mouse မပါပဲ Keyboard သုံးပြီး pointer ကို ရွှေ့ချင်ရင်

ကွန်ပျူတာမှာ mouse မပါပဲ Keyboard နဲ့ pointer ကို ရွှေ့ကြည့်မယ်လေ
Control Panel ကို အရင်ရောက်အောင် သွားမယ်။
Accessibility Options ကို cLick လုပ်ပါ။
mouse Tab ကို ရွေးပါ . . .Use Mouse Key click လုပ်ပြီး Apply ကိုလုပ်ပါ။
ဒါဆိုရင်တော့ Taskbar မှာ mouse ပုံလေးကို တွေ့ရပါမယ်။
Number Key Pad က 7 8 9 4 6 1 2 3 ကိုသုံးပြီး Pointer ရွေ့ပါ။
Number က Enter ပါ။ . . "/" က Left Click "-" က Right Click
စမ်းသုံးကြည့်ကြည့်ဦးနော်။
left click က Zero 0
right click က 5 ပါ။ ဒါဆိုရင်တော့ အဆင်ပြေလောက်ပြီလို့ ထင်ပါတယ်နော်။

အခြေခံ Vector ပုံရေးဆွဲခြင်း (Basic Level) အပိုင်း-၂




ဒီတစ်ခါတော့ Giadient သုံးပြီး Vector ပုံရေးဆွဲနည်းကိုဖော်ပြပေးသွားမှာပါ။  Vector ပုံမရေးဆွဲခင် Giadient အကြောင်းကို အနည်းငယ်ရှင်းပြလိုပါတယ်။ Giadient ကို အရောင်နှင့်တစ်ရောင်အကြား လိုက်ဖက်ပြေပြစ်အောင် ပြုလုပ်ရန်အတွက် အသုံးပြုပါတယ်။ Giadient ကိုသုံးဖို့အတွက် (Window > Gradient) ကိုနှိပ်၍ Gradient panel  ကိုဖွင့်ထားပါ။ ထို့နောက် Panel Menu မှာရှိတဲ့ Show Options  ကိုရွေးပါ။



A. Gradient Fill box  ( ယခုလက်ရှိရွေးချယ်ထားတဲ့ အရောင်နှင့် Gradient အမျိုးအစားကိုဖော်ပြပေးပါတယ်။ )
B. Gradient slider (အရောင်မှတ်နှစ်ခုအကြား အရောင်ပါဝင်မှုအနည်းအများချိန်ညှိရန်)
C. Start color (Color Slider) အစဦးတွင်ရှိသောအရောင်
D. Panel menu
E. End color (Color Slider) အဆုံးတွင်ရှိသောအရောင်

Gradient Type နှစ်မျိုးရှိပါတယ်။ Linear နှင့် Radial ပါ။ Linear ကမျဉ်းဖြောင့်ပုံစံ အရောင်ဖြည့်၍ Radial ကတော့ စက်ဝိုင်းပုံစံ အရောင်ဖြည့်ပါတယ်။ Angle ကတော့ Linear အမျိုးအစား Gradient အတွက် လိုအပ်သော ထောင့်ကို လှည့်ပေးဖို့ပါ။ Location ကတော့ ရွေးချယ်ထားသော Gradient slider ရဲ့တည်နေရာကိုသတ်မှတ်ပေးနိုင်ပါတယ်။

Default အနေနှင့် Gradient panel မှာ Start color နှင့် End color နှစ်ခုသာပါဝင်မှာဖြစ်ပြီး အရောင်များထပ်မံ ထည့်သွင်းလိုပါက Color slider ရဲ့မည်သည့်နေရာတွင်မဆို Click နှိပ်၍ ထည့်သွင်းနိုင်ပါတယ်။ ပြန်ဖြုတ်လိုပါက ဖြုတ်လိုသော Color slider အတုံးကို Click ဖိ၍ အပြင်ဘက်သို့ဆွဲထုတ်လိုက်ရုံပါ။



ယခု Tutorial လေးအတွက် အောက်တွင်ဖော်ပြထားသောပုံကို Right-Click နှိပ်၍ Save Image As... ဖြင့် သိမ်းထား လိုက်ပါ။



၁။ ပေးထားသောပုံကို Illustrator မှာဖွင့်လိုက်ပါ။ ထိုနောက် ပုံပေါ် Click တစ်ချက်နှိပ်ကာ Select လုပ်၍ Transparency Palette (Window > Transparency) ရှိ Opacity ရာခိုင်နှုန်းကို သင်ရေးဆွဲရာတွင် အဆင်ပြေစွာမြင်ရသည်အထိ လျော့ချပေးပါ။ ထို့နောက် Layer (Window > Layers) အား Lock ချ၍ Layer အသစ်တစ်ခုယူထားပါ။



၂။ Pen Tool ကိုယူပါ။ ပုံပါအတိုင်း Default Fill and Stroke (D) ကိုနှိပ်ပါ။ Fill ကို None(/) ထားပါ။



(Stroke ကို Click နှိပ်၍ Color panel မှာ Stroke အရောင်ကို ပြောင်းပေးနိုင်ပါတယ်။)



၃။ ပုံပါအတိုင်း Pen Tool ဖြင့် အနားလိုင်းများပေါ်တွင်လိုက်၍ ထပ်ဆွဲပေးပါ။



(Stroke လိုင်းများ အကြီးအသေး ချိန်ညှိလိုပါက Tool Options bar ရှိ Stroke နေရာမှတန်ဖိုးကို အတိုးအလျော့လုပ်၍ ပြုလုပ်နိုင်သလို Stroke panel (Window>Stroke Ctrl+F10) ရှိ Weight တန်ဖိုးကို အတိုးအလျော့လုပ်၍ှလည်း Stroke အကြီးအသေး ပြောင်းလဲချိန်ညှိယူနိုင်ပါသည်)



၎။ ထိုနောက် Tools palette အောက်ခြေရှိ Gradient ပုံ သို့မဟုတ် keyboard မှ (>) ကိုနှိပ်လိုက်ပါ။



၅။ Gradient panel  နှင့် Color panel ကိုဖွင့်ထားပါ။ Gradient panel အပေါ်ယာဘက်ရှိ panel menu icon ကိုနှိပ်၍ Show Options ကိုရွေးထားပါ။ ထိုနောက် ပုံတွင်ပြထားသည့်အတိုင်း အရောင်တုန်းများထည့်သွင်းချိန်ညှိပါ။

(ပြောင်းလိုသည့်အရောင်တုံးကို Click တစ်ချက်နှိပ်၍ Color panel ရှိ Color slider အတုံးကိုရွေ့၍ အရောင်ပြောင်းလဲ ယူနိုင်ပါသည်)



၆။ ကျန်သောအစိတ်အပိုင်း ဆက်လက်ရေးဆွဲဖို့အတွက် ယခု Object အား Select လုပ်၍ Object > Hide > Selection (Ctrl + 3) ကိုရွေး၍ခဏဝှက်ထားပေးပါ။ သိုမဟုတ် Layers panel ရှိ ၄င်း Object Layer ရှေ့ရှိ မျက်လုံးပုံလေးအား Click နှိပ်၍ဖျောက်ထားပေးပါ။



၇။ ဘယ်ဘက်က Tools palette မှာရှိတဲ့ Ellipse Tool (L) ကိုယူပါ။ ထို့နောက် အဆင့် ၂ မှာကဲ့သို့ Default Fill and Stroke (D) ကိုနှိပ်ပါ။ Fill ကို None(/) ထားပါ။ ခလုတ်ဆွဲရန်အတွက်  Shift ခလုတ်ဖိ၍ စက်ဝိုင်းဆွဲပါ။ Shift ခလုတ်ဖိ၍ စက်ဝိုင်းဆွဲနေစဉ်အတွင်း စက်ဝိုင်းအား နေရာရွေ့လိုပါက Spacebar ဖိ၍ပြောင်းရွှေ့နိုင်ပါတယ်။



၈။   ပြီးလျင် Tools palette မှာရှိတဲ့ Gradient(>) သို့မဟုတ် Gradient panel ရှိ Gradient Fill box ကို (Ctrl) + Click နှိပ်၍ Gradient ဖြည့်ပါ။

(Ctrl ဖိ၍ Click နှိပ်ပါက Default Gradient ကိုရပါသည်)

ထို့နောက် Gradient panel ရှိ Type ကို Radial သို့ပြောင်းပါ။ ပြီးနောက်အရောင်ချိန်ညှိပေးပါ။



၉။ ထိုနောက် ၄င်း Object ကို Select လုပ်၍ Ctrl + 3 နှိပ်ကာခဏဝှက်ထားပေးပါ။

၁၀။ အလယ်မှခလုတ်လေးအတွက် နောက်ထက်စက်ဝိုင်းတစ်ခုထက်ဆွဲပေးပါ။ Gradient panel ရှိ Type ကို Linear ထား၍ အရောင်ချိန်ညှိပေးပါ။ ထိုနောက် ၄င်း Object ကိုလည်း  Select လုပ်၍ Ctrl + 3 နှိပ်ကာ Hide ထားပေးပါ။



၁၁။ Type Tool (T) ယူ၍ Button ပေါ်ရှိ MENU စာလုံးကို Arial Fonts (Bold) ဖြင့်ရိုက်ပါ။ တြိဂံနှင့် ပုဒ်မပုံစံ (Play / Pause) အတွက် Tools palette မှာရှိတဲ့ Rectangle Tool (M) အုပ်စုမှ Polygon Tool ကိုယူပါ။ ထို့နောက်ပုံပေါ် Click တစ်ချက်နှိပ်လိုက်ပါက Polygon Options Box တစ်ခုပေါ်လာပါမည်။

Box အတွင်းမှာရှိတဲ့ Radius မှာ Polygon အရွယ်အစားကို သတ်မှတ်ပေးရမှာဖြစ်၍ Sides မှာ Polygon တွင်ပါဝင်မည့် ထောင့်အရေအတွက်ကို သတ်မှတ်ရန်ဖြစ်ပါသည်။ ယခု တြိဂံပုံ ယူမှာဖြစ်သည့်အတွက် Sides တန်ဖိုးကို 3 ထားပါ။ OK နှိပ်ပါ။ ၄င်းနောက် Selection Tool (V) ဖြင့် အရွယ်အစား နှင့်နေရာ ချိန်ညှိပေးပါ။ Rectangle Tool (M) ကိုယူ၍ (၊၊) ပုံစံဆွဲပေးပါ။



၁၂။ Next ခလုတ်ပုံအတွက်အပေါ်ကပြုလုပ်ခဲ့သည့် တြိဂံပုံကို Copy ပွားယူပါမယ်။ Selection Tool (V) ဖြင့်  တြိဂံပုံကို Select လုပ်လိုက်ပါ။ အပေါ်ဆုံး Menu bar ရှိ Edit>Copy (Ctrl+C ) နှိပ်ပါ။ ထို့နောက် Edit>Paste( Ctrl+V ) နှိပ်ပါ။ Paste လုပ်ပြီးရလာတဲ့  တြိဂံပုံကို Next (>>၊) ခလုတ်ရှေ့တွင်နေရာချပါ။ ထို့နောက် ၄င်းတြိဂံပုံကို Select လုပ်ထားပါ။ Keyboard မှ Alt ဖိထား၍ ၄င်း Select လုပ်ထားသော တြိဂံပုံကို Click ဖိထား၍ နောက်သို့ဆွဲသွားပေးပါက အရွယ် အစားတူ တြိဂံတစ်ခုရရှိမှာပါ။ Click ဖိ၍ Drag ဆွဲနေစဉ်အတွင်း Shift ခလုတ်ဖိထားပါက မျဉ်းဖြောင့်အတိုင်း ရွေ့ပါ လိမ့်မည်။ ထိုနောက်လေးထောင့်ပုံလေးကိုလဲဤနည်းအတိုင်း Copy ကူးယူပါ။ ထို့နောက်  တြိဂံပုံနှစ်ခုနှင့် လေးထောင့် ပုံတစ်ခုအား Select လုပ်၍ Menu bar ရှိ Object>Group(Ctrl+G) နှိပ်ကာ အုပ်စု(Group)ဖွဲ့လိုက်ပါ။

ပြီးလျင် Previous (၊<<) ပုံအတွက် ၄င်း Group အား Ctrl+C , Ctrl+V သို့မဟုတ်  Click ဖိ၍ Drag ဆွဲပြီး Copy ပွားလိုက်ပါ။ ထို့နောက် Select လုပ်၍ Menu bar ရှိ Object>Transforms>Reflect သို့မဟုတ် Right-Click နှိပ်၍ Transforms>Reflect... ကိုရွေးပါက Reflect box တစ်ခုပေါ်လာပါလိမ့်မည်။ Angle ကို 90 ဒီဂရီထားပြီး Vertical ကိုရွေးပေး၍ OK နှိပ်ပါ။ ထို့နောက် Previous (၊<<) ပုံပေါ်တွင်နေရာချပေးပါ။ ထို့နောက် Menu, Play  Pause(> ၊၊), Next (>>၊), Previous (၊<<)  အားလုံးကို Select လုပ်၍ Ctrl+G ဖြင့် Group ဖွဲ့လိုက်ပါ။





၁၃။ ဒီတစ်ခါ Screen ဆွဲရန်အတွက် Tools palette မှာရှိတဲ့ Rectangle Tool (M) အုပ်စုမှ Rounded Rectangle Tool ကိုယူပါ။ ပုံပေါ် Click ဖိ၍ drag ဆွဲပါ။ Click ဖိ၍ drag ဆွဲစဉ်မှာ Keyboard ရှိ အပေါ် အောက် မြှားပုံခလုတ် (Arrow Key) ကိုနှိပ်၍ Rounded Rectangle ၏ထောင့်အ၀ိုင်းပမာဏကို ချိန်ညှိယူပါ။ ယခုပုံမှာ Fill Color ကို R:232 , G:247 , B:255 သုံးထားပါတယ်။

(အတိုင်းအတာအတိအကျဖြင့်ဆွဲလိုက ပုံပေါ် Click တစ်ချက်နှိပ်လိုက်ပါ။ Rounded Rectangle Options Box ပေါ်လာပါမည်။ Width နှင့် Heght နေရာမှာ အကျယ်နှင့်အမြင့်တန်ဖိုးထည့်သွင်း၍ Coner Radius နေရာမှာ ထောင်ချိုးရဲ့ အ၀ိုင်းပမာဏတန်ဖိုးထည့်သွင်းပေးရပါမယ်)

ပြီးရင် ၄င်း object အား Select လုပ်၍ Ctrl + 3 နှိပ်ကာ ဝှက်ထားပေးပါ။



၁၄။ Rectangle Tool (M) ကိုယူကာပုံပါအတိုင်း Screen ၏ Stroke အတွင်းဆွဲ၍ Gradient(>) ဖြည့်ပါ။ ပြီးရင် ၄င်း object အား Select လုပ်၍ Ctrl + 3 နှိပ်ကာ ဝှက်ထားပေးပါ။






၁၅။  Type Tool (T) ယူ၍ iPod , Music , Photos , Extras , Settings , Shuffle Songs တို့ကို Myriad (Bold) ကိုသုံး၍ရိုက်ပါ။ မြှားခေါင်းပုံစံ (>) အတွက်ကိုတော့ အဆင်ပြေရာ Font သုံး၍လည်းကောင်း သို့မဟုတ် Pen Tool(P) သုံး၍လည်းကောင်းပြုလုပ်နိုင်ပါတယ်။ ယခု ပုံအတွက် Prestige Elite Std Bold ကိုသုံးထားပါတယ်။



၁၆။ ဓာတ်ခဲပုံလေးအတွက် Rectangle Tool (M) ကိုယူကာပုံပါအတိုင်း နှစ်ခုဆွဲပေးပါ။ အလယ်ဗဟိုကျရန် Object နှစ်ခုလုံးအား Select လုပ်ပြီး Window>Align(Shift+F7) ကိုနှိပ်၍ Align panel ကိုဖွင့်ကာ ပုံပါအတိုင်း Vertical Align Center ကိုရွေးနှိပ်ပေးပါ။
(Select လုပ်ထားစဉ်အတွင်း Options bar ယာဘက်ရှိ Align စာကို Click နှိပ်၍လည်း အသုံးပြုနိုင်ပါတယ်)



ထို့နောက် Object နှစ်ခုအားပေါင်းရန်အတွက် Window>Pathfinder(Shift+Ctrl+F9) ကိုရွေး၍ Pathfinder panel ကိုဖွင့်ပါ။ Object နှစ်ခုလုံးအား Select လုပ်၍ Shape Modes ရှိ Add to shape area ကိုနှိပ်ပါ။ ထို့နောက် Expand ခလုတ်ကိုနှိပ်ပါ။



ရရှိလာသော ဓာတ်ခဲပုံ Shape လေးအား ပုံမှာပြထားသည့်အတိုင်း Gradient(>) ဖြည့်ပါ။



1. (R:0 , G:100 , B:53)
2. (R:93 , G:166 , B:60)
3. (R:182 , G:220 , B:174)
4. (R:128 , G:197 , B:87)
5. (R:83 , G:145 , B:50)

၁၇။ Menu bar ရှိ Object>Show All(Alt+Ctrl+3) ကိုနှိပ်၍  ခဏဝှက်(Hide) ထားသော Object အားလုံးပြန်ဖော်လိုက်ပါ။



အခုဆိုရင် Giadient သုံးပြီး Vector iPod လေးတစ်ခုရေးဆွဲခြင်း ပြီးဆုံးသွားပါပြီ။ ကျန်ရှိနေသေတဲ့ အရောင်ကွဲ iPod တွေကိုလဲ စမ်းပြီး ရေးဆွဲကြည့်ပါ။

နောက်လာမည့် အခြေခံ Vector ပုံရေးဆွဲခြင်း (Basic Level) အပိုင်း-၃ မှာတော့ Mesh Tool အသုံးပြုပြီး Vector ပုံရေးဆွဲပုံကို ဖော်ပြပေးသွားပါမယ်။

အောက်မှာလေ့ကျင့်ဖို့အတွက် iPod shuffle ပုံလေးပေးထားတယ်။



ကိုယ်တိုင်ဆွဲကြည့်နော်။ လေ့လာလို့ရအောင် iPod နှစ်ခုလုံးရဲ့ Ai ဖိုင်လေး တင်ထားပေးထားတယ်။
ebook လိုချင်သူတွေအတွက် PDF ဖိုင်လေးပါ တင်ထားပေးထားတယ်။

     ipod_nanos




     ipod-shuffle






2010 © by Soe Minn Tun
info.cgmyanmar@gmail.com
www.cgmyanmar.com

အရောင်သဘောတရား (Colour Theory - 8)




အရောင်သဘောတရားနှင့်ပတ်သက်၍ သိနားလည်သင့်သော အခြေခံသဘောတရားများကို သိရှိပြီးနောက် လိုက်ဖက်ပြေပြစ်သော အရောင်အစီအစဉ်များ ၊ အရောင်တွဲများနှင့်ပတ်သတ်၍ ဆက်လက်တင်ပြသွားပါမည်။

ရောင်စဉ်စက်ဝိုင်းတွင် အပူရောင် ၊ အအေးရောင်များကို ပိုင်းခြားမြင်တွေ့နိုင်ပါသည်။ ယင်းတွင်အပူရောင်များသည် စွမ်းအားပြည့်ဝ တောက်ပကြပြီး အကြောင်းအရာအကွာအဝေးကို ရှေ့သို့တိုးလာစေပါသည်။ အအေးရောင်များသည် ငြိမ်သက်မှု သဘောကိုဖော်ပြပြီး စိတ်အေးချမ်းသက်သာသော ခံစားမှုကိုပေးစွမ်းလျက် အကြောင်းအရာများကို နောက်ဆုတ်သွားစေပါသည်။ အဖြူ ၊ အနက် ၊ မီးခိုး အသွေးအလတ်တို့သည် အရောင်ပျက်သဘော neutral  ကို ဖော်ဆောင်ပါသည်။

အရောင်များတွင် ပင်ကိုသဘောသဘာဝအားဖြင့် Dimension သုံးမျိုးဖြင့် တည်ရှိနေကြောင်း ဖော်ပြခဲ့ပြီးဖြစ်ပါသည်။ လိုက်ဖက်ပြေပြစ်သော အရောင်အစီအစဉ်များ ၊ အရောင်တွဲများကို ဖန်တီးပြုလုပ်ရာတွင် ယင်း Dimension သုံခုအပေါ်တွင် မူတည်၍ မလျော့အတင်း ၊ အတိုးအဆုတ်ပြုလုပ်ကာ ဖန်တီးတည်ဆောက်ရပါသည်။

Hue, Value, Intensity or Chroma or Saturation ဟူသော Dimension သုံးခုအပေါ်တွင် အပြောင်းအလဲပြုလုပ်၍ လိုက်ဖက် ပြေပြစ်သော အရောင်အစီအစဉ်များကို ချမှတ်ဖန်တီးစီစဉ်ရပါသည်။ ထိုသို့စီစဉ်ဆောင်ရွက်ရာ၌ ညီမျှနေသော အစီအစဉ်များကို ရှောင်ကြဉ် ရပါမည်။ Hue, Value, Intensity ညီမျှနေပါက အထူးပြုချက် ဆန့်ကျင်ပြတ်သားမှု နည်းပါးပြီး ပေါ်လွင်မှု လျော့နည်းကာ စိတ်ကျေနပ်ဖွယ် ရလဒ်ကို ဆုံးရှုံးစေပါသည်။ အနုပညာအကြောင်းအရာများ၏ အချို့အစိတ်အပိုင်းများသည် ပို၍ပူခြင်း သို့မဟုတ် အေးခြင်း ၊ ပို၍နုခြင်း သို့မဟုတ် ရင့်ခြင်း ၊ အရောင်ပြည့်ဝမှုပြင်းအားများခြင်း ၊ နည်းခြင်းများ ရှိပါသည်။ ထိုကြောင့် ထိုသဘောကိုပေါ်လွင်စေရန်အတွက် အရောင်အစီအစဉ်များ ဖန်တီးရာတွင် Hue, Value, Intensity တို့ကို မတူညီသော ကွာဟချက်များဖြင့် အပြောင်းအလဲ ၊ အတိုးအဆုတ်ပြုလုပ်၍ စီစဉ်ဖန်တီး ရပါသည်။ အရောင်တို့၏နေရာယူမှုတွင်လည်း အရွယ်အစားအားဖြင့် တစ်ရောင်နှင့်တစ်ရောင် ညီမျှနေခြင်းကို ရှောင်ရှားရပါမည်။ ပြင်းအားလျော့နည်းသော အရောင်များကို ယေဘုယျအားဖြင့် အရွယ်အစား ကြီးကြီးမားမားထား၍ တောက်ပသောအရောင်ကို နေရာအနည်းအကျဉ်းတွင် နေရာချထားနိုင်ပါသည်။ ပြင်းထန်သော နုရင့်တန်ဖိုးဆန့်ကျင်ဘက် ပြတ်သားခြင်း ( value, contrast ) နှင့် ပြင်းထန်သော ပြည့်ဝမှုပြင်းအား Intensity တို့ကို ရှောင်ရှားခြင်းဖြင့် ဆက်သွယ်သော လိုက်ဖက်ပြေပြစ်သည့် အရောင်အစီအစဉ်များကို ချမှတ်နိုင်ပါသည်။ ထိုအရောင်အစီအစဉ်များသည် ကြည့်သူ၏စိတ်ကို အေးချမ်းငြိမ်သက်သော အကျိုးသက်ရောက်မှုကို ပေးနိုင်ပါသည်။

ဆန့်ကျင်ပြတ်သားသော အရောင်အစီအစဉ်တစ်ခု၌ ဆက်နွှယ်ပါဝင်သော Hue များသည် ပိုမို၍ ဆန့်ကျင်ဘက်သဘောများ ပေါင်းစပ်ပါဝင် ပါသည်။ ၄င်းတို့သည် ရှင်သန်၍ နိုးကြားတက်ကြွသောသဘောကို ဖော်ဆောင်ပြီး ၄င်းတွင် အပူရောင်နှင့် အအေးရောင် Hue များ နှစ်ခုလုံး ပါဝင်နေလေ့ရှိပါသည်။

အရောင်အစီအစဉ်များကို ခွဲခြမ်းစိတ်ဖြာကြည့်ပါက Hue တိုင်းသည် (Value နှင့် intensity)တွင် အလွန့်အလွန် ပြောင်းလဲခြားနားသည်ကို သင်တွေ့မြင်ရမည်ဖြစ်ပါသည်။

အရောင်စက်ဝိုင်း အခြေခံအရောင် ဆက်စပ်မှု အစီအစဉ်များကို အောက်တွင်ဖော်ပြထားပါသည်။

1. Mono Chromatic Color Scheme
    အရောင်တစ်ရောင်တည်း လိုက်ဖက်ပြေပြစ်မှု အစီအစဉ်

အရောင်တစ်ရောင်တည်းအသုံးပြု၍ နုရင့်အဆင့်ခွဲခြားကာ အသုံးပြုသော အရောင်အစီအစဉ်ဖြစ်ပါသည်။ မိမိသုံးစွဲမည့် နှစ်သက်ရာ အရောင်တစ်ရောင်တည်းကိုသာ အဖြူ ၊ အနက် ၊ မီးခိုးနုရင့် အစဉ်များ ပေါင်းစပ်တွဲဖက်၍ အရောင်အစီအစဉ်အဖြစ် အသုံးပြုခြင်းဖြစ်ပါသည်။



ဤအရောင်အစီအစဉ်တွင်
- မိမိအသုံးပြုမည့် စိတ်ကြိုက် key color အရောင်တစ်ရောင်ကို အဖြုဖြင့်ပေါင်းစပ်ပြီး နုသွားစေခြင်းဖြင့် ရရှိလာသော အရောင်နု "Tant" များ၊
- အရောင်တစ်ရောင်ကို အနက်ပေါင်းစပ်၍ ရင့်သွားစေခြင်းဖြင့် ရရှိလာသော အရောင်ရင့် shade များ၊
- အရောင်တစ်ရောင်ကို အဖြူ ၊ အနက်ကြားရှိ နုရင့်အဆင့်ဆင့်ဖြစ်သော မီးခိုးရောင်အသွေး လတ်နုရင့် အဆင့်များပေါင်းစပ်ခြင်းဖြင့် ရရှိလာသော အရောင်နုရင့်အဆင့် "Tone" များကို မိမိစိတ်ကြိုက် တွဲစပ်ဖန်တီးစီစဉ်ခြင်းဖြင့် Monochromatic Color Scheme ကိုရရှိနိုင်ပါသည်။



Analogous Colour Schemes
ဆင်တူရောင်ကွဲ အရောင်အစီအစဉ် သို့မဟုတ် အိမ်နီးချင်းမိတ်ဖက်အရောင်အစီအစဉ်

ရောင်စဉ်စက်ဝိုင်းတွင် နီးကပ်စွာယှဉ်တွဲတည်ရှိနေသော Hue များကို အိမ်နီးချင်းမိတ်ဖက်အရောင်များဟုခေါ်ပါသည်။ နီးကပ်စွာရှိနေသောအရောင်များဖြစ်သည့်အတွက် တစ်ရောင်နှင့်တစ်ရောင် အနည်းငယ်မျှသာ ကွဲလွဲ၍ ဆင်ဆင်တူသောအရောင်များဖြစ်နေသည့်အတွက် လိုက်ဖက်ပြေပြစ်သောသဘောကို
အလိုအလျောက်ရရှိစေပါသည်။ ၄င်းအိမ်နီးချင်းမိတ်ဖက်အရောင်များကို သုံးရောင်မှ ငါးရောင်အထိ အခြေခံတွဲဖက်၍ အစီအစဉ်ပြုလုပ်ခြင်းကို Analogous Colour Scheme ဟုခေါ်ပါသည်။ ဤအရောင်အစီအစဉ်သည် monochromatic colour scheme ထက် ပို၍ကြည်လင်သန့်ရှင်းကာ ကွဲပြားခြားနားစေပါသည်။
အမြဲအစဉ်လိုပင် ကောင်းစွာယှဉ်တွဲလိုက်ဖက်ပြီး တည်ညိမ်အေးချမ်း၍ သက်သောင့်သက်သာရှိသော ဒီဇိုင်းများကို ဖန်တီးနိုင်ပါသည်။



Analogous Colour Scheme သည် သဘာဝတွင် မကြာခဏ တွေ့မြင်နိုင်ပြီး မျက်စိပသာဒ ဖြစ်၍ ကျေနပ်နှစ်သက်ဖွယ်ရာ လိုက်ဖက် ပြေပြစ်မှုကို ဖြစ်ပေါ်စေပါသည်။ Analogous color scheme တစ်ခုကို ရွေးချယ်ရာ၌ သင့်အနေဖြင့် ပြည့်စုံလုံလောက်သော ဆန့်ကျင် ပြတ်သားမှုဖြစ်စေရန် အသေအချာ ရွေးချယ်ပြုလုပ်ရမည်ဖြစ်ပါသည်။

လွှမ်မိုးရောင်တစ်ခုအဖြစ် အရောင်တစ်ရောင်ကိုရွေးချယ်ပြီး ၄င်းကိုအထောက်အပံ့ဖြစ်စေရန် အခြားဒုတိယတစ်ရောင်ကို ရွေးချယ်ရမည် ဖြစ်ပါသည်။ တတိယမြောက်အရောင်ကို နှီးနွယ်ဆက်စပ်ရာ အရောင်တစ်ခုအပြင် value အတိုးအဆုတ် ပြုလုပ်၍ အနက် ၊ အဖြူ (သို့မဟုတ် Gray တစ်ရောင်) အရောင်ကို အသုံးပြုနိုင်ပါသည်။

အရောင်အစီအစဉ်ကြွယ်ဝစေရန်အတွက် အခြားအရောင်များကို အသုံးပြုသည့်တိုင် လွှမ်းမိုးရောင် တစ်ရောင်အဖြစ် သတ်မှတ်အသုံးပြုပါသည်။ Monochromatic colour scheme နှင့် ဆင်တူသော်လည်း ပိုမို၍အရောင်အတွေး မသိမသာ ကွဲပြားခြားနားပါသည်။ Monochromatic colour scheme ကဲ့သို့ပင် ဖန်တီးရန်လွယ်ကူသော်လည်း (Analogous Color Scheme) ကပို၍အရောင်အသွေး ကြွယ်ဝပါသည်။ အရောင်များထဲမှ တစ်ရောင်နှင့်တစ်ရောင် ဆန့်ကျင်ပြတ်သားမှုအားနည်းပြီး Complementary Colour Scheme ကဲ့သို့ လှုပ်ခါနိုင်စွမ်းမရှိပါ။

