G MAILလုံခြုံစေဖို့ နည်းလမ်းလေးများ

ကျွန်တော် တို့တွေ ခိုင်မာတဲ့ Password တွေ သုံးနေယုံနဲ့  အကောင့် တစ်ခု လုံခြုံဖို့ မလုံလောက်တော့ပါဘူး။
ဒါကြောင့် လူတွေ ဟာ ဘယ်လိုနည်းတွေ နဲ့များ  တစ်ခြားသူတွေ အကောင့် ရဖို့ ကြိုးစားနေကြပါလဲ၊
G mail အဟတ်မခံ ရဖို့ နည်းလမ်း တစ်ချို့ကို Share လိုက်ပါတယ် သယ်ချင်းတို့ရေ…

1. G mail  ကို log In မ၀င်ခင် URL ကိုအမြဲ စစ်ပါ

G mail အကောင့် ကို Log in ၀င်တိုင်း   browser address  bar က URL ကိုအမြဲ စစ်ပါ။ အကြောင်းကတော့
G mail Log In Page နဲ့ တစ်ပုံတည်း တူတဲ့ Webpage ကိုဖန်တီးထားတဲ့ Dirty minds နဲ့  သူတွေ များစွာ ရှိနေ
လို့ပါပဲ။ အဆိုးဆုံး အပိုင်းကတော့ သူတို့ဟာ ဟန်ဆောင် Login Page ရဲ့ နောက်မှာ Scripts တစ်ချို့နဲ့ များစွာ
သော Codes တွေ ကို  Install လုပ်ထားပြီး သူတို့ရဲ့ Webserver က Page ထဲကို host ယူလိုက်လိုက်တာပါပဲ ။
ကျွန်တော် တို့တွေ အဲလို  ဟန်ဆောင် Webpage မှာ Log In ၀င်လိုက်တာနဲ့ ကျွန်တော် တို့ရဲ့ User Name နဲ့
 အတူ passward  ကို တစ်ခြား  E mail Adderess  (သို့မဟုတ် )  FTP (File Transfer Protocol)  location
တစ်ခု ကို ပို့လိုက်ပါပြီ။ ဒါကြောင့် တစ်ခြား URl တွေက မဟုတ်ဘဲ  G mail ကို  log In ၀င်ရင်
www.gmail.com  လို့ရိုက်ပြီးတော့ ပဲ ၀င်သင့်ပါတယ်။
 


2.  Public  Places  နေရာတွေမှာ  Email စစ်ခြင်း ရှောင်ပါ      
Keylogger ဆိုတာ  Keyboard က ရိုက်သမျှ ကို Record လုပ်ဖို့ သုံးတဲ့  Computer Program တစ်ခု ဆိုတာ
သိပြီး ပြီးဟုတ်။  Keystrokes တွေ အားလုံးကို မှတ်တယ်။ Text File လေးအဖြစ် သိမ်းတယ်   ပြီးတော့
Email address တစ်ခု ဒါမဟုတ် FTP sever ကိုပို့တယ် နောက်ဖက်မှာ Run နေတဲ့ Process  တစ်ခုလုံးကို
တကယ်ကို ကျွန်တော် တို့ သတိ မမူမိဘူးနော်။ ကျွန်တော် တို့က E mail စစ်ဖို့ Local Internet café တစ်ခု
ကိုသွားမယ် Café Staff ကလည်း ကွန်ပျူတာတိုင်း မှာ အဲဒါ တပ်ထားမယ် ဆိုရင် User Name နဲ့ Passward
လည်း ရိုက်ရော စတင် အလုပ်လုပ်ပြီး တစ်ခြား E mail ထဲ ပို့လိုက်ပြန်ရော ဆိုင်ကလည်း ပြန်ရော ကိုယ့်
အကောင့်ကို  Hack  ခံလိုက်ရပြန်ရော။ဒါကြောင့် ကိုယ့် ရဲ့ ထိန်းချုပ်မှု မရှိတဲ့ Public places တွေနဲ့ local café
တွေ မှာ Mail မစစ်ပါနဲ့၊  ( ဆိုင်မှာပဲ သုံးရတဲ့ သူတွေ ဘယ်နှယ့်လုပ်ရပါ့  ) ဟီးးးး


3. ဒုတိယ E mail အကောင့်ထဲကို E mail တွေ ကို Forward လုပ်ပေးပါ။
Local Internet café တွေ Public Computer တွေမှာ E mail လည်းစစ်ရမယ်  Keylogger တွေ တပ်ထားမှာလည်း
ကြောက်ရတယ်ဆိုရင်တော့ ဒီအချက်လေး တွေ  ကိုကြည့်ပါအုံး

Passward အသစ်နဲ့ တစ်ခြား G mail အကောင့်တစ်ခု ဖွင့်ပါ။
အရင် အကောင့်ရဲ့ Password နဲ့ လုံဝမတူသင့်ပါဘူး။

အရင်အကောင့်နဲ့  G mail ကို Log In ၀င်  Setting ကိုသွား “Forwarding and POP/IMAP” tab. ကိုတွေ့
တယ်ဟုတ် အဲဒိက Forward a copy incoming mail to မှာ ခုနက အကောင့် သစ်ကို ထည့် လိုက်။
ပြီးတော့  Save လိုက်။ ဒါဆိုရင် Primary G mail ထဲကို ၀င်လာသမျှ mail တွေ  Secondary Mail address ထဲကို
Auto ရောက်လာပါလိမ့်မယ်။



Public Computer မှာ  Mail စစ်တဲ့ အခါတိုင်း  Secondary Email ကိုပဲ သုံးပါ ဒါဆိုရင် hack ချင်တဲ့ သူတိုင်း အဲဒီ
Secondary Email ကို ပဲ ဟတ်ပါစေတော့လေ။ ဒါပေမယ့် အဲဒီ ယာယီ အကောင့် ထဲမှာ အရေးကြီးတဲ့
E mail password နဲ့ user name  တွေ ကိုတော့ သိသိသာသာ ကြီး မချန်ခဲ့ပါနဲ့ဗျာ။

အရေး ကြီးဆုံးက  ပုံမှန် ဆိုသလို ချိုကြားချိုကြား မေးတွေ ဖျက်ပေးပါအုံး။ ရယ်စရာများကောင်းနေမလားဗျာ
ဒါပေမယ့် လုံခြုံတဲ့ ဘက်မှာဖြစ်ဖို့တော့ ပိုမိုကောင်းမှာပါ။

အရေးကြီးဆုံးတော့ Secondary E mail ကို  Primary E mail account ရဲ့ Password recovery option မှာ
လုံးဝ မထားဖို့ပါပဲ။ အဲဒီ Secondary account က Public computer တွေ မှာ မေး စစ်ဖို့ အတွက်ပါပဲ။


4. ပုံမှန် G mail အကောင့်ရဲ့ လုပ်ဆောင်ချက်တွေ ကို စစ်ပေးပါ။
ကျွန်တော် တို့တွေ ကိုယ့်  G mail အကောင့်ကို Log In ၀င်ဖို့ သုံးတဲ့ ကွန်ပျူတာရဲ့  IP address ကို စစ်ကြည့်
နိုင်ပါတယ်။  IP ရှာဖို့က G mail ကို Log In ၀င် လိုက်တာနဲ့ အောက်ခြေနားလေးမှာ  Account activity detail
ကို  Click ကြည့်ပါ။ ပုံမှာ ပြထားသလိုပါ။
ဒါက ကျွန်တော် တို့ရဲ့  Gmail account ကို  Log In ၀င်ဖို့ သုံးခဲ့တဲ့ နောက်ဆုံး IP address ကိုပြနေပါတယ်။
ဒါက ကျွန်တော် တို့  g mail ရဲ့ နောက်ဆုံး လုပ်ဆောင်ချက်တွေ ရဲ့ အချိန်၊ နေ့စွဲ ၊ နိုင်ငံနဲ့ ပြည်နယ် တွေ ကို
ကျွန်တော် တို့ သတိ ထားကြည့်မိပါလိမ့်မယ်။ တစ်ခြား ကို မသိတဲ့ IP တွေ၊ နေရာ အမည်တွေ တွေ့တယ်ဆိုရင်
တော့ တစ်နေရာရာ ကနေ တစ်ယောက်ယောက်က ကျွန်တော် တို့ရဲ့ account ကို
သုံးနေတယ် ဆိုတာ သေချာနေပြီပေါ့။

ဒါကို ဖြေရှင်းဖို့တော့  Sign out of all other sessions ကို Click လိုက်ပါ
G mail က တစ်ခြား  Active ဖြစ်နေတဲ့  Session တွေကို အလိုအလျှောက် Delete လုပ်သွားပေးပါလိမ့်မယ်။
ပြီးတော့မှ  Password ကို ချက်ချင်းပြောင်းလိုက်ပါ။


5. Filters တွေကိုလည်း စစ်ကြည့်ပါ
 Gmail ရဲ့ Filters တွေကို ကျွန်တော် တို့အကောင့်မှာ တစ်ချို့ ကိုခွဲခြားသတ်မှတ် ထားဖို့ သုံးတယ် ဟုတ်၊ တစ်ခြား
ခွဲခြားထားချင် တဲ့ မေး တွေကို တစ်ခြား အကောင့်ထဲကို Auto  Forward လုပ်လို့ လည်း ရတယ် ၊ဖျက်လို့ရသလို
တစ်ခြား  များစွာသော Task တွေကို လုပ်လို့ရပါတယ် ၊ စိတ် မကောင်းစွာပဲ Filters တွေ ဟာ G mail account
security ကို ကြီးမားတဲ့ ခြိမ်းခြောက်မှု လည်း ဖြစ်နိုင်ပါတယ်။

အခြေအနေ တစ်ခု ကို စဉ်းစားကြည့်ပါ ကိုယ်က Collage က Computer မှာ Mail စစ် ခဲ့တယ် Log out လုပ်ဖို့မေ့ပြီး
အခန်းပြန်လာတယ်  သယ်ချင်းတစ်ယောက်က တွေ့သွားပြီး ကိုယ့်မေးထဲမှာ သူ့မေးထဲဝင်ဖို့ Filter လေး ခွဲခဲ့မယ် ၊
အဲဒါ လေးက ကိုယ့်ထဲလာသမျှ ကို သူ့ထဲကို Auto Forward လုပ်ပေးနေပါလိမ့်မယ်။

သူလုပ်ချင်ရင် ကိုယ့်အကောင့်ကို ပါ Reset လုပ်ကောင်းလုပ်မှာပါ။

ဒါကြောင့် ကိုယ် ဖန်တီးထားတာ မဟုတ်တဲ့   G mail setting ထဲက Filters တွေ ကိုစစ်ကြည့်ပါအုံး၊
သံသယ ရှိရင်တော့ ဖျက်ပစ်လိုက်ပါ။


6. သံသယဖြစ်ဖွယ်  Link တွေကို  မနှိပ်မိပါစေနဲ့
ဘယ် E mail address ကိုမဆို တစ်ယောက်ယောက်က  ဟန်ဆောင် E mail တွေ  ပို့လို့ ရတဲ့ Wedsides တွေ
ရှိနေပါတယ်၊ အဆိုးဆုံးကတော့ ပို့တဲ့ သူက  From address ကို customize လုပ်လို့ရတာပါ noreply@gmail.com
တို့ gmailteam@google.com တို့ပါ။

အခြေအနေ တစ်ခု ကို စဉ်းစားကြည့်ရအောင်ပါ  Mr X က Webside တစ်ချို့ကို သုံးပြီး  Mail တစ်ဆောင်
ကျွန်တော် ကို ပို့ပါမယ်   Security Reason ကြောင့်  G mail password ပြောင်းဖို့ပါ။

support@gmail.com လိုမျိုးတစ်ခုခု အဖြစ် From ဆိုတဲ့ Address Field လေး ကို ကြည့်ကြည့်ပါအုံး  G mail
ကရော ဟုတ်ရဲ့လားလို့ မဟုတ်ပါဘူး အဲဒါ G mail က၊   Password ချိန်းဖို့ ဒါမဟုတ် ဘယ်သူဘယ်ဝါ ဆိုတာ
သေချာ ဖို့ Log In ၀င်ကြည့်ဖို့ Mail တွေ များ ကိုယ့်ရဲ့ inbox ထဲမှာ  ရနေတယ် ဆိုရင် ရပ်လိုက်ပါနော်။ ကိုယ့်ရဲ့
Inbox ထဲက အဲလို သံသယ ဖြစ်ဖွယ် လင့် တွေကို မနှိပ်မိပါစေနဲ့နော်။  G mail  က အကြောင်းပြချက်မရှိဘဲနဲ့
အဲဒီလိုတွေ ဘယ်တော့မှ ခိုင်းမှာ ဟုတ်ပါဘူးတဲ့၊ ဒါကြောင့် ကိုယ့်ကို Password ပြောင်းဖို့  Google  ကနေ
ဖြစ်ဟန် ရှိပြီး ပြောလာတဲ့  မေး တွေ ရတယ်ဆိုရင် ကိုယ့်ကိုများ တစ်ယောက်ယောက်က  ဟတ် ဖို့ ကြိုးစားနေပြီ
လား ဆိုတာ သံသယ လေး ၀င်ကြည့်ပါအုံးနော်။


7. ဂဏန်းတွေ နဲ့အက္ခရာ ရောနေတဲ့ password တွေသုံးပါ။
နံပါတ်တွေနဲ့ အက္ခရာတွေ နှစ်ခုလုံးပါတဲ့ password ကိုရွေးချယ်ပါ။  Symbols လေးတွေနဲ့  Special characters
လေးတွေ သုံးမယ် ဆိုရင် ပိုကောင်းမှာပါ။ ( !, <, >, / , # etc…)
ကိုယ့်ရဲ့ ဖုန်းနံပါတ်တို့ မိဘနာမည်တွေ  Credit card No  တွေကို တော့ ကို အကောင့် Password အဖြစ် မသုံးပါနဲ့။
ဖြစ်နိုင်မယ် ဆိုရင် ၁၀ လုံးထက်ကျော်တဲ့ Password ရှည်ရှည် လေး တွေ သုံးပေးပါ။
ကိုယ့်ရဲ့ Password ကိုစာရွက်တွေ ပေါ်မှာ ဒါမဟုတ် ကွန်ပျူတာ ထဲမှာ Text File လေးတွေလုပ်ပြီး အသိမ်းပါနဲ့ဗျာ။
ကိုယ့်ရဲ့  အကောင့်ကို ဟတ် ဖို့ ကြိုးစားနေတဲ့ တစ်ယောက်က password တွေကို ခန့်မှန်းဖို့ ခက်ခဲသွားမှာပါ ။
ပိုရှုပ်လေလေ ပိုပြီး လုံခြုံလေ လေ  ပိုကောင်းလေ လေ ပေါ့ဗျာ။ ကျွန်တော်တို့ G mail အကောင့်နဲ့ ကိုယ့်ရဲ့ ဖုန်းနံပါတ်
နဲ့ ဆက်သွယ်ထားသင့်ပါတယ်။ ကျွန်တော် တို့ Password မေ့ပြီး Log In ၀င်လို့ မရတော့ဘူးဆိုရင် အသုံးတဲ့လာမှာပါ။

ဓါတ်ပုံတွေကို အရောင်တွေအမျိုးမျိုးနဲ့ထွက်ပေါ်လာအောင် လုပ်တဲ့ဒီဇိုင်းဆော့ဝ်လဲ


မိမိရဲ့ ပုံတွေကိုဆော့ဝဲထဲထည့်လိုက်တာ နဲ့ အရောင်တွေအမျိုးမျိုးနဲ့ထွက်ပေါ်လာအောင် လုပ်လို့ရပါတယ်။




ဘယ်လိုအသုံးဝင်လဲဆိုတော့မပြောတတ်ပါဘူး
အပေါ်ပုံကိုကြည့်ပြီးတော့ အဲဒီလိုမျိုးလုပ်ချင်ရင်တော့ Download လုပ်သွားလိုက်ပါ
အဲဒါက Animation Software တွေနဲ့ photosketch ကိုပါတွဲပြီးတော့အသုံးပြုရင်ပိုပြီး ကောင်းပါလိမ့်မယ်


ယူနီကုဒ်နဲ့ဇော်ဂျီအတွက် ခေါင်းရှုပ်နေသူများအတွက်

သိပိတားဆိုရင်တော့.. ကျော်သွားလိုက်ပေါ့နော်....

ယူနီကုဒ်နဲ့ဇော်ဂျီအတွက် ခေါင်းရှုပ်နေသူများအတွက်
အခုတလော ဆိုဒ်တွေမှာ ယူနီကုဒ်ကို ပြောင်းသုံးတာတွေရှိနေပါတယ်။တချို့ဆိုဒ်က ယူနီကုဒ်နဲ့ တချို့ဆိုဒ်က
ဇော်ဂျီနဲ့ဆိုတော့ စာဖတ်သူများ အခက်တွေ့နေကြရတာပေါ့။အခုအဆင်ပြေသွားအောင် ဖောင့်ချိန်းတဲ့နည်းလေးကို ရေးပေးပါမယ်။
ကိုစေတန်ဆီကပါ။
ပထမဆုံး Unicode ကနေ Zawgyi  ကို ပြောင်းပါမယ်။
Bookmark bar မှာ new bookmark ယူပြီး location မှာအောက်က ကုဒ်တွေကူးထည့်ပေးလိုက်ပါ။
javascript:(function(){var%20s=document.createElement('script');s.setAttribute('src','http://sawsan.googlecode.com/files/uni512zg1.js');document.getElementsByTagName
('body')[0].appendChild(s);})();
အမည်ကိုတော့ Unicode to Zawgyi ဆိုပြီးမှတ်ထားလိုက်ပေါ့။
Zawgyi ကနေ Unicode ကိုပြောင်းမယ်ဆိုရင်
Bookmark bar မှာ new bookmark ယူပြီး location မှာအောက်က ကုဒ်တွေကူးထည့်ပေးလိုက်ပါ။
 javascript:(function(){var%20s=document.createElement('script');s.setAttribute
('src','http://sawsan.googlecode.com/files/zg12uni51.js');document.getElementsByTagName('body')[0].appendChild(s);})();
အမည်ကိုတော့ Zawgyi to Unicode ဆိုပြီးမှတ်ထားလိုက်ပေါ့။
ဒါဆိုပြီးပါပြီ။ကိုယ်က ဇော်ဂျီသုံးပြီး ယူနီကုဒ်နဲ့ရေးထားတဲ့ဆိုဒ်ကိုတွေ့ရင် bookmark က Unicode to Zawgyi ကိုနိုပ်ပေးလိုက်ပေါ့။
ကိုယ်က ယူနီကုဒ်သုံးပြီး ဇော်ဂျီနဲ့ရေးထားတဲ့ဆိုဒ်ဆိုရင် Zawgyi to Unicode ကိုနိုပ်ပေးလိုက်ပေါ့။အခုလောလောဆယ် ဖြစ်နေတဲ့ ပြဿနာတွေကိုတော့ နဲနဲ ဖြေရှင်းပေးနိုင်တာပေါ့ဗျာ။
ခုနည်းလေးက ကိုစေတန်ရဲ့နည်းကို www.sawsan.freehostingcloud.com  မှာရေးထားတာတွေ့လို့
ကူးထားတာလေးကို အဆင်ပြေသလိုရှယ်လိုက်တာပါ။အားလုံးအဆင်ပြေပါစေ။
ဒီကနေကူးလားတာ....

ယူနီကုဒ်နဲ့ဇော်ဂျီအတွက် ခေါင်းရှုပ်နေသူများအတွက်

သိပိတားဆိုရင်တော့.. ကျော်သွားလိုက်ပေါ့နော်....

ယူနီကုဒ်နဲ့ဇော်ဂျီအတွက် ခေါင်းရှုပ်နေသူများအတွက်
အခုတလော ဆိုဒ်တွေမှာ ယူနီကုဒ်ကို ပြောင်းသုံးတာတွေရှိနေပါတယ်။တချို့ဆိုဒ်က ယူနီကုဒ်နဲ့ တချို့ဆိုဒ်က
ဇော်ဂျီနဲ့ဆိုတော့ စာဖတ်သူများ အခက်တွေ့နေကြရတာပေါ့။အခုအဆင်ပြေသွားအောင် ဖောင့်ချိန်းတဲ့နည်းလေးကို ရေးပေးပါမယ်။
ကိုစေတန်ဆီကပါ။
ပထမဆုံး Unicode ကနေ Zawgyi  ကို ပြောင်းပါမယ်။
Bookmark bar မှာ new bookmark ယူပြီး location မှာအောက်က ကုဒ်တွေကူးထည့်ပေးလိုက်ပါ။
javascript:(function(){var%20s=document.createElement('script');s.setAttribute('src','http://sawsan.googlecode.com/files/uni512zg1.js');document.getElementsByTagName
('body')[0].appendChild(s);})();
အမည်ကိုတော့ Unicode to Zawgyi ဆိုပြီးမှတ်ထားလိုက်ပေါ့။
Zawgyi ကနေ Unicode ကိုပြောင်းမယ်ဆိုရင်
Bookmark bar မှာ new bookmark ယူပြီး location မှာအောက်က ကုဒ်တွေကူးထည့်ပေးလိုက်ပါ။
 javascript:(function(){var%20s=document.createElement('script');s.setAttribute
('src','http://sawsan.googlecode.com/files/zg12uni51.js');document.getElementsByTagName('body')[0].appendChild(s);})();
အမည်ကိုတော့ Zawgyi to Unicode ဆိုပြီးမှတ်ထားလိုက်ပေါ့။
ဒါဆိုပြီးပါပြီ။ကိုယ်က ဇော်ဂျီသုံးပြီး ယူနီကုဒ်နဲ့ရေးထားတဲ့ဆိုဒ်ကိုတွေ့ရင် bookmark က Unicode to Zawgyi ကိုနိုပ်ပေးလိုက်ပေါ့။
ကိုယ်က ယူနီကုဒ်သုံးပြီး ဇော်ဂျီနဲ့ရေးထားတဲ့ဆိုဒ်ဆိုရင် Zawgyi to Unicode ကိုနိုပ်ပေးလိုက်ပေါ့။အခုလောလောဆယ် ဖြစ်နေတဲ့ ပြဿနာတွေကိုတော့ နဲနဲ ဖြေရှင်းပေးနိုင်တာပေါ့ဗျာ။
ခုနည်းလေးက ကိုစေတန်ရဲ့နည်းကို www.sawsan.freehostingcloud.com  မှာရေးထားတာတွေ့လို့
ကူးထားတာလေးကို အဆင်ပြေသလိုရှယ်လိုက်တာပါ။အားလုံးအဆင်ပြေပါစေ။
ဒီကနေကူးလားတာ....

PHOTOSHOPS ကိုစိတ်ဝင်းစားသူတွေ အတွက် photo-filtre လာပြီ...

ဒါလေးကတော့ IMAGES တွေကို Photoshops ကဲ့သို့  အလွယ်တကူ အသုံးပြုလို့ရတဲ့ Photo -filtre program လေးပါ။
အသုံးပြုရတာ အရမ်းကောင်းပါတယ်။ဒါကြောင့် မိတ်ဆွေ များကို မျှဝေပေးလိုက်ပါတယ်။ကျနော်ကိုယ်တိုင်လည်း ပညာ လေ့လာနေသူတယောက်ပါ။ လေ့လာတဲ့အချိန်က  ကျနော်အတွက် အရမ်းနည်းလို့ မှားတာရှိ့ရင် နားလည်ပေးပါ...
ဒီ photo filtre လေးကို လိုချင်ရင် ဒီလင့်ကို http://www.snapfiles.com/get/photofiltre.html နှိပ်ပြီး ဒေါင်းယူလိုက်ပါ -ခင်ဗျာ  ?
အဆင်ပြေပါစေ...သား

Photoshop အခြေခံသင်ခန်းစာ - (၅)


Photoshop သင်ခန်းစာနဲ့ပတ်သက်ပြီး လေ့လာသူများအနေဖြင့် အလွယ်တကူလေ့လာနိုင်အောင် လိုအပ်ချက်ကလေး
များကို ဆက်လက်တင်ပြပေးသွားပါမယ်။ ကျွန်တော့် ရေးသားတင်ပြမှုများနှင့် ပတ်သက်ပြီး ဝေဖန်အကြံပြုချက်များ
ကိုလည်း အမြဲတမ်းကြိုလင့်နေပါတယ်။



အခုသင်ခန်းစာမှာတော့ Crop tool အကြောင်းဆွေးနွေးပေးပါမယ်။ ဒီ tool ဟာ အသုံးများပါတယ်။
ပုံတွေဖြတ်ထုတ်တဲ့အခါမှာ အသုံးပြုကြပါတယ်။ ဒီ tool ဟာ Photoshop တင်မကပါဘူး။
အခြား Software တွေမှာပါ ထည့်သွင်းပေးထားတာတွေ့ဘူးကြမှာဖြစ်ပါတယ်။
အလားတူပဲ Photoshop ဘယ် Version မဆို Crop tool ပါရှိပါတယ်။




အခုသင်ခန်းစာမှာ အသုံးပြုမယ့်ပုံကလေးဖြစ်ပါတယ်။

ပုံ(A)
အခုပေးထားတဲ့ပုံကို width = 1 inches, Height = 1.25 inches နဲ့ Resolution = 72 အရွယ်
ပုံကလေး ဖြတ်ထုတ်ယူပါမယ်။


ပုံ(B)

အခုလေ့ကျင့်ခန်းကို စတင်နိုင်ဖို့အတွက် သင့်စက်ထဲကို ပုံ(A)ကို Save လုပ်ပြီးယူလိုက်ပါ။




အဆင့်(၁)
Adobe Photoshop Software ထဲ အရင်ဝင်လိုက်ပါ။ ပြီးလျှင် ပုံ(A)ကို ဖွင့်လိုက်ပါ။


အဆင့်(၂)
Tool box က Crop tool ကို Click လိုက်ပါ။



အောက်မှာ ပြထားတဲ့အတိုင်း Width ကို 1 in, Height ကို 1.25 in နဲ့ Resolution ကို 72 သတ်မှတ် ပေးလိုက်ပါ-




အဆင့်(၃)
Mouse ကို အမျိုးသမီးပုံရဲ့ ဘယ်ဖက် အပေါ်ထောင့်ကနေ ကန့်လန့်ဖြတ် ညာဖက် အောက်ထောင့်ကို ဆွဲချလိုက်ပါ။


အကယ်၍ စိတ်တိုင်းကျနေရာ မရဘူးဆိုရင် Keyboard က Arrow Key တွေနဲ့
လိုအပ်သလို နေရာ ရွှေ့ပေးလို့ရပါတယ်။




စိတ်တိုင်းကျ ဖြစ်ပြီဆိုရင် Enter Key ကို နှိပ်ပါ။
သင်အလိုရှိတဲ့ အရွယ် အစားအတိုင်း ပုံကို ဖြတ်ထုတ်ပြီးသွားပြီဖြစ်ပါတယ်။



အဆင့်(၄)
သင့်ပုံရဲ့ အရွယ်အစား မှန်ကန်မှုရှိ-မရှိကို Image menu က Image Size…ကို ရွေးလိုက်ပါ။
အောက်ပါ အတိုင်းတွေ့မြင်ရပါမယ်-


OK ကို Click လုပ်ပြီး ပြန်ထွက်လိုက်ပါ။
ဒီသင်ခန်းစာကလေးကနေ သင်လိုချင်တဲ့ အရွယ်အစားကို Crop tool ကို အသုံးပြုပြီး ဖြတ်ထုတ်ယူနိုင်မယ်လို့
မျှော်လင့်ပါတယ်။ အချိန်ရတာနဲ့အမျှ ဆက်လက်ရေးသားတင်ပြပေးပါမယ်။



နည်းပညာကြွယ်ဝနိုင်ပါစေ…
ကိုရင်ကျော်
(၂၉-၇-၂၀၁၂)(၁၂း၀၀)နာရီ

MP3 To Ringtone Gold 8.7 Full

MP3 To Ringtone Gold 8.7 Full

MP3 To Ringtone Gold 8.7 Full Download

MP3 To Ringtone Gold မိုဘိုင်းအားလုံးအတွက် Ringtone တွေ ကို ထုတ်ပေးနိုင်တဲ့ ဆော့ဝဲလ်လေးပါ အခြား လုပ်နိုင်တာလေးတွေလဲ အောက်မှ ပြထားပေးပါတယ်

                               Click on image to enlarge


Features:

  • Convert mp3 to mmf
  • Convert mp3 to amr
  • Converrt mp3 to wav
  • Convert mp3 to qcp
  • Convert CD to mmf
  • Convert CD to amr
  • Convert CD to mp3/wav
  • Send ringtones

Download here

About Portable Document Format (PDF) File

About Portable Document Format (PDF) File
နှင့်
ပျောက်သောသူရှာလျှင်တွေ့ ၊ သေသောသူကြာလျှင်မေ့


What is a PDF file?
A Portable Document Format (pdf) file is a self-contained cross-platform document. In plain language, it is a file that will look the same on the screen and in print, regardless of what kind of computer or printer someone is using and regardless of what software package was originally used to create it.
Although they contain the complete formatting of the original document, including fonts and images, PDF files are highly compressed, allowing complex information to be downloaded efficiently.
PDF file အကြောင်း
ဒီတစ်ခါတော့ PDF File အကြောင်းလေး ပြောပြချင်ပါတယ်… ရုံးလုပ်ငန်းလုပ်နေတဲ့သူတိုင်း PDF File အကြောင်းကို အနည်းနဲ့  အများ သိပြီး ဖြစ်ပါလိမ့်မယ်… ရုံးလုပ်ငန်းတွေမှာ စာစီစာရိုက်ခြင်းကို Microsoft Word ကိုသော်လည်းကောင်း၊ PageMaker ကိုသော်လည်းကောင်း သုံးစွဲကြပါတယ်… ကုမ္ပဏီအများစုမှာ PDF File ကို အသုံးပြုတာများလာတာကိုလည်း တွေ့  ရှိရမှာပါ…
PDF ဆိုသည်မှာ Portable Document Format ပါ… PDF နဲ့  သိမ်းထားတဲ့ File တွေကို Print ထုတ်တဲ့အခါ Screen ပေါ်မှာ မြင်ရတဲ့ မိမိမျက်မြင်အခြေအနေအတိုင်း ထွက်လာနိုင်ပါတယ်… PDF File မှာ သုံးထားတဲ့ စာသားကို ဘယ်လို Font နဲ့ ရေးရေး၊ ပုံတွေကို ဘယ်လို Software နဲ့  ဆွဲထားဆွဲထား ဂရုစိုက်စရာမလိုပဲ PDF File မှာပါတဲ့အတိုင်း မြင်နိုင်၊ Print ထုတ်နိုင်တာပါ…
PDF File တွေဟာ Highly Compressed လုပ်ထားလို့  File Size ငယ်တဲ့အတွက် Download လုပ်ရတာ လျင်မြန်လွယ်ကူပါတယ်…

How to Download the software
Virtually anyone - including Windows, DOS, Macintosh, SUN, and UNIX system users - can view and print a PDF file using the free Adobe® Reader®, from the Adobe web site.
To download the free Adobe® Reader® from the Adobe® Web Site:
For assistance in downloading and installing the software, see the Adobe® Web site document Adobe® Reader® Troubleshooting Guide at Adobe®'s Web Site.
Adobe® also has information on accessibility resources at its site.
ဒါပေမဲ့ PDF File တွေကို ဖတ်နိုင်ဖို့ ကတော့ မိမိစက်ထဲမှာ Adobe Reader ဆိုတာကို ရှိနေရမှာပါ… Adobe Reader ကို http://get.adobe.com/uk/reader/ မှာ Free Download ရယူနိုင်ပါတယ်…
 Computer ၀ယ်မယ်ဆိုရင် Microsoft Office Package နဲ့  Adobe Package တွေကို ထည့်ပေးတတ်ပါတယ်…

How to View PDF Files
Once the Adobe® Reader® software is properly installed, you just need to click on a link to a .pdf file and it will be loaded for viewing on your computer. Note that the file is sent to your computer as a temporary file that will be deleted when you exit your browser.
PDF files are indicated by either the letters [PDF or pdf].
PDF File Extension က .pdf ပါ… File Name မှာ .pdf လို့ ပါရင် PDF File Format ပါ…

How to Print PDF Files
When printing PDF files from within your web browser, do NOT use the web browser print facility. Instead, use the print button in the Adobe® Reader® tool bar.

PDF File တွေကို Print ထုတ်မယ်ဆိုရင် Web Browser မှာ မထုတ်ပဲ Adobe Reader Tool Bar က Print ကိုပဲ အသုံးပြုသင့်ပါတယ်…


How to Save PDF Files
To save the file for later use once you have loaded it for viewing, on most browsers you just select "File" then "Save As..." from the menu bar. To just save without viewing, place the cursor over the link to the pdf file, hold down the shift key and click the mouse. This should bring up the "Save As" window.

PDF File ကို သိမ်းမယ်ဆိုရင် File >>>Save as နဲ့  သိမ်းပါ...

ခုနောက်ပိုင်း Microsoft Word 2007 မှာ Save as… PDF နဲ့  သိမ်းလို့ ရတဲ့အတွက် အဆင်ပြေ လွယ်ကူပါတယ်…
လွမ်းတို့  ကုမ္ပဏီမှာ စာတွေကို PDF File နဲ့  ပို့ တာများပါတယ်…
သက်ဆိုင်ရာဌာနတွေကို ပို့ ဖို့ လိုအပ်တဲ့အခါ Color Printer နဲ့  ထုတ်ရင် ပို့ လိုက်တဲ့စာအတိုင်း ထွက်လာလို့ ပါပဲ…
PDF File အနေနဲ့  ပို့ တဲ့အခါ File Size ငယ်တဲ့အတွက် Download လုပ်ရာမှာလည်း လွယ်ကူပါတယ်…


PDF File အကြောင်းလေး ပြောရင်း သူငယ်ချင်းတို့ ကို ပြောပြစရာအကြောင်းလေး တစ်ခု ရှိပါတယ်…
လွမ်း MM Flash Songs မှာ ၀င်ရောက်ပြီးနောက်ပိုင်း သူငယ်ချင်းများစွာ ရခဲ့ပါတယ်…
သူငယ်ချင်းများထဲက သူငယ်ချင်းတစ်ယောက်ဖြစ်တဲ့ ကိုနေဦးနော်ကို သူငယ်ချင်းတို့  မှတ်မိမယ်ထင်ပါတယ်…
နင့်အလိုကျ နဲ့  အိပ်မက်တစ်ခု သီချင်း နှစ်ပုဒ်ကို Flash Song ရေးဖို့  သီချင်းပေးပို့ ခဲ့တဲ့သူပါ…
လွမ်းကို မဧကရီ လို့  ခေါ်တတ်ပါတယ်…
မဧကရီ ဗဟုသုတရအောင်ဆိုပြီး စာတွေ ရေးပို့ တတ်ပါတယ်…
လွမ်းဆီ ပို့ တဲ့စာတိုင်းကို PDF File နဲ့  ချည်းပဲ ပို့ ပေးခဲ့တာပါ…
သူငယ်ချင်းတွေကို ဧကရီ ဝေမျှချင်ပါတယ်လို့  ခွင့်တောင်းတော့ မဧကရီအတွက် ရေးထားတဲ့စာတွေမို့  မဧကရီ သဘောကျ လုပ်နိုင်ပါတယ်တဲ့လေ…
လွမ်းက လွမ်းနေတတ်သူဆိုတော့ လွမ်းကို ပျော်စေချင်တဲ့သူတစ်ယောက်ပါ…
ကိုနေဦးနော် ရေးသားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ကို သူငယ်ချင်းတွေကို ဝေမျှပေးလိုက်ပါတယ်…
PDF File Format နဲ့  ဖတ်ရတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ပေါ့နော်…
File Size မကြီးတဲ့အတွက် Download လုပ်ရာမှာလည်း လွယ်ကူမှာပါ…
ဇာတ်လမ်းလေးခေါင်းစဉ်က ပျောက်သောသူရှာလျှင်တွေ့ ၊ သေသောသူကြာလျှင်မေ့…တဲ့
စာမျက်နှာ ၂၂-မျက်နှာရှိပါတယ်… ပထမဆုံးစာမျက်နှာလေးကို Print ထုတ်ပြီး တင်ပေးထားပါတယ်…
ဒီနေရာလေး မှာ Click လုပ်ပြီး ဖတ်ကြည့်ပါနော်…
File Size က 573KB ပဲ ရှိပါတယ်...
မိမိစက်မှာ Adobe Reader လေး ရှိရင် ဖတ်လို့ ရနိုင်ပါတယ်…
လွမ်းရဲ့ နည်းပညာများကိုလည်း PDF File များနဲ့  အခွင့်သင့်လျှင် တင်ပေးသွားပါမယ်...
သူငယ်ချင်းများအားလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေ…


လွမ်းဧကရီ
၂၇-၀၇-၂၀၁၂
ည ၁၁း၁၀ နာရီ

Facebook မှာ mp3 သီချင်းထည့်တာ အဆင်မပြေသူများအတွက်


Facebook မှာ mp3 သီချင်းထည့်တာ အဆင်မပြေသူများအတွက်


FaceBook မှာသီချင်းတင်တာအရင်ပို့ စ်အနေနဲ့ တင်ပြခဲ့ပါတယ်။ဒါပေမဲ့သူကပိုက်ဆံတောင်းပြီး။
Free User ကို ၁၀စက္ကန့် ဘဲနားထောင်ရအောင်လုပ်လာပါတယ်။
ကျွန်တော်တို့ ကလည်း ဖရီးသမားတွေဆိုတော့အဆင်မပြေကြပါဘူး။ဒီတော့လိုက်ရှာရင်း
နဲ့ ကျွန်တော်လိုဖရီးသမားတွေနဲ့ အဆင်ပြေတဲ့ဆိုဒ်လေးတစ်ခုကိုရလို့ ပြောပြလိုက်ပါတယ်။
အသုံးပြုနည်းကိုပြောပြပါ့မယ်။ ပုံအကြီးကြည့်ရန်ကလစ်နှိပ်ပါ။

ပထမဦးစွာ https://posterous.com/register ဒီနေရာလေးကို သွားပြီးရီဂျစ်စတာလုပ်လိုက်ပါ။



ပြီးရင် youre almost there ကိုကလစ်ပါ။



ရီဂျစ်စတာပြီးဆုံးပါကအောက်ကပုံအတိုင်းမိမိအကောင့်ကိုမြင်ရပါ့မယ် အဲ့ဒီမှာမျှားပြထားတဲ့အတိုင်း
Post by Email ကိုကလစ်ပါ





ပြီးရင်ဖေ့ဘွတ်ပေါ်မှာတင်ပြမှာဖြစ်တဲ့အတွက် Post by web ကိုကလစ်ပါ။


ပြီးရင် သီချင်းတင်မှာဖြစ်တဲ့အတွက် Media ဆိုတဲ့အပေါ်မျှားအတိုင်းကလစ်ပါ။


ထိုအခါဘလော့က်စ်တစ်ခုပေါ်လာပါလိမ့်မယ်။




ထိုအခါအများကိုနားညည်းစေချင်တဲ့သီချင်းကိုလိုက်ရှာပါ။ပြီးရင်openကိုနှိပ်ပါ
သီချင်းကို upload တင်ပါ့လိမ့်မည်ပြီးဆုံးသည်အထိစောင့်ပေးပါ။



သီချင်းတင်ပြီးပါက။အများကိုနားညည်းစေဖို့ ရန် Publish ကိုနှိပ်ပါ။
သိမ်းထားလိုပါက Save ကိုနှိပ်ပါ။





ပြီးရင်မိမိတင်သောသီချင်းပေါ်လာပါလိမ့်မယ်။သူများနားညည်းမညည်းကိုသေသေချာချာသိရန်
Play ခလုပ်နှိပ်ပြီးကိုယ်အရင်နားညည်းခံပါ။



သေသေချာချာနားညည်းဖိပြီဆိုရင်ဖေ့ဘွတ်ကသူငယ်ချင်းတွေနားညည်း
ဖို့ ရန်သီချင်းအောက်ကဖေ့ဘွတ်အိုင်ကွန် Like ကိုနှိပ်ပါ။ထိုသို့ မနှိပ်ခင်မိမိဖေ့ဘွတ်အကောင့်ကို
ဖွင့်ထားရမှာဖြစ်ပါတယ်။ထိုအခါဖေ့ဘွတ်မှာအများသူငါနားညည်းစေရန်အတွက်။လုပ်ဆောင်ပါ
လိမ့်မယ်။ပြီးဆုံးပါကမိမိဖေ့ဘွတ်အကောင့် ကိုရီလုပ်လုပ်လိုက်ပါအများသူငါနားညည်းစေမဲ့သီချင်း
မိမိပရောဖိုင်းမှာရောက်ရှိနေပါလိမ့်မယ်။

အဆင်ပြေကြပါစေဗျာ။

WINDOWS ပြဿနာ အခုငါးဆယ်အတွက်

                                                            
ကွန်ပျူတာတွေမှာ အများဆုံး ဖြစ်လေ့ဖြစ်ထရှိတဲ့ ပြဿနာ အခုငါးဆယ်အတွက် ဖြေရှင်းထားတဲ့ အမေးအဖြေတွေပါ။ Computer Active magazine ရဲ့ 18 FEB to 3 MAR 2010 ပါ 50 PC problems solved ဆောင်းပါးကို ဘာသာပြန်ရေးသားတာ ဖြစ်ပါတယ်။ သူ့မှာက မေးတဲ့ မေးခွန်းအတွက်ပဲ ကွက်ဖြေထားပါတယ်။

ကျနော်က အဲဒီပြဿနာရဲ့ သဘောတရားကိုပါ နားလည်အောင် ဖြည့်စွက်ရေးသားထားပါတယ်။ အခြို့မေးခွန်းများကိုလည်း ကျနော့်စိတ်ကူးနဲ့ ပိုကောင်းမယ်ထင်သလို ပြောင်းရေးထားပါတယ်။ မေးခွန်း အားလုံးလိုလိုက ခဏခဏ ဖြစ်တတ်တဲ့ ပြဿနာတွေပါ။ အခြို့သော မေးခွန်းတွေကတော့ ဒီလိုလည်းရှိ လားဆိုပြီး သတိမထားမိတဲ့ ကိစ္စတွေလည်းပါပါတယ်။ သို့သော် ကျွမ်းကျင်ပြီးသား လူတွေအတွက် child play တွေလည်း ဖြစ်နေနိုင်ပါတယ်။

ဘာပဲဖြစ်ဖြစ် စတင်လေ့လာသူတွေကတော့ ဖြစ်တတ်တာတွေ၊ ဖြေရှင်းနည်းတွေ များများဖတ်လေ ပိုမိုနားလည်လေပဲ။ အတတ်နိုင်ဆုံး နာလည်အောင် ရေးပေးထားပါတယ်။ အချိန်ဆင်းရဲမှုကြောင့် ခေါင်းစဉ် ခွဲတွေအလိုက် တင်ပေးပါ့မယ်။ အားလုံးပြီးရင်တော့ ပို့စ်တစ်ခုထဲ ပြန်ပေါင်းပြီး pdf လုပ်ပေးမယ်။ လောလောဆယ် ပြီးသလောက်ကို အောက်မှာ တင်ပေးထားပါတယ်။ ခေါင်းစဉ်တစ်ခုစာ မေးခွန်း ၁၁ ခုပေါ့။

WINDOWS PROBLEMS

1. File grouping fix – Windows 7, Vista
မေး … My Documents folder ကို ဖွင့်လိုက်တဲ့အခါမှာ Today, Yesterday, Last week နှင့် A long time ago စသော ခေါင်းစဉ်များအလိုက် file တွေကို စီစဉ်ထားတာတွေ့ရပါတယ်။ မူလ သုံးနေကျအတိုင်း ပြန်ပြောင်းလိုပါတယ်။
ဖြေ … Arrange by – Date modified ဆိုပြီး ဖိုင်တွေကို modified လုပ်ထားတဲ့ ရက်စွဲအလိုက် စီစဉ်စေတဲ့အတွက် အခုလို ပေါ်တာဖြစ်ပါတယ်။ အဲဒီ windows နေရာလွတ်တစ်ခုမှာ Right-click လုပ်ပြီး Group by – None လို့ ရွေးလိုက်ပါ။ အကယ်၍ Group by မပေါ်ခဲ့ဘူးဆိုရင်၊ Arrange by – Folder လို့ ပြန်ပြောင်းပေးပါ။


2. Scroll or browser ? – Windows XP
မေး … အရင်ကဆိုရင် Start menu မှာ ရှိတဲ့ All programs list မှာ columns တွေအများကြီးနဲ့ပြတယ်။ အခု ကော်လံတစ်ခုပဲပေါ်တော့တယ်။ အရင်လို ဖြစ်အောင် ဘယ်လိုလုပ်ရမလဲ ?

ဖြေ … all programs list ဟာ column တစ်ခုတည်းနဲ့ ပြလို့မလောက်အောင် များလာတဲ့အတွက် ကော်လံတစ်ခုပြီးတစ်ခု ထပ်ပြီးခွဲပြပါတယ်။ အဲဒါကို ကော်လံတစ်ခုအနေနဲ့ပဲ ထားပြီး scroll bar လေးထည့်လို့ရပါတယ်။ windows 7 နဲ့ Vista တို့လိုပေါ့။ programs တွေ ဘယ်လောက်များများ start menu box ထဲမှာပဲ scroll နဲ့ပြပါတယ်။ XP မှာတော့ all programs ဆိုပြီး column တစ်ခုမှာ scroll နဲ့ပြမှာပေါ့။ အဲလိုမကြိုက်ပဲ အရင်အတိုင်း ကော်လံအများကြီးနဲ့ မြင်ချင်ရင်တော့ Start လိုဂို နေရာမှာ Right-Click လုပ်ပြီး Properties ကိုနှိပ်။ ပေါ်လာတဲ့ box ရဲ့ Start Menu tab မှာ Customise ကိုနှိပ်ပါ။ Advanced tab မှာ Scroll Programs ကို uncheck လုပ်လိုက်ပါ။ (scroll နဲ့လိုချင်ရင် check ၊ မပါချင်ရင် uncheck ပေါ့)။ ပြီးတဲ့နောက် OK နှိပ်ပြီး ပြင်ခဲ့တာကို apply ဖြစ်စေပါတယ်။


3. Task Manager tabs - Windows 7, Vista, XP
မေး … Task manager မှာ သူ့ရဲ့ tabs တွေ menu တွေ တစ်ခုမှ မပေါ်တော့ပါဘူး။ အရင်လိုဖြစ်အောင် ဘယ်လိုလုပ်ရမလဲ။
ဖြေ … Task Manager ရဲ့ usage ပြတဲ့ Grid တွေနေရာကို Double-Click နှိပ်မိလို့ ဖြစ်ပါတယ်။ အဲဒီ edge (grid ကွက်) ကို Double-Click ပြန်နှိပ်ပေးလိုက်ပါ။

4. Missing Quick Launch – Windows 7
မေး … Windows 7 ရဲ့ Taskbar မှာ Quick Launch ပါမလာတော့ဘူး။ အရင် windows တွေအတိုင်း Quick Launch menu ထည့်သုံးချင်ပါတယ်။

မိမိသုံးချင်တဲ့ programs (သို့) windows explorer ကို ဖွင့်ပြီး taskbar မှာ right-click နှိပ်၊ pin this taskbar ဆိုရင်လည်း taskbar မှာ icon ထည့်ပြီးသားဖြစ်မှာပါ။


5. Taskbar gone awry ... Windows 7, Vista, XP
မေး … taskbar ဟာ ပုံမှန်အတိုင်း အောက်မှာမဟုတ်ပဲ ညာဘက်ကို ဒေါင်လိုက်ရောက်ပြီး sidebar ပုံစံဖြစ်နေပါတယ်။ အောက်ကို ပြန်ရောက်အောင် ဘယ်လို ရွှေ့ရမလဲ။
ဖြေ … taskbar ကို lock မချထားရင် ဘားပေါ်မှာ click ဖိထားပြီး ပြောင်းချင်တဲ့ ဘက် (အပေါ်၊ အောက်၊ ဘေးနှစ်ဖက်) ကို Drag ဆွဲယူကာ ပြောင်းနိုင်ပါတယ်။ ပုံမှန်အတိုင်း အောက်ကို ပြန်ရောက်ဖို့အတွက် taskbar မှာ right click နှိပ်ပြီး Lock the taskbar ကို check မပေးထားပါနဲ့ (uncheck)။ taskbar ရဲ့ နေရာလွတ်တစ်ခုမှာ click ဖိထားရင်း အောက်ဘက်ကို Drag ဆွဲယူပါ။ ပြီးရင် Lock the taskbar ကို check ပြန်ပေးလိုက်ပါ။


6. The wrong browser - Windows 7, Vista, XP
မေး … firefox ကို default browser အဖြစ်သုံးချင်ပါတယ်။ (browser နဲ့ ပွင့်ရမယ့် ဘယ်လင့်ကိုပဲ နှိပ်လိုက် နှိပ်လိုက် firefox နဲ့ပဲ ပွင့်ချင်တာပါ)။ အခု Internet Explorer နဲ့ ပွင့်နေပါတယ်။ ဘယ်လိုပြောင်းရမလဲ။
ဖြေ … ဒါက Default program ရွေးထားတာနဲ့ ဆိုင်ပါတယ်။ windows system ကနေ ပြောင်းမယ် ဆိုရင်တော့ restart ပေးပြီးမှ ပြောင်းပါတယ်။ မိမိပြောင်းချင်တဲ့ program ကနေပဲ ပြောင်းပေးလိုက်တာ အကောင်းဆုံးပါပဲ။ ဥပမာ – firefox ကို Default သုံးချင်တာဆိုရင် firefox ရဲ့ menu မှာ Tools – Options ကိုနှိပ်။ ပေါ်လာတဲ့ Options box ရဲ့ Advanced tab မှာ Always check to see if Firefox is the default browser on startup ကို check ပေးပြီး Check Now ခလုပ်ကို နှိပ်။ OK ပေးလိုက်ရင် firefox က Default browser ဖြစ်သွားပါပြီ။ IE ကို Default ပေးချင်တာဆိုရင် IE ရဲ့ menu မှာ Tools – Internet Options ကိုနှိပ်ပြီး Programs tab မှာ Make default ခလုပ်ကို click ပါ။ Default browser ဟုတ်မဟုတ် သတိပေးစေလိုရင် Tell me if Internet Explorer is not the default web browser ဆိုတာကို check ပေးထားလိုက်ပါ။ အခြားသော browser များကိုလည်း Default ဖြစ်စေလိုရင် ဒီနည်းလမ်းအတိုင်းပဲ လုပ်ပါ။ (browser အများစုက IE နဲ့ မတူရင် Firefox နဲ့ တူလိမ့်မယ်)


7. Wrong Windows starts – Windows 7, Vista, XP
မေး … ကျနော်က windows နှစ်ခုတင်ထားပါတယ်။ Windows 7 နဲ့ Vista ပါ။ ပုံမှန်တိုင်း တက်လာမယ့် Windows ကို Windows 7 ဖြစ်စေချင်ပါတယ်။ Windows 7 ကို Default ဖြစ်အောင် ဘယ်လိုလုပ်ရမလဲ။
ဖြေ … ဘယ် windows တွေပဲ တင်ထားတင်ထား windows တစ်ခုထက် ပိုတာနဲ့ boot မှာ OS menu ပေါ်ပါ တယ်။ မိမိသုံးချင်တဲ့ windows ကို arrow နဲ့ ရွေးချယ်ပြီး သုံးနိုင်ပါတယ်။ နောက်ဆုံးသုံးခဲ့တဲ့ windows က အပေါ်ဆုံးက (Default အဖြစ်) ရှိနေမှာပါ။ waiting time ကို 30 sec (Default time) စောင့်ပါတယ်။ အဲဒီ စက္ကန့်သုံးဆယ်အတွင်း မိမိက ဘာမှ ထပ်မရွေးခဲ့ရင် အပေါ်ဆုံးက Default windows ကိုပဲ boot ယူပြီး တက်သွားမှာပါ။ အခုမေးခွန်းအတွက်ပဲ ပြောရရင် windows 7 ကို ရွေးပေးလိုက်ပါ။ Computer ကို Right-Click လုပ်ပြီး Properties နှိပ်လို့ပဲ ဖြစ်ဖြစ်၊ Win+Break key ကို နှိပ်လို့ပဲဖြစ်ဖြစ် system properties ကို ဖွင့်ပါ။ ဘယ်ဘက်က Advanced system settings ကိုနှိပ်ပါ။ ပေါ်လာတဲ့ Advanced tab မှာ Start and Recovery ရဲ့ Settings ကိုနှိပ်ပါ။ Default Operating system မှာ Windows 7 ကို ရွေးပေးလိုက်ပါ။ Time to display list of OS ဆိုတဲ့ box မှာ boot waiting time ကို မိမိထားချင်သလောက် ပြောင်းထားလိုက်ပါ။ (Default time က 30 sec ဖြစ်ပြီး 0 sec ထိ လျှော့နိုင်ပါတယ်)


8. Disk space missing – Windows 7, Vista, XP
မေး … hard disk ရဲ့ C:\ က သိမ်းထားတာ သုံးထားတာ အဲလောက်မများပဲ ပြည့်လုနီးပါးဖြစ်နေပြီ။ သုံးထားတဲ့ disk space ဘာလို့ ပိုများသွားတာလဲ။
ဖြေ … windows က သိပ်ပြီး မလိုအပ်တဲ့ ဖိုင်တွေကိုလည်း copy သိမ်းထားလေ့ရှိတယ်။ ဥပမာ – temporary လိုမျိုးပေါ့။ အဲဒါတွေဖျတ်ဖို့အတွက် (my) Computer ရဲ့ C:\ ကို right-click လုပ်ပြီး properties ကိုနှိပ်၊ ပေါ်လာတဲ့ general tab မှာ Disk cleanup ဆိုတာကိုနှိပ်ပြီး သူ့ရဲ့ wizard အတိုင်းဆက်သွားပြီး delete လုပ်ပေးလိုက်ပါ။ ၀င်းဒိုးကို သုံးတာ ကြာရင် ကြာသလောက် Copy ယူထားတဲ့ space ပိုများမှာပါ။


9. Too many fonts – Windows 7, Vista, XP
မေး … ၀င်းဒိုးမှာ ဖောင့်တွေအရမ်းများနေပါတယ်။ လိုအပ်တဲ့ဖောင့်တွေ ရှိသလို မလိုအပ်တဲ့ဖောင့်တွေလည်း ပါပါတယ်။ မလိုတာတွေ သိနိုင်ဖို့ ဖောင့်တွေကို ဘယ်လိုကြည့်မလဲ။
ဖြေ … www.computeractive.co.uk/2142304 ကိုသွားပြီး Cfont Pro ကို Download လုပ်ပါ။ Cfont Pro ရဲ့ ဘယ်လောက်ခြမ်းမှာ တင်ထားသမျှဖောင့်နာမည်တွေ ပေါ်ပါတယ်။ နာမည်ပေါ်နှိပ်လိုက်ရင် ဖောင့်ရဲ့ properties, Sample အကုန်ပေါ်ပါတယ်။ uninstall လုပ်နှိင်သလို၊ လိုအပ်ရင်ပြန်သုံးနှိင်အောင် backup လည်း လုပ်ထားလို့ရပါတယ်။ (C:\windows\font ကို ဖွင့်ပြီး ဖောင့်တွေပေါ် Double-Click နှိပ်ရင်လည်း properties နဲ့ sample ကို မြင်ရမှာပါ။ windows 7 မှာ medium icon အနေနဲ့ view ထားထားပေးရင် icon မှာကို font sample ပြနိုင်ပါတယ်။ Cfont Pro နဲ့ဆိုတော့ ပိုပြီး ပြည့်စုံလွယ်ကူတာပေါ့)


10. Vitural Drives – Windows 7, Vista, XP
မေး … Game တွေ၊ Learning CD တွေကို သုံးတဲ့အခါမှာ CD drive ကို စက်ထဲ ထည့်ပေးထားမှ အဆင်ပြေပါတယ်။ ခွေမပါပဲ သုံးနှိင်အောင် ဘယ်လိုလုပ်ရမလဲ။
ဖြေ … Vitural CD software ကို သုံးလို့ရပါတယ်။ MagicDisc Software ကို သုံးဖို့ အကြံပေးပါရစေ။ ဒီ software ကို Install လုပ်လိုက်ရင် DVD Drive အတုတစ်ခုရလာပါတယ်။ (တစ်ခုမက ဖြစ်စေချင်ရင်လည်းရပါတယ်)။ drive ကလည်း အတုဖြစ်လို့ ခွေကလည်း အတုပဲ ထည့်ပေးရပါမယ်။ သုံးမည့် CD ကို iso software တစ်ခုသုံးပြီး iso image အဖြစ် ဖန်တီးလိုက်ပါ။ ပြီးနောက် MagicDisc ရဲ့ tray icon မှာ right-click နှိပ်ကာ၊ mount ဆိုပြီး လုပ်ထားတဲ့ iso ဖိုင်ကို ရွေးပေးလိုက်ရင် drive ထဲ CD ထည့်ထားသကဲ့သို့ ဖြစ်သွားပါပြီ။ (လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာထဲကနေ အခုထိ ဒီနည်းကိုပဲ သုံးနေကြတုန်းပါ)


11. Moving My Documents - Windows 7, Vista, XP
မေး … ကျနော် hard disk အဟောင်းမှာ free space မရှိတော့တဲ့အတွက် HDD အသစ်တစ်လုံးထပ် တပ်လိုပါတယ်။ My Documents ဖိုဒါကို အသစ်ဆီ ရွှေ့လို့ရမလား သိချင်ပါတယ်။
ဖြေ … ရပါတယ်။ XP နဲ့ Vista မှာဆိုရင် Start ကို နှိပ်၊ (My) Documents မှာ right-click ထောက်ပြီး Properties နှိပ်။ Location ဆိုတဲ့ tab မှာ လက်ရှိသိမ်းထားတဲ့ နေရာပြနေပါလိမ့်မယ်။ Move ဆိုတဲ့ ခလုပ်ကိုနှိပ်ပြီး ပြောင်းလိုတဲ့ နေရာကို ရွေးချယ်ပေးလိုက်ပါ။ Windows 7 မှာ ဆိုရင် Start – Documents ကို ဖွင့်ပါ။ ဘယ်ဘက် sidebar ရဲ့ Libraries အောက်မှာ Documents ကို ပြနေပါလိမ့်မယ်။ Documents မှာ right-click လုပ်ပြီး၊ Expand ကိုနှိပ်လိုက်ရင် My Documents ဆိုပြီး ထွက်လာပါမယ်။ My Documents ရဲ့ properties ကိုနှိပ်ပြီး XP နဲ့ Vista တုန်းကအတိုင်း ဆက်လုပ်သွားရုံပါပဲ။
http://youth-it-technican.blogspot.com/
http://kolinthalarwaddythar.blogspot.com/  

Format Factory Software ဖြင့် သီချင်းချုံ့ ခြင်း

Format Factory Software ဖြင့် သီချင်းချုံ့ ခြင်း



ဒီနေ့ တော့ Flash Song တစ်ပုဒ် ဖန်တီးတော့မယ်ဆိုရင် လိုအပ်တဲ့ Software တစ်ခုကို သူငယ်ချင်းတို့ ကို မျှဝေချင်ပါတယ်...

နောက်ပိုင်းမှာ Flash Song တစ်ပုဒ်ဖန်တီးပုံကို ရေးသားပေးသွားပါမယ်...

သီချင်းတစ်ပုဒ်ကို Flash Software ထဲ ထည့်သွင်းရာမှာ သီချင်း MP3 ကို ချုံ့ ပေးရတယ်ဆိုတာ အားလုံးသိပြီး ဖြစ်မှာပါ...

သီချင်းချုံ့ တဲ့ Software လည်း သူငယ်ချင်းတို့ ဆီမှာ ရှိကြမှာပါ...

လွမ်းအသုံးပြုတဲ့ သီချင်းချုံ့ တဲ့ Software ကတော့ Format Factory ပါ...

ဒီ Format Factory က လွမ်းကို လာမေးနေကြတဲ့ Audio, Video Format မျိုးစုံကို ပြောင်းပေးနိုင်တဲ့ Software လေး တစ်ခုပါ...

သူငယ်ချင်းတို့ အတွက် သီချင်းတစ်ပုဒ်ကို ချုံ့ ပုံကို အဆင့်ဆင့် ရှင်းပြသွားပါမယ်...


















အဆင့်ဆင့်ပြုလုပ်ပြီးသွားပြီဆိုရင်တော့ 3.17M ရှိတဲ့ သီချင်းဟာ 1.634M ပဲ ရှိတော့တာကို တွေ့ ရမှာပါ...

မိမိပြောင်းလိုသော Format ပုံစံမျိုးစုံကိုလည်း ပြောင်းလို့ ရတာကို မြင်တွေ့ နိုင်ပါတယ်...

Format Factory ကို Download လုပ်မယ်ဆိုရင် ဒီနေရာမှာ ကလစ်ပြုလုပ်ပါ...

သူငယ်ချင်းများအားလုံး အဆင်ပြေကြပါစေ...




လွမ်းဧကရီ
၁၀-၀၇-၂၀၁၂
ည ၈း၂၅ နာရီတွင် ရေးပြီးပါသည်။

PowerDirector - videos

PowerDirector တည်းဖြတ်တဲ့အခါ Effects ပုံအရှင်လေးဟာလည်းအရေးကြီးပါတယ်။ဒါကြောင့် လှပတဲ့ Image Effects လေးတွေ ဒေါင်းလို့ရတဲ့ လင့်လေးကို မသိ့သေးသူများအတွက် တင်ပေးလိုက်ပါတယ်။ လိုချင်တယ်ဆိုရင်တော့ ဒီလင့်လေးကို http://directorzone.cyberlink.com/index.doနှိပ်ပြီး ယူသွားလိုက်ပါ ...
မရရင်တော့ မှတ်ချက်ပေးခဲ့ပါ..အခု ၁ နာရီ ထိုးနေပြီမို့ မနက်အလုပ်တွက် နားလည်ပေးပါ ။
အဆင်ပြေပါစေ....

Haunted Hotel 4: Charles Dexter Ward Collector's Edition (Final)

    
Track down your missing twin in Haunted Hotel: Charles Dexter Ward. The only trace of your missing twin is the necklace he never took off…and a swampland address. Follow the clues to an abandoned hotel and unravel a mystery of necromancy and more in this eerie hidden-object puzzle adventure classic!
 This is a special Collector's Edition release full of exclusive extras you won’t find in the standard version.
 The Collector’s Edition includes:
Bonus Gameplay
Integrated Strategy Guide
Concept Art
    
       
  
   ဆော့လို့ကောင်းမဲ့ဂိမ်းလေးတစ်ခုလို့ထင်ပါတယ်....အသစ်လေးတွေ့လို့တင်ပေးလိုက်တာပါ..လင့်တွေကတော့
မူးရင်လင့်တွေပါ....ဒေါင်းလို့ချလို့အဆင်မပြေရင်တော့..ပြောပေါ့နော်...ကျွန်တော်ပြန်တင်ပေးပါတယ်...
ကဲဗျာလိုချင်တဲ့သူများယူသွားလိုက်ပါဗျာ.....အဆင်ပြေကြပါစေဗျာ..........
                                                                                                   (မင်းထက်)

Post internet speed & web browsers တွေကိုမြန်ဆန်စေသော softwaretitle

ဒါကလေကတောရထားတာတောကြာနေပါပြီ သူငယ်ချင်းတစ်ယောက်ပေးလိုက်တာပါ အင်တာနက်  speed  ကိုမြန်ဆန်စေရုံသာမက  web browsers တွေကိုပါ  ပိုမိုမြန်ဆန်လာစေမှာပါ  စမ်းသပ်ပြီတောသုံးကြည်လိုက်ပါ  ဘလော့ရေးရင်အရှည်ကြီရေးတာ ဝါသနာမပါလိုပါနော် အောက်မှာယူလိုက်ပါ   ........

   ဒေါင်းရန်      

အဆင်ပြေကြပါစေ 

Facebook က စာတွေကို ကာလာလေးထည့်ပြီးရေးနည်း

1. ဖေ့ဘုတ်ကို ၀င်လိုက်ပါ
2.update status link ကိုသွားပါ အောက်ကပေးထားတဲ့ကုဒ်ကို ထည့်ပေးပါ

@@[0:[152953814735712:0: YOUR TEXT HERE ]]

YOUR TEXT HERE ဒီစာသားနေရာမှာ ရေးချင်တာရေးပါ

 How to Post Status Updates in Blue Color on Facebook
3. ပြီးရင် Post ကိုနှိပ်တင်လိုက်ပါ ရပါပြီ            ....................အဆင်ပြေကြပါစေဗျာ............

Facebook Shortcuts

ကျွန်တော်ဒီနေ့ Facebook သုံးနေတဲ့ သူငယ်ချင်းများအတွက် Shortcut လေးတွေ တင်ပြပေးချင်ပါတယ်။ သိပြီးသား သူငယ်ချင်းများ အတွက်တော့ မရည်ရွယ်ပါဘူး။ Mouse သုံးရမယ့်နေရာ တစ်ခါတစ်လေ Keyboard shortcut လေးတွေနဲ့ မိမိလုပ်ချင်တာတွေ လုပ်ချင်တဲ့ သူငယ်ချင်းများ အတွက်တော့ အဆင်ပြေစေမှာပါ။

• ALT + 0 – Help Center
• ALT + 1 – Your Homepage Facebook
• ALT + 2 – Your Profile
• ALT + 3 – Recent Friendship Requests
• ALT + 4 – Recent Messages
• ALT + 5 – Latest Notifications
• ALT + 6 – Your Account Settings
• ALT + 7 – Privacy
• ALT + 8 – Official Fan Page
• ALT + 9 – Facebook Terms/ Agreements
• ALT + m_ Compose a new Message
• ALT +? _ Search Box

တစ်ခုရှိတာက အသုံးပြူနေတဲ့ Browser ပေါ်မူတည်ပြီး နှိပ်ရမယ့် Key လေးတွေ နည်းနည်း ကွဲပါတယ်။Firefox မှာဆိုရင် Shift+Alt+0 လို့ Shift လေးခံပြီး ရိုက်ပေးရမှာ ဖြစ်ပါတယ်။Google Chrome မှာဆိုရင် Alt+0 လို့ရိုက်ပေး လိုက်ရုံပါပဲ။Internet Explorer မှာဆိုရင်တောAlt+0 လို့နှိပ်ပြီး Enter နှိပ်ပေးလိုက်ရုံပါပဲ။

Kaspersky Antivirus 2012

          
       Kaspersky Antivirus 2012  နောက်ဆုံထွက် Version လေးပါ....KAV 2011 လိုမျို KEY က Block မဖြစ်ပါဘူး။..အားမခံပါတယ်....ကီးဖိုင်းတွေကိုလဲ update ဖြစ်အောင်တင်ပေးထးပါတယ်...
အောက်ကလင့်လေးမှာယူလိုက်ပါနော်...အားလုံးပဲအဆင်ပြေကြပါစေ......
 
Kaspersky Anitvirus 2012
 ဒါလေးကတော့ Key ကီးလေးတွေပေါ့။
Key

ဒါလေးကတော့သက်တမ်းကုန်ရင်တိုးဖို့အတွက် key လေးပါ။
Key
ဒါလေးကိုမနှိပ့်ခင် Kaspersky ကိုပိတ်ထားပေးပါနော်။

Key ထည့်သွင်းပုံအဆင့်ဆင့်ကိုရှင်းပြပေးလိုက်ပါတယ်။







  မှတ်ချက်။ ။MMITD မှပြန်လည်မျှဝေပေးခြင်းဖြစ်ပါသည်။