အခုတင်ပြပေးမယ့်
Photoshop ဖြင့် ဒီဇိုင်းရေးဆွဲနည်းကတော့ Photoshop အခြေခံ တတ်ပြီး
သူများအတွက် ရည်ရွယ်ပြီး တင်ပြပေးခြင်းဖြစ်ပါတယ်။ လက်ရှိ Photoshop နဲ့
ဒီဇိုင်းရေးဆွဲ နေတဲ့သူတွေအတွက်တော့ မိမိရှုထောင့်ကကြည့်ပြီး
ဝေဖန်အကြံပြုပေးနိုင်ပါတယ်။
အလုပ်တွေမအားလပ်တဲ့ကြားက
တင်ပြပေးရတာပါ။ အလုပ်ရှုပ်တာကို ဂုဏ်ယူပြီး ပြောနေတာတော့ မဟုတ်ပါဘူး။
အပတ်စဉ် Photoshop ဖြင့် ဒီဇိုင်းရေးဆွဲနည်း(၁)နည်းတော့ ဖြစ်အောင်တင်ပေး
ချင်ပါတယ်။ ကိုယ်တတ်ထားတာလေးတွေကို မျှဝေပေးနေတဲ့အတွက် ချစ်သူမြို့တော် က
ချစ်သူငယ်ချင်းအပေါင်းတို့အတွက် အနည်းနှင့်အများ
အကျိုးရှိမယ်လို့ယုံကြည့်ပါတယ်။
သင်ခန်းစာလေးကိုတော့ ရေခဲတောင်ခြင်္သေ့ လို့ အမည်ပေးထားပါတယ်။
အလွယ်တကူ ဒေါင်းလုပ်ချပြီးလေ့ကျင့်နိုင်အောင် အောက်မှဖော်ပြထားတဲ့ ပုံလေး(၂)ပုံကို မိမိစက်ထဲ မှာ ကူးယူထားရင်အဆင်ပြေပါလိမ့်မယ်။
ပုံ(၁)

အဆင့်(၁)
ပုံ(၁)ခြင်္သေ့ပုံကို Adobe Photoshop နဲ့ဖွင့်လိုက်ပါ။

အဆင့်(၂)
မူလပုံကို လိုအပ်တဲ့နေရာမှာ ပြန်သုံးလို့ရအောင် ဒါမှမဟုတ် အစကနေ ပြန်လေ့ကျင့်လို့ရအောင် Image menu မှ Duplicate... ကိုရွေးပါ။

As: နောက်မှာ Lion လို့အမည်ပေးပြီး OK ကိုရွေးလိုက်ပါ။
အဆင့်(၃)
Image menu မှ Adjustments ထဲဝင်ပြီး Desaturate ကိုရွေးပါ။ အောက်ပါအတိုင်း ပုံလေး အရောင်ပြောင်းသွားပါလိမ့်မယ်။

အဆင့်(၄)
Image menu မှ Adjustments ထဲဝင်ပြီး Selective Color ကိုရွေးပါ။

အဆင့်(၅)
Colors: နောက်မှာ Neutrals ကိုရွေးချယ်ပြီး၊ Black ကို -55 ထားလိုက်ပါ။ OK ကို Click လိုက်ပါ။

အဆင့်(၆)
ပုံ(၂)ကိုဖွင့်လိုက်ပါ။ Ctrl + A ကို နှိပ်ပြီး Select All လုပ်ပါ။ Ctrl + C ကို နှိပ်ပြီး Copy လုပ်ပါ။

အဆင့်(၇)
ခြင်္သေ့ပုံကို Click လုပ်ပြီး အပေါ်တင်လိုက်ပါ။

Magic Wand Tool ကို ရွေးချယ်ပါ။ Tolerance ကို 30 ထားပါ။
ခြင်္သေ့အပေါ်က အဖြူကွက်ကို Click လုပ်ပါ။ Keyboard က Shift ကို နှိပ်ထားပြီး ခြင်္သေ့လက်ကြားက အဖြူကွက်ကို Click လုပ်ပါ။ အောက်မှာဖော်ပြထားတဲ့အတိုင်း Select ဖြစ်နေပါတယ်။

အဆင့်(၈)
Edit Menu က Paste Into ကိုရွေးချယ်ပါ။ အောက်ပါပုံအတိုင်း တွေ့မြင်ရပါမယ်။

အဆင့်(၉)
Tool Box က move tool ကို ရွေးချယ်ပြီး နောက်ခံ ပုံလေးကို အပေါ်ကို ဆွဲတင်လိုက်ပါ။

အဆင့်(၁၀)
Layers Palette က Background Layer ကို Click လုပ်ထားပါ။

အဆင့်(၁၁)
Image menu မှ Adjustments ထဲဝင်ပြီး Color Balance ကိုရွေးပါ။

အဆင့်(၁၂)
Color Levels: ကို -33 , 0 , +75 ထားပေးပြီး OK ကို Click လုပ်ပါ။

အောက်ပါပုံကိုရရှိမှာဖြစ်ပါတယ်။

အဆင့်(၁၃)
Image menu မှ Adjustments ထဲဝင်ပြီး Brightness/Contrast ကိုရွေးပါ။

အဆင့်(၁၄)
Brightness မှာ +11 ထားပြီး Contrast မှာ +23 ထားပြီး OK ကို Click လုပ်ပါ။

အောက်မှာ ဖော်ပြထားတဲ့အတိုင်း လိုအပ်တဲ့ ဒီဇိုင်းတစ်ခုကို ဖန်တီးရရှိသွားပြီဖြစ်ပါတယ်။

မိမိ နှစ်သက်တဲ့ File name ပေးပြီး Save လုပ်လို့ရပါပြီ။
ဝေဖန်အကြံပြုကြပါ။ လိုလိုလားလား လက်ခံပါတယ်။ Photoshop ဖြင့် ဒီဇိုင်းရေးဆွဲနည်း(၂) ကို ဆက်လက်ရေးသားတင်ပြပေးပါမယ်။
ဒီလိုသင်ခန်းစာမျိုးကို အခြားသူတစ်ယောက်ယောက်က အရင် ရေးသားတင်ပြထားတာရှိရင်လည်း ထောက်ပြကြပါ။ ကိုယ်တိုင် အပင်ပန်းခံပြီး အချိန်ယူရေးသားထားပေမယ့် ဒီသင်ခန်းစာကို ချက်ချင်း ဖျက်ပေးပါမယ်။

အားလုံးကိုခင်မင်လေးစားလျက်
ကိုရင်ကျော်
(၁၈-၁၁-၂၀၁၁)
ထိုလင့်တွင်အပြည့်အစုံဖတ်ပါ: http://www.shwemyotaw.com/profiles/blog/show?id=5442636%3ABlogPost%3A3210941&commentId=5442636%3AComment%3A4026177#ixzz1tOD99MLw
No comments:
Post a Comment