Latop ၀ယ်မယ်ဆိုရင် အကြမ်းမျဉ်း သိထားသင့်သော အချက်များ







ကျွန်တော် ဒီအကြောင်းလေးကို ရေးချင်နေတာတော့ ကြာပါပြီ .. ဒါပေမယ့် အကြောင်း အမျိုးမျိုးကြောင့် အရှိန်ယူလိုက် ပျက်သွားလိုက်နဲ့ မရေးဖြစ် ဖြစ်နေတာပါ .. တကယ်တော့ ဒါက ရေးသင့်တဲ့ အကြောင်းအရာလေး တစ်ခုပါပဲ .. အခုနောက်ပိုင်းမှာ ကျွန်တော်တို့ မြန်မာလူမျိုးတွေ တော်တော်များများ ကွန်ပျူတာနဲ့ အကျွမ်းတ၀င် ရှိလာသလို ကွန်ပျူတာကို အသုံးပြုတဲ့ အခါမှာလည်း အိမ်မှာထိုင်ပြီးတော့ တစ်နေရာထဲမှာပဲ အသုံးပြုနိုင်မဲ့ Destop Computer အစား ပေါ့ပေါ့ပါးပါးနဲ့ အသုံးပြုနိုင်သလို သွားလေရာ ယူဆောင် သွားနိုင်တဲ့ Latop Computer တွေကိုသာ ပိုပြီးတော့ အသုံးများလာတာ တွေ့ရပါတယ် .. အဲ့ဒီအတွက် အများစုအသုံးများတဲ့ Latop Computer တွေဝယ်တော့ မယ်ဆိုရင် မ၀ယ်ခင် သိထားသင့်တဲ့ လေ့လာထားသင့်တဲ့ အချက်လေးတွေကို နားလည်အောင် အကြမ်းမျဉ်း ရေးပေးသွားပါမယ် .. 
       
ဒီနေရာမှာ အသေးစိတ် မရေးပဲနဲ့ ဘာလို့ အကြမ်းမျဉ်း ရေးပေးရလည်း ဆိုတာကို ရှင်းပြချင်ပါတယ် .. ကွန်ပျူတာနဲ့  အရမ်းကြီး အကျွမ်းတ၀င် မဖြစ်သေးတဲ့ သူတစ်ယောက် အနေနှင့် ကွန်ပျူတာနဲ့ ပါတ်သတ်တဲ့ အကြောင်းအရာ တစ်ခုကို အသေးစိတ်ကျကျ ရှင်းပြနေတဲ့ အခါမှာ သူအနေနှင့် ဖတ်ရတာ တွေများလာရင် ဆိုလိုရင်းကို နားမလည်တော့ပဲ လည်ထွတ်သွားတက် ပါတယ် .. ဒါကြောင့် အများစု နားလည်နိုင်မဲ့ ပုံစံမျိုးနဲ့ ကျွန်တော် ရေးပေးသွားမှာ ဖြစ်ပါတယ် ..ကျွန်တော် ခေါင်းစဉ် နှစ်ခု ထားပြီး ရေးပေးသွားပါမယ် ..
( ၁ ) မ၀ယ်မှီဆန်းစစ်လေ့လာခြင်း
( ၂ ) Latop ၀ယ်ရန်ရွေးချယ်ခြင်း တို့ ဖြစ်ပါတယ် ..

( ၁ ) မ၀ယ်မှီဆန်းစစ်လေ့လာခြင်း


နံပါတ် ( ၁ ) အချက်လေးက အားလုံးအတွက် လိုအပ်ပါတယ် .. ဘာကြောင့်လည်း ဆိုတော့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ လူတန်းစား ပေါင်းစုံရှိပါတယ် .. ချမ်းသာတဲ့သူ ၊ အလယ်အလတ်တန်းစား ၊ ဆင်းရဲတဲ့သူ စသည်ဖြင့် အမျိုးမျိုး ရှိပါတယ် .. ဒါကြောင့် လက်တော့ မ၀ယ်မှီမှာ မိမိကိုယ်ကိုယ် အရင်ဆုံး ဆန်းစစ်ဖို့ လိုအပ်ပါတယ် .. ဈေးကြီးပေးရမှ ဒီပစ္စည်းက ကောင်းမယ် ဆိုတာလည်း မမှန်ပါဘူး .. ဒီပစ္စည်းကတော့ ဘာကြောင့် ဈေးကြီးနေတာ ( ဥပမာ ။  ။ ဒီဇိုင်းပိုင်းမှာ ပိုပြီးတော့ ဆန်းသစ်နေလို့ အဲ့ဒီအတွက် တန်ဖိုး ပိုကြီးနေတာလား ၊ ဒါမှမဟုတ် အထဲမှာ ပါဝင်တဲ့ Hardware ပိုင်းဆိုင်ရာ ဆက်စပ်ပစ္စည်းတွေကပဲ ကောင်းနေလို့ ဈေးကြီးနေတာလား )  ဒါမှမဟုတ် ဘာကြောင့် ဈေးသက်သာနေတာလည်း ( ဥပမာ ။  ။ အထဲမှာဆင်ထားတဲ့ Hardware ဆိုင်ရာ ဆက်စပ် ပစ္စည်းတွေကတော့ ကောင်းနေပြီး ပုံစံက ပုံတုန်းကြီး ဖြစ်နေလို့လား ၊ အထဲမှာ ဆင်ထားတဲ့ Hardware ဆိုင်ရာ ဆက်စပ်ပစ္စည်းတွေက အနိမ့်စားတွေ ဆင်ထားလို့လား ဆိုတာကို ) ကွဲကွဲပြားပြား သိဖို့လိုပါတယ် .. ဒါမှသာ မိမိတို့ လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ Latop မျိုးကို သင့်တင့်တဲ့ ဈေးနှုန်းမျိုး ပေးပြီး ၀ယ်နိုင်မှာ ဖြစ်ပါတယ် .. 
အရင်ဆုံး မိမိက Latop ကိုဘာအတွက် ၀ယ်မှာလည်း ဆိုတာကို ဆန်းစစ်ပါ .. ပိုက်ဆံ ချမ်းသာလို့ ငွေဘယ်လောက် ကုန်ကုန် ဆိုရင်တော့  အခုနောက်ဆုံးပေါ်  Core i7 Latop မျိုးကို ဒီဇိုင်းပုံစံ လန်းလန်းလေးနဲ့ Brand ကောင်းကောင်း လေးနဲ့ ဈေးကြီး ပေးဝယ်လိုက်တာ ပြသနာ မရှိပေမယ့် ကိုယ်ကလည်း လက်ထဲမှာ ငွေကို ချင့်ချိန်နေရတဲ့သူ တကယ်လည်း လိုအပ်နေပါတယ် ဆိုတဲ့ သူမျိုးအတွက် ကျတော့ အရွေးမမှားဖို့ လိုအပ်ပါတယ် .. ဒါမှသာ မိမိတက်နိုင်တဲ့ ငွေကြေးပမာဏနဲ့ ကိုယ့်အတွက် တကယ်အသုံးဝင်တဲ့ Latop မျိုးကို ရွေးချယ် နိုင်မှာ ဖြစ်ပါတယ် .. 
အရင်ဆုံး Latop တစ်လုံး ၀ယ်တော့မယ် ဆိုရင် မိမိတို့က ဘာအတွက် သုံးမှာလည်း ဆိုတာကို စဉ်းစားပါ .. ဖျော်ဖြေမှုသက်သက် အတွက်ပဲ သုံးမှာလား ၊ ရုံးလုပ်ငန်း အတွက် သုံးမှာလား ၊ ကွန်ပျူတာပိုင်းဆိုင်ရာတွေ လေ့လာဖို့အတွက် သုံးမှာလား ၊ မိမိက လက်တော့ ၀ယ်ပြီးရင် ဂိမ်းအကြီးစားတွေ ဆော့ဖို့ အထိ စဉ်းစားထားလား ဆိုတာတွေကို ထည့်ပြီး တွေးဖို့ လိုပါတယ် .. ဒါမှသာ  မိမိလုပ်ချင်တာနဲ့ သင့်တင့် မျှတတဲ့ ပစ္စည်းမျိုးကို ရွေးချယ်နိုင်မှာ ဖြစ်ပါတယ် ..
ဖျော်ဖြေမှု အတွက်ပဲ သုံးချင်တယ် .. မိမိက သက်သက်မှတ်မှတ်ကြီး သုံးစရာတော့  မရှိဘူး အဝေးမှာ ရှိနေတဲ့ သူငယ်ချင်းတွေနဲ့ အင်တာနက်သုံးပြီးတွေ့မယ်  မိသားစုတွေထဲက အဝေးရောက်နေသူ တွေရှိရင်လည်း အင်တာနက်မှာ တွေ့မယ် ပျင်းတဲ့ အခါတွေမှာ ရုပ်ရှင်ကြည့်မယ် သီချင်းနားထောင်မယ် ဆိုတဲ့သူမျိုးကတော့ Hardware ပိုင်းဆက်စပ်ပစ္စည်းတွေ အရမ်းကြီး မမြင့်ရင်တောင် ဒီဇိုင်းလှလှ လေးနဲ့ ဈေးနှုန်းသင့်တင့်တာမျိုးလေးတွေ ဆိုရင် အဆင်ပြေပါတယ် .. 
နောက်တစ်ချက်ကတော့ ရုံးသုံး စာစီစာရိုက်သုံးမယ် လိုအပ်တဲ့ ဆော့ဝဲလ် တစ်ခုရမ်းထားပြီး အမြဲသုံးနေလို့ ရပါတယ် ဆိုတဲ့ သူမျိုးကျတော့ လည်းအပေါ်နဲ့ အရမ်းကြီးမကွာပါဘူး .. ကိုသုံးမဲ့ ရုံးသုံးလုပ်ငန်းတွေကို အဆင်ပြေပြေနဲ့ လုပ်ဆောင်နိုင်ယုံနဲ့ ရုံးတွေဘာတွေကို ယူသွားမယ် ဆိုရင် လည်းအမြင်တင့် စေမဲ့ ပုံစံမျိုးနဲ့ Hardware ဆက်စပ်ပစ္စည်းတွေက အရမ်းကြီး မမြင့်ရင်တောင် အလယ်အလတ်တန်းစားလောက် ဆိုရင်ကို သူ့အတွက် အဆင်ပြေစေပါလိမ့်မယ် ..
နောက်တစ်ချက် ကွန်ပျူတာပိုင်း ဆိုင်ရာတွေမှာ သုံးချင်ပါတယ်ဆိုတဲ့ သူမျိုးကျတော့ ပုံစံဒီဇိုင်း အရမ်း မကောင်း ရင်တောင် Hardware ပိုင်းဆက်စပ် ပစ္စည်းတွေကိုတော့ အကောင်းဆုံး ဖြစ်တာမျိုးတွေ ကို သုံးသင့်ပါတယ် .. မိမိတို့က ဆော့ဝဲတွေ ရမ်းမယ် စမ်းသပ်ချင်တာ တွေကို စမ်းသပ်မယ် ဖြုတ်မယ် တပ်မယ် ဒေါင်းလော့တွေ ခဏခဏ ချမယ် Upload တွေတင်မယ် ပြီးရင် စက်ကို အမြဲတမ်း ၂၄ နာရီပါတ်လုံး အသုံးပြုဖြစ်နေတဲ့ အခါတွေ ရှိမှာ ဖြစ်တဲ့ အတွက် မိမိတို့ ၀ယ်မဲ့ကောင်က Hardware ပိုင်း ဆက်စပ် ပစ္စည်း မြင့်တာနဲ့ အကြမ်းခံမဲ့ ကောင်မျိုးကို ရွေးချယ်ပြီး ၀ယ်ယူတာ ကပိုပြီး အဆင်ပြေစေပါလိမ့်မယ် .. ဖြစ်နိုင်ရင်တော့ Latop မ၀ယ်ပဲ Destop သာဝယ်ပေါ့ဗျာ .. ကျွန်တော်က Latop Crazy ဖြစ်တဲ့ သူအတွက် ရွေးချယ်လို့ရအောင် ပြောပြတာပါ .. ဒီလိုလူမျိုး အတွက်တော့ ဒီဇိုင်းပိုင်းထက် Hardware ပိုင်းစပ်ဆက် ပစ္စည်းတွေ ကောင်းမွန်တာမျိုးကို ရွေးချယ်သင့်ပါတယ် ..

နောက်ဆုံးတစ်ချက် ဂိမ်းသမားတွေကတော့ မိမိတို့ဝယ်မဲ့ လက်တော့မျိုးကို Hardware ပိုင်း သင့်တင့်ပြီး Ram , Graphic ပမာဏ များတာ မျိုးကို ရွေးချယ်ပြီး ၀ယ်ယူထားသင့်ပါတယ် .. အခုနောက်ပိုင်းမှာ ဆိုရင် Gamer တွေအတွက် သီးသန့် ထုတ်ပေးထားတဲ့ Latop Brand မျိုးတွေကို တောင်တွေ့နေရပါပြီ .. 
အပေါ်မှာ ကျွန်တော် နှိုင်းယှဉ်ပြ ထားတာ ကတော့ မိမိတို့အသုံးပြုမဲ့ ပုံစံနဲ့ အတက်နိုင်ဆုံး သင့်လျော်မဲ့ ပုံစံကို ရွေးချယ် နိုင်အောင် ဖော်ပြပေးထားခြင်း ဖြစ်ပါတယ် ..  တကယ်လို့ မိမိက ပိုက်ဆံလည်း တက်နိုင်တယ် ကောင်းကောင်းလည်း လိုချင်တယ် ဆိုရင်တော့ ဒီဇိုင်းပုံစံ လန်းလန်းနဲ့ Hardware ပိုင်းမြင့်တာတွေကိုသာ ၀ယ်သုံးပါ အဆင်ပြေပါတယ် .. ကျွန်တော်က ချင့်ချိန်ဝယ်ယူရမဲ့ သူမျိုးတွေအတွက် နှိုင်းယှဉ်ပြပေးတာ ဖြစ်ပါတယ် .. 
( ၂ ) Latop ၀ယ်ရန်ရွေးချယ်ခြင်း


 ကဲ မိမိကလည်း အပေါ်မှာ ပြောခဲ့တဲ့ အချက်လေးတွေနဲ့ ဆန်းစစ်ပြီးသွားပြီ လက်တော့ ၀ယ်တော့မယ်ဆိုရင် Hardware ပိုင်းဆက်စပ် ပစ္စည်းတွေကို ဘယ်လိုကြည့်ပြီး ရွေးချယ်နိုင်မလည်း Brand ချင်းအတူတူ Processor  Series  ချင်းတူရင်တောင် ဈေးနှုံးချင်း ဘာလို့ ကွာခြား နေတာလည်း ဆိုတဲ့ ခြားနားချက်လေးတွေကို ကြည့်တက်အောင် ရေးပေးသွားပါမယ် ..
နောက်တစ်ချက်ကတော့ Latop ၀ယ်မယ်ဆိုရင် Graphic ပါတာကို ရွေးဝယ်မလား Ram အနည်းအများကို ကြည့်ပြီး ၀ယ်မလား ဆိုတာကိုတော့ သိထားသင့်ပါတယ် .. ဘာလို့လည်း ဆိုတော့ Latop မှာ Ram နည်းရင် ထပ်တိုးလို့ ရပေမယ့် Graphic မပါရင်တော့ ထပ်ြ့ပီး အသစ်စိုက်လို့ မရပါဘူး .. ။ ဒါကြောင့် မိမိတို့က မ၀ယ်ခင်ထဲက မိမိတို့ဝယ်မဲ့ Latop မှာ Graphic ပါသလား မပါဘူးလား ဆိုတာကို လေ့လာသင့်ပါတယ် .. ဟုတ်ပြီ အဲ့ဒီ အချက်တွေကို ဘယ်လို ကြည့်ကြမလည်း  .. အောက်မှာ ဆက်သွားရအောင် ..



ကျွန်တော်တို့ Laptop တွေ ၀ယ်တဲ့ အခါမှာ ဈေးနှုံးကိုလည်း အရမ်းကြည့်လို့မရပါဘူး .. ကိုယ်ရဲ့ လိုအပ်ချက် ပေါ်လိုက်ပြီး ဆန်စစ်ပြီးမှ ၀ယ်သင့်ပါတယ် .. တစ်ချို့ Latop တွေက Design ပိုင်းကို ဦးစားပေး ထားတဲ့ အတွက် ပါဝင်တဲ့ Hardware အမျိုးစားချင်း တူရင်တောင် ဈေး ပိုကြီး နေတက်ပါတယ် .. တစ်ခါ တစ်လေ သတိထားပြီး ကြည့်ပါ .. Brand ချင်းလည်း တူတယ် ကျန်တဲ့ အမျိုးအစားချင်းလည်း တူတယ် .. ဒါပေမယ့် အဖြူရောင်နဲ့ အနက်ရောင် ပုံစံလေး နည်းနည်း ကွာသွားတာနဲ့ ဈေးလည်း ကွာဟ သွားတာမျိုး တွေ့ရပါလိမ့်မယ် ..
အရင်ဆုံး ကျွန်တော်တို့ Laptop ၀ယ်ဖို့အတွက် သူ့မှာ ပါဝင်တဲ့ အမျိုးအစားတွေကို သိဖို့ လိုပါလိမ့်မယ် .. အဲ့ဒီအတွက် ပြည်ပမှာ နေတဲ့ သူတွေပဲ ဖြစ်ဖြစ် မြန်မာပြည်က ဆိုင်တွေမှာ ၀ယ်မဲ့ သူတွေပဲ ဖြစ်ဖြစ် ဆိုင်က ပြထားတဲ့ Laptop နဲ့ ပါတ်သတ်တဲ့ အချက်အလက် တွေကို ဘယ်လို ကြည့်ပြီး ရွေးချယ်နိုင်မလည်း ဆိုတာကို အောက်မှာ ကျွန်တော် အမျိုးအစား တစ်ခုချင်း အလိုက် ရှင်းပြပေးထားပါတယ် ..

Processor

အရင်ဆုံး Processor ကိုကြည့်ပါ ... မိမိဝယ်မဲ့ လက်တော့က Intel လား AMD လား အရင်ဆုံး ခွဲခြားပါ .. ကိုက Intel ထဲကပဲ ၀ယ်ချင်တယ် ဆိုရင် မိမိဝယ်မဲ့ လက်တော့က Core i3 လား Core i 5 လား Core 2 Dual လား Core 2 Quad လား စသည်ဖြင့် ကြည့်ပါ .. ပြီးရင် မိမိတက်နိုင်တဲ့ ဈေးနှုံးနဲ့ Processor အမျိုးအစားကို ရွေးချယ်လိုက်ပါ .. ပိုက်ဆံတက်နိုင် ရင်တော့ နောက်ဆုံး ထွက်တဲ့ Processor အမျိုးအစားကို ရွေးချယ် ၀ယ်ထားတာ ပိုကောင်းပါတယ် ..

Operating system
နောက်တစ်ချက် Laptop Detail ထဲမှာ Operating System ဆိုပြီး ပါပါလိမ့်မယ် .. အဲ့ဒါက ဘာကို ပြတာ လည်းဆိုတော့ မိမိတို့ ၀ယ်မဲ့ Laptop မှာ အသုံးပြုမဲ့ Windows အမျိုးအစားကို ပြောတာ ဖြစ်ပါတယ် .. ကျွန်တော် တို့ အနေနဲ့ Laptop ၀ယ်တဲ့ အခါမှာ ပေးရမဲ့ တန်ဖိုးထဲမှာ အဲ့ဒီ Windows အတွက်ပါ ပါပြီးသား ဖြစ်ပါတယ် .. ကျွန်တော်တို့ Windows ကို ၀ယ်ပြီး သုံးရတာပါ .. Microsoft ® Windows 7 Home Basic စသည် ဖြင့် ဖော်ပြပေးပါလိမ့်မယ် ..
Memory
Memory ပမာဏ ကိုတော့ Detail ထဲမှာ Mb နဲ့ ဖော် ပြမှာ ဖြစ်ပါတယ် . အဲ့ဒီအတွက် Laptop မှာ Ram ဘယ်နှစ် Gb ပါတယ် ဆိုတာကို သိဖို့ အတွက် အောက်မှာ ဖော်ပြထားတဲ့ Unit ရေတွက် ပုံလေးကို သိထားဖို့ လိုပါလိမ့်မယ်...
1 Bits = အငယ်ဆုံး unit
1 Byte= 8 Bits
1 kbyte =1024 Byte
1 Megabyte = 1024 kbyte
1 Gegabyte = 1024 Megabyte1 Tetrabyte = 1099 Gegabyte
ဒါမှသာ ကျွန်တော်တို့ အနေနဲ့ 4096 Mb ဆိုရင် 4 Gb ၊ 3072 Mb ဆိုရင် 3 Gb စသည်ဖြင့် အလွယ်တကူ သိနိုင်မှာ ဖြစ်ပါတယ် .. ဒါဆိုရင် မိမိတို့ ၀ယ်မဲ့ Laptop မှာ Ram ဘယ်လောက် ပါတယ် ဆိုတာကို ခွဲခြားနိုင်လိမ့်မယ်လို့ ထင်ပါတယ် .. ဒီနေရာမှာ တစ်ခု သိထားရမှာက Laptop မှာ Ram ကို ထပ်ပြီး တိုးလို့ ရပါတယ် .. ဥပမာ ။ ။ ကျွန်တော်တို့က Ram 2 Gb ပဲ ပါတဲ့ Laptop ၀ယ်ထားတာ ဆိုရင် နောက်ထပ် 1Gb , 2 Gb ထပ်တိုးတာတို့ လုပ်နိုင်ပါတယ် ..

Screen
ဒီမှာက ဘာကို ကြည့်ရမလည်း ဆိုတော့ ကျွန်တော်တို့ ၀ယ်မဲ့ Laptop ရဲ့ Screen အရွယ် အစားကို ကြည့်ရမှာ ဖြစ်ပါတယ် .. Screen အရွယ်အစား အကြီး အသေးကို လိုက်ပြီး မိမိရဲ့ Laptop အရွယ်အစားကလည်း အကြီး အသေး ကွာသွားပါလိမ့်မယ် .. 14" , 15.6" , 17.3" စသည်ဖြင့် အသီးသီး ရှိပါလိမ့်မယ် .. မိမိတို့ စိတ်ကြိုက် ရွေးချယ် နိုင်ပါတယ် ..
Hard disk
Hard Disk မှာ မိမိတို့ ၀ယ်မဲ့ Laptop မှာပါ ၀င်တဲ့ Hard Disk ရဲ့ ပမာဏကို ဖော်ပြပေး ပြီးသား ဖြစ်ပါတယ် .. 320 GB , 500 GB , 640 GB စသည်ဖြင့် အသီးသီး Hard Disk ရဲ့ Data တွေကို Store လုပ်ပေးနိုင်တဲ့ ပမာဏကို ဖော်ပြပေးမှာ ဖြစ်ပါတယ် ..
Optical Drive
ဒီကောင်လေးကတော့ ဘာမှ အရေးမပါသလိုနဲ့ တော်တော် အရေးပါပါတယ် .. မိမိတို့ ၀ယ်မဲ့ Laptop မှာ Optical Drive ပါမပါတော့ သေချာ ကြည့်ဖို့ လိုပါတယ် .. ဘာလို့လည်း ဆိုတော့ ကျွန်တော်တို့ အနေနဲ့ Optrical Drive မပါတဲ့ Laptop ကို ၀ယ်မိပြီ ဆိုရင် နောက်ပိုင်း Windows အသစ်ပြန် တင်ချင်တာပဲ ဖြစ်ဖြစ် Software တွေ Install လုပ်ဖို့ အခွေထည့်ချင်ရင်ပဲ ဖြစ်ဖြစ် အဆင်ပြေမှာ မဟုတ်ပါဘူး .. ဒါကြောင့် Optical Drive ပါတာကို ရွေးချယ် ၀ယ်ယူဖို့ တိုက်တွန်းချင်ပါတယ် .. Optical Drive ပါတဲ့ Laptop တွေမှာ DVD-Super Multi Double Layer စသည်ဖြင့် ဖော်ပြထားပြီးတော့ Optical Drive မပါဘူး ဆိုရင်တော့ no ဆိုပြီး ဖော်ပြနေပါလိမ့်မယ် ..
Video Card
အများစု မသိကြတဲ့ အထဲမှာ ဒီကောင်လေး ပါပါတယ် .. ဆိုင်က ပြတဲ့ Detail ကို ကြည့်ပြီး အများစုက မိမိဝယ်မဲ့ Laptop မှာ Video Card ပါမပါတောင် မသိကြပါဘူး .. Laptop မှာ Video Card မပါဘူး ဆိုရင် ကိုယ့်ဘာသာ အသစ် စိုက်လို့ ရမှာ မဟုတ်ပါဘူး .. ဒါကြောင့် ကိုယ်ဝယ်မဲ့ Laptop မှာ Video Card ပါမပါလည်း သေချာလေး ကြည့်သင့်ပါတယ် .. Video Card က Brand နှစ်မျိုးရှိပါတယ် .. Nividia နဲ့ ATI ပါ .. မိမိတို့ ကြိုက်တဲ့ Brand ကို ရွေးချယ် နိုင်ပါတယ် .. တကယ်လို့ Video Card ပါတဲ့ Laptop တွေရဲ့ Detail ထဲမှာ Nividia Geforce ® GT 520MX 1024Mb ၊ ATI ™ Mobility Radeon ™ HD6630 1024Mb စသည်ဖြင့် ဖော်ပြပေးပါလိမ့်မယ် .. ဒီနေရာမှာ တစ်ခု သိထား ရမှာက ပါဝင်တဲ့ Graphic ပမာဏ ကို Gb နဲ့ မဖော်ပြပဲ MB နဲ့ ပဲ ဖော်ပြမှာ ဖြစ်ပါတယ် .. 1 Gb ဆိုရင် 1024 MB ၊ 512 MB စသည်ဖြင့် ဖော်ပြပေး မှာ ဖြစ်ပါတယ် .. တကယ်လို့ Video Card မပါတဲ့ Laptop တွေမှာ ဆိုရင် Intel ® HD Graphics 3000 Intel ® GMA HD စသည်ဖြင့် ဖော်ပြပေးမှာ ဖြစ်ပါတယ် .. ဒါဆိုရင် မိမိတို့ ၀ယ်မဲ့ လက်တော့မှာ Video Card ပါမပါ ရွေးချယ် နိုင်လိမ့်မယ်လို့ ထင်ပါတယ် ..


ဒါကတော့ ကျွန်တော်တို့ လက်တော့ ၀ယ်မယ်ဆိုရင် အဓိကထားပြီး သိထားသင့်တဲ့ ရွေးချယ်နိုင်တဲ့ အချက်လက် လေးတွေကို ဖော်ပြပေးထားတာ ဖြစ်ပါတယ် .. ကျန်တဲ့ Wifi , Bluetooth ပါမပါ သူ့မှာပါတဲ့ Battery Card က ဘယ်လောက် အသုံးခံလည်း ( 2 hour , 3 hour ) Laptop ရဲ့ အလေးချိန် စတာတွေကိုတော့ ကျွန်တော် တစ်ချက် ချင်း ရေးမပေးတော့ပါဘူး .. အပေါ်မှာ ရေးပေးခဲ့တဲ့ အချက်တွေကို ကြည့်ပြီး Laptop တစ်လုံး ၀ယ်ဖို့ အတွက် အနည်းနဲ့ အများ အထောက် အကူ ပြုနိုင်လိမ့်မယ်လို့ ထင်ပါတယ် ..
ဒီပို့စ်လေးကို PDF ဖြင့် လိုချင်တယ် ဆိုရင် အောက်မှာ ယူလိုက်ပါ ..


Download  From  Ifile.it  ၊  Download  From  Ziddu  ၊  Download  From  Sharebeast



အားလုံးပဲ အဆင်ပြေကြပါစေ ... ကျေးဇူးတင်ပါတယ် ခင်ဗျာ ..




                                                                       
                                                            မူရင်းလင့်။             ။  ဒီမှာ


Driver ရှာရန် အခက်ခဲ့ ဖြစ်နေသူများအားလုံးအတွက်





ပထမဆုံးကျေးဇူးတင်ပါတယ် လို့ပြောပါရစေပါ ... အစ်ကို အစ်ကို တို့ ဒီထက်မက အောင်မြင်ပါစေ လို့ ဆန္ဒ ပြုလိုက်ပါတယ် အစ်ကိုတို့  ညီမသိတာ လေး တစ်ခုကို ပြောကြားပေးပါ အစ်ကို ... ညီတို့ရဲ့ ကွန်ပျူတာ က Drivers အကြောင်းပါ ...  Version အလိုက်မဟုတ်ဘဲ ဘယ်ကွန်ပျူတာ ဘာအမျိုးအစား အတွက် မဆို  အသုံးတည့်ပီး သိမ်းဆည်းလို့ ရတာ မျိုး ရှိပါလား အစ်ကို ... ရှိရင် ပေးပါလို့ တောင်းဆို ပါရစေပါ အစ်ကို ....ဒီထက်မှမဟုတ်ဘဲ သူရဲ့ Version အလိုက်ပဲသုံးလို့ရတယ်ဆို ရင်လည်း Drivers တွေ အတွက် ကျွန်တော်တို့လို လေ့လာ ခါစတွေ အတွက် ...နားလည်လွယ်အောင် ရှင်းပြပေးပါ အစ်ကို ....ကျေးဇူးတင်ပါတယ် ... ကွန်ပျူတာ Professional တစ်ယောက်ဖြစ်လာအောင် ဘာတွေကို လေ့လာ မှတ်သားပီး ဘယ်လို သင်တန်းမျိုးတွေ တက်သင့်တယ်ဆိုတာလေးကိုပါ နည်းညွန်ပေးပါနော် အစ်ကို ....ဒီထက်မက အောင်မြင်ပါစေ ....အစ်ကို ကျေးဇူးတင်ပါတယ် …

ဒီအောက်ဆုံးမှာ ခွေတစ်ခွေစာပေးထားပါတယ်။ ဒီခွေဟာ အင်တာနက် မရှိလည်း ဘယ်စက်အတွက် မဆို Driver ပါပီးသားပါ။ ဒီခွေကို ဆောင်ထားမယ် ဆိုရင် Driver ကို ပင်ပင်ပန်းပန်း ရှာစရာမလိုပါဘူး။


ကျွန်တော်တို့ တွေ စက်တလုံးဝယ်လာတာပဲ့ ဖြစ်ဖြစ် Laptop တလုံးဝယ်လာတာပဲ့ ဖြစ်ဖြစ် Driver ရှာရတဲ့ ဒုက္ခကို ခံစားဘူးကြမှာပါ။ တချို့က ကိုယ့်စက်မှာ ဘာ Driver version တွေ Series တွေ ဆိုတာကို မသိတော့ ရှာရခက်နေဘူးကြမှာပါ။ 2009 လောက်တုန်းက ဆိုရင် ဒီပြသနာက တော်တော်လေးကို ဂရက်ရိုက်ခဲ့သေးတယ်။ ဘာလို့လည်းဆိုတော့ နောက်ပေါ် Series တွေ က အသစ်တွေ ထွက် အရင်က ထွက်ခဲ့တဲ့ Series တွေ တွက် Driver တွေက Update မလုပ်ပေးနိုင်ကြ နောက်  Driver ခွေ ပျောက်တဲ့ လူက ပျောက်နဲ့ အမျိုးမျိုး ဖြေရှင်းဖို့ နည်းလမ်းတွေ ရှာခဲ့ကြတယ်။ တချို့ က ပြေလည်သွားကြသလို တချို့ က အခုထိ မပြေလည်ပဲ့မှေးသုံးနေရတဲ့ သူတွေ ရှိသေးတယ်လို့ ကျွန်တော်ထင်ပါတယ်။ 2009 လောက်ကတည်းက ဖြစ်နေတဲ့  ပြသနာကို ဒီနေ့တော့ ကျွန်တော် ဖြေရှင်းဖို့ နည်းလမ်းတွေ အများကြီးပေါ်လာခဲ့ပါပြီ။ ဒီနည်းလမ်းတွေထဲကနေ မြန်မာတွေ အတွက် အဆင်ပြေမယ့် နည်းလမ်းကို ကျွန်တော် တို့ ရွေးရှာကြည့်တော့ အောက်က နည်းလမ်းလေးတွေကို သွားတွေ့မိတယ်။ ကဲ့ စာဖတ် ညီအကိုမောင်နှမတွေဆက်ဖတ်ပေးပါဦး။
ကျွန်တော် အခု အင်တာနက် မရှိတဲ့ သူတွေ Offline User တွေ နဲ့ အင်တာနက်  ကနေ အလွယ်တကူ ရှာနိုင်တဲ့ နည်းလမ်း နှစ်မျိုးကိုပဲ့  ရေးပါမယ်။

အင်တာနက် ရတဲ့ ညီအကိုမောင်နှမတွေကလည်း ဘာမှ မလိုဘူး နက်လေး ရှိနေတာပဲ့ ဒီလောက်တော့ ကိုယ့်ဘာသာ ရှာမှာပေါ့ လို့ ပြောမဲ့ညီအကိုတွေ မောင်နှမတွေ စာကို ဆုံးအောင် ဖတ်ကြည့်ပါ။ အလွယ်တကူ ရှာနိုင်တာ အပြင် ကိုယ်စက်မှာ Driver ဘာအမျိုးအစား သိစရာ မလိုပဲ့နဲ့ကို စက်ရဲ့ Driver နဲ့ ကိုက်ညီတဲ့  Driver တွေကို Auto  ရှာပြီး ဒေါင်းလုပ်လုပ်ပေးသွားမှာပါ။ ကဲ့ ဒီလောက်တောင် ကောင်းလိုက်တဲ့ နည်းလမ်းလေးက ဘာမို့လည်း ဘာ  Software လည်းကြည့်ရအောင်.... အထွေးအထူးတော့ မဟုတ်ပါဘူး။ Driver checker ပါ။ အသုံးပြုလွယ်သလောက် လိုအပ်တဲ့ Driver တွေကို မှန်မှန်ကန်ကန် ဒေါင်းလုပ်ချပေးနိုင်တဲ့ software တမျိုးပါပဲ့ အသုံးပြုပုံလေး တချက်ကြည့်ရအောင်...

ကျွန်တော်တို့ အရင်ဆုံး Driver Checker  ကို လိုအပ်ပါတယ်။ ဒီအောက်က လင့်ကနေ ဒေါင်းပါ။ ပြီးရင်တော့ ကျွန်တော်တို့ ရမ်း ရပါလိမ့်မယ်။ ရမ်းတဲ့ ချိန်မှာ serial key မတောင်းရင်လည်း အသုံးပြုတဲ့ အချိန်မှာ Key တောင်းပါလိမ့်မယ်။ ဒီထဲ့မှာ key ပါပြီးသားပါ။ ကြိုက်တဲ့ Key ကို အသုံးပြုနိုင်ပါတယ်။  Key လည်း ဖြည့်ပြီးပြီဆိုရင် အောက်က ပုံလေး လို ညာထောင်မှာ Register နေရာမှာ သော့ခလောက်လေးက သော့ခက်နေတဲ့ ပုံလေးကနေ ပွင့်တဲ့ ပုံလေး ဖြစ်နေပါလိမ့်မယ်။ ဒီချိန်မှာ ကျွန်တော်တိှု့ Start Scan ကို နိုပ်ပြီး လိုအပ်နေတဲ့ Driver တွေကို ရှာပါ။ သူဘာသာ ရှာသွားမှာပါ။

 


လိုအပ်နေတဲ့ Driver တွေကို အနီရောင်နဲ့ ပြမှာ ဖြစ်ပြီး ရှိပြီးသား တကယ်ကို ကိုက်ညီတဲ့ Driver Series တွေကိုတော့ အောက်ကလို အပြာရောင်လေးနဲ့ ပြနေမှာပါ။



လိုနေတဲ့ Driver ပုံစံလေးတွေကို အောက်က ပုံမှာ ကြည့်နိုင်ပါတယ်။ဒီလို လိုနေတဲ့ Driver တွေကို ကျွန်တော် အပြာရောင်နဲ့ လေးထောင်ကွက် ၀ိုင်းပြထားတဲ့ အထဲ့က အစိမ်းရောင် ပုံလေးကို နိုပ်ပြီး ဒေါင်းလုပ် install လုပ်ရပါလိမ့်မယ်။



ကျွန်တော်တို့ အစိမ်းရောင်ပုံလေးကို နိုပ်လိုက်ရင် အောက်က ပုံလို Download , Install , Close သုံးမျိုးတွေ့ပါလိမ့်မယ်။ ဒီနေရာမှာ ကျွန်တော်တို Driver တွေကိုပါ သိမ်းထားချင်တယ်ဆိုရင် Download ကို အရင်လုပ်ပါ  ။ ပြီးသွားလို့ ပြည့်ပြီ ဆိုမှ  install လုပ်ပေးလိုက်ပါ။ ဒါဆိုရင် window တင်ပြီးပြီးချင်း ဒီ Software လေး ရှိနေရင် အဆင်ပြေနေပါပြီ။ ဒါမှ မဟုတ် တခါ  လုပ်ပြီးသားဆိုရင် သူ ဒေါင်းလုပ်ထားတဲ့ Location ထဲ့မှာ ကိုက်ညီတဲ့ Software တွေကို ဒေါင်းလုပ် Folder ထဲ့ကနေ သွားယူပြီး တနေရာမှာ သိမ်းထားလိုက်ပါ။ Location ကတော့ ဒီနေရာမျိုးပါ။

C:\Program Files\Driver Checker\download


တကယ်လို့မှ ကျွန်တော်တို့က အစိမ်းပုံလေးကိုလည်း နိုပ်မနေချင်ဘူး အလုပ်ရူပ်တယ် တခုချင်းလိုက်လုပ်နေရတာ မျက်စိနောက်တယ်ဆိုရင် Next ကို ဆက်သွားလိုက်ပါ။  Download , အရင်လုပ် ပြီးမှ Install လုပ်ပေါ့။

ဒီလောက်ဆိုရင် Driver series တွေ သိစ၇ာမလိုတော့ဘူး။ အင်တာနက်ရနေရင် အလွယ်တကူ ရှာနိုင်ပြီပေါ့။


လင့်ပြင်ပေးထားပါတယ်။

Driver Checker Download ချရန်လင့်


OR


http://min.us/mlFX3fCgm

ဟုတ်ပါပြီ အင်တာနက် မရတဲ့ သူတွေ အတွက် ကျတော့ ဘယ်လို ဖြေရှင်းနိုင်မလည်း?။..

ဒီတွက်လည်း မပူပါနဲ့ အမေးရှိရင် အဖြေရှိတယ် မဟုတ်လား ၊ ဒီ အတွက် အင်တာနက် မရတဲ့ ညီအကိုမောင်နှမများတွက် သဘောထားကောင်းကောင်းနဲ့ အလကားမျှဝေနေတဲ့ Driver Pack Solution  ရှိပါတယ်။ အဲ့ဒီအဖွဲ့ အစည်းရဲ့ ဖြန့်ဝေမူကိုတော့ လေးစားမိပါတယ်ဗျာ။ သူကတော့ ဆိုဒ်ကြီးတယ်။ အမှန်ပြောရရင် 3 GB နီးပါး ရှိတယ်။ ဒါပေ့မယ် ဘာမှ ထွေထွေထူးထူးလုပ်နေစရာမလိုဘူး။ သူကို ဒေါင်းပြီးတာနဲ့ ခွေရိုက်လိုက်ရုံပဲ့ ပြီး ရင် လိုအပ်တဲ့ Driver တွေကို သူ့ဘာသာ Auto ရမ်းပေးသွားတယ်။ ဘယ်စက်အတွက် ဘယ် Driver အတွက် မဆိုအကုန်ရပါတယ်။။ နောက်ပိုင်းထွက် စက်တွေ အထိပါ ရပါတယ်။ ပြီးတော့ ဘာဝင်းဒိုးပဲ့ ဖြစ်ဖြစ် အကုန် အဆင်ပြေပါတယ်။လိုချင်ရင် အောက်မှာ ယူလိုက်ပါ။


driver solution pack download Links

လင့်ပြင်ပေးပီး

မူရင်းဆိုဒ်

http://drp.su/   

or Torrent download links ( new)

OR


OR


http://www.mediafire.com/?lq1oo6f1yyl0m 

(new Update Links )

OR

Ifile Links

New Update Links
NEW Update Links တွေမှာ အသစ်တင်နေဆဲ့မို့ မကြာခင်မှာ အကုန် အပိုင်းလိုက် အစုံရပါလိမ့်မယ်။ အခုတော့ တလင့်မှာ ၅ ပိုင်းဆီလောက်ရှိနေပါပီ။ တကယ်တန်းတော့ အပိုင်း ၃၃ ပိုင်းရှိပါလိမ့်မယ်။
သန့်ဇင်ဌေး

မူရင်းလင့်။       ။ ဒီမှာ

ပိတ်ထားတဲ့ဆိုဒ်လေးတွေကျော်နည်းများ

အခုပြောမှာတွေကဘလော့တွေနဲ့ ပိတ်ထားတာတွေကျော်ဖို့ ပါ
(1)https://ctunnel.comပွင့်လာရင်ဖွင့်ချင်တာရိုက်ပြီးရှာပါ
(2)http://mistakeproxyarea.appspot.com/ စမ်းကြည့်ပါ
(3)http://www.polysolve.com/ စမ်းသုံးကြည့်ပါ
(4) http://unblock-websense.com/ gtalk ၀င်လည်း၇တယ်
(5)http://www.stupidcensorship.com/စမ်းသုံးကြည့်ပါ
(6)http://proxify.com/ စမ်းကြည့်ပါတစ်ခုမရတစ်ခုပေါ့
(7)http://www.zensur.freerk.com/nada/စမ်းဖွင့်ကြည့်ပိတ်ထားတဲ့ဆိုဒ်တွေရှောင်ဖွင့်ဖို့ ပါသိသမျှဆိုဒ်တွေ

အကြောင်းအမျိုးမျိုးကြောင့်Gmailသုံးမရတဲ့အခါ Gtalk ၀င်မရတဲ့အခါ
အခုပေးထားတဲ့ဆိုဒ်ကနေသွားကြည့်ပါတစ်ခုမရတစ်ခုရပါလိမ့်မယ်
(1)http://www.ebuddy.com/#gtalk တဆင့်ဝင်ကြည့်ပါ
(2)http://x15.iloveim.com/servlets/logoutPage စမ်းကြည့်ပါ
(3)http://webuzz.im/ သူလည်းgtalkရပါတယ်စမ်းကြည့်ပါ
(4)http://mistakeproxyarea.appspot.com/gmail.com
(5)http://mistakeproxyarea.appspot.com/webuzz.im/
(6) https://imo.im သူလည်းမဆိုးဘူးgtalk ပါဝင်လို့ ရတယ်

Nero Multimedia Suite v11.2.00900 Final{+Nero Multimedia Suite Platinum HD v11.2.00700 Final} +Crack 100%

 
 heinsoe: ကိုဝင်းရယ် ကျွန်တော့်ကို nero-11.2.00900 trial (379 MB) အတွက် key ဖြစ်ဖြစ် crack တစ်ခုလောက်ရှာပေးပါဦးလို့.....ကျေးဇူးတင်ပါတယ်...။
 တခြား Nero-11.2.00900  မရှိသေးတဲ့ သူငယ်ချင်းများလည်း အဆင်ပြေအောင် Download Link တွေ တင်ပေးလိုက်ပါတယ်နော် ...:)
အဆင်ပြေတယ်ဆိုရင်တော့ နောက်ထပ်တင်ပေးမဲ့ Post အတွက်  DON'T FORGET TO SAY THANK , IF YOU LIKE MY POST ပေါ့နော်.....:)


သူငယ်ချင်းတို့အတွက် samsung android mobile များတွင် wifi လွှင့်ပီး shre ပီးသုံးကြည့်ရအောင်

ကျွန်တော် သုံးဖူးတာကတော့ samsung galaxy y လေးပါ .....သုံးနည်းလေးကတော့ setting ကိုသွားပါ ..wireless and networks ကိုဝင်ပါ ..Tethering and portable hotspot တွေ့ရင် ထပ်ဝင်လိုက်ပါ ...portable wifi hotspot setting တွေ့ပါလိမ်မယ် ဆက်ဝင်လိုက်ပါ portable wifi hotspot လေးကို အမှန်ခြစ်လေး ခြစ်ပေးပါ ....ပီးရင် configure portable wifi hotspot လေးထဲဝင်လိုက်ပါ box တစ်ခုကျလာပါလိမ့်မယ် အဲဒါလေးကတော့  network ssid , seiurity , password တို့ပါ ....network ssid ဆိုတဲ့နေရာလေးမှာတော့ ကိုကြိုက်နာမည်လေးပေးလို့ရပါတယ် ..seiurity နေရာတော့ သူပေးထားတဲ့ အတိုင်းကျွန်တော် သုံးလိုက်ပါတယ် password ကိုတော့ ကိုယ်ကြိုက်တဲ့ နံပါတ်လေးတွေထည့်ပေးလိုက်ပါ ....ပီးရင်တော့ save ဆိုတာလေးနှိပ်လိုက်ပါ ......ကဲ laptop လေးဖွင့်ပီး wifi ကနေရှာ ကြည့်လိုက်ပါ ...မိမိနာမည်လေး ပေါ်နေတာ တွေ့ပါလိမ့်မယ် ...ခုနက ထည့်ထားတဲ့ password လေးကိုထည့်ပီး  စမ်းကြည့်လိုက်ပါ.....ပျော်ရွှင်ပါစေ.........အမှားပါရင် သီးခံပါ.......

နောက်နှစ်ပေါင်း ( ၂၀ ) မှာ ကိုယ်ရဲ့ပုံဘယ်လိုဆိုတာ ကြည့်လိုက်ရအောင်နော်

သူငယ်ချင်းတို့ရေ အခုရုပ်ရည်ကနေ နောင်နှစ်ပေါင်း ၂၀ ဆိုရင်ဘယ်လိုရုပ်ရည်မျိုးဖြစ်
လာမလဲမသိဘူးနော် သူငယ်ချင်းတို့တော့မသိဘူး ထက်ထက်တော့အရမ်းသိချင်လာပြီ
သူငယ်ချင်းတို့လည်း သိချင်တယ်ဆိုရင် ဒီနေရာလေးမှာ သွားကြည့်ရအောင်နော်

ဒီလို လေးကျလာလိမ့်မယ်  အဲဒိကနေ ပုံမှာပြထားတဲ့ အတိုင်း ဆက်ပြီး သွားလိုက်ပါ ..

Browse လေးကို ကလစ်လိုက် ပြီးရင် ကွန်ပြုတာထဲက ပုံကိုထပ်ပြီး ရွေးပေးလိုက် ပေါ့ ပြီးသွားရင် တော့

သူငယ်ချင်းတို့တော့မပြောတက်ဘူးနော် ကိုယ့်ကိုကို ယုံကြည်တယ်ဆိုရင်ဖြင့်--- ထက်ထက်
လို ကလိကြည့်လိုက်ရအောင်နော် ထက်ထက်တော့ စိတ်ဓါတ်တော်တော်ကျသွားတယ် ကြည့်လိုက်ပါအုံး
သူငယ်ချင်းတို့ရေ ဟင့်-----ဟင့်------ဟင့်

သူငယ်ချင်းတို့လည်း စမ်းသပ်ကြည့်နော်

Photoshop ဝါသနာရှင်များအတွက် အလွယ်ဆုံးဓါတ်ပုံပြင်နည်း

ဒီဆော့ဝဲလေးကလည်း ၀ါသနာတူသူငယ်ချင်းများအတွက် အသုံးဝင်တဲ့ ဆော့ဝဲပါ
ဒီဇိုင်း ၊ကာလာ၊ အဖြူအမဲ၊ ခဲချစ်ပန်းချီ ၊ နှစ်ကိုယ်ခွဲသုံးကိုခွဲ၊ရုပ်ပြောင်၊ ပန်းဘောင်

အလှဆင် အစုံသုံးရတယ် စက်လည်းမလေးတဲ့ ပေါ့ပေါ့ပါးပါးလေးပါ ။အသုံးပြုပုံက
လွယ်ကူနေသောကြောင့် ယူဖြစ်အောင်သာ ဆောင်ထားကြပါလို့ .......................။

ဒီမှာဒေါင်းနော်

Desktop ကိုအလှဆင်ရအောင်

ကွန်ပျုတာကို ဘယ်လိုအလှဆင်ပေးမလဲဆိုတော့
ပုံထဲမှာ အစိမ်းရောင် / အပြာရောင် လင်းနေတာကိုတွေ့ရလိမ့်မယ်နော်
ကိုယ်ကြိုက်တဲ့အရောင်ကိုပြောင်းနိုင်ပါတယ် အရောင်အမျိုးမျိုးပြောင်းလို့ရပါတယ်
Download ပြီးရင် ဖိုင်ကိုဖွင့်လိုက်ပါ Install လုပ်စရာမလိုပါဘူး
YzShadow.exe ဆိုတဲ့ဖိုင်ကိုနှစ်ချက်နှိပ်လိုက်ရုံပါပဲ ဒါဆိုရသွားပါပြီ
စပြီးအသုံးပြုပုံကို ထက်ထက်သိသလောက်ပြောပြမယ်နော်
မိမိပြောင်းချင်တဲ့ အရောင်ကိုပြောင်းချင်ရင် အောက်ကပုံလိုလုပ်လိုက်နော်
Changer Color ကိုနှိပ်ပြီး ကြိုက်တဲ့အရောင်ကိုရွေးပါ ပြီးရင် Apple ကိုအရင်နှိပ်
ပြီးတော့မှ Ok ကိုနှိပ်ပါ
သူငယ်ချင်းများအားလုံး အဆင်ပြေပါစေ.........

Samsung Galaxy Series မြန်မာဖောင့်ထည့်သွင်းနည်း...

Samsung Galaxy Series
ဖုန်းတွေထဲကိုမြန်မာဖောင့်စန်စနဲ့  ကီဘုတ် စနစ်တွေထည့် သွင်းချင်းတယ်ဆိုရင်တော့  ပထမဆုံးအနေနဲ့  လိုအပ်တဲ့ ဆော့ဝဲတွေကတော့ Zawgyi One မြန်မာစာဖောင့် lnstaller  ဖိုင်နဲ့   ကီဘုတ်စနစ်အတွက် Myandroid     ဆိုတဲ့ ကီဘုတ်ဆော့ဝဲ  Galaxy Series ဖုန်အချို့ အတွက်ဆို၇င်တော့  Fontomize ဆော့ဝဲတိုလို့ အပ်ပါတယ်....
ဒါတွေမရှင်ရင်တော့   Myanmarmobileapp.com မှာ download  ရယူနိုင်ပါတယ်.....
ပြူလုပ်နည်းကတော့ လွယ်ကူပါတယ်..........
လို့ အပ်တဲဆော့ဝဲတွေရပြီဆို၇င်တော့  ဖုန်း SD Card ထဲကိုကော်ပီလုပ်ပေးလိုက်ပါ....
ပြီရင်တော့  ဆော့ ဝဲတွေကို  lnstall ပြုလုပ်ပေးရပါမယ်.......
lnstall လုပ်ပြီရင်တော့  ဖုန်း  Setting ထဲကိုသွားလိုက်ပါ...
Setting  ထဲမှာ Display  ၀င်ပေးပါ... Display ထဲမှာ  Screen Display ထက်ဝင်ပေးပါ...ပြီ၇င်တော့  Fonts Style  ကိုတွရပါလိပ်မယ်... ဖုန်းထဲမှာ lnstall ပြုလပ်ထားတဲ့ မြနမာဖောင့်ကိုရှာရပါလိပ်မယ်....Zawgyi မြန်မာဖောင့်ကို တွ၇ပါလိပ်မယ်..အဲဒိဖောင့်ကိုအသုံးပြုချင်ရင်တော့  အမှတ်အသားလေထားခဲပါ.ဒါဆို၇င်၇ပါင်္ပြီ......မြန်ာမာဖောင့်ကိုတွေမြင်ရပါလိပ်မယ်........
ကီဘုတ်စနစ်ကိုအသုံးပြုချင်ရင်တော့  Message စနစ်ထဲမှာဖြစ်ဖြစ် စာ၇ိုက်မဲနေရာမှာဖြစ်ဖျြစ်  စာရိုက်မဲနေ၇ာကိုလက်ကလေးနဲ့ ဖိထားပေးပါ...ပြီရင်တော့   lnput Method ဆိုတာထွက်လာပါမယ်.........lnput Method မှာကိုယ်မြန်မာဖောင်ကိုအသုံးပြုချင်ရင်တော့   Myan droid Keyboard ဆိုတာကို အမှတ်အသားလေထားခဲပေးပါ...ဒါဆိုင်၇င်ရပါပြီ...................
ဒါတွေအားလုံးဟာ   Samsung Galaxy Series ဖုန်းတွေအတွက်ပါ..
Galaxy Sll ဖုန်းတွေကျတော့ Fontomizer ဆိုဆော့ ဝဲလေးမလိုအပ်ပါဘူး....
Galaxy Sll မဟုပ်ပဲ အရင်တုံးကထွက်ခဲ့တဲ Galaxy ဖုန်းတွေမှာဆို၇င်တော့  အချိုဖုန်းတွေမှာ  Fontomizer ဆော့ ဝဲကိုအသုံးပြုရမှာဖြစ်ပါတယ်.....
အားလုံးနေစာလျက်ပါ...................................... 

.....နေမျိုးအာင်နည်းပညာမျှဝေခြင်း 

☆☆☆Nero-8 နဲ့ Photo Slide Show လုပ်မယ်☆☆☆


အခုတင်ပြတဲ့ နည်းကတော့ Nero-8 နဲ့ Photo Slide Show လုပ်နည်းလေးပါ။
လုပ်နည်းကတော့ အောက်မှာပြထားတယ်နော်။
မသိသေးတဲ့သူတွေအတွက်ပါ။



Nero ကိုဖွင့်လိုက်ပါ။
Create and Edit ကိုနှိပ်လိုက်ပါ။
Make Photo Slide Show သို့မဟုတ် Aurthor Edit and Capture Video
ကိုလဲရွေးလို့ရပါတယ်
တစ်ခုခုကို နှိပ်လိုက်ပါ။
နှိပ်လို့အဲလိုပေါ်လာရင်း Make Side Show ကိုရွေးလိုက်ပါ။
အဲမှာ CDနဲ့ ဘန်းမှာလား(သို့မဟုတ်)DVD နဲ့ဘန်းမှာလားဆိုကိုရွေးလိုက်ပါ။
အဲမှာ Browse မှာမိမိကြိုက်တဲ့ပုံတွေရွေးလိုက်ပါ။
သီချင်းလဲအဲမှာဘဲရွေးရမှာပါ။
အဲလိုမျိုးလေးပါ့။
ကျွန်တော်ရဲ့အချောပုံတွေရွေးလိုက်ပါပြီး။
ပုံတွေရောက်လာတဲ့ပုံတွေကို အကုန်Seclect မှတ်ထားဆွဲထည့်လိုက်ပါ။
ကျွန်တော်များပြထားတဲ့နေရာက ဓါတ်ပုံအတွက် Effect တွေပါ
တစ်ပုံချင်းစီလိုက်ထည့်လိုက်ပါ။
အဲသာဆိုရင်းရပါပြီး။
ခွေဘန်းမယ်ဆိုရင်း Next.Next.Next.သွားပြီးဘန်းလိုက်ပါ။
Mp4 ရချင်တယ်ဆိုရင်း Save လိုက်ပါ။
အားလုံးအဆင်ပြေကြပါစေ....

အဆင်မပြေများရှိခဲ့ပါ mr.beanvenus@gmail.com ကိုဆက်သွယ်နိုင်ပါသည်။

TVU မှာ ကိုယ်ပိုင်ရုပ်သံလွင့်မယ်

         TVU Player အကြောင်းကိုတော့ ဒီပို့စ်လေးမှာ ကျွန်တော် ရေးသားခဲ့ပြီးပါပြီ။ ခုတင်ပြမယ့် အကြောင်းအရာကတော့ TVU Player မှာ ကိုယ်ပိုင် ရုပ်သံလိုင်းသစ်လွင့်တဲ့နည်းလေးပါ။
         ပထမဆုံးအဆင့်အနေနဲ့ ဒီမှာ အရင်ဆုံး Registerလုပ်လိုက်ပါ။ ပြီးရင်တော့  ဒီနေရာမှာ ကိုယ်ထုတ်လွင့်ချင်တဲ့ ရုပ်သံလိုင်းသစ်ကို ပြုလုပ်လိုက်ပါ။ ပြီင်္းရင်တော့ ကိုယ့်ရုပ်သံလွင့်နိုင်ဖို့အတွက် TVU Broadcaster လေးကို ဒီမှာ သွားပြီးဒေါင်းလိုက်ပါ။ ဖိုင်ဆိုဒ်လည်းသေးတာမို့ အဆင်ပြေပြေဒေါင်းနိုင်ကြလိမ့်မယ်လို့ မျော်လင့်ပါတယ်။
        ဒေါင်းပြီးသွားလို့ Install လုပ်ပြီးတဲ့အခါ သင့်ရဲ့ Web Browser မှာ အောက်က စာမျက်နှာမျိုးပေါ်လာပါလိမ့်မယ်။ ပေါ်လာပြီဆိုရင် သင့်ရဲ့ TVU အကောင့်ကို SIGN IN ဝင်လိုက်ပါ။
TVUBroadcast  
               ဝင်ပြီးရင်တော့ အပေါ်က ပုံလေးပေါ်လာပါလိမ့်မယ်။ ရုပ်သံလွင့်ဖို့ အတွက် Source ကိုသွားပါ။
TVUBroadcast 2
 
