဖွင့်ထားလို့ရပါပြီ။

ကဲ ...အခု ကျနော်တို့တွေ Browser တစ်ခုတည်းမှာ Account

တွေကို တစ်ခုမက အပြိုင်ဖွင့်ထားလို့ရပါပြီ ။


ဘာရယ်တော့မဟုတ်ဘူးပေါ့ဗျာ ....သိထားတာလေးမျှဝေတဲ့သဘောပါပဲ။

ကောင်းကင်မောင်နှမအားလုံးအဆင်ပြေကြပါစေ

ကျွန်တော်လေ့လာမိသမျှပြန်လည်မျှဝေလိုက်ပါ၏
ခင်မင်လေးစားစွာဖြင့် နေလင်းဖြိုး..
ဒီ့ထက်မကလေ့လာချင်သူများအတွက်
http://nayyarl843.blog.com/
http://naylinphyo-wwwtarlatlay1.blogspot.com/
ကျွန်တော့ဆိုက်လေးတွေပါ..လေ့လာချင်သူများအားလုံးကိုဖိတ်ခေါ်ခဲ့ပါတယ်ခင်ဗျာ......