Right click သာပိတ်ထားတာပါ ကော်ပီကူးတာကို ပိတ်တာမဟုတ်

Right click သာပိတ်ထားတာပါ ကော်ပီကူးတာကို ပိတ်တာမဟုတ်
ဒီခေါင်းစဉ်နဲ့ပိုစ့်တစ်ခု တင်တာ ကျွန်တော့်ဆိုဒ်မှာ တင်ထားတာတွေကို စိတ်ကြိုက်ရှယ်ယာလုပ်ခွင့်ပေးထားတာပါ ဘယ်သူမဆို နှစ်သက်ရင် ကူးယူဖော်ပြနိုင်ပါတယ် ဒီသဘောကိုရေးထားပြီး Right click ပိတ်ထားတော့ ဘယ်လိုကူးရမလဲ ဆိုပြီးမေးလ်တွေ ကော့မက်တွေ တော်တော်များများရောက်လာပါတယ် ဒီအတွက် နားလည်မှုနဲနဲလွဲပြီး ကော့မက် ကြမ်းကြမ်းတွေလဲ ရောက်ပါတယ် စိတ်မကောင်းပါဘူး ညာကလစ်နှိပ်မရအောင်ပိတ်တာလဲ အကြောင်းရှိပါတယ် ဒီလိုပါ ကျွန်တော် ကုဒ်တစ်ခုရေး ရမရ စမ်းကြည့်ထားတာပါ ဒီလိုဖြစ်တော့ရတယ်ဆို ကျွန်တော်စမ်းသပ်တဲ့ ကုဒ်အောင်မြင်တယ်ဆိုရမှာပေါ့လေ ကျွန်တော့်အနေနဲ့ ကော်ပီလုပ်ရှယ်တာကို ပိတ်ထားတာမျိုးမဟုတ်ပါဘူး Right click သာပိတ်ထားတာပါ
ကော်ပီလုပ်မယ်ဆိုရင် လုပ်လို့ရနေပါတယ် ဘယ်အချိန်လုပ်လုပ်လုပ်ခွင့် ရှိပါတယ် ကျွန်တော် ကော်ပီယူတာကို ပိတ်တာ မဟုတ်ပါဘူး တမင်တကာကိုလဲ ကုဒ်ရေးတဲ့နေရာမှာ ထည့်မရေးပါဘူး ကျွန်တော့်ဆိုဒ်က ပိုစ့်တွေကို ရှယ်ပေးနေသူတွေ ကူးယူရှယ်ရှာ လုပ်ခွင့်မရမှာ စိုးလို့ပါ ပိုစ့်တွေကို ရှယ်ယာလုပ်မယ်ဆိုရင် ကိုယ်လိုချင်တဲ့ ပိုစ့်ကို စလက်မှတ်ပြီး Ctrl+C နဲ့ ကူးယူလို့ရပါတယ်ခင်ဗျ ပိတ်မထားပါဘူး ကီးဘုတ်ကနေ လုပ်စေချင်တာလဲ ပါပါတယ် အလေ့အကျင့်လေးကနေ အလေ့အထလေးဖြစ်သွားရင် pro ဆန်ဆန်လေး ဖြစ်သွားတာပေါ့ ပိုမိုမြန်ဆန်ပါတယ် ဒီနည်းက ညာကလစ်နှိပ် ကော်ပီရွေးဆိုတာ နှစ်ဆင့်လုပ်နေရတာ Ctrl+C  ကိုနှိပ်ရင်တစ်ချက်တည်းပြီးတယ်လေ စေတနာ သက်သက်ပါ နားလည်မှုလွဲတာကတော့ ဘလော့ဂါနဲ့ စာဖတ်သူကြား ဖြစ်လေ့ဖြစ်ထ ရှိတတ်တာမို့ စိတ်ထဲ ဘယ်လိုမှ မဖြစ်ပါဘူး အပေါ်က စိတ်မကောင်းဖြစ်ရပါတယ် လို့ဆိုတာကလဲ တကယ်တမ်းပြောရရင် ဂရုဏာဖြစ်တယ်တယ် လို့ပြောရင် ပိုမှန်ပါမယ် အကြောင်းကဗျာ မေးလ်တွေကော့မက်တွေ ပို့လာသူတော်တော်များများက Ctrl+C နဲ့လုပ်ယူရင်ရတယ်ဆိုတာကို မသိသေးတာကို စိတ်မကောင်းဖြစ်မိတာပါ ကျွန်တော့်ဘလော့မိတ်ဆွေများ တိုးတက်စေချင်လွန်းတာကိုက ကျွန်တော့အမှားဖြစ်သွားတယ်ဆိုရပါမယ် ကျွန်တော် ဆိုဒ်မှာ တစ်ခုခုလုပ်တော့မယ်ဆိုတိုင်း စာဖတ်သူ ဘလော့မိတ်ဆွေများ အဆင်ပြေနိုင်မပြေ နိုင် ဆိုတာကို အရင်တွေးကြည့်ပါတယ်  ဘလော့မိတ်ဆွေများ သိနိုင်ကောင်းပါရဲ့ဆိုတဲ့ အတွေးဝင်ရင် လုပ်လိုက်တာပါပဲ အခု ကျွန်တော်လုပ်လိုက်တဲ့ လုပ်ရပ်ကြောင့် နည်းပညာ ပိုင်းဆိုင်ရာ အားနဲတဲ့ ဘလော့မိတ်ဆွေ ညီအစ်ကိုမောင်နှမတွေကို သိလိုက်ရသလိုပဲ ဒီ ညီအစ်ကိုမောင်နှမတွေ ဒီပိုစ့်ကို ဖတ်နေချိန်မှာ သူတို့ မသိသေးတဲ့ တစ်ခုကို ရလိုက်တယ်ဆိုရင် ပျော်စရာကောင်းတဲ့ အဖြစ်ပေါ့ဗျာ အားလုံးကိုလဲ ဒီပိုစ့် အတွက် တောင်းပန်ပါတယ် ဒါလေးကိုများ ပိုစ့်တစ်ခုတင်စရာလားဆိုပြီး အပြစ်မမြင်ဖို့ပေါ့ တောင်းပန်ရတာကလဲ ဒီပိုစ့်ကနည်းပညာလောကအတွက်ဆို တော်တော် ကလေးကလားနိုင်နေလို့ပါ ကလေးဆန်နေတယ်ပြောရမယ် ဟီး ဒီမှာ မသိသေးတဲ့ ညီအစ်ကိုမောင်နှမတွေ ရှိသေးတာကို နားလည်ပေးပြီး ဒီပိုစ့်တင်လိုက်တာကို ခွင့်လွတ်ပေးနိုင်ကြပါလိမ့်မယ်လို့မျှော်လင့်လျှက် 
ဘလော့မိတ်ဆွေ အားလုံးကိုချစ်ခင်လေးစားလျှက် 
အာကာဖြိုးဆိုက်ကကူးယူထားသည်....

No comments: