အွန်လိုင်းလောကနဲ့ အပြင်လောကမှာကွာဟချက်တွေအများကြီးရှိပါတယ်။
အွန်လိုင်းကနေတစ်ဆင့်မိတ်ဆွေအပေါင်းအသင်းတွေဖြစ်ပြီးအပြင်မှာတွေ့ကြဆုံကြတာတွေ
လဲပိုပြီးခေတ်စားလာပါတယ်။ဒီလိုနဲ့ပဲအရင်းနီးဆုံးသူငယ်ချင်းတွေလဲ ဖြစ်သွားနိုင်ပါတယ်။
ကျောင်း၊အလုပ်အကိုင်တစ်ဖက်နဲ့ မအားလပ်တဲ့ကြားကမှ ကိုယ်နဲ့တကယ်ရင်းနီးနေတဲ့သူငယ်ချင်း
ဒါမှမဟုတ်လဲ ဆိုရှယ်လ်နက်ဝေါ့ခ်ကမှတစ်ဆင့် ရင်းနီးကျွမ်းဝင်သွားတဲ့ သူငယ်ချင်းနဲ့ ရေရှည်အထိ
အမြဲခင်မင်မှုမပျက်တဲ့ ဆက်ဆံရေးမျိုး ဒီ (၁၂) ချက်နဲ့ တည်ဆောက်နိုင်မှာပါ။ ဆိုရှယ်လ်
နက်ဝေါ့ခ်တွေထဲမှာလူကြီး၊ လူငယ်တွေကြားမှာရေပန်းအစားဆုံးကတော့ ဖေ့စ်ဘွတ်ခ်ပဲဖြစ်ပါတယ်။