             ပြီးရင်တော့ ကိုယ် ထုတ်လွင့်ချင်တဲ့ ပုံစံကိုရွေးပြီး ထုတ်လွင့်ရမှာပါ။ Live Audio/Video မှာတော့ ကိုယ့်ရဲ့ Web Cam / Earphone  ကနေတိုက်ရိုက်ထုတ်လွင့်မှုပြုလုပ်နိုင်ပါတယ်။
             Stream မှာတော့ YOUTUBE က ဗီဒီယို ကုဒ်တွေကို ယူပြီး ထုတ်လွင့်နိုင်ပါတယ်
              File List မှာတော့ ကိုယ့်မှာရှိတဲ့ wmv ဗီဒီယိုဖိုင်တွေပဲဖြစ်ရမှာပါ။ ဒီလိုဖိုင်တွေကို အစီအစဉ်အတိုင်း upload လုပ်ပြီးလွင့်နိုင်ပါသေးတယ်။
              ဒီနေရာမှာ ကျွန်တော် တစ်ခုအကြံပေးလိုတာက ကိုယ်တင်မယ့် ဗီဒီယို ဖိုင်တွေမှာ ကိုယ့်ရုပ်သံလိုင်းနာမည်လေးတွေကို အပေါ်ထောင့်တစ်နေရာမှာ တပ်ပေးရင် ပိုပြီးရုပ်သံပီသ လိမ့်မယ်လို့ထင်ပါတယ်။ ဥပမာ -MRTV-4 ဆိုရင် MRTV-4 လို့တပ်ထားပြီး မြဝတီရုပ်သံမှာ MWD လို့တပ်ထားသလိုပေါ့။
            အားလုံးရုပ်သံလိုင်းကောင်းလေးတွေတင်ဆက်နိုင်ကြပါစေဗျာ . . .။
ကြယ်စင်ချစ်သူ
http://myonlinetechnology.blogspot.com

Memory Stick မလို Hardisk မလို Gmail အကောင့် တခုရှိတာနဲ့ မည်သူမဆို 10 Gb free ရမယ်

စပြီး Register လုပ်တာနဲ့ 10 Gb free ရပါတယ်။ ကိုယ့်မိတ်ဆွေတွေကို invert လုပ်ရင်1 Gb စီပေးပြီးတော့50 Gb ထိပေးတယ်။ file တွေ share ချင်လည်းရပါတယ်။ ကဲ ဘယ်လောက်တောင် အဆင်ပြေလည်း Hardisk တို့ Memory Stick တို့ ပျောက်မှာလည်း မစိုးရိမ်ရတော့ ဘူးပေါ့။ လိပ်စာက-www.minus.com ဆိုဒ်လေးထဲ ၀င်ပြီးပြီ ဆိုရင် ကျွန်တော် အောက်မှာ ပုံလေးတွေနဲ့ ပြထားတဲ့ အတိုင်း အကောင့်ကို ဖောက်လိုက်ပေါ့
Gmail က ပထမ တခုဖောက်တုန်းက သုံးထားတဲ့ Gmail ကိုပဲ ပြန်သုံးလို့ ရပါတယ် ။

toolbar လုပ်နည်း


toolbar လုပ်နည်းလေး သိချင်လို့ ပါ ဆိုသူများ အတွက် toolbar ဆော့ဝဲပုံ .. ကွန်တော်သိသောနည်းလမ်းလေးကိုဖော်ပြပေးလိုက်ပါတယ် .. တကယ်တော့ ဆော့ဝဲရေးတာမဟုတ်ပါဘူး ဆိုဒ်တစ်ခုကိုသွားပြီး အဖွဲ့ ဝင် ပြီး သွားလုပ်ရတာပါ ဆိုဒ်တစ်ခုပြုစု သလိုပါပဲ ဘာမှခက်ခက်ခဲခဲ မဟုတ်ပါဘူးဗျာ
   ပထမ ဆုံး ဒီနေရာလေးကို  နှိပ်ပြီး ၀င်လိုက်ပါ ။

ပုံထဲကအတိုင်း ဖောင်ဖြည့်ပြီးမှတ်ပုံတင်လိုက်ပါ ပြီးသွားရင် သင့်မေးလ် ထဲကို မေးလ်တစ်စောင်ပို့ လိမ့်မယ် မေးလ် ကိုဖွင့်ပြီး သူပေးလိုက်တဲ့ လင့်ကနေတဆင့် log in လုပ်လိုက်ပါ
( သင့်မေးလ်ဟာ blogspot.com ဘလော့ပြုလုပ်ထားပြီးမဖြစ်ရ ၊blogspot.com ပြုလုပ်ထားပြီးမေးလ် များဖြင့်ပြုလုပ်၍မရပါ ၊ အသစ်ဖြစ်ကပိုကောင်း၏)
log in ၀င်ပြီးသွားရင်ဆိုရင်တော့ အောက်ကပုံလေးကိုဆက်ကြည့်ရအောင်
အဲလိုလေး ပေါ်လာပါလိမ့်မယ် ... အဲထဲက Home ဘေးနားက Edit toolbar ဆိုတာလေးကိုနိုပ်လိုက်ပါ ..


အဲလိုလေပေါ်လာပါ့မယ် ၊ ခုကျွန်တော်ပြထားတာကလုပ်ပြီးသားပါ ၊ ဘယ်ဘက်က paletwa ဆိုတဲ့နေရာမှာ (addyourlogo)ဆိုပြီး ပေါ်နေပါလိမ့်မယ် အဲဒါလေးကိုမောက်ထဲ့ထောက်လိုက်ရင် menu လေးပေါ်လာပါလိမ့်မယ် အဲထဲက Edit ကိုနှိပ်လိုက်ပါ ၊
အပေါ်ဆုံး Text နေရာမှာတော့ သင့်ဆိုဒ်နာမည်ပေါ့ ပြီးရင်အောက်မှာ အရောင်တွေနဲ့ မိမိထားလိုတဲ့လိုဂိုပုံစာသားအရောင်ကိုရွေးပေးလိုက်ပေါ့ ၊ အဲဒီကဟုမကြိုက်ရင်လဲ အောက်က နေပြီးတော့ သင့်ကွန်ပြူတာထဲမှာ လိုဂို ကိုထည့်နိုင်ပါတယ် ၊ပြီးရင်အောက်က
နေရာမှာတော့ သင့်ရဲ့ ဆိုဒ်လင့်ကိုထည့်ပေးပါ ၊၊ Hint: မှာတော့ သင့်လိုဂိုကိုမောက်နဲ့ ထောက်ရင် စာသားလေး ပေါ်နေတာလေးပါ နှစ်သက်ရာရေးပါ ၊၊ ပြီးရင် Save ပေါ့ ၊ လိုဂိုအပိုင်းတော့ပြီးသွားပြီ
နောက်ထပ် menu လေးထည့်နည်းထပ်ရှင်းပြပါ့မယ် (ကျန်တဲ့ဟာတွေကလွယ်နေလို့ ပါ) သင့်Toolbar မှာ menu လေးထည့်ထားချင်တယ်ဆိုရင်

Add, enrich and customize. ရဲ့ အောက်မှာ Basic ဆိုတာရှိပါတယ်  အဲဒီ ထဲမှာ Menu Button ဆိုတာလေးက်ုနှိပ်လိုက်ပါ ၊

your menu ကိုနှိလိုက်ရင်ဘေးမှာ Edit နဲ့  Add ပေါ်လာလိမ့်မယ် Edit ကိုနိုပ်ပြီး 


Name နေရာမှာ Menuအမည် ပေါ့ ပုံထဲကအတိုင်းလုပ်ပေးလိုက်ပါ ပြီးရင် Save ပေါ့ ၊ နောက်တစ်ဆင့်

အောက်က Edit link 1 ကိုနှိပ်လိုက်ပါ >>နောက်ထပ် Edit ပြီးရင်အောက်ပုံ 

Item name: မှာ လင့် ခေါင်းစဉ် (အမည်)

URL: မှာ သင်သွားစေချင်သောလင့်

Hint: မှာရေးချင်ရေးမရေးချင်နေ 

ပြီးရင် Save >>>>  publish  ဒါပါပဲ 

 အဆင်ပြေကြပါစေ ၊။

နမူနာ အစမ်းသုံးကြည့်ချင်ရင် ဒီနေရာမှာ နှိပ်လိုက်ပါ ၊။
http://www.palatwa.co.cc/2012/05/toolbar.html မှလာပါ၏