Window မှာ မမြင်ရတဲ့ Floder တခုလုပ်ရအောင်

ဒါလေးက Hidden လုပ်ထားတာလုံးဝမဟုတ်ပါဘူးဗျာ။ ဘာ software မှ လဲမသုံးထားဘူးဗျာ။
သုံးစရာလဲမလိုဘူး။ ဖြစ်နိုင်ပါ့မလားလို့ မေးလို့ကတော့ ဖြစ်နိုင်ပါတယ်လို့ပဲပြောလိုက်တော့မယ်။
Windows ကြီးမှာပါတဲ့ Orginal အတိုင်းပဲလုပ်လို့ရတယ်ဗျာ။ ကဲလေတွေများနေအုံးမယ်
နဲနဲ လုပ်ကြည့်ရအောင်ဗျာ။ Windows ပေါ်မှာ  မမြင်ရတဲ့ Floder တခု ကို အလွယ်တကူစပြီး
တည်ဆောက်ကြည့်ရအောင်။ ဘာမှမမြင်ရတော့ သူများမမြင်စေချင်တဲ့ Data တွေကို အဲ့ဒီ Floder
ထဲထည့်ပြီးသိမ်းလိုက်ရင် အလွယ်တကူတွေ့မှာမဟုတ်တော့ဘူးပေါ့ဗျာ။ ဟဲ…ဟဲ


GUI Mode ပေါ်မှာ မမြင်ရတဲ့ Floder တစ်ခုကိုတည်ဆောက် လိုက်တာပါပဲ။
ကျနော်ပုံနဲ့တကွဖေါ်ပြပါမယ်။ အရင်ဆုံး Floder အသစ်တခုကို Windows မှာ ခေါ်လိုက်ဗျာ
 


 New Floder  ရဲ့နာမည်(မြှားပြထားတဲ့နေရာ)ကို  Special Character တခုပေးပါမယ်။ ဒီ Special Character
က Space ဘာလို မျိုး ဘာစလုံးမှမပါဘူး။ အာလုံးသိမှာပါ  အဲ့ဒီမှာ ဘာစလုံးမှမပါပဲ ဒီတိုင်းထားလို့မရဘူးဆိုတာလေ။ ဒီတော့ ကျနော်တို့ Special Character နဲ့ လူလည်ကျမယ်ဗျာ။

Character ရဲ့ Key-stroke က  Alt+0160(Alt0160) ပါ။ ကျနော်တို့ အရင်က မြန်မာစာရိုက်ရင် ပါဌ်ဆင့်စာလုံးတွေ ရိုက်သလိုမျိုးပါပဲ နာမည်ကို special Character ပေးပြီး တဲ့ အခါ Enter နှိပ်လိုက်ပါ။ဒါဆိုဘာနာမည်မှ မပါတဲ့ Floder တခုကို ရသွားပါပြီ။


 
အဲ့ဒီ Floder ရဲ့ Properties ထဲကိုဝင်ပါ။ Customize ဆိုတဲ့ Tab အောက်မှာ Change Icon ဆိုတာရှိပါလိမ့်မယ်။ Click လိုက်ပါ ကျလာတဲ့ Box ထဲမှာ Icon လေးတွေအများကြီးတွေ့ရမှာပါ။
ညာဘက်ကို နည်းနည်းချင်းသွားကြည့်လိုက်ပါ။ ဘာပုံမှ မပါတဲ့ Icon လေးတွေကို တွေ့ရပါလိမ့်မယ်။
(အောက် က ပုံထဲကအတိုင်းကြည့်လိုက်နော်) အဲ့ထဲက တခုကို ရွေးလိုက်ဗျာ။ ပြီးရင် OK OK နှိပ်ပြီးထွက်လိုက် ရင် ဘာစာမှမပါတဲ့ ဘာ Icon မှ မပါတဲ့ Floder တခုကို ရသွားပါလိမ့်မယ်။ ဘာမှ မမြင်လို့ ကိုယ့်ရဲ့ Floder ကို
 ရှိမှန်းတောင် သတိထားမိကြမှမဟုတ်ပါဘူး။ ကိုယ့်ဘာကိုယ်တော့မမေ့နဲ့ပေါ့ဗျာ။ ဟီး ဟီး.





ဒီ Invisible Floder တွေက ဒီအတိုင်းမမြင်ရအောင် ဘာမှမပါတဲ့ Icon နဲ့ ဘာမှ မပါတဲ့ နာမည်ကိုပေးလိုက်ရုံပဲ။
ကျန်တာတွေက တော့ တခြားသာမန် Floder တွေနဲ့ ဘာမှ မကွာပါဘူးဗျာ။
ကဲ ယုံပြီလား  ဘာSoftware မှ မလိုဘူးဆိုတာ…..
ကလိနိုင်ကြပါစေဗျာ……….

ခင်မင်စွာဖြင့်
ရဲဂျာ (MMCFamily)

No comments: