မင်္ဂလာပါ သယ်ရင်းလေးများတို့ရယ် အရမ်းမိုက်တယ်နော်
ကျွန်တော်တို့ လူငယ်တွေတော်တော်များများဆီမှာ။။
MP3 Player ၊ MP4 Player ၊ Memory Stick တွေ အသီးသီး ကိုင်ဆောင်ထားကြပါတယ်။
အဲဒါတွေ ကွန်ပျူတာနဲ့တွဲတဲ့အခါ My Computer မှာ Removalbe Disk လို့ပေါ်လာတယ်။
ဒါပေမဲ့ Icon ကြီးက မလှဘူး။ အဲဒီ Icon အစား ကျွန်တော်တို့ ကိုယ့်ဓာတ်ပုံလေးကို ထည့်ကြည့်ရအောင်။
အောက်မှာ ပြထားတဲ့ ပုံလေးလိုပေါ့။
လိုအပ်သော Software များ။။
1။ IconWorkshop။။
2။ Notepad။။
ပထမဆုံး မိမိပုံကို Icon အဖြစ်ပြောင်းလဲခြင်း
၁။ Iconworkshop ဆိုတဲ့ Program လေးကို အောက်ကလင့်လေးမှာ ဒေါင်းပါဗျာ
ဒေါင်းရန်
ကွန်ပျူတာမှာ Install လုပ်ပါ။ Program ကို ဖွင့်ပါ။
File>Open ကို နှိပ်ပါ။ ကိုယ့်ဓာတ်ပုံကို ရွေးပါ။ Open ကို နှိပ်ပါ။
ပုံပွင့်လာရင် Ctrl+A နှိပ်ပါ။ ပြီးရင် Keyboard ကနေ I ကို နှိပ်ပါ။
Extra Format Area မှာ 128*128 ကို အမှန်ခြစ်ပေးပါ။
ပြီးရင် OK နှိပ်ပါ။ File ကနေ Save ကို နှိပ်ပါ။
သိမ်းမယ့်နေရာကို ကိုယ့်ရဲ့ Memory Stick နေရာကို ရွေးပေးပါ (G: တို့ F: တို့ ဖြစ်ဖို့များပါတယ်)။
Subfolder ထဲမသိမ်းပါနဲ့။ File Name ပေးပါ
ပြီးလို့ရှိရင် Save ကို နှိပ်ပါ။ ဒါဆိုရင် ဓာတ်ပုံကနေ Icon ပြောင်းတဲ့ကိစီ က ပြီးသွားပြီခင်ဗျာ
နောက်တစ်ဆင့်အနေနဲ့ MP3 MP4 Memory Stick ထဲထည့်ကြည့်ရအောင်
1 Notepad ကို ဖွင့်ပါ။
2 [Autorun]
icon=xxx.ico လို့ရိုက်ပါ။ xxx တွင် အစောက ပြောင်းထားသော icon file name ကို အစားသွင်းရပါမည်။
3 File မှ Save ကိုနှိပ်ပါ။ သိမ်းမည့်နေရာကို Memory Stick ၏နေရာ ရွေးပေးပါ။ Subfolder ထဲ မသိမ်းပါနှင့်။
4 File name ကို autorun.inf လို့ ရိုက်ပြီး Save ကို နှိပ်ပါ။
ဒါဆိုပြီးသွားပါပြီ။ Memory Stick ကို ဖြုတ်ပါ။ Computer တွင် ပြန်တပ်ပါ။ My Computer ကိုဖွင့်ကြည့်လိုက်ပါဦး .......

No comments:
Post a Comment