Folder Background ပြောင်းနည်း Window XP & 7

ဒါလေးကတော့ folder backgroung ပြောင်းနည်းလေးပါ။ မိမိရဲ့ Folder ကို ဘယ်လိုပုံစံနဲ့ background အလှဆင်ကြမလဲ ။Folder နောက်ခံမှာ ကိုယ့်ချစ်သူပုံလေးထည့်ထားချင်တဲ့သူတွေအတွက်ဆိုလဲ ဟုတ်တယ်။(ဘာရယ်ညာရယ်တော့မဟုတ်ဘူးအမောပြေတာပေါ့ နော် ဟယ် ဘားမှမဆိုင်ဘူးနော်)
နောက်ပြီးFolder ရဲ့ Screen က မူလအဖြူရောင် မနှစ်သက်သူများ၊ မျက်လုံးစူးသူများအတွက် တင်ပေးထားတာပါ။ လိုချင်တယ်ဆိုရင် Pdf File ကို ဒေါင်းလိုက်ပါ.......
                            media fire download here    ဒီမှာ ဝိုင်းဆွဲကြပါဗျို့
(ကဲ အပေါ်ကဟာက Window XP အတွက်တော့ရတယ်။Icon Area Image ဆိုပြီး Class ID လေးညွှန်းပေးရ
တာ မဟုတ်လား..။ ခု ၀င်းဒို ဆဲဗင်းမှာ ဒီလို မရတော့ဘူးဗျ..။ဘာဖြစ်လို့လဲ ဆိုတော့ ၀င်းဒိုးဆဲဗင်းက
Class ID တွေ မသုံးတော့ဘူး..။အဲဒါကြောင့်ဖြစ်တာပါ..။အဲဒီတော့ ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ
ဆိုတော့ ... ထုံးစံအတိုင်း နုတ်ပတ် ဖွင့်လိုက်ပေါ့..။ အယင် Desktop.ini ရေးသလိုပဲ..ရေးမလို့ပါ..။
ပြီးရင် အောက်က ကောင်လေးကို ကူးထည့်လိုက်ပါ...။
[AveFolder]
IconArea_Image=*.jpg

ပြီးရင် ကိုယ် Background  ချိန်းချင်တဲ့ Directory ထဲမှ Desktop.ini နဲ့ဆေ့လိုက်ပါ...။ * နေရာမှာ ကိုယ်ထားမယ့် Picture ဖြစ်မယ်နော်..။ပြီးရင် ကိုယ်ထားချင်တဲ့ ပုံကိုလည်း အဲဒီနေရာမှာထားလိုက်
ပါ..။အဲဒီလိုပုံကိုမရွှေ့ချင်ဘူးဆိုရင်လည်း ပုံရဲ့ Directory ကိုအတိအကျညွှန်းပေးဖို့လိုပါလိမ့်မယ်..။
ဥပမာ..။
[AveFolder]
IconArea_Image=D:\My Lover Picture\Receive From May\May.jpg
 အစရှိသဖြင့်ပေါ့ဗျာ...။
ပြီးရင် အဲဒီ Directory ထဲမှာ Refresh တစ်ချက်နှစ်ချက်လုပ်ကြည့်လိုက်ပါ..။ပြောင်းမသွားရင်..။
အဲဒီDirectory..ကိုခနပိတ်ပြီးပြန်ဖွင့်ကြည့် ..။ဒါဆိုကျိန်းသေပေါက်ရလိမ့်မယ် မရသေးရင်တော့..။
Explorer.exe ကို ခန Kill ပြီး ပြန်ခေါ်ကြည့် သေချာပေါက် ကိုရပါပြီ...။လုပ်ကြည့်ပါနော်..။

No comments: