Showing posts with label G-talk and Gmail. Show all posts
Showing posts with label G-talk and Gmail. Show all posts
GMAILကိုSecurityမြင့်Step2 ခံနည်း
အခုတလော အကောင့်တွေ ဟက်ခံရတယ်ဘော်ဒါတွေ
လာလာပြောနေလို့ ဒီPostကိုတင်ရခြင်းဖြစ်ပါသည်
အများသောအားဖြင့်မြန်မာတွေက facebook ကို gmail နဲ့ဖွင့်ကြတာများပါတယ်
ဒါကြောင့်facebook ရော Gmailပါလုံခြုံမှ ဖြစ်မှာပါFacebookအကောင့်ပါသွားရင်တောင်
Gmail ရနေသေးရင်facebookအကောင့်ကိုပြန်ယူလို့ ရပါသေးတယ်ပြီးတော့
အခုလို ဖုန်းနဲံပါ Step 2 ခံထားခြင်အားဖြင့် မိမိဖုန်းနဲ့ တင် အခိုးခံရသော အကောင့်ကိုလွယ်ကူစွာ
Recovery ပြန်ယူနိုင်ပါတယ်
ပုံတွေနဲ့  လုပ်ပြထားပါတယ်
                                                                   ပုံ ၁
gmail အကောင့်ဖွင့်နည်း နှင့် lock ကျသူများအတွက်
ကျွန်တော် ဒီတစ်ခါတော့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ Gmail Account အသစ်တွေ ဖွင့်လို့ မရဘူးဆိုလို့ နည်းလမ်းလေးတွေ ကို ကျွန်တော် အချိန်နဲ့ အမျှကြိုးစားပြီး လိုက်ရှာကြည့်ပါတယ်။လေ့လာတဲ့ အတိုင်းလေးလဲ တွေ့ဖြစ်အောင်ကို တွေ့ခဲ့ရပါတယ်။အဲ့ဒီ အတွက် ကျွန်တော် အရမ်းပျော်မိပါတယ်။ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော်လဲ တစ်ခါတုန်းက သူငယ်ချင်းတွေလိုပဲ အခက်အခဲတွေ များစွာနဲ့ ကြုံတွေ ခဲ့ရပါတယ်။အဲ့ဒါ ကြောင့် ကိုယ်ချင်းလဲ စာမိပါတယ်ဗျာ။ကျွန်တော့ တုန်းကဆို ကျွန်တော်သုံးနေတဲ့ Account လေးက Lock ကျသွားတာဘယ်လိုမှ လုပ်လို့ မရပါဘူး။အဲ့တော့ နိုင်ငံခြားက သူငယ်ချင်းတွေကို အကူအညီတောင်းရပါတယ်။သူငယ်ချင်းကလဲ ကျွန်တော့ ကိုကူညီပေးရှာပါတယ်။အဲ့ဒီ အတွက်လဲ ကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ်လို့ ပြောပါရစေဗျာ။ကျွန်တော် ပြောတဲ့ ဒီနည်းလေးကတော့ သူငယ်ချင်းတွေ အတွက် Gmail Account သစ်တွေလဲ ဖွင့်လို့ရတယ်။ပြီးတော့ Gmail Account Lock ကျသွားလို့ ဘယ်လိုမှ ပြန်လုပ်လို့ မရတဲ့ သူတွေ အတွက်ကော ကျွန်တော်ရှာထားတဲ့ ဒီနည်းလေးက အရမ်းအဆင်ပြေပါတယ်ဗျာ။အသုံးတည့်ကြလိမ့်မယ်လို့လဲ ကျွန်တော်မျှော်လင့်မိပါတယ်ဗျာ။ကျွန်တော် အောက်မှာ ပုံလေးတွေနဲ့ တကွ
Gtalk Gmail နဲ့ ပတ်စ၀ပ်တွေခိုးရာတွင်သုံးနိုင်သော ဆော့ဝဲကောင်းတစ်ခု
 ဒီဆော့ဝဲလေးကတော့ ပတ်စ၀ပ်တွေ ခိုးလို့ ရနိုင်သလို ပတ်စ၀ပ်မေ့နေတာကိုလည်း
ပြန်ဖော်လို့ ရပါတယ်။ ဖော်လို့ ရတာတွေက ExceL,word,Powerpoint နဲ့  PDFများ
တခြားဟာတွေလည်း ပြန်ရှာလို့ ရပါတယ် ၊Mozila, Chrome တို့ နဲ့ သုံးလိုက်တဲ့မေး
ဖေ့ဘွတ် အကုန်ပြန်ပေါ်လာပါတယ် ။ ဒီဆော့ဝဲသွင်းထားတဲ့ စက်မှာသာ သုံးပီးလို့ 
ဒီတိုင်းထားခဲ့ရင် စက်ပိုင်ရှင်က ဒီဆော့ဝဲလေးနဲ့  ပြန်ရှာလိုက်ရုံပဲနော် အန္တရယ်လည်း
ရှိသလို အသုံးချရင် အကျိုးလည်းရှိပါတယ်။ နောက် ၀င်းဒိုးပတ်စ၀ပ်မေ့တာကိုလည်း
gtalk ကနေ တစ်ခြားသူကို သီချင်းပေးနားထောင်ဖို့  နည်းလမ်း
 gtalk ကနေ တစ်ခြားသူကို သီချင်းပေးနားထောင်ဖို့  အရင်ဆုံး..
desktop >>>> Refresh  (လုပ် ) လိုက်ပါ... ပြီးပြီးဆိုမှ ဆက်လုက်ပါ...။
ပုံ(၁)ကိုကြည့်ပါ
ပထမဆုံ အသံအတိုးအလျော့လုပ်တဲ့ ဆောင်းပုံစံလေးကို ညာကလစ်ထောက်လိုက်ပါ...
Recording devices ကို နိတ်ပါ.. ပြီးတာနဲ ပုံ(၂)က box ကျလာပါလိမ်မယ်..။
ပုံ(၂)
ပုံ(၂) ရဲ box ရဲ့ လွတ်နေတဲ့ နေရာမှာညာကလစ်ထောက်လိုက်ပါ ပြီးရင် မျှပြထားတဲ့အတိုင်း..
Show disabled devices ကို နိတ်လိုက်ပါ (အမှန်ခြစ်ပေးတာပေါ့ ). ပြီးတာနဲ ပုံ(၃) ကလို  ပေါလာပါလိမ်မယ်.
ပုံ(၃)
ပုံမှာပြထားတဲ့အတိုင်း အဲဒီ Stereo mix ကို ညာကလစ်ထောက်ပြီး Enable နိတ်လိုက်ပါ.. သူ Disable ပြောင်းသွားတာနဲ တစ်ပြိုင်ထဲ
အဲဒီ Stereo mix လေး လင်းလာပါလိမ်မယ်.. ok လုပ်ပြီးရင်အဆင်ပြေပါပြီး..။
ပြီးလျင် desktop >>>> Refresh  (သုံးကြိမ်လုပ် ) လိုက်ပါ..အဟဟဟ
gtalk ကိုဖွင့်ပြီး မိမိနာထောင်စေလိုသော သူကို ဖုန်းခေါ်လိုက်ပါ..
သူ answer လိုက်ပြီးဆိုတာနဲ သိချင်းဖွင့်ပြလိုက်ပါတော့... အဆင်ပြေသွားပြီးပေါ့
မှတ်ချက်။    
။Window 7 အတွက်နော်။ကျန်တာတွေတော့မသိဘူး...အဟီး 
မူရင်း ကိုမသိလို့မရေးထားတော့တာပါ။။
အဆင်ပြေကြပါစေ။
အလုပ်ပါးအလုပ်များချင်ယောင်ဆောင်သူအတွက် Gtalk Auto စာပြန်စနစ်
ဒီဆော့ဝဲလေးကတော့  အလုပ်များသောသူများအတွက်  သင့်တော်တဲ့  ဆော့ဝဲပါ
အလိုလျှောက် စာပြန်ပေးမယ့် စနစ်တစ်ခုပါ ကိုယ်မအားတဲ့အခါ ရေးချင်တဲ့စာရေး
ပြီး Save and Enable Autoreply နှိပ်လိုက် တစ်ယောက်ယောက်က စာလာခဲ့ရင်
ကိုယ်ပြန်စေချင်တာလေးကို အော်တို ပြန်နေပါလိမ့်မယ် အလုပ်အရမ်းများနေခဲ့ရင်
ကွန်ပျုတာနားမရှိရင် ဒီလိုအော်တိုစာပြန်စနစ်လေး  ထည့်ထားလိုက်အဆင်ပြေ၏
စာရေးနေစဉ်မှာ မြန်မာစာအတုံးလေးတွေပေါ်မယ် ။ ဒါပေမယ့် အဆင်ပြေပါတယ်
ကဲစမ်းချင်သူတွေ ဆွဲစေ...ဖလမ်းဖလမ်းထ...အရမ်းရမ်း..လှ...............................။
ဒီလင့်မှာ Download ယူပါ - http://www.mediafire.com/Gtalk Auto Reply
မူရင်လင့် -http://www.technixupdate.com/automatic-reply-to-friend
မောင်(စွယ်စုံကျမ်း)  ဘလော့ပို့ စ်မှ ပြန်လည်မျှဝေထားပါသည်။
***Gmail များစွာပြုလုပ်နည်း***
***Gmail များစွာလိုသလောက်ပြုလုပ်နည်း***
** Gmail လုပ်ရတာ ခက်တယ်ဆိုလျှင် ဒီနည်းကို စမ်းသပ်ပါ။
ပထမလုပ်ရမှာက firefox မှာ Tools ကို ကလစ်ပါ။ option ကို ကလစ်ပါ။ privacy ကို ကလစ်ပါ။ never remember history လုပ်ပါ။
clear all current history ကို ကလစ်ပါ။ time range to clear မှာ Everthing လုပ်ပါ။ clear now ကို ကလစ်ပါ။
history ကို ရှင်းပြီးလျှင် gmail signup စာမျက်နှာမှာ ပုံစံဖြည့်ပါ။
 အထူးသတိပြုရန်-
password ပေးရာ၌ ခက်ခဲသော password တစ်ခုပါရပါမည်။
ဥပမာ- * , & , % စသည်။
 အထူးသတိပြုရန်မှာ ထည့်သောcurrent email address သည်
gmail signup၌ တစ်ခါမှ မဖြည့်ဖူးသော email ဖြစ်ရန်လိုပါသည်။ ထိုကဲ့သို.သော email မရှိလျှင် outlook mail တစ်ခုကို အရင်လုပ်ပါ။
outlook mail ရပြီးလျှင် ထိုoutlook mailကို current email address နေရာ၌ ဖြည့်၍ gmail signup လုပ်ပါ။
ဤသို.လုပ်လျှင် ဖုန်းနံပါတ်မတောင်းဘဲ gmail တစ်ခုရလာပါမည်။
အထူးမှတ်ရန် (၁) neverremember history လုပ်ပါ။
(၂) clear all current history (everthing) လုပ်ပါ။
(၃) ခက်ခဲသော passwordတစ်ခုပါရမည်။(*, $, % စသည်။)
(၄) gmail signup ၌ မဖြည့်ဖူးသော current email address ဖြစ်ရမည်။(အထက်ပါနည်းဖြင့် ပြုလုပ်၍ gmailရလျှင် ဤနည်းကို ဖြန်.ဝေစေချင်ပါသည်။)
မှတ်ချက်= အကျွန်ုပ်သည်ကွန်ပြူတာပညာရှင် မဟုတ်ပါ။ အင်တာနက်ဆိုင်မှ ကွန်ပြူတာကို ကလိ၍ ဤနည်းကို တွေ.ရှိခဲ့ပါသည်။
မိတ်ဆွေတို. ကျန်းမာချမ်းသာကြပါစေ။(အင်တာနက်မှ ဆရာတို.ကို ဂါရ၀ပြုလျက်)
မြင့်သီဟကျော်-(ရေဦး)
မူရင်း ။     ။ ဒီမှာ
Gtalk Shell လိုခေါ်တဲ့ ( gtalk မှာ တင်တဲ့အပုံလေးတွေ slide show လို တစ်ပုံခြင်း ပြောင်းစေမယ် )
မင်္ဂလာပါ..
ဒီဆော့ဝဲ ကို အရင့်အရင်ထဲက နေမင်း တင်ပြဖူးပါတယ်..။
ဟိုတစ်နေက ခန့် ချောကြီး သားသားချစ်ကိုကို " ကိုကြီး ဂဲ " သူအရင် သုံးနေတဲ့ Gtalk shell က ပျောက်သွားတယ်တဲ့..
နေမင်းလဲ တင်ခဲ့ပြီတဲ့ ပိုစ့်က ရှာပြီး ပိုပေးလိုက်တယ်.. အခု မသိသေးတဲ့သူများအတွက် တစ်ကျော့ ပြန် တင်ပေးလိုက်ပါတယ်..
နောက် ပျောက်သွားတဲံသူအတွက် အလွယ်တစ်ကူ ပြန်ယူနိုင်တာပေါ့.. အရင်ပိုစ့်ကပြန်ရှယ်မလို့  လင့်တွေက သုံးမရတော့ဘူး ဗျ..။
အဲဒါနဲ အသစ်ရေးတင်လိုက်ပါတယ်..။
အရင်ပိုစ့်မှာ အသုံးပြုပုံ မတင်ပေးမိလိုက်ပါဘူးအခု ....
  • ဒီ software က ဘာလဲ ?
  • ဒီ software က ဘယ်နေရာအသုံးဝင်မလဲ ?
  • ဒီ software က ကို ဘယ်လိုသုံးရမလဲ တစ်ခါထဲ ရှင်းပြလိုက်ပါ့မယ်..။
နည်းပညာကျွမ်းတဲ့ သူတွေ ၊ (Pro) တွေ ၊ သိတဲ့သူဖတ် မိရင်တော့ ရယ်စရာကြီးနော်.. :-)
  • ကဲ ဒီ ဆော့ဝဲ ရဲ အမည်က " Gtalk Shell " လိုခေါ်ပါတယ်..။
  • ဒီ software က မိမိ နေစဉ်အသုံပြု နေတဲ့  Gtalk မှာ ပုံလေးတွေ တင်နေကျဖြစ်မှာပါ...
အဲ ပုံလေးတွ ကို စက္ကန့် အလိုက်... မီနစ်အလိုက်.....တစ်ပုံခြင်း မိမိမပြောင်းဘဲ အလိုလိုပြောင်းနေအောင် လုပ်လိုရမှာပါ..။
လှလှကြိုက်တဲ့ မမတွေ ကိုကိုတွေအတွက် ပိုအဆင်ပြေတာပေါ့ အဟဲ..
  • ဒီဆော့ဝဲ လေးကို ဘယ်လိုသုံးရမလဲဆိုတော့.. ကဲ အောက်က Download ဆိုတာနေရာလေးကနေ ဆော့ဝဲကို ဒေါင်းလိုက်ပါ..။
ဆော့ဝဲလေး ရသွားပြီးဆိုရင် မိမိ computer ထဲ RUM ထဲ့ လိုက်ပါ..
ပြီးရင် gtalk Shortcut လေးတစ်ခု တတ်လာပါလိမ်မယ်..
ပုံ(၁)
အဲ Shortcut လေး အပေါက ပုံ(၁) မှာပြထားတဲ့ ထိတ်ဆုံး မျှားပြထားတဲ့ shell ဆိုတာလေးကိုနိတ်လိုက်ပါ..တွေရသည်အတိုင်း
box လေးကျလာပါလိမ်မယ် အဲဒီ box လေးမှာ Avatar ကို နိတ် settings ကနေ ပြီး ၀င်လိုက်ပါ..(သို့မဟုက်) မျှား သုံး က
Option လေးကို နိတ်လိုက်လဲ ရပါတယ်..။
ပုံနှစ် က လို add box လေး ကျလာပါလိမ်မယ်...အဲမှာ မိမိ ပြောင်းနေစေမဲ့ အပုံလေးတွေ ထည့်ရမှာပါ...။
အောက် မျှား 3 ပြထားတာက Always on top ဆိုတာက အဲဒါလေးကို အမှန်ခြစ်ပေးထားရင် သူအပေါ ဘာဖွင့်ဖွင့် အပေါမှာပြနေတာ
ကိုပါ.. (ဆိုလိုတာက ဥပမာ မိမိ အမှန်ခြစ်ပေးလိုက်ပြီးဆိုပါက မိမိ မော်ဇီလာ ဖွင့်လိုက်ရင် အဲ gtalk icon လေးက မော်ဇီလာအောက်
ရောက်သွားရမှာ မရောက်ဘဲ မော်ဇီလာအပေါမှာ ကျန်နေတာကိုပြေတာပါ)
ပုံ(၂)
ပြီးတာနဲ ပုံနှစ်ထဲက ၀ိုင်းပြထားသလိုဘဲ add ကနေပြီး မိမိ ထည့်စေလိုသော ပုံလှလှလေးများ အား ထည့်လိုက်ပါ..
Interval (seconds) မှာ ပုံ တစ်ပုံနဲ တစ်ပုံ ပြောင်းမဲ့ အချိန် (ဆိုလိုသည်မှာ Slide Speed ကိုပြောတာပါ ) သူက စက္ကန့်  100 ထိရမယ်
အားလုံးလိုသလို ပြောင်းလို စိတ်တိုင်းကြပြီးဆိုပါက .. ok ကြီးကို ရဲရဲကြီးနိတ်လိုက်ပါ.. အဆင်ပြေပါပြီး..
အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ
နေမင်းသူ(သထုံသားလေး)  ဆိုက်ကပါ ။
gtalk ကနေ တစ်ခြားသူကို သီချင်းပေးနားထောင်မယ်။ ( window 7 အတွက် )
အားလုံးမင်္ဂလာပါခင်ဗျာ...
အားပြီးဆိုတော့ အပျော်တမ်း နည်းပညာ ပိုစ့်တွေ ရေးပါတော့မည်..။
မနက်က နေမင်းဆိုင်မှာ ကောင်လေးက ကောင်မလေးကို သိချင်း ပေးနာထောင်မလိုတဲ့ flash song လင့်တွေလာတောင်းတယ်
သူကောင်မလေး တောင်းတဲ့သီချင်းက flash song မရှိဘူး စက်ထဲ MP3 ဘဲရှိတယ်..။
အဲတော့ ဒီလို လေးလုပ်လိုက်  အဆင်ပြေသွားမယ်လို ဆိုပြီး  လုပ်ပြလိုက်တယ်ဗျ.
အဲဒီနည်းလေးကို အခုပြောပြမယ်ဗျ.. သိပြီးသားဆိုရင်တော့ အားနာပါတယ်..။
ကဲစမယ် gtalk ကနေ တစ်ခြားသူကို သီချင်းပေးနားထောင်ဖို့  အရင်ဆုံး..
desktop >>>> Refresh  (သုံးကြိမ်လုပ် ) လိုက်ပါ... ပြီးပြီးဆိုမှ ဆက်လုက်ပါ...။ (အလားကား ညာခိုင်းတာအဟီး....)
ပုံ(၁)ကိုကြည့်ပါ
ပထမဆုံ အသံအတိုးအလျော့လုပ်တဲ့ ဆောင်းပုံစံလေးကို ညာကလစ်ထောက်လိုက်ပါ...
Recording devices ကို နိတ်ပါ.. ပြီးတာနဲ ပုံ(၂)က box ကျလာပါလိမ်မယ်..။
ပုံ(၂)
ပုံ(၂) ရဲ box ရဲ့ လွတ်နေတဲ့ နေရာမှာညာကလစ်ထောက်လိုက်ပါ ပြီးရင် မျှပြထားတဲ့အတိုင်း..
Show disabled devices ကို နိတ်လိုက်ပါ (အမှန်ခြစ်ပေးတာပေါ့ ). ပြီးတာနဲ ပုံ(၃) ကလို  ပေါလာပါလိမ်မယ်.
ပုံ(၃)
ပုံမှာပြထားတဲ့အတိုင်း အဲဒီ Stereo mix ကို ညာကလစ်ထောက်ပြီး Enable နိတ်လိုက်ပါ.. သူ Disable ပြောင်းသွားတာနဲ တစ်ပြိုင်ထဲ
အဲဒီ Stereo mix လေး လင်းလာပါလိမ်မယ်.. ok လုပ်ပြီးရင်အဆင်ပြေပါပြီး..။
ပြီးလျင် desktop >>>> Refresh  (သုံးကြိမ်လုပ် ) လိုက်ပါ..အဟဟဟ
gtalk ကိုဖွင့်ပြီး မိမိနာထောင်စေလိုသော သူကို ဖုန်းခေါ်လိုက်ပါ..
သူ answer လိုက်ပြီးဆိုတာနဲ သိချင်းဖွင့်ပြလိုက်ပါတော့... အဆင်ပြေသွားပြီးပေါ့
မှတ်ချက် ။ ။ လိုင်းအပြည့် တတ်နေမယ်ဆို ပိုကောင်းပါလိမ်မယ်..
ကဲ အားလုံး အပျော်တမ်း နည်းပညာလေး သိလိုက်ရလို ကြေနပ်နိုင်မယ်ထင်ပါတယ်..
အားလုံးအဆင်ပြေကြပါစေဗျာ.။
နေမင်းသူ (သထုံသားလေး)
အလကားရတဲ့ data သိမ်းရန် memory တွေပါ....
ကွန်ပျူတာမှာ.. C: နဲ့ D: ကလည်းပြည့်သွားပြီ..။ Stick လည်းမ၀ယ်ချင်သူများအတွက်.. 8GB နီးပါးသုံးနိုင်တဲ့.. Gmail Drive လေးအကြောင်းပြောပြချင်ပါတယ်..။ Gmail Drive သုံးဖို့.. gmail account တစ်ခုလိုပါမယ်..။ အင်တာနက်ရှိရပါမယ်..။ ကဲ...သုံးပုံသုံးနည်းပြောကြရအောင်..
၁. DကနေGmail Drive ကို..ဒေါင်းလုပ်ချလိုက်ပါ..။
၂. ရလာတဲ့ software ကို.. Install လုပ်လိုက်ပါ.. Double click နှိပ်ရုံနဲ့..ပြီးပါတယ်..။
၃. ပြီးရင်.. My Computer ဖွင့်လိုက်ပါ..။ Other ထဲမှာ Gmail Drive ဆိုတာ..ပေါ်နေပါလိမ့်မယ်..။
၎. Drive ကို Right click နှိပ်ပြီး.. login as ဆိုတာလေး..နှိပ်ပါ..။
၅. gmail username နဲ့ password ရိုက်ထည့်ပြီး.. OK နှိပ်လိုက်ပါ..။
၆. Login ၀င်သွားပြီဆိုရင်တော့.. 7.45 GB ရှိတဲ့ Drive တစ်ခုအလကားရပါပီ.. ^_^
၇. ပြန်ထွက်ချင်ရင်တော့... Gmail Drive ကို.. right click နှိပ်ပြီး.. log out နှိပ်လိုက်ပါ..။
**** အကောင့်တွေအများကြီးရှိရင်တော့..Drive တွေအများကြီးရပီပေါ့နော်.. ****
Credit : Kee Kee
G-talk ကိုကီးဘုတ်လေးနဲ့အလွယ်လေးသုံးချင်သူများအတွက်
ကျွန်တော်တို့ အင်တာနက်ကိုစတင်အသုံးပြုပြီဆိုထဲက G-talk ကိုတော့လူတိုင်းသုံးကြမှာပါ။ကျွန်တော်တို့
အသုံးပြုနေတဲ့ G-talk ကိုအောက်ကနည်းလမ်းလေးတွေအတိုင်းအလွယ်တကူသုံးကြည့်၇အောင်နော်…..
1.Typing ၇ိုက်နေ၇င်းနဲ့ Call ခေါ်ချင်တယ်ဆို၇င်တော့ F11 ကိုနှိပ်ပါ။
2.Call ကိုပြန်ပိတ်ချင်တယ်ဆို၇င်တော့  F12 ကိုနှိပ်လိုက်ပါ။
3.Typing ၇ိုက်နေ၇င်နဲ့ Mail ၀င်လာလို့စစ်ချင်တယ်ဆို၇င်တော့ F9 လေးကိုနှိပ်ပါ။
4.CTRL + Mousewheel up/down ကို သုံးပြီး Chat Box ထဲက Font size ကိုပြောင်းနိုင်ပါတယ် ။
5.Window တွေကို minimize လုပ်ဖို့က Alt+Esc ကိုနှိပ်ပါ ။ Esc ကတော့ ပြောနေရင်းနဲ့ Chat Box   
  ကိုပိတ်လိုက်တာပါ။
6.Tab ကတော့ ပြောနေတဲ့ Chat Box ကိုတစ်လှည့်စီသုံးနိုင်ပါတယ်။
7. Alt+Tab ကတော့ ဖွင့်ထားတဲ့ Chat တွေ ၊ Firefox တွေနဲ့ တခြားဟာတွေကို ပြောင်းနိုင်ပါတယ်။
   (Mouse သုံးစ၇ာမလိုတော့ဘူးပေါ့) ။
8. Ctrl+Tab ကတော့ Firefox ကို New Tab နဲ့ဖွင့်ထားရင် ပြောင်းလို့ရပါတယ် ။
9.Gtalk မှာ တစ်ခါရိုက်ရင် ရိုက်လို့ရတဲ့အရေအတွက်က 32767 လုံးပဲရိုက်လို့ရတယ်တဲ့ ။
  ( စမ်းသပ်မကြည့်ဖူးဘူး ၊ )
10.Ctrl+c က copy ၊ Ctrl+v က paste ပါ ။
11. Gtalk က notification area ထဲရောက်နေရင် windows key+Esc နဲ့ပြန်ခေါ်နိုင်ပါတယ် ။
12. ဂျီတော့ဖွင့်လို့မေးလ်ဘောက်လေးတက်လာရင် right click နဲ့ပိတ်လိုက်ပါ ။
13.Message အသစ်အတွက် အကြောင်းကြားတဲ့ window တွေကိုလည်း Right Click နှိပ်ပြီး 
       ပိတ်လို့၇ပါတယ်။
17.window + M ကိုနှိပ်ပြီး firefox ကို minimize လုပ်ထားလို့ရပါတယ်။ပြန်ဖွင်ချင်တယ်ဆို၇င်တော့
    Window + Shift + M ကိုနှိပ်ပြီးဖွင့်လိုက်ယုံပါပဲ။
ဒါကတော့ဗဟုသုတအနေနဲ့ပါ။သိပြီးသူတွေလဲ၇ှိမှာပါ။မသိသေးသူများအတွက်၇ည်၇ွယ်ပါတယ်။
အားလုံးပဲအဆင်ပြေကြပါစေ…….ကျေးဇူးတင်ပါတယ်ခင်ဗျာ……. 
Gtalk ကနေ မြန်မာနိုင်ငံက ဖုန်း Message ပို့ဖို့
အရင်ဆုံး ကိုယ့် Gtalk မှာ gtalk@etmsms.com လို့ invite(add) လုပ်လိုက်ပါ .....
gtalk@etmsms.com account online ရောက်လာပါလိမ့်မယ်။
gtalk message box ထဲမှာ ( sms 095024564 Hello, Nice to meet you ) အဲလိုမျိုး ရိုက်ရပါတယ် .....
sms နဲ့ ဖုန်းနံပတ်အကြားမှာ Spacebar ခံရပါတယ် .....
ဖုန်းနံပတ်နဲ့ hello အကြားမှာ Spacebar ခံရပါတယ် .....
အဲ့ဒီမှာသူက You are not a member on eTm SMS service.
Please register at http://www.etmsms.com/mem_reg.aspx ပေါ်လာရင် ပေးထားတဲ့ link ထဲဝင်ပြီ register လုပ်လိုက်ရင်ရပါပြီ .....
Gtalk Auto Answering System
Gtalk မှာ Auto Answering System လုပ်လို့ရပါပြီ။ Service မှာ Beta ဖြစ်သည်။
Gtalk အပြင် MSN, ICQ, AIM, YAHOO, My Space အစရှိတဲ့ Instant Messenger တွေအတွက်ပါပြုလုပ်နိုင်ပါတယ်။လုပ်ပုံအဆင့်ဆင့်ကဒီလိုပါ...
1. အရင်ဆုံး ဒီနေရာလေး ကိုသွားလိုက်ပါ။
2. ထို Website သို့ရောက်ရှိပါက အသုံးပြုလိုသော IM Service တစ်ခုကိုရွေးရန်ဖြစ်ပါသည်။
Gtalk တွင်ပြုလုပ်လိုပါက Gtalk ကိုရွေးရန်ဖြစ်ပါသည်။
3. Gtalk Password နှင့် User Name ကိုသုံး၍ဝင်ရန်ဖြစ်သည်။ (Note: @gmail.com @googlemail.com ထည့်ရမည်။)
4. ကိုလိုချင်တဲ့ Online Status နှင့် Reply လုပ်စေချင်တဲ့ Message တို့ကိုရိုက်ရမည်။ ထို့နောက် Authorise people ကို အမှန်ခြစ်ပေးပါ။ အားလုံးပြီးပါက Save Changes ကို Click လုပ်ပါ။
5. "Changes Saved. Your Answer Machine is setup. You May Exit Now." ဟုပေါ်လာပါက
General, Messages, Notifications, Contacts, တို့၏ဘေးတွင်ရှိသော "EXIT" ကို Click လုပ်ပါ။
အားလုံးပြီးသွားပါပြီ။ ကို့သူငယ်ချင်းတွေခေါ်ပြီဆိုတာနဲ့ သူက auto reply လုပ်ပေးပါလိမ့်မယ်။
ကိုမရှိတဲ့အချိန်မှာ ပြောထားသမျှကို ပြန်ကြည့်ချင်တယ်ဆိုရင်တော့
"Click here to return to the home page" ဆိုတဲ့ စာမှ "here" ကို Click လုပ်ပါ။
ပြီးရင် အဆင့် ၃ အတိုင်းပြန်လုပ်ပါ။ ပေါ်လာတဲ့ Page မှ "Messages" ကို Click လုပ်ပါ။
ဒါဆိုရင်ရပါပြီ စမ်းကြည့်ကြပါနော်...
@ Gahta
@my blog
Gmail မှာ Plus Addressing ပေါင်းထည့်ပြီး မိမိအကောင့် လုံခြုံအောင်လုပ်ဆောင်နည်း
မိမိ Web Site တွေဝင်တဲ့ အခါ မှတ်ပုံတင်စရာ မလိုတဲ့ Site တွေမှာ မလိုအပ်ပေမဲ့ မှတ်ပုံတင်ပြီးမှ ၀င်ရတဲ့ Site တွေမှာ မိမိအကောင့်လုပ်ခြုံဖို့အတွက် Plus လေးက အတော်အသုံးဝင်ပါတယ်။မိမိအကောင့်
နှင် password သိသွားပြီး မိမိအတွက် မလိုလားအပ်တဲ့ ကိစ္စတွေဖြစ်လာနိုင်ပါတယ်။( ဥပမာ မိမိအကောင့်ကိုရောင်းစားတာမျိုးတွေ တခြားအကြောင်းအရာတွေလည်းဖြစ်လာနိုင်ပါတယ်) လုပ်နည်းကတော့
Web Site တွေကို register လုပ်တဲ့အခါ မိမိ Email လိပ်စာရဲ့နောက်မှာ Plus Addressing လေးပေါင်းထည့်လိုက်ရုံပါပဲ။ ဥပမာ မိမိ အကောင့်က yarzar@gmail.com ဆိုရင် yarzar+မိမိဝင်တဲ့ Web Sit လိပ်စာဖြစ်ပါတယ်။ Sit က www.all-channel.com ဆိုရင် yarzar+all-channel@gmail.com လို့ပေးလိုက်ပါ။ အဲဒီ Site က မေးလ်ပို့တဲ့အခါ yarzar+all-channel@gmail.com ဆိုပြီးပို့မှာဖြစ်ပါတယ်။မိမိ ဆီလာတဲ့မေးလ်တွေကို အောက်ပါအတိုင်း လုပ်ဆောင်ခိုင်းထားလို့ရပါတယ်။
1. Gmail ကိုဖွင့်ပါ။
2. Setting ကို click ပါ Filter ကို click ပါ။ To မှာ မိမိ register လုပ်ခဲ့တဲ့ အကောင့်ကိုရိုက်ပါ။ပြီးရင် Next step ကို click ပါ။
3.အောက်ပါအတိုင်း ကျလာတဲ့ box မှာ မိမိစေခိုင်းချင်တာကိုစေခိုင်း
လို့ရပါတယ်။ပြီးရင် create Filter ကို click ပါ။ဒါဆိုရင် မိမိ အကောင့်ကို Web Site တွေ ၀င်တဲ့အခါလုံခြုံမှာဖြစ်သည်။
@ Fwd Mail
မလိုချင်သော Mail များ ထပ်ဝင်မလာအောင်လုပ်မယ်
ကျွန်တော် ဒီတစ်ခါ Gmail မှာ Filter ခံနည်းလေးပြောပြပါ့မယ်။ မသိသေးသောသူများအတွက်ပါ။ သူငယ်ချင်း တစ်ယောက်ကပြောတယ် သူ့မှာ မေးလ်တွေ  ၃၀၀၀ လောက်ရှိတယ်တဲ့။ အဲဒါ ဘယ်လိုလုပ်ရမလဲတဲ့ ။ သူက ning.com ဆိုက်တွေဝင်ထားတော့ မေးလ်တွေက တောက်လျှောက်ဝင် နေ တာပေါ့။ သူကအဲလိုမကြိုက်ဘူးတဲ့။ ဆိုက်တွေကနေ မေးလ်မဝင်အောင်လုပ်လို့လည်းရတယ် ။ ဒါပေ့မယ့် တခြားဘယ်ကမှန်း မသိတဲမေးလ်တွေပါ ဝင်ဝင်လာလို့ တဲ့။ အဲဒါနဲ့ ကျွန်တော်ဒီနည်းလေးပြော ပြလိုက်တယ်။ အဆင်ပြေသွားတယ်။ Filter ခံတဲ့ နည်းလေးက ကျွန်တော်တို့မ နှစ်သက်တဲ့ မလိုချင်တဲ့ မေးလ်တွေကို auto Delete  လုပ်ပေးတာဖြစ်ပါတယ်။
အဆင့်(၁) ကျွန်တော်တို့အရင်ဆုံး မဝင်ချင်သောမေးလ်ကိုဖွင့်လိုက်ပါ။ ဖွင့်ပြီပြီဆိုရင် ပေါ်ဘက်နားလေးက More ဆိုတာလေးကို ကလစ်ပေးပြီးတော့  Filter message like these ဆိုတာကို ကလစ်ပေးပါ။
အဆင့်(၂) အဲဒါပြီးရင် နောက်ထပ် Create filter with this search>> ဆိုတာကိုကလစ်ပေးပါ။
အဆင့်(၃) နောက်တစ်ခုမှာ Delete it နဲ့ Also apply filter to 2 matching conversions ဆိုတာမှာ အစက်ကလေးထည့်ပြီးတော့ Create Filter ကို ကလစ်ပေးလိုက်ပါ။ ဒါဆိုရင်ပြီးပါပြီ။
မှတ်ချက်။ Also apply filter to 2 matching conversions မှာ က နှစ်ခုဖြစ်နိုင်သလို အများကြီးဖြစ်နိုင်ပါတယ်။
အဆင်ပြေကြပါစေ......
Gmail ဟက်မခံရအောင် Back Up လုပ်ခြင်း
Gmail အသုံးပြုသူများအတွက် Gmail account တစ်ခုမှ တစ်ခုဆီသို့ Email များအားလုံးကို တစ်စောင်ချင်း forward လုပ်စရာမလိုပဲ အားလုံး တစ်ခါတည်း ပြောင်းနိုင်ရန်နဲ့ ကိုယ့် Gmail ကို ပိုမို စိတ်ချရအောင် Back Up လုပ်နိုင်ရန် အတွက် ဆိုပြီး ဒီနေရာမှာ အဆွေတော်လေးက တင်ပေးပြီးသားပါ။ အခု အဲဒီ နည်းနဲ့ ကိုယ့် Gmail ကို သူများ လုပ်လို့မရအောင် ကာကွယ်နည်းကိုတင်ပေးလိုက်တာပါ။ ကိုအဆွေတော်လေး အခြား လုပ်စရာတွေ လုပ်လို့ရအောင် ၀ိုင်းကူပေးလိုက်တာပါ။
ဒီပို့စ်ကိုလဲ http://sofialay.blogspot.com ကနေပဲ ကူးယူ ဖော်ပြတာ ဖြစ်ပါတယ်။
ကိုယ့် password သိတဲ့ တစ်စုံတစ်ယောက်က ကိုယ့်ဆီက Email တွေကို ကိုယ်မသိပဲ ဖြစ်စေ၊ သိပြီးမှ ဖြစ်စေ ယူသွားခြင်း ခံလိုက်ရ သူတွေ အတွက်နဲ့ ကိုယ့် Email အချင်းချင်း Data တွေပြောင်းရွှေ့ရာမှ ရပ်တန့်ချင်သူတွေ အတွက် ပြန်ဖြေနည်း တစ်ခုပါ။ ကိုယ် password ပေးဖူးတဲ့ တစ်ယောက်ယောက် က ကိုယ့်ဆီက Email တွေကို ပထမ post မှာ ဖော်ပြခဲ့သလို နည်းလမ်းအတိုင်း download ချ သွားပြီ ဆိုပါဆို့။ အဟောင်းတွေ ပါသွားတာတော့ ဘာမှ မတက်နိုင်တော့ ပါဘူး။ အဟောင်းတွေ ပါသွားတာကို တားလို့မရပေမယ့် အသစ်တွေ သူ့ဆီမဝင်အောင် တားဖို့ လိုပါတယ်။ အဲဒီအတွက် သိသင့်တဲ့ အချက် များ ကို တစ်ပိုင်းချင်း ဖော်ပြပေးပါမယ်။
ပထမ တစ်ခုကတော့ ကိုယ့်ထဲကနေ ထပ်မထွက်နိုင်အောင် အားလုံး ပိတ်ပစ်ဖို့ပါ။ လုပ်ဆောင်မှု အဆင့်ဆင့်ကတော့ အရမ်းရိုးရှင်းပါတယ်။
1. Settings ကိုသွားပါ။
2. Forwarding and POP/IMAP tab ကို ဆက်သွားပါ။
3. Forwarding, POP Download နဲ့ IMAP Access တို့ အားလုံးကို Disable forwarding, Disable POP နဲ့ Disable IMAP အသီးသီး ပေးလိုက်ပါ။
4. ပြီးရင် Save Changes button ကို click လိုက်ပါ။
အားလုံး ပိတ်ပြီးသား ဖြစ်သွားပါလိမ့်မယ်။ ပိတ်လိုက်တဲ့ အချိန်က စ ပြီး နောက်ထပ် Mail တစ်စောင်မှ တစ်ခြားတစ်ယောက်ဆီ ရောက်မှာ မဟုတ်တော့ပါဘူး။
တကယ်လို့ ကိုယ် အားလုံး ကို Disable ပေးထားချိန်မှာ တစ်စုံတစ်ယောက်ယောက်က POP3 download နဲ့ download ချ ဖို့ ကြိုးစားမယ် ဆိုရင် သူ့ဖက်မှာ အောက်ဖော်ပြပါ ပုံ အတိုင်း ပေါ်နေပါလမ့်မယ်။
ဒုတိယ သိရမယ့် တစ်ခု ကတော့ ကိုယ့် Gmail account password ကို သိတဲ့ တစ်ယောက်ယောက်က ကိုယ့်ဆီကနေ Email တွေကို POP3 မှာ download ဆွဲနေတယ် ဆိုရင် ကိုယ့်ဆီ ကို ဝင်လာတဲ့ Email တစ်စောင်ဟာ ကိုယ့်ဆီက download ဆွဲနေတဲ့ လူဆီကို ချက်ချင်း မရောက်ပါဘူး။ အနည်းဆုံး ၁ နာရီ ကနေ အများဆုံး ၄ နာရီ အတွင်းမှာမှ download ချ လို့ရတာပါ။ ဆိုလိုတာက ကိုယ့်ဆီ ကို တစ်စောင် အသစ်ဝင်တာနဲ့ download ဆွဲနေတဲ့ လူဆီကို လည်း တစ်စောင် အသစ် ချက်ချင်း ဝင်တာ မဟုတ်ဘူး ဆိုတာပါပဲ။ တကယ်လို့ ကိုယ့်ဆီကို ဝင်လာတဲ့ Email တစ်စောင်ကို ဝင်လာပြီးလို့မှ တစ်နာရီ မကြာသေးခင်မှာပဲ delete ပေးလိုက်မယ်ဆိုရင် download ဆွဲနေတဲ့ လူဆီကို လုံးဝ ရောက်သွားမှာ မဟုတ်ပါဘူး။ download စ မဆွဲခင် အချိန်တုန်းက ရှိသမျှ Mail အားလုံးကတော့ မိနစ်ပိုင်းအတွင်း အားလုံး ရောက်မှာပါ။
တတိယတစ်ခု ကတော့ အန္တရာယ်အများဆုံး ကိစ္စ လို့ ပြောလို့ ရပါတယ် ကိုယ့်ရဲ့ Mail ကို တခြားလူ တစ်ယောက်ယောက် က POP3 download နဲ့ ပထမ post မှာ ဖော်ပြခဲ့သလို လုပ်သွားပြီးပြီ ထားပါတော့ အဲဒါဆိုရင် သူ့ရဲ့ Mail ထဲမှာ Compose Mail လုပ်မယ်ဆိုရင် အောက်မှာပြထားတဲ့ ပုံအတိုင်း From: ဆိုတဲ့ Dropdown လေးတစ်ခုအပိုပေါ်လာလိမ့်မယ်။
ပုံမှန် ဆိုရင် Compose Mail လုပ်ရင် အဲဒီ Dropdown မရှိပါဘူး။ ကိုယ့် Mail ထဲမှာပြန်ကြည့်ကြည့်ပါ။ ဘာလို့လဲဆိုတော့ ပုံမှန်ဆို Email တစ်ခုက Mail Address တစ်ခုတည်းကိုပဲ ပိုင်တာ ဖြစ်တဲ့အတွက် From: ဆိုတာ ပေါ်စရာ မလိုဘူးလေ။ ရွေးစရာမှ မလိုတာ။ ဒါပေမဲ့ အခုလိုဖြစ်သွားရင် Email တစ်ခုတည်းက Mail Address နှစ်ခု ပိုင်သလိုဖြစ်သွားပါတယ်။ ကိုယ့် Mail ကိုလည်း တစ်ဖက်လူက ပိုင်သွားပါပြီ။ အဲဒီတော့ အဲဒီ Dropdown မှာသူ့ Mail ရယ်ကိုယ့် Mail ရယ် နှစ်ခု ပေါ်နေလိမ့်မယ်။ အဲဒီအထဲက သူကကိုယ့်ရဲ့ Mail ကိုရွေးပြီး အခြား တစ်ယောက်ယောက်ဆီကို Email ပို့လိုက်ရင် လက်ခံ ရရှိတဲ့သူက ကိုယ့်ဆီက ရတာလို့ပဲ ထင်သွားမှာပါ။ ဘာလို့လည်းဆိုတော့ လက်ခံရရှိတဲ့သူဆီမှာကိုယ့် Mail Address သွားပေါ်နေမှာကိုး။ ပို့တာကသူ့ ထဲကပို့တာနော်။ ကိုယ်တောင် ဘာမှမသိလိုက်ရဘူး။ ကဲကိုယ့်ရဲ့ အရေးကြီးတဲ့ Contact တွေဆီကို ပေါက်ကရ Mail တွေလျှောက်ပို့လိုက်လို့ကတော့သေပြီ။ ဘယ်လောက် အန္တရာယ်များလဲ စဉ်းစားသာကြည့်ပေတော့။ အဲဒီတော့ အကောင်းဆုံးက ကိုယ့်ရဲ့အရေးကြီးတဲ့ Mail ရဲ့ Password ကိုဘယ်သူ့ကိုမှ မပေးတာအကောင်းဆုံးပါ။ Password ဆိုတာ Mail တစ်ခုရဲ့အသက်ပါ။ Password ကို မကာကွယ်နိုင်ဘူးဆိုမှတော့ Mail ရဲ့အသက်လည်းသေပြီပေါ့။ အားလုံးပဲ ကိုယ့်ရဲ့ Email Password လေးတွေကို လုံလုံခြုံခြုံ သိမ်းနိုင်ကြပါစေ။
gtalkalways idel (Gtalk အနားမှာမရှိပါ)
Gtalk မှာ တစ်ခါတစ်ရံ တစ်ဦးတည်းအပေါ် အာရုံစူးစိုက်ပြီး chat နေချိန်မျိုးမှာ တစ်ခြား online friends တွေဝင်လာတတ်ပါတယ်။ ပြန်မဖြေရင်လည်း တစ်မျိုးတစ်မည် အထင်ခံရမယ်။ ပြန်ဖြေနေရရင်လည်း အာရုံလွင့်တော့မယ်။ ဒါဆို အနားမှာမရှိဘူးလို့ ပြောပေးမယ့် galways idel ကိုတင်ထားကြရအောင်။
Download Gtalkalways idel 
  install လုပ်ပေါ့နော်...
ပြီးရင် taskbar မှ gtalk icon ပေါ် right click လုပ်ပြီး always idle ရွေးထားပေါ့။ မလိုအပ်တော့ရင် normal or never ပြန်ပြောင်းထားနိုင်ပါတယ်။
Gtalk မှ သီချင်းလေးတွေ ဖွင့် ပြကြမယ် For Windows 7
ဝင်းဒိုး ရဲ့ ညာဘက်အောက်နားလေးက စပီကာပုံ လေးကို Right-click နှိပ်လိုက်ပါ
ပေါ်လာတဲ့ အထဲက Open Volume Control ကို နှိပ်ပါ
ဒီလိုလေး ပေါ်လာလိမ့်မယ်
Option ထဲက properties ကို ရွေးပါ။
ဒီလိုလေး ထပ်ပေါ်လာမယ်
Mixer device မှာ  Realtek HD audio input ပြောင်းပေးလိုက်ပါ။
ဒီလို လေး မြင်ရလိမ့်မယ်
Stereo Mix ကို အမှန်ခြစ် ပေးပါ
ဒါဆိုပြင်ဆင်တာ ပြီးပါပြီ။   Gtalk ကိုဝင် ဖွင့်ပြချင်တဲ့
သူကို သီချင်းဖွင့်ပြမယ်။ ဖုန်းခေါ်လိုက်မယ် answer လုပ်လိုက်ပေါ့...လို့ ပြော။ သူ့ ဘက်က answer
လုပ်လိုက်လို့ လိုင်းမိပြီဆိုတာနဲ့ (အတုံးပြည့်ရင် ပိုကောင်းပါလိမ့်မယ်) ကိုယ့်ဘက်က ဖွင့်ချင်တဲ
သီချင်းဖွင့်ပြလိုက်ပေတော့ အိုကေမှာ စိုပြေသွားပါလိမ့်မယ်.....
မှတ်ချက်။ ။ ဖုန်းခေါ် နေစဉ် အတွင်း အမှန်ခြစ် က Mic Volume ဘက်သို့ ပြောင်းသွားတက်ပါတယ်
ဟိုဘက် က လက်ခံ လိုက်ပြီ ဆိုတာနဲ့ Stereo Mix ကို အမှန်ပြန်ခြစ်ပေးရမှာ ဖြစ်ပါတယ်... 
အဆင်ပြေကြပါစေ..
G-TALK ချက်ဘောက် ဘက်ဂရောင်းပြုလုပ်ခြင်း
မိမိ ကိုယ်ပိုင် ကွန်ပြူတာ နဲ့ ချက်တင်သမား တွေ အတွက် မိမိ ဂျီတော့ ချက်ဘောက် လေးကို
အပုံလေး ထည့် ပြီး အသုံးပြုနည်းလေး ပြောချင်ပါတယ်..သိပြီးသူများရှိမယ် ထင်ပါတယ်
မသိသေးမရှိသေးတဲ့ လူများအတွက် ရည်ရွယ်ပါတယ်..ညီလုပ်ထားတဲ့ ဒီဇိုင်းလေး ကို အရင်ကြည့် လိုက်ပါဦး
မိမိ ဥာဏ်ရှိသလို ဖိုတိုရှော့ သုံးပြီး ပြုလုပ်လို့ ရပါတယ်..
နမူနာ ပုံလေး က
အိုကေ ကြိုက်ရင် စလိုက်ရအောင်..
အဆင့်  ၁။။။ RUN ကို ခေါ်လိုက် run ကို start ကနေပြီး နှိပ်လိုက်ရတယ် နောက်ခေါ်နည်းက window key နဲ့  r ကို တွဲနှိပ်ရင် run ဘောက် ပေါ်လာမယ်..
အဆင့်  ၂။။   Local Settings\Application Data\Google\Google Talk\themes\system\chat\ClassicPicture\Contents\Resources
အထက်ပါစာသားကို တစ်လုံးမကျန်အောင် ထည့်  ပြီးရင် အိုကေ နှိပ်လိုက်..ဒီလိုပုံလေး ပေါ်လာမယ် xp ၀င်းဒိုးမှာနော် w 7 လဲရတယ် ..
 ပြီးရင် မိမိ ကြိုက်ရာ ဓါတ်ပုံ တစ်ခု ကို အခုမြင်ရတဲ့  ဖိုင် ထဲ ထည့် လိုက်
ခြောက် ဖိုင် ဖြစ်သွားမယ် ဓါတ်ပုံ ကို မှတ်မိလွယ်တဲ့  နာမည် တစ်ခုပေးထားဗျာ..
အိုကေ ဆက်မယ်..
အဆင့်  ၃။။ အဲဒီ ဖိုင်တွေ ထဲက main ဖိုင် ကို ရိုက်ကလစ် open with notepad နဲ့ ဖွင့် လိုက်ပါ..
အခုလိုပေါ်လာပြီး
ဒီစာသားလေးကို ရှာလိုက်ပါ..
BODY {
  margin: 6px;နောက်မှာ  ဒီစာသားလေး ကို ထည့် လိုက်
background-image: url(N2
.jpg)
N2 နေရာမှာ မိမိ ဓါတ်ပုံ နာမည်လေးကို အစားထိုး ပေးလိုက်ပါ..
ဓါတ်ပုံ က jpg အမျိုးစား မှ ရ မယ်နော် သတိပေးတာ..
ပြီးရင် notepad ဖိုင် က နေ save နှိပ်လိုက် ပြီးရင် ချက်ဘောက် ကို
ဖွင့် ကြည့် လိုက်ပါ..
မိမိ ထည့် ထားသော အပုံလေး ကို ချက်ဘောက် မှာ မြင်တွေ့ ရမှာဖြစ်ပါသည်..
အဆင်ပြေကြပါစေ .
G talk မှာ Current Music လေး ပေါ်အောင် လုပ်မယ်
 G talk မှာ သူငယ်ချင်းတို့ က ကိုယ့်ခံစားချက်လေး တွေ ကဗျာလေးတွေ နဲ့ ပေါက်ကွဲမှု တွေကို ကိုယ်သူငယ်ချင်းတွေ မြင်နိုင်သိနိုင်စေဖို့ Custom Massage နေရာလေးမှာ တင်ထားတတ်ကြပါတယ်။
ကိုယ်ဖွင့်ပြီးနားထောင်နေတဲ့ သီချင်းလေးကိုလည်း သူများတွေ သိအောင် ပြထားချင်ရင် တော့ ဒီလိုလေးလုပ်နိုင်ပါတယ်။
နားထောင်လို့ တော့မရဘူးပေါ့ ဘာသီချင်းနားထောင်နေတယ် (ကြွားတာပေါ့နော်) တော့ မြင်ရယုံလေး -
အသုံးပြုနိုင်တဲ့ Player တွေကတော့ ကျွန်တော် သိသလောက်တော့ Window Media Player & Winamp
တို့ နဲ့လုပ်နိုင်ပါတယ်
Window Media Player နဲ့ လုပ်ပုံလုပ်နည်းလေးကတော့-
(၁) Window Media Player မှာ အရင်ဆုံး Play List တစ်ခု အရင်လုပ်ပါ စိတ်ကြိုက်နာမည်တစ်ခုနဲ့
(၂) ပြီးရင် Window Media Player ရဲ့ Organize> option>plug-ins>background ကိုဝင်လိုက်ရင် သူဘေးနားက Box လေးမှာ G talk ဆိုတာလေး ရှိနေမှာပါ
(၃) ပီးရင် G talk ရဲ Custurm Massage နေရာလေးက Show current music ကို ရွေးပေးလိုက်ပါ
Window Media Player ရဲ့ စောစော Play List ကသီချင်းတွေကို ဖွင့်လိုက် ပါ ဒါဆို သီချင်းနာမည် လေးပေါ်နေမှာဖြစ်ပါတယ်
------------------------------------------------------------
Winamp Player နဲ့ လုပ်မယ် ဆိုရင် တော့-
(၁) Winamp နဲ့ Gtalk ကို နှစ်ခုလုံးပိတ်ထားပေးပါ
(၂) ပီးရင်လိုအပ်တာက Winamp ကို Cး အပိုင်းပေါ့ အဲမှာ ထားရမှာပါ
(၃) Folder Option ကိုဝင်လိုက်ပါ View(tab)  > Hide extensions for know file types  ကို
Chack Mark လေးဖြုတ်ထားပါ ။
(၄) နောက်ပီး Winamp Icon ကို R Clck > Properties > File Location Folder  ကိုဝင်လိုက်ပါ
(၅) ရောက်ပီဆိုရင် New text docment တစ်ခုလုပ်ပါ
(၆) New text docment ကို Rename ပြောင်းပေးရပါမယ် winamp.m3u ဆိုပီး ပြောင်းလိုက်ပါ။
ဒါဆို Box တစ်ခု တက်လာမှာပါ OK လိုက်ရင် ပီးရင် အားလုံးကိုယ့်နားထောင်နေတဲ့သီချင်း နာမည်လေး
ကြွားလို့ ရပါပီ ……………
G Talk ကို Show carrent Music track ကိုပြောင်းလိုက်ရင် အိုကေပီ………..
အားလုံးအဆင်ပြေ ပါစေ        လင်းသစ်သူ
gmail အကောင့်ဖွင့်နည်း နှင့် lock ကျသူများအတွက်
ရန်ကင်းသား yankintharrr@gmail.com
Oct 10 (1 day ago)
ကျွန်တော် ဒီတစ်ခါတော့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ Gmail Account အသစ်တွေ ဖွင့်လို့ မရဘူးဆိုလို့ နည်းလမ်းလေးတွေ ကို ကျွန်တော် အချိန်နဲ့ အမျှကြိုးစားပြီး လိုက်ရှာကြည့်ပါတယ်။လေ့လာတဲ့ အတိုင်းလေးလဲ တွေ့ဖြစ်အောင်ကို တွေ့ခဲ့ရပါတယ်။အဲ့ဒီ အတွက် ကျွန်တော် အရမ်းပျော်မိပါတယ်။ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော်လဲ တစ်ခါတုန်းက သူငယ်ချင်းတွေလိုပဲ အခက်အခဲတွေ များစွာနဲ့ ကြုံတွေ ခဲ့ရပါတယ်။အဲ့ဒါ ကြောင့် ကိုယ်ချင်းလဲ စာမိပါတယ်ဗျာ။ကျွန်တော့ တုန်းကဆို ကျွန်တော်သုံးနေတဲ့ Account လေးက Lock ကျသွားတာဘယ်လိုမှ လုပ်လို့ မရပါဘူး။အဲ့တော့ နိုင်ငံခြားက သူငယ်ချင်းတွေကို အကူအညီတောင်းရပါတယ်။သူငယ်ချင်း
ကလဲ ကျွန်တော့ ကိုကူညီပေးရှာပါတယ်။အဲ့ဒီ အတွက်လဲ ကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ်လို့ ပြောပါရစေဗျာ။ကျွန်တော် ပြောတဲ့ ဒီနည်းလေးကတော့ သူငယ်ချင်းတွေ အတွက် Gmail Account သစ်တွေလဲ ဖွင့်လို့ရတယ်။ပြီးတော့ Gmail Account Lock ကျသွားလို့ ဘယ်လိုမှ ပြန်လုပ်လို့ မရတဲ့ သူတွေ အတွက်ကော ကျွန်တော်ရှာထားတဲ့ ဒီနည်းလေးက အရမ်းအဆင်ပြေပါတယ်ဗျာ။အသုံးတည့်ကြလိမ့်မယ်လို့လဲ ကျွန်တော်မျှော်လင့်မိပါတယ်ဗျာ။ကျွန်တော် အောက်မှာ ပုံလေးတွေနဲ့ တကွ အဆင့်ဆင့် ပြပေးထားပါတယ်ဗျာ။ကျွန်တော်တို့Gmail Account ဖွင့်ပြီးသွားရင် နောက်ဆုံးမှာ ဖုန်းနံပါတ်နဲ့ Verify Code ကို တောင်းတောင်းနေကြလို့ သူငယ်ချင်းတွေ အားလုံးစိတ်ညစ်နေကြတယ် မဟုတ်လား။ပြီးတော့ အဲ့ဒီ ဖုန်းက နိုင်ငံခြားက ဖုန်းနံပါတ်ထည့်ပြီး သုံးမှ အဆင်ပြေကြတယ်လို့ ထင်ကြမှာပါ။အဲ့ဆို မှားသွားပါလိမ့်မယ်။ပြီးတော့ ကိုယ့်နိုင်ငံကို အထင်သေးရာ ကျသွားမှာပေါ့။ကျွန်တော်တို့ မြန်မာနိုင်ငံက ဖုန်းနံပါတ်လဲ အသုံးပြုလို့ရပါတယ်။မသုံးတက်လို့ မလေ့လာလို့သာ မသိပဲ ကိုယ့်နိုင်ငံက အသုံးမကျဘူးလို့ ထင်မိကျမှာပါဗျာ။ကျွန်တော် ကတော့ ပေရှည်နေမိပြီဗျာ။စိတ်မဆိုးပါနဲ့နော်.။ကျွန်တော်က သူငယ်ချင်းတွေ နားလည်အာင် ရှင်းပြပေးတဲ့ အနေနဲ့ပါ။ကဲ....စကြတာပေါ့ဗျာ။ကျွန်တော်တို့  Gmail Account သစ်ဖွင့်ပြီး နောက်ဆုံး အဆင့်ရောက်ရင် အောက်ကပုံလေး အတိုင်းတွေ့မြင်ရမှာ ဖြစ်ပါတယ်ဗျာ။အဲ့ဒီလို ပုံလေးက Gmail Account Lock ကျလို့ ဘယ်လိုမှ လုပ်လို့မရတော့အခါဆိုရင်လဲ မြင်ရမှာဖြစ်ပါတယ်။ နိုင်ငံခြားက ဖုန်းနံပါတ်ကို ထည့်ပေးရမယ်လို့ ကျွန်တော်တို့တွေက ထင်နေကြပါလိမ့်မယ်။အဲ့လိုလဲ အဆင်ပြေပါတယ်။ကျွန်တော်တို့ မြန်မာနိုင်ငံ အတွင်းက လူတွေဆိုရင်လဲ အထူးအဆင်ပြေပါတယ်။လုပ်နည်းလေးကတော့ လွယ်ပါတယ်ဗျာ။
မိမိတို့ရဲ့ GSM / CDMA ဖုန်းများရဲ့ နံပါတ်ကို Phone Number ဆိုတဲ့ နေရာမှာ ရိုက်ထည့်ရမှာပါ။မရိုက်ထည့်ခင် တစ်ခု သတိထားရမှာက Voice Call ဆိုတဲ့နေရာလေးမှာ Mark(အမှတ်) လေးအရင်ဦးဆုံးပေးလိုက်ပါ။ပြီးရင် ကျွန်တော်တို့ မြန်မာနိုင်ငံက ဖုန်းအများစုက ``09´´ နဲ့စတယ်ဆိုတာတော့ သူငယ်ချင်းတွေ အားလုံးသိကြမှာပါ။ဥပမာ - 09 1234567 ဆိုကျပါတော့ အရှေ့ဆုံးက ``0´´ ဆိုတဲ့နေရာမှာ ကျွန်တော်တို့က ``+´´ ဆိုပြီးပြောင်းလဲ ပေးရမှာ ဖြစ်ပါတယ်။ကျွန်တော် သူများဖုန်းနံပါတ်ကို ယူသုံးထားတဲ့ အတွက် ဖုန်းနံပါတ်များ တူညီမှုများရှိနေခဲ့ရင် ခွင့်လွှတ်ပေးကြပါလို့ တောင်းဆိုပါရစေဗျာ။နောက်ကတော့ မိမိရဲ့ ဖုန်းနံပါတ် အပြည့်အစုံကို ရေးပေးရမှာ ဖြစ်ပါတယ်ဗျာ။ပြီးရင်တော့ ``Call my phone with verification code´´ ကို Click လိုက်ပါ။အောက်က ပုံလေး အတိုင်းဆက်လက်တွေ့ ရှိမှာ ဖြစ်ပါတယ်ဗျာ။
အပေါ်က အတိုင်းလုပ်လို့ ပြီးသွားပါက မိမိ ဖုန်းကို ဖွင့်ထားပါ။ခဏ စောင့်နေပေးပါ။ဒါဆိုရင် Google ကနေ မိမိ ဖုန်းကို Voice Call Massage တစ်ခု ၀င်လာမှာ ဖြစ်ပါတယ်။အဲ့ဒီ အခါကျရင် မိမိ ဖုန်းကို ကိုင်လိုက်ပါ။အင်္ဂလိပ်လို Massage တစ်ခု ၀င်လာမှာ ဖြစ်ပါတယ်။အဲ့ဒီ အခါ မိမိအနေနဲ့ သူပြောတာတွေကို သေချာ မှတ်သားရမှာ ဖြစ်ပါတယ်။လွယ်လွယ်လေးပါပဲ။အင်္ဂလိပ်လို ပြောနေတဲ့ ကြားက သချာင်္ဂဏန်း တွေ ပြောလာပါလိမ့်မယ်။အဲ့ဒီ အခါ အဲ့ဒီ သချာင်္ဂဏန်း နံပါတ်လေးတွေကို စာရွှက်လေးနဲ့ ဖြစ်ဖြစ် မှတ်ပြီး အပေါ်က ပုံလေးမှာ ပြထားတဲ့ အတိုင်း ``Verification Code´´ ဆိုတဲ့ နေရာမှာ ခုန ကျွန်တော်တို့တွေ မှတ်ထားတဲ့ Code လေးကို ရိုက်ထည့်ပြီးတာနဲ့ ``Verify´´ ဆိုတာလေးကို Click လိုက်ပါ။ဒါဆို ရင် ကျွန်တော် တို့တွေ လုပ်ရမဲ့ အဆင့်တွေ အားလုံးပြီးဆုံးသွားလို့ အောင်မြင်တဲ့ ပန်းတိုင် ကို ရောက်သွားပါပြီဗျာ။အောက်က ပုံလေး အတိုင်း သူငယ်ချင်းတွေ ရဲ့ မျက်နှာလေးမှာ ပျော်ရွှင်မှုများစွာနဲ့ ပြည့်စုံနေတဲ့ မျက်နှာလေးကို ကျွန်တော် မြင်ယောင်နေမိပါတယ်ဗျာ။
ကဲ သူငယ်ချင်းတွေ အားလုံး အဆင်ပြေကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်ဗျာ။သူငယ်ချင်းတွေ အားလုံး အတွက် အကျိုးရှိခဲ့မယ်ဆိုရင် ကျွန်တော် အချိန်ကုန်ခံပြီး လေ့လာရကျိုး ပင်ပန်းခံရကျိုးနပ်ပါတယ်ဗျာ။သတင်းစာတွေ ထဲမှာလို့ Gmail Account သစ်တစ်ခုကို ပိုက်ဆံပေးပြီး ၀ယ်ယူစရာမလိုပဲ မိမိဘာသာ အသုံးပြုလို့ရမှာဖြစ်ပါတယ်ဗျာ။ကျွန်တော် Post လေးကို လွတ်လပ်စွာ ကူးယူ ဖော်ပြခွင့်ရှိပါတယ်ဗျာ။ဒါမဲ့ Post ပိုင်ရှင် နာမည်လေးတော့ ထည့်ပေးကြပါလို့ တော့ တောင်းဆိုပါရစေလားဗျာ။ အိုင်တီဘဏ်မှ ကူးယူဖော်ပြသည်။
Share from http://aungsanmks.blogspot.com/2012/09/gmail-lock.html