Analogous, Variation
ဆင်တူရောင်ကွဲ တစ်မူတွဲ

အချို့သော Analogous colur scheme များတွင် အိမ်နီးချင်းမိတ်ဖက်အရောင်များကို နီးစပ်ရာ ကပ်လျက်ရှိနေသော အရောင်မဟုတ်ပဲ Key Color ၏ တစ်ရောင်ကျော် ၊ တစ်ဆင့်ကျော် ၊ အိမ်နီးချင်းမိတ်ဖက်ရောင်များကို တွဲဖက်အသုံးပြုလေ့ရှိပါသည်။



Tips
1. Analogous Color Scheme တွင် Hue များစွာ သုံးစွဲခြင်းမှ ရှောင်ကြဉ်ပါ။ လိုက်ဖက်ပြေပြစ်ခြင်းသဘော ပျက်သွားနိုင်စေသောကြောင့် ဖြစ်ပါသည်။
2. ဤအရောင်အစီအစဉ်တွင် အပူရောင်နှင့်အအေးရောင်များကို ဆက်စပ်သုံးစွဲခြင်းမှ ရှောင်ပါ။

Complementary Color Scheme
ဆန့်ကျင်ဘက် မိတ်ဖက်အရောင်အစီအစဉ်

အရောင်စက်ဝိုင်းတွင် ဆန့်ကျင်ဘက်အသီးသီးရှိနေကြသော အရောင်များကို ဆန့်ကျက်ဘက်ဖြည့်ဖက်အရောင်များအဖြစ် ဖော်ပြပါသည်။
(ဥပမာ အနီနှင့် အစိမ်း၊ အ၀ါနှင့် ခရမ်း၊ လိမ္မော်နှင့် အပြာ)

ထိုဆန့်ကျင်ဘက်အရောင်များကို ပြည့်အားမြင့် full intensity ဖြင့် တွဲဖက်အသုံးပြုသည့်အခါ ဆန့်ကျင်ပြတ်သားမှုပြင်းထန်လွန်းသဖြင့် လွန်စွာလှုပ်ခါနေသည်ကို တွေ့မြင်နိုင်ပါသည်။ ထို့ကြောင့် အရောင်အစီအစဉ်ကို အသုံးပြုမည်ဆိုပါက နှစ်လိုဖွယ်အရောင်အစီအစဉ်ဖြစ်စေဖို့ ကောင်းစွာ စီစဉ်တွဲစပ်ရန် လိုအပ်ပါသည်။

Hue, Value, Intensity ခေါ် Dimension သုံးရပ်ကို အလျှော့အတင်းပြုလုပ်၍ အရောင်ပမာဏအရွယ်အစားကို ကစားကာ တွဲဖက် စီစဉ်ရပါမည်။ ထင်ရှားပြတ်သားပေါ်လွင်စေရန် လိုအပ်သည့်အခါ ဤအရောင်အစီအစဉ်ကို အသုံးပြုနိုင်သော်လည်း အရွယ်အစားကြီးမားကျယ်ပြန့်သော ပမာဏတွင် သုံးရန်မှာ ခဲရာခဲဆစ်ဖြစ်တတ်ပါသည်။

"Complementary Colour Scheme" ဖြင့် စာသား text များကိုဖန်တီးမည်ဆိုပါက ဖတ်ရှုရန်ခက်ခဲနိုင်ပြီး လှုပ်ခါ၍နေမည်ဖြစ်ပါသည်။



Complementary Colour Scheme သည် ပင်ကို အရည်အသွေးအားဖြင့်ပင် ဆန့်ကျင်ပြတ်သားမှုအရ အမြင့်ဆုံး၊ အပြင်းထန်ဆုံး ဖြစ်ပါသည်။ ဤအရောင်အစီအစဉ်ကို သုံးစွဲပါက အဓိကသတ်မှတ်သော Key Color လွှမ်းမိုးရောင်တစ်ရောင်နှင့် ၄င်း၏ဆန့်ကျင်ဘက်အရောင်ကို ရွေးချယ်ရန်အရေးကြီးပါသည်။ နောက်ခံအတွက် အရောင်
တစ်ရောင်ကိုအသုံးပြုပြီး ၄င်း၏ဆန့်ကျင်ဘက်အရောင်ကို hightlight အဖြစ် အရေးကြီးသော အကြောင်းအရာထင်ရှားပေါ်လွင်စေရန် အသုံးပြုပါ။

Complementary Colour Scheme သည် အခြားအရောင်အစီအစဉ်များထက် ပို၍ပြင်းထန်သော ဆန့်ကျင်ပြတ်သားမှုကို ပေးစွမ်းပြီး အဆုံးစွန်သော အာရုံစူးစိုက်မှုကို ရရှိစေပါသည်။

Tips
1. အကောင်းဆုံးရလဒ်အတွက် အပူရောင်တစ်ရောင်နှင့် ဆန့်ကျင်၍ အအေးရောင်ကိုထားပါ။ (ဥပမာ - အပြာနှင့် လိမ္မော်)
2. လေးနက်စေလိုသောအဓိကအရောင် key colour အဖြစ် အပူရောင်တစ်ရောင် (အနီ သို့မဟုတ် အ၀ါ) ကို သင်အသုံးပြုပါလျှင် အပူရောင်အပေါ် ပိုမို၍ အထူးပြုပေါ်လွင်စေရန်အတွက် ဆန့်ကျင်ဘက်အအေးရောင်ကို ပြင်းအားလျှော့၍ သုံးနိုင်ပါသည်။
3. အပူရောင်များကို ပြင်းအားလျှော့၍သုံးခြင်းမှ ရှောင်ကြဉ်ပါ။ (ဥပမာ Brown သို့မဟုတ် dull yellows)

ဦးသစ်လွင်စိုး
တွဲဖက်ပါမောက္ခ(ပန်းချီ)
အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ် (ရန်ကုန်)။

အရောင်သဘောတရား (Colour Theory - 9)

Triadic Colour Scheme သည် ရောင်စဉ်စက်ဝိုင်း Colour Wheel ပေါ်ရှိ အကွာအဝေးတူ မည်သည့်သုံးရောင်တွဲကိုမဆို တွဲဖက်၍ အသုံးပြုနိုင်ပါသည်။ ဥပမာအားဖြင့် အ၀ါ(yellow)၊ အနီ(red)၊ အပြာ(blue) တို့ကို တွဲဖက်၍လည်းကောင်း၊ လိမ္မော်(orange)၊ အစိမ်း(green) နှင့် ခရမ်း(violet) တို့ကို တွဲဖက်၍လည်းကောင်း စသည်ဖြင့် ရောင်စဉ်စက်ဝိုင်း Colour Wheel တွင် အကွာအဝေးတူ သုံးရောင်စီကို တွဲဖက်အသုံးပြုခြင်းဖြစ်ပါသည်။



Triadic Colour Scheme တွင် အရောင်ဖျော့ Pale colour သို့မဟုတ် ပြင်းအားပြည့်ဝမှုရှိသော Hue ကို တွဲစပ်အသုံးပြုပါက ရရှိသော အကျိုးသက်ရောက်မှုသည် တုန်ခါမှုရှိနေမည်ဖြစ်ပါသည်။

Triadic Colour Scheme ကိုလိုက်ဖက်ပြေပြစ်စွာ အသုံးပြုနိုင်ရန်အတွက် အရောင်များတွင် လွှမ်းမိုးရောင်တစ်ရောင်နှင့် ဆက်နွှယ်တွဲဖက်ရန်အတွက် အခြားနှစ်ရောင်က ဂရုတစိုက် ချိန်ညှိရွေးချယ်အသုံးပြုရန် လိုအပ်ပါသည်။


Split-Complementary Colour Scheme
ခွဲခြမ်းစိတ်ဖြာ ဆန့်ကျင်ဘက် အရောင်အစီအစဉ်



Split-Complementary Colour Scheme သည် Key Colour အဖြစ်အသုံးပြုမည့် Hue တစ်ခုကို သတ်မှတ်၍ ထိုအရောင်၏ ဆန့်ကျင်ဘက်အရောင်ဖြစ်သော Complementary Colour ကို တိုက်ရိုက်မယူပဲ ၄င်းဆန့်ကျင်ဘက် အရောင်၏ ဘေးတစ်ဖက်တစ်ချက်ရှိ အရောင်နှစ်ရောင်ကို တွဲစပ်ကာ အသုံးပြုပါသည်။
Key Colour ၏ Complementary Colour နှင့် ကပ်လျက်ရှိသော အိမ်နီးချင်းမိတ်ဖက်အရောင် Adjacent Colour နှစ်ရောင်နှင့်တွဲဖက်အသုံးပြုခြင်းဖြစ်ပါသည်။ ဥပမာအားဖြင့် key colour ကို အ၀ါ(Yellow) အဖြစ်သတ်မှတ်၍ အသုံးပြုလျှင် တွဲဖက်အရောင်များအဖြစ် နီခရမ်း(Red-Violet) နှင့် ပြာခရမ်း(Blue-Violet) တို့ဖြင့်တွဲဖက်ကာ အသုံးပြုရမည်ဖြစ်သည်။
အကြောင်းမှာ အ၀ါ(Yellow)၏ ဆန့်ကျင်ဘက်အရောင် Complementary Colour ဖြစ်သော ခရမ်း(Violet)နှင့်  တစ်ဖက်တစ်ချက်ရှိ အိမ်နီးချင်းအရောင် Adjacent Colour များမှာ နီခရမ်း(Red-Violet) နှင့် ပြာခရမ်း(Blue-Violet) တို့ဖြစ်ပါသည်။

ဤအရောင်အစီအစဉ်သည် Complementary Colour Scheme ကဲ့သို့ပင် မြင်ခြင်းဆိုင်ရာဆန့်ကျင်ပြတ်သားမှုတွင် ပြင်းထန်သော်လည်း စူးရှတင်းမာမှုကို အနည်းငယ်လျော့နည်းစေပါသည်။ Complementary Colour Scheme သည် ရှုပ်ထွေးခက်ခဲမှုမရှိသောကြောင့် စိတ်ဝင်စားဖွယ်ဒီဇိုင်းများ ဖန်တီးရာ၌ ဆွဲဆောင်မှုအားကောင်းစေရန် Beginner များအတွက် ကောင်းမွန်သောရွေးချယ်မှုတစ်ခုဖြစ်ပါသည်။

Double Complementary Colour Scheme
ဆန့်ကျင်ဘက်နှစ်ရောင်တွဲ အရောင်အဘိဓာန်



Double Complementary Colour Scheme သည်အိမ်နီးချင်းမိတ်ဖက်ကပ်လျက်အရောင် Adjacent Hue နှစ်ရောင်ကို ၄င်းတို့၏ဆန့်ကျင်ဘက်အရောင်နှစ်ရောင်တို့ဖြင့် တွဲ၍အသုံးပြုပါသည်။

ဥပမာ နီလိမ္မော်(Red-Orange) နှင့် Orange  တို့ကို အပြာ(Blue) နှင့် ပြာစိမ်း(Blue-Green)တို့ဖြင့် တွဲဖက်အသုံးပြုခြင်းဖြစ်သည်။

Rectangle (Tetradic) Colour Scheme
လေးရောင်တွဲ အရောင်အစီအစဉ်



Rectangle ခေါ် Tetradic Colour Scheme သည် Double Complementary Colour Scheme ၏ မူကွဲအရောင်အစီအစဉ်တစ်ခုပင် ဖြစ်ပါသည်။ ဆန့်ကျင်ဘက် ၊ မိတ်ဖက်အရောင်နှစ်စုံကို တွဲဖက်၍ လိုက်ဖက်ပြေပြစ်သောအရောင်အစီအစဉ်ပြုလုပ်ရာ၌ Double Complementary ကဲ့သို့ ကပ်လျက်ရှိသော အိမ်နီးချင်း အရောင်နှစ်ရောင်နှင့် ဆန့်ကျင်ဘက်အရောင်နှစ်ရောင်တို့ကို တွဲ၍မသုံးပဲ အိမ်နီးချင်းမိတ်ဖက်ရောင်တစ်ရောင်ခြား နှစ်ရောင်နှင့် ၄င်းတို့၏ ဆန့်ကျင်ဘက်အရောင်များကို တွဲဖက်အသုံးပြုခြင်းဖြစ်ပါသည်။

ဤအရောင်အစီအစဉ်သည် ပိုမို၍ ကွဲပြားခြားနားမှု အတိုင်းအတာကို ကြွယ်ဝစွာ ဖန်တီးနိုင်ပြီး အရောင်တစ်ရောင်ကို လွှမ်းမိုးရောင်အဖြစ် အသုံးပြုဆောင်ရွက်ခြင်းသည် ဤအရောင်အစီအစဉ်၌ အကောင်းဆုံးဖြစ်ပါသည်။

ဤသို့အရောင်အစီအစဉ်တွင် Hue လေးရောင်ကို ဆတူညီတူအသုံးပြုပါလျှင် ဘက်ညီမှုမရှိဘဲဖြစ်နိုင်ပြီး လိုက်ဖက်ပြေပြစ်မှုရှိရန် ခက်ခဲပါသည်။ ထို့ကြောင့် အရောင်တစ်ရောင်ကိုလွှမ်းမိုးရောင်အဖြစ် ရွေးချယ်ဖန်တီးဖို့လိုပါသည်။ သင်၏ဒီဇိုင်းတွင် အပူရောင်နှင့်အအေးရောင်တို့အကြား ချိန်ညှိဆောင်ရွက်ခြင်းဖြင့် ဆွဲဆောင်မှုရှိသောဒီဇိုင်းကို ဖန်တီးဖွဲ့စည်းနိုင်ပါသည်။

Square Colour Scheme
လေးရောင်တွဲအရောင်အစီအစဉ်(မူကွဲ)



Square Colour Scheme သည်လည်း Rectangle Colour Scheme ကဲ့သို့ပင် လေးရောင်တွဲအရောင်အစီအစဉ်တစ်ခုပင် ဖြစ်ပါသည်။ သို့သော်လည်း ၄င်းတွင် တွဲဖက်မည့်အရောင်လေးရောင်သည် ရောင်စဉ်စက်ဝိုင်းတွင် အကွာအဝေးတူရှိနေသော အရောင်လေးရောင်ကို တွဲဖက်အသုံးပြုခြင်းဖြစ်သည်။ အရောင်စက်ဝိုင်း၌ နှစ်ရောင်ခြားအရောင်လေးရောင်ကို တွဲဖက်အသုံးပြုခြင်းဖြစ်ပါသည်။

ဤအရောင်အစီအစဉ်တွင်လည်း အရောင်တစ်ရောင်ကို လွှမ်းမိုးရောင်အဖြစ် တွဲဖက်အသုံးပြုခြင်းသည် အကောင်းဆုံးဖြစ်ပါသည်။ သင်၏ဒီဇိုင်းတွင် အပူရောင်နှင့်အအေးရောင်တို့အကြား ဘက်ညီချိန်ညှိမှုဖြစ်စေရန် သတိပြုဆောင်ရွက်ရမည်ဖြစ်ပါသည်။

 ဦးသစ်လွင်စိုး
တွဲဖက်ပါမောက္ခ(ပန်းချီ)
အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ် (ရန်ကုန်)။

Photoshop ဖြင့် ၁ မိနစ်အတွင်း ဓါတ်ပုံပြုပြင်နည်း

Photoshop ဖြင့် ၁ မိနစ်အတွင်း ဓါတ်ပုံပြုပြင်နည်း

အရင်ကတင်ထားဘူးတဲ့ အဟောင်းလေးပါ။ ဓါတ်ပုံတွေပြောက်ကုန်လို့  မကြည့်ရသေးသူတွေရော ကြည့်ပြီးသားသူတွေပါ အဆင်ပြေအောင်လို့  PDF ဖိုင်လုပ်ပြီးတင်ပေးလိုက်ပါတယ်။








 2009 © Soe Minn Tun (or) Wei Nian
www.cgmyanmar.com
info.cgmyanmar@gmail.com

Photoshop တွင်ဒဒွေးမပေါ်တဲ့ ပြဿနာများ

Photoshop မှာ ဒဒွေးမပေါ်လျှင် ပေါ်အောင်ဖြေရှင်းနည်းကို ဒီဇိုင်နာနဂါး ရေးခဲ့ဘူးပါတယ်။ Illustrator, Indesign, Coreldraw တွေမှာလဲ မြန်မာစာရိုက်သောအခါ ဒွေးမပေါ်ပဲ လေးပဲပေါ်ပါတယ်။ အခု Photshop တင်မကဘူး Illustrator, Indesign, Coreldraw တွေမှာလဲ ဒဒွေးပေါ်အောင်ဘယ်လိုလုပ်လဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

Photshop မှာ ဒဒွေးရိုက်လို့ မပေါ်ပဲ ပေါ်လျှင် အပေါ်ဆုံး Menu bar မှာရှိတဲ့ Edit > Preferences >Type… ကိုဖွင့်လိုက်ပါ။ ပြီးလျှင် Type Options အောက်မှာရှိတဲ့ Use Smart Quotes အကွက်လေးထဲကအမှန်ခြစ်လေးကို Click နှိပ်ပြီးဖြုတ်လိုက်ပါ။ ပြီရင် OK နှိပ်လိုက်ရုံပါပဲ။ ဒါဆို ဒဒွေးမပေါ်တဲ့ပြဿနာ ကင်းဝေးသွားပါပြီ။ ဒဒွေးပေါ်တာမကြိုက်ဘူးဆိုရင်တော့ အမှန်ပြန်သွားခြစ်လိုက်ပေါ့။ :)

Illustrator မှာ ဒဒွေးမပေါ်ရင်တော့ Photshop မှာလို Edit > Preferences >Type… မှာ သွားရှာလို့မရပါဘူး။ အမှန်ခြစ်လာဖြုတ်မှာဆိုးလို့ တစ်ခြားနေရာရွေ့ထားပါတယ်။ အရင်ဆုံး ဖိုင်တစ်ဖိုင်ဖွင့်ထားပါ။ ပြီရင် Menu ဘားမှာရှိတဲ့ File > Document Setup… (Alt+Ctrl+P) ကိုနှိပ်ပါ။ Document Setup Box ပေါ်လာလျှင်တော့ ပုံပါအတိုင်း မြှားလေးကိုနှိပ်ပြီး Type ကိုရွေးပေးပါ။ ပြီးလျှင် Use Typographer’s Quotes ကိုအမှန်ခြစ်ဖြုတ်ပြီး OK နှိပ်ပါ။ ဒါဆို ဒဒွေးရိုက်လို့ရပါပြီ။



Indesign မှာတော့ Photoshop မှာကဲ့သို့ Edit > Preferences >Type… ကိုဖွင့်ပြီး Use Typographer’s Quotes ကိုအမှန်ခြစ် ဖြုတ်ပေးလိုက်ရင်ရပါပြီ။

Coreldraw မှာ ဒဒွေးပေါ်ချင်ရင်တော့ Menu bar မှာရှိတဲ့ Text > Writing Tools > QuickCorrect ကိုဖွင့်ပါ။ Change straight quotes to typographic quotes ကိုအမှန်ခြစ်ဖြုတ်ပြီးOK နှိပ်လိုက်ပါ။


အားလုံး ဒဒွေးပြဿနာများကင်းဝေးနိုင်ကြပါစေ……

Soe Minn Tun (or) Wei Nian (ဝေနယံ)
Graphic Designer
www.cgmyanmar.com

gmail အကောင့်အဟောင်းထဲက Friend တွေကို အကောင့်အသစ်ထဲ ပြောင်းခြင်း

အရင်ဆုံး gmail ထဲကို ၀င် ။(အကောင့်အဟောင်းနော်) ။ အခု နောက်ပိုင်း mailက
style တစ်မျိုး ပြောင်းသွားတော့ mail ရဲ့ ဘယ်ဘက် အပေါ်ထောင့် composemail ,
inbox တို့ အပေါ်မှာ Contact ဆိုပြီး ရှိပါတယ် ။ အဲ့ထဲကို ၀င် .. ။
အဲ့ဒါဆိုရင် အဲ့မှာ ကိုယ့်သူငယ်ချင်းတွေ အားလုံး ပေါ်လာပါလိမ့်မယ်
။အဲ့နေရာမှာ More Action ဆိုတဲ့ နေရာလေးကို နှိပ် ပြီးရင် export …
။အဲ့လို export လုပ်လိုက်ရင်တော့ google က ဒေါင်းလုပ် ဖိုင်လေး တစ်ခု
ပေးပါလိမ့်မယ် ။ သူ့ အလိုလို .csv file ကို ရွေးပြီးသားမို
့ဒေါင်းလုပ်လုပ်လိုက်ပါ ။ တစ်နေရာရာမှာ save လိုက်ပေါ့ ။
ပြီးရင် ပြောင်းထည့်ချင်တဲ့ အကောင့် အသစ်ထဲကို ၀င် .. ။ ခုန က
အဆင့်တွေအတိုင်းပြန်သွား ။ ပြီးရင် More Action ထဲမှာ Import ကို နှိပ် ..
။ပြီးရင် ခုန က ဒေါင်းလုပ် လုပ်ထားတဲ့ google.csv file ကို
ရွေးပေးလိုက်ရင်
မိမိရဲ့ အကောင့်အဟောင်းထဲက သူငယ်ချင်းတွေ အားလုံး
အကောင့်အသစ်ထဲကိုတစ်ဦးချင်းစီ လိုက်အပ်နေစရာမလိုတော့ပဲ
ရောက်ရှိသွားပါလိမ့်မယ် ။

မူရင်းဆိုက်     ဒီမှာ

စာအုပ်စာပေများရှာရန် လမ်းညွှန်

http://www.myanmarbook.com/ Myanmar Book ..
http://www.myanmarelibrary.com/ Myanmar E library
http://myanmarnetworknews.com/ Online myanmar ebook
http://www.myanmarbookshop.com/ Myanmar Book Shop
http://www.foreverspace.com.mm/ Foreverspace
http://www.sagarwarmyae.org/ စကားဝါမြေ စာကြည့် တိုက် ..
http://www.manorhary.com/ .:Manorhary:. The popular Author Novelist and Poet of Myanmar
http://www.bookmyanmar.com/ Myanmar Online Book Store
http://www.myanmardirectory.net/ Myanmar Directory ::
http://www.dhamadarna.net/ Dhamadarna.NET
http://www.knowledgewar07.com/ Blog,Computer,Books,Software တွေကိုအဓိက တင်ပြပေးပါမည်. ..
http://existencemgz.wordpress.com/ ဖွဲ့တည်ရာ မဂ္ဂဇင်း အကောင်းဆုံး မြန်မာစာပေ ဘလော့ဂ်ဆု
http://www.dhammaransi.net/ Dhamma Ransi – Gateway to Theravada Buddhism
http://www.perfectmagazineonline.com/ home.php Perfect Magazine Online
http://www.myawady.net/ Myanma Reference, tradition culture books : literature resources …
http://www.aimwell.org/ Association for Insight Meditation
http://www.yawainwe.net/ Ya Wai Nwe
http://www.kayinstate.com/ Myanmar Book(KayinState)
http://www.shwehinthar.com/ Dhamma E-book in maynmar and english
http://ezine.mywebdigest.net/mwd/ My WebDigest
http://www.yellowpagesmyanmar.net/ Myanmar Yellow Pages, Myanmar Exporters, Importers, Manufacturers …
http://www.dhammayaysin.com/ ဓမ္မရေစင်
http://ebooks.mmblogs.net/ မြန်မာအီးဘွတ်များကို တစ်စုတစ်စည်း တစ်နေရာထဲမှာ ဒေါင်းလုပ် လုပ်နိုင်ရန်
http://www.myanmaryellowpages.biz/ Myanmar Yellow Pages – Myanmar Business Directory, Myanmar Telephone …
http://www.shwesagar.com/ Shwe Sagar
http://weenyinthit.iblogger.org/ ၀ိညာဉ်သစ်စာအုပ်စင် နဲ့ ရောက်တက်ရာရာများ စာအုပ်များနှင့်သီချင်းလေးများ
http://shweone.wordpress.com/ Shwe One
http://www.cherrythitsar.org/ Cherry Thitsar
http://www.mmopenlibrary.com/ MMopenlibrary(Myanmar Book)
http://www.dhammaknowledge.com တရားစာအုပ်များ ..
http://www.myautoosayadaw.com/ အရှင်ဝါယာမိန္ဒ တရားတော်များ
http://www.kyiaye-literature.blogspot.com/ ကြည်အေး

 မူရင်က     ဒီမှာ

နည်းပညာဆိုင်ရာ ဘလော့ Listများ စုစည်းရာ နေရာအသုံးတည့်မယ်ထင်ပါတယ်

♥ ♥ ♥ နည်းပညာပိုင်ဆိုင်ရာ လေ့လာရန် လမ်းညွှန် ♥ ♥ ♥
www.slip-meepyatite.blogspot.com/ = SLIP MEE PYA TITE= ကွန်ပျူတာနည်းပညာများလေ့လာရန်။
http://www.meepyatite.info/ = မီးပြတိုက်= ကွန်ပျူတာနည်းပညာနှင့်အထွေထွေဗဟုသုတများလေ့လာရန်။
http://www.kyawswarnyein.com/ = ကိုကျော်စွာငြိမ်း = ကွန်ပျူတာနည်းပညာများလေ့လာရန်။
http://cadmyanmar.blogspot.com/ = CAD MYANMAR= အော်တိုကတ်နည်းပညာများလေ့လာရန်။
http://blog.nyilynnseck.com/ = ညီလင်းဆက်=ကွန်ပျူတာနည်းပညာများလေ့လာရန်။
www.mone-tine.com/ = မုန်တိုင်း= ကွန်ပျူတာနည်းပညာများလေ့လာရန်။
http://www.sbsangpi.com/ = IT RESHARE SITE= ကွန်ပျူတာနည်းပညာများလေ့လာရန်။
www.kp3family.blogspot.com/ = KP3 FAMILY=ကွန်ပျူတာနည်းပညာများလေ့လာရန်။
www.nyinaymin.com/ = ညီနေမင်း= ကွန်ပျူတာနည်းပညာများလေ့လာရန်။
www.knowledgewar07.com/ = ကိုမိုးထက်မြင့်= ကွန်ပျူတာနည်းပညာများလေ့လာရန်။
www.soemin.net/ = ကိုစိုးမင်း= ကွန်ပျူတာနည်းပညာများလေ့လာရန်။
www.kozaw357.multiply.com/ = ကိုဇော်= ကွန်ပျူတာနည်းပညာများလေ့လာရန်။
www.htootayzar.com/ = ထူးတေဇာ= ကွန်ပျူတာနည်းပညာများလေ့လာရန်။
http://mmshare.org/ = MM SHARE = ကွန်ပျူတာနည်းပညာများလေ့လာရန်။
http://www.myanmaritmen.org/ = အိုင်တီသမားများ= ကွန်ပျူတာနည်းပညာများလေ့လာရန်။
www.saturngod.net/ = စေတန်ဂေါ့= ကွန်ပျူတာနည်းပညာများလေ့လာရန်။
http://blog.mghla.net/ = မောင်လှ= ကွန်ပျူတာနှင့်ဓါတ်ပုံ နည်းပညာများ။
www.kokyawmyintoo.blogspot.com/ = ကိုကျော်မြင့်ဦး= ကွန်ပျူတာနည်းပညာများလေ့လာရန်။
www.problemclean.ning.com/ = MYANMAR IT DEVELOPMENT= နည်းပညာအကြောင်းဆွေးနွေးဖို့။
http://thanlonnge.net/ = သံလုံငယ်= ကွန်ပျူတာနည်းပညာများလေ့လာရန်။

www.simplehelp.net = မိမိကွန်ပျူတာနဲ့ ပတ်သက်၍ ပြဿနာများရှိခဲ့လျှင် မေးမြန်းနိုင်သည်
www.helpwithpcs.com = ကွန်ပျူတာသင်ခန်းစာများကို အမျိုးအစားစုံလင်စွာလေ့လာရန်
www.asia-oss.net = Open Source စနစ်ကိုလေ့လာသူများ မဖြစ်မနေ၀င်လေ့လာသင့်သည်
www.wwpi.com = ကွန်ပျူတာပညာရပ်များအပြင်၊ Network ပညာများကိုလည်းသင်ယူနိုင်သည်
www.educational-software.com = ဆော့ဖ်ဝဲဘာသာရပ်များကို လေ့လာသင်ယူနိုင်ပါသည်
www.educationalsoftware.co.uk = ဆော့ဖ်ဝဲဘာသာရပ်များကို သင်ယူနိုင်ပါသည်
www.okino.com = ဂရပ်ဖစ်သုံးဆော့ဖ်ဝဲဘာသာရပ်များစွာကို လေ့လာနိုင်သည်
www.emailaccount.com = Domain များစွာကို စိတ်ကြိုက်ရနိုင်ပြီးလွယ်ကူသုံးချ အခမဲ့ရသော mail
www.gawab.com = Language များစွာကို စိတ်ကြိုက်ရနိုင်ပြီး လွယ်ကူစိတ်ကြိုက်ရနိုင်ပြီးလွယ်ကူသုံး ချ အခမဲ့ရသော mail
www.merriam-webster.com = အင်္ဂလိပ်စာလေ့လာသူများအတွက် အကောင်းဆုံးနေရာလေးပါ
www.learningpage.com = ဘာသာရပ်အစုံ လေ့လာချင်သူများအတွက်
www.shareme.com = ကွန်ပျူတာပညာရပ်များ၊ စီးပွားရေးပညာရပ်များအပါအ၀င် ဆော့ဖ်ဝဲလ်များအကြောင်းစုံလင်စွာလေ့လာရန်
http://search.imesh.com = ဒီဆိုက်မှာ ဆော့ဝဲလ်တွေအများကြီး free ဒေါင်းလို့ရတယ်
http://www.filehippo.com/ = စုံလင်တဲ့ Free Software ဆိုဒ်ပါ ။ လိုတဲ့ဆော့ဖ်ဝဲလ်ကိုသာ နာမည်ရိုက်တဲ့ပြီးရှာလိုက်ပါ
http://www.picget.net = မိမိဓါတ်ပုံတွေကို ဘောင်ဒီဇိုင်းအမျိုးမျိုးနဲ့ အလှပြုပြင်နိုင်တဲ့ ပေါ့ပေါ့ပါးပါး ပိုတိုဆောဖ့်ဝဲလ်တွေပါ

♥ ♥ ♥ နည်းပညာ ဖိုရမ် လမ်းညွှန် ♥ ♥ ♥
http://www.mmgeeks.org/forum/ = MM GEEKS= နည်းပညာဖိုရမ်များဖတ်ရှုရန်။
http://www.mmso.org/ = MMSO= ဖိုရမ်မှဗဟုသုတများရှာဖွေရန်။
www.aask.my-mm.org/ = MYANMAR OVERFLOW= ဗဟုသုတရစရာအမေးနှင့်အဖြေများ။
www.amyanmaritpros.com/ = MYANMAR IT PROFESSIONAL= နည်းပညာလေ့လာရန်။
www.mysteryzillion.org/ = MYSTERY ZILLON FORUM= နည်းပညာများဆွေးနွေးရန်။
www.problemclean.ning.com/ = MYANMAR IT DEVELOPMENT= နည်းပညာအကြောင်းဆွေးနွေးဖို့။
http://www.myanmartutorials.com/ = MYANMAR TUTORIALS= ကွန်ပျူတာနည်းပညာများလေ့လာရန်
http://www.mmphotoshop.net/ photoshop သင်ခန်းစာ များလေ့လာနိုင် ပါသည်။ ..
http://www.knowledgewar07.blogspot.com/ နည်းပညာ နှင့် E-books
http://www.thanlonnge.com/ နည်းပညာ

♥ ♥ ♥ အော်တိုကတ်နည်းပညာ လမ်းညွှန် ♥ ♥ ♥
http://cadmyanmar.blogspot.com/ = CAD MYANMAR = အော်တိုကတ်နည်းပညာများလေ့လာရန်။
http://www.creativelayer.net/ = CREATIVE LAYERအော်တိုကတ်နည်းပညာများလေ့လာရန်။
http://autocaddrawing.blogspot.com/ = အော်တိုကတ်ရေးဆွဲနည်း ပညာများလေ့လာရန်။
www.engineer4myanmar.com/search/label/AutoCAD/ = ENGINEER 4 MYANMAR အော်တိုကတ်လေ့လာရန်။
http://chan09.blogspot.com/ = CHAN 2009 = အော်တိုကတ်လေ့လာရန်။

♥ ♥ ♥ ဓါတ်ပုံနည်းပညာ လမ်းညွှန် ♥ ♥ ♥
http://www.yoeyar.com/ = ရိုးရာ= myanmar cg art gallery
http://www.mdasociety.com/ = MYANMAR DIGITAL ART SOCIETY= ဓါတ်ပုံနည်းပညာများလေ့လာရန်။
www.myanmarlensman.com/ = MYANMAR LENS MAN = မြန်မာ့ဓါတ်ပုံပညာများလေ့လာရန်။
http://99nagar.multiply.com/ = ဒီဇိုင်နာနဂါး = ဓါတ်ပုံဒီဇိုင်းပညာများလေ့လာရန်။
www.photoshoproadmap.com/ = PHOTOSHOP ROAD MAP = photoshop လေ့လာရန်။
www.mmphotoshop.net/ = MM PHOTOSHOP = mm photoshop tutorials
www.myozawlin23.blogspot.com/ = မျိုးဇော်လင်း = graphic design

♥ ♥ ♥ ၀က်ဒီဇိုင်းနည်းပညာ လမ်းညွှန် ♥ ♥ ♥
http://www.zack-notes.net/ = ၀က်ဒီဇိုင်းနည်းပညာများလေ့လာရန်။
http://www.phpmyanmar.com/ = PHP MYANMAR= ၀က်ဒီဇိုင်းနည်းပညာများလေ့လာရန်။

♥ ♥ ♥ မြန်မာဝက်ဆိုက်လမ်းညွှန် ♥ ♥ ♥
http://allmyanmarblogs.blogspot.com/ = ALL MYANMAR BLOGSမြန်မာဘလော့များရှာဖွေရန်။
www.sharbar.net/ = SHARBAR = မြန်မာဆိုက်များကိုရှာဖွေရန်။
www.searchmyanmar.com/ = SEARCH MYANMAR = မြန်မာဆိုက်များကိုရှာဖွေရန်။
http://webdirectory.all-channel.com/ = ALL CHANNEL = မြန်မာဆိုက်များကိုရှာဖွေရန်။
http://myanmardaily.net/ = MYANMAR DAILY ဆိုက်အမျိုးမျိုးမှနေ့စဉ်ဖတ်စရာများ။

♥ ♥ ♥ နည်းပညာ သတင်းလွှာ လမ်းညွှန် ♥ ♥ ♥
http://www.worldwidemyanmar.com/ = WORLD WIDE MYANMAR= နည်းပညာသတင်းများဖတ်ရှုရန်။
http://www.knowledgebridge.net/ = KNOWLEDGE BRIDGE= နည်းပညာမဂ္ဂဇင်းဖတ်ရှုရန်။=
www.onlineictreader.com/ = မြန်မာအိုင်စီတီသတင်းများဖတ်ရှုရန်။
www.myanmarinternetjournal.com/ = မြန်မာအင်တာနက်ဂျာနယ်

♥ ♥ ♥ ကွန်ပြူတာအသုံးပြုသူတိုင်း အသုံးဝင်သည့် စာအုပ်များ ♥ ♥ ♥

http://www.mediafire.com/?ememzwhndzm = Gmail ရဲ့  လှို့ ဝှက်ချက်တွေသိချင်ရင်
http://www.mediafire.com/?noziemyl5yj = GTALK နှင့်ပက်သက်သမျှ
http://www.mediafire.com/?050ltj4kgkd = လွယ်ကူစွာဂျီမေးနှင့်ဂျီတော့အသုံးပြုနည်း
http://www.mediafire.com/?yyyzjylj2gy = ဂူးဂဲလျို့ဝှက်ချက်များ

http://www.mediafire.com/?tzdqjdmemdj = ၀က်ဒီဇိုင်းလက်တွေ့သင်ခန်းစာများ
http://www.mediafire.com/?xagz1meq9yn = မြန်မာဘလော့တစ်ခုပြုလုပ်ပုံအဆင့်ဆင့်
http://www.mediafire.com/?dgxzdjwdrmd = ၀က်ပိတ်တစ်ခုဖန်တီးခြင်း
http://www.mediafire.com/?w3cdqdzwmmx = HTML မိတ်ဆက်
http://www.mediafire.com/?zjcjv2dnrso = ဘလော့ဂါနှင့်ဆိုက်ဘာအတိုက်အခံသမားများ လက်စွဲ

http://www.mediafire.com/?twdjnizznnu = PHOTOSHOP NOTES(2) အကြောင်း
http://www.mediafire.com/?p07vsb70gmrk9q5 = ADOBE PHOTOSHOP CS (မြန်မာ)
http://www.mediafire.com/?52q0ew2umzg = TIPS AND TRICKS OF PS CS4 (အင်္ဂလိပ်)
http://www.mediafire.com/?wlzgykyjmjw = MAYA AND PHOTOSHOP (အင်္ဂလိပ်)
http://www.mediafire.com/?0yxwwztxf1k = ADOBE PHOTOSHOP 7.0
http://www.mediafire.com/?twdjnizznnu = ဖိုတိုရှော့မှတ်စုများ
http://www.mediafire.com/?jd0hmmzdqdj = ပုံရိပ်များရဲ့ဖွဲ့စည်းပုံသဘာဝ
http://www.mediafire.com/?ijjgjjvz3t3 = ဗီဒီယိုတည်းဖြတ်ခြင်းသင်ခန်းစာ


http://www.mediafire.com/?dluzztilwmb = PC MECHANIC
http://www.mediafire.com/?ytoevqnnqwy = ပီစီတစ်လုံးတပ်ဆင်ရန်ရွေးခြယ်ခြင်း
http://www.mediafire.com/?qatznyhmycx = ကွန်ပြူတာသိပံ္ပ္ပမိတ်ဆက်
http://www.mediafire.com/?dluzztilwmb = ဒီစာအုပ်ဖတ်ပြီးမှ ကွန်ပျူတာပြင်ပါ
http://www.mediafire.com/?qnji1uh2qnj = ကွန်ပျူတာအကြောင်းအသေးစိတ်သိစရာ
http://www.mediafire.com/?zxjnayfxynw = ကွန်ပျူတာတပ်ဆင်ပြုပြင်ထိန်းသိမ်းနည်း
http://www.mediafire.com/?ksqsyeashheupib = အကောင်းဆုံးကွန်ပျူတာပြုပြင်ခြင်း အခြေခံနည်းစနစ်
http://www.mediafire.com/?qndaxgdede0 =ကွန်ပျူတာအမေးအဖြေ
http://www.mediafire.com/?wswd9ayna1t = ကွန်ပျူတာပြုပြင်ထိန်းသိမ်းခြင်းနှင့်
http://www.mediafire.com/?z0jmgzdyggq = ကွန်ပျူတာအဆင့်တိုးမြှင့်ခြင်းနှင့်
http://www.mediafire.com/?dzsiyudsbh3 = သတင်းအချက်အလက်ဆက်သွယ်ရေးစနစ်
http://www.mediafire.com/?twnftxnvxtr = ကွန်ပျူတာသုံးစွဲသူတိုင်းအတွက်အင်္ဂလိပ်စာ
http://www.mediafire.com/?njiycdz4htw = တီထွင်မှုမှော်ဝိဇ္ဇာကြီးအယ်လ်ဗာအယ်ဒီဆင်
http://www.mediafire.com/?ymzb9ubyzmm = ၂၁ရာစုဂူးဂဲနှင့်ပြောင်းလဲသွားသောအင်တာနက်စီးပွားရေးစနစ်ကိုလေ့လာခြင်း
http://www.mediafire.com/?cigqtwgskzx = တီထွင်မှုများ
http://www.mediafire.com/?wymogtik4cu = သိပ္ပံနှင့်နည်းပညာ


http://www.mediafire.com/?kv1qe99nr8id3gb = TWENTY THINGS I LEARNED ABOUT BROWSER AND INTERNET (အင်္ဂလိပ်)
http://www.mediafire.com/?fflsbgmr77i9rbo = WEB DESIGN HTML AND CSS
http://www.mediafire.com/?jhh7u5ksx3hum5m = AUTOCAD 2005
http://www.mediafire.com/?uv7gv93w69ykx13 = AUTOCAD 2002
http://www.mediafire.com/?udt25jcc8o5f3d2 = MICROSOFT WORD 2002
http://www.mediafire.com/?yzyummzde2m = MICROSOFT EXCEL 2002
http://www.mediafire.com/?yidm0udqzuz = WINDOW INSTALLATION (မြန်မာ)
http://www.mediafire.com/?gzzntmzzcxm = INTRODUCING MAYA 2008 (အင်္ဂလိပ်)
http://www.mediafire.com/?zzydzvnm0dd = MS FRONT PAGE 2002
http://www.mediafire.com/?mj2nzlrzw3v = BASIC WORD PROCESSING (အင်္ဂလိပ်)
http://www.mediafire.com/?niyytyqwwtj = COMPUTER DICTIONARY (အင်္ဂလိပ်)
http://www.mediafire.com/?quhmiu0gomy = LEARNING GUIDE FOR
http://www.mediafire.com/?gzt2tycucb3 = VIDEO CONFERENCING SERVER (မြန်မာ)
http://www.mediafire.com/?d1dkxscgcsz = SMALL OFFICE OR HOME OFFICE
http://www.mediafire.com/?uu0mj6i2dyd6nkf = REMOTE DESKTOP ENVIRONMENT
http://www.mediafire.com/?wgjxwdznend = PROTECTING FROM
http://www.mediafire.com/?cclacsgsywd = NETWORK ADDRESS TRANSLATION
http://www.mediafire.com/?wan1g45myhw = CMS AND DYNAMIC PORTAL ENGINE
http://www.mediafire.com/?wjzrnumnmtg = INTERNET CONNECTION SHARING
http://www.mediafire.com/?nyf3dwiezmz = E-MAIL SERVER
http://www.mediafire.com/?jmzmewt9cm1 = DOMAIN NAME SYSTEM SERVER
http://www.mediafire.com/?gzdzlffuzqz = LEARNING CSS- 2
http://www.mediafire.com/?eoe2jwhniyd = MS POWER POINT 2002
http://www.mediafire.com/?znjmdeh3zkd = LEARNING CSS
http://www.mediafire.com/?myzzm4tjnh4 = HARDWARE AND NETWORK
http://www.mediafire.com/?44ykzzz1m2m = VISUAL BASIC 6.0
http://www.mediafire.com/?jnmgjymmz1u = VB 6.0 TUTORIALS (အင်္ဂလိပ်)
http://www.mediafire.com/?l07778b87waz8os = MICROSOFT ACCESS 2002
http://www.mediafire.com/?d2ikzdwunad = LEARNING HARDWARE IN 5 MIN
http://www.mediafire.com/?xo9txgs54c2cytf = BUILDING WEBSITES WITH JOOMLA
http://www.mediafire.com/?bb71n4lq41v045t = JOOMLA QUICK START (အင်္ဂလိပ်)
http://www.mediafire.com/?mfmegtmadyx = FrontPage2002 (မြန်မာ)


မူရင်းက    ဒီမှာ

Photoshop Lesson 4 (ပုံဖြတ်ညှပ်ကပ် ပြုလုပ်ခြင်း)

Photoshop Lesson 4 (ပုံဖြတ်ညှပ်ကပ် ပြုလုပ်ခြင်း)


ဒီနည်းမှာတော့ အိမ်တစ်လုံးပုံနှင့် ကောင်းကင်ရှုခင်းပုံ  ၂ပုံကို အသုံးပြုရပါမယ်။ ပြာနေတဲ့အိမ်နောက်ခံနေရာမှာ တိမ်နဲ့ကောင်းကင်နောက်ခံကိုအစားထိုးခြင်းဖြင့် ပုံ၂ပုံကို ၁ပုံထဲအဖြစ် ပေါင်းစပ်ကာ ဖြတ်ညှပ်ကပ်ပြုလုပ်ခြင်း ဖြစ်ပါတယ်။ ဒီဥပမာလေးကိုသိပြီးရင် သူငယ်ချင်းတို့ စိတ်တိုင်းကျပုံတွေ အစားထိုးကြည့်ပေါ့နော်။


1) အိမ်ပုံကိုအရင်ဖွင့်လိုက်ပါ။ Tool bar မှ Lasso Tool လို့စာတန်းပြတဲ့ အ၀ိုင်းကွက်လေးကို ဖိနှိပ်ထားပါ။
ပေါ်လာတဲ့ tool ၃မျိုးမှ Polygonal Lasso Tool ကိုရွေးလိုက်ပါ။


(Polygonal Lasso Tool ကို လေးထောင့်ပုံ၊ ကြိဂံပုံ စတဲ့ အနားထောင့်ချိုးရှိတဲ့ပုံတွေကို ရွေးတဲ့အခါမှာ သုံးပါတယ်။ အသုံးပြုနည်းကတော့ ဒေါင့်ချိုးတစ်ခုရောက်တိုင်း ရှေ့ဘက်က ဆွဲလာတဲ့မျဉ်းကို အဆုံးသတ်ပေးဖို့အတွက် ကလစ်တစ်ချက်နှိပ်ပေးရပါတယ်)
ပြီးရင် အိမ်ခေါင်မိုးရဲ့ ညာဘက်ဒေါင့်စွန်းမှာ ကလစ်နှိပ်ပေးပါ။ ပထမတစ်ချက်ကလစ်ပြီးရင် ကိုယ်ရွေးချင်တဲ့ ခေါင်မိုးရဲ့ပုံသဏ္ဍာန်အတိုင်း အပေါ်ဘက်ကိုခပ်စောင်းစောင်း pointer ရွှေ့ကြည့်ပါက မျဉ်းကြောင်းကတည့်နေတာတွေ့ရပါမယ်။


နောက် ဆက်ရွေးရမယ့် ပုံသဏ္ဍာန်က ဘယ်ဘက်ဖြစ်တဲ့အတွက် ဒေါင့်ချိုးတစ်ခုနားရောက်တိုင်း ကလစ်နှိပ်ပေးပါ။
ဒါဆိုရင် selection ကို လမ်းကြောင်းပြောင်းလို့ရပါပြီ။ ပုံမှာပြထားတဲ့အတိုင်း ဘယ်ဘက်မှာ ပုံကဆုံးသွားပီဆိုရင် အနားအပြင်ဘက်သို့ဆက်ကလစ်ပြီး အစမှတ်သို့ရောက်စေရန် နောက်ပြန် ပြန်ဆွဲလာပါ။


(စမှတ်နှင့်ဆုံးမှတ် ထိမှသာ selection ရွေးခြင်းက သက်ရောက်မှုရှိမှာ ဖြစ်ပါတယ်။ ဒါကြောင့် အလယ်ကနေစမရွေးဘဲ လွယ်ကူမယ့် ဒေါင့်ကနေ စဆွဲလိုက်တာပါ)
ထိသွားပြီဆိုရင်တော့ ခုနရွေးထားတဲ့မျဉ်းကြောင်းလေးတွေက အစက်လေးတွေအဖြစ် လှုပ်ရှားနေရင် select ၀င်ပါတယ်။


2) ကောင်းကင်ပုံရှုခင်းကိုထပ်ဖွင့်လိုက်ပါ။ ပုံတစ်ခုလုံးကို ရွေးချယ်ဖို့အတွက် Ctrl+A နှိပ်ပါ
(select menu ထဲမှ All နှင့်တူတူဖြစ်သည်)
ပြီးရင် Ctrl+C ထပ်နှိပ်ပြီး ၄င်းကိုကော်ပီကူးလိုက်ပါ။

3) အိမ်ပုံတွင်ပြန်ကလစ်ပြီး Edit meu ထဲမှ Paste Into ကိုရွေးလိုက်ပါ။ ဒီလိုဆိုရင် ခုနက
 plygon နဲ့ select လုပ်ထားတဲ့ နေရာလေးမှာ ကောင်းကင်နောက်ခံလေး အစားထိုးပြီးဖြစ်ပါတယ်။ ခုနကော်ပီလုပ်ထားတဲ့ကောင်းကင်ပုံကို ပထမအရင်ရွေးထားတဲ့ အိမ်ပုံရဲ့ selection မှာ သွားဖော်လိုက်တာနဲ့ လည်း တူတူပါပဲ။


4) အဲဒီမှာ ပေါ်လာတဲ့ တိမ်တွေက အရွယ်အစားကြီးနေလို့ လိုက်ဖက်တဲ့နောက်ခံတစ်ခု မဖြစ်သေးပါဘူး။ အဲတော့ နောက်ခံကို နေရာရွေ့ပေးရပါမယ်။ Edit>Freetransform ကိုရွေးပါ။
ကောင်းကင်ပုံပတ်လည်မှာ လေးထောင့်လေးပေါ်လာပါမယ်။ ညာဘက်အစွန်ဆုံးမှ ထောင့်လေးပေါ်မှာ pointer ထောက်လိုက်ပါ။ မြှားအစောင်းလေးဖြစ်သွားပီဆိုရင် ဖိနှိပ်ပီး အိမ်ပုံနဲ့အတိဖြစ်အောင် အပေါ်ဘက်ကို drag ဆွဲပါ။


ဒီလိုဆို ကောင်းကင်နောက်ခံကိုဆွဲသေးလိုက်တဲ့အတွက် တိမ်တွေလဲ အနေတော်သေးသွားပါပြီ။ အဲဒါမှ စိတ်တိုင်းမကျသေးရင် လေးထောင့်ကွက်ရဲ့ အလယ်မှာကလစ်နှိပ်ပြီး အပေါ်ကိုနဲနဲရွေ့လို့ရပါသေးတယ်
(ဒါကတော့ ပုံဆိုက်ကိုသေးမသွားစေပါဘူး...ထောင့်ကနေဆွဲမှ သေးတာပါ)


5) ပုံပေါင်းစပ်တာကတော့ ပြီးသွားပါပြီ။ နောက်ထပ်ပြုပြင်မှုအနေနဲ့ ပိုမိုသဘာဝကျ လှပအောင် ကောင်းကင်ကို အပြာရင့်ရင့် အရောင်ချိန်ပေးမယ်ဆိုရင်တော့ ပုံပြထားတဲ့အတိုင်း Image>Adjust>Hue/Saturation ကိုရွေးပြီး Saturation ဘားမှာ  ၄၀ လောက် တိုးလိုက်ပါ။ အရောင်ပိုရဲသွားလိမ့်မယ်။


6)  Image> Adjust> Level မှာလည်း ဤအတိုင်းအတာနံပါတ်များအတိုင်း အတုံးလေးတွေရွေ့ပြီး ပြင်ဆင်နိုင်ပါတယ်။

ဒီလောက်ပါပဲ။ ဒါဆိုရင် နောက်ဆုံးမှာ  ဒီလိုပုံလေးကိုရရှိမှာဖြစ်ပါတယ်။


အဆင်ပြေပါစေရှင်........
 (10-1-2012) MC ကြိုးမဲ့