BlueScreen Error ကို ဖြေရှင်းနည်း

ကျွန်တော် Windows မှာ လုပ်လို့ရတဲ့ နည်းတွေကို တက်နိုင်သမျှ တစ်နေ့
တစ်ခုနူန်းလောက်နဲ့ ရေးနေပါတယ်။ တစ်နေ့ကို ဘာလို့ တစ်ခုဘဲ ရေးနေတာလဲလို့
မေးစရာရှိပါတယ်။ အကြောင်းက တစ်နေ့နည်းနည်းချင် စာဖတ်သူကို ရိုက်ထည့်ချင်တဲ့
သဘောပါ။ မသိတဲ့ သူငယ်ချင်းကို ပြောတာပါ။ သိတဲ့သူကိုတော့ မပြောလိုပါဘူး။
အခုတင်ပြမှာကတော့ ကျွန်တော် သူငယ်ချင်းမှာ ဖြစ်ခဲ့တဲ့ ပြဿနာကို ပြန်လည်
ဝေငှာမှာဖြစ်ပါတယ်။ ဘယ်လိုဖြစ်တာလဲဆိုတော့ အောက်မှာ ကျွန်တော် တင်ပြထားတဲ့
ပုံပါအတိုင်း ကွန်ပျူတာ သုံးနေရင်နဲ့ တက်လာပါတယ်။ ဒါပေးမဲ့ Computer ကို
ခဏပိတ်ပြီး ပြန်ဖွင့်ရင်တော့ အကောင်းဘဲ။ နောက်တစ်ရက် နှစ်ရက်နေရင်လည် ဘာမှ
မဖြစ်ပြန်ဘူး။ နောက်ပြန်ဖြစ်ပြန်ရော။ ဒါနဲ့ ဘာများဖြစ်တာလဲပေါ့။ BIOS
Memory များ ဖြစ်သလားပေါ့။ ဒါဆိုရင်တော့ Motherboard တော့ လဲဖို့
နီလာပြီပေါ့။ Battery များ အားနည်းသလားပေါ့။ ဟိုစဉ်းစား ဟိုလုပ်ဒီလုပ်နဲ့
အဆင်မပြေဘူး။ ဒါနဲ့ ကွန်ပျူတာကို နားနားသုံးဖို့ အကြံပေးပြီး နေလိုက်ပါတယ်။
ဒါပေမဲ့ စိတ်က မရဘူး။ အဲဒါနဲ့ Google မှာ အပျင်းပြေ လမ်းလျောက်လိုက်တာ
အဆင်ပြေမည့် နည်းလေး သွားတွေ့တယ်။ Blue Screen Error ကို ဖြေရှင်းဖို့
အတွက် အောက်က Software ကို လမ်းညွှန်တယ်။ ဒါနဲ့ စမ်းသပ်ကြည့်တယ်။ အခုတော့
အဆင်ပြေသလို ခံစားရတယ်။ ဒါကြောင့် ကျွန်တော်သူငယ်ချင်းလို ကျွန်တော်
သူငယ်ချင်းများ ဖြစ်ခဲ့ရင် ကျွန်တော်လို ခေါင်းမစားရအောင်
အလွယ်သုံးဆောင်နိုင်ဖို့ ဝေငှာပေးလိုက်ပါတယ်။





1.
ကို Download အရင် ချလိုက်ပါ။
http://www.mediafire.com/?gumnjzhmzmd
2.ပြီရင် Blue Screen Icon ပေါ်မှာ Right click
ထောက်ပြီ Install ကိုနိုပ်လိုက်ပါ.။ ကျွန်တော်တို့ အထပ်မှာ ပြထားတဲ့
ပုံပါအတိုင်း ဖြစ်သွားပါမည်။ စိတ်မပှုပါနဲ့ ခဏ စောင့်ပါ။ Windows Logo
တက်လိုက် အပေါ်က Error ပုံစံတက်လိုက် ဖြစ်နေပါမည်။ Keyboard က Key တစ်ခုခု
နိုပ်လိုက်ပါ။ ပုံမှန်ပြန်ဖြစ်သွားပါမည်။
3.ပြီရင် Blue Screen Icon
ပေါ်မှာ Right click ထောက်ပြီ Configure ကို click လိုက်ပါ။





4.ပြီရင်
fake disk activity ကို အမှန်ခြစ်ပေးပြီး OK ပေးလိုက်ပါ။ ဒါဆို
ပြီးသွားပါပြီ။ ကျွန်တော်သူငယ်ချင်းလို အထပ်ပါ Error မျိုး ကြုံခဲ့ရင်
အလွယ်ဖြေရှင်းနိုင်အောင် ဝေငှာပေးခြင်းဖြစ်ပါတယ်။

 





Blue Screen Error ဖြေရှင်းနည်း (၂)

ဒီနည်းကတော့ Blue screen ဖြေရှင်းနည်းတွေထဲက နောက်တစ်နည်း ဖြစ်ပါတယ်။ Blue screen တက်တက်လာလို့ စိတ်ညစ်နေတဲ့ သူငယ်ချင်းများအတွက် အထောက်အကူ ဖြစ်မယ်ထင်လို့ပါ။ Window XP, Vista & 7 တွေအတွက် အကုန်အသုံးပြုလို့ ရနိုင်ပါတယ်။ လက်တွေ့စမ်းသပ်ကြည့်ပြီးလို့ အဆင်ပြေသွားလို့ ဝေမျှလိုက်ပါတယ်။ အဆင်မပြေတာများ ရှိခဲ့ရင်တော့ ကျတော့်ရဲ့ အားနည်းချက်ပဲ ဖြစ်ပါလိမ့်မယ်။ အခု ကျတော်က Windows Vista နဲ့ လုပ်နည်းလေး တင်ပြပေးပါ့မယ်။ အောက်မှာ ဆက်လေ့လာကြည့်လိုက်ပါ။

လုပ်နည်း
1. Start menu >> Computer ကို Right Click ထောက်ပီး Properties ကို ၀င်လိုက်ပါ။

2. ကျလာတဲ့ Box ရဲ့ ဘယ်ဘက်နားလေးက advanced system setting ကို ၀င်လိုက်ပါ။
3. System Properties >> Advanced ထဲမှ အနီဝိုင်းပြထားတဲ့ Setting ကို ၀င်လိုက်ပါ။
4. System and Recovery ထဲမှ အနီရောင် ၀ိုင်းပြထားတဲ့ အောက်မှာရှိတဲ့ Automatically restart ကို အမှန်ခြစ်လေး ဖြုတ်ပေးလိုက်ပါ။ (ပုံမှာကြည့်ပါ)။ ပီးရင် OK ပေးလိုက်ပါ။
ဒါဆိုရင်တော့ ပုံမှန်တက်လာနေကျ Bluescreen ဆိုတာကြီး မတက်လာတော့ပါဘူး။ အားလုံး အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်….:)။
 
                                                    အာကာဖြိုး(နည်းပညာ)

No comments: