Window တက်တိုင်း restart ပြန်ကျတဲ့ virus သတ်နည်း

အခုတစ်လော Window တက်တိုင်း restart ပြန်ကျတဲ့ virus တွေ ထိပြီး တော်တော်များများ ဒုက္ခရောက်နေကြတယ်ဗျာ..
နေမင်း ကိုအကိုတစ်ယောက်လာမေးလို နေမင်းနေ လည်သလို ဖြေပေးလိုက်ပါတယ်...။
ဒါပေမဲ့ အချစ်နန်းတော် ဆိုဒ်မှာ သွားတွေသွားတယ်..ရေးထားတာလေး ပိုရှင်းလို ဖတ်သူနာလည်လိမ်မယ်ထင်လို့ ။
နေမင်း အဲဒါကိုဘဲ ကူးပြီ ပြန်တင်ပေးလိုက်ပါတယ်..။ ကျေးဇူတင်ပါတယ် နန်းတော်သခင်။
ကျွန်နော်တစ်ခါက ကျွန်နော့်ကွန်ပျူတာက window တက်ပြီးရင် restart ကျကျသွားလို့ ဘာများချို့ယွင်းတာလဲမသိဘူးဆိုပြီး window အသစ်ပြန်တင်လိုက်တယ် နောက်မှ virus ဆိုတာမှန်းသိတော့ တော်တော်တော့ခံပြင်းသွားတယ်ဗျာ ဘာမဟုတ်တဲ့ virus တစ်ကောင်ကလုပ်လို့ window တစ်ခုလုံး ပြန်တင်လိုက်ရတာဆိုတော့၊ အခု အဲ့ virus ကို သတ်တဲ့နည်းလေးတွေ့လို့ မသိသေးတဲ့သူငယ်ချင်းတွေကို ကျွန်နော့်လိုမဖြစ်ရအောင်လို့ဖော်ပြပေးလိုက်ပါတယ်။


ဒီ virus ကို အောက်ပါအဆင့်များအတိုင်း ဖယ်ရှားနိုင်ပါတယ်...


၁။
Window စတက်တာနဲ့ F8 ကိုနှိပ်ပြီး Window ကို SAFE MODE ဖြင့်တက်လိုက်ပါ။
၂။ X:WindowsSystem ( X ဆိုတာကတော့ C,D,E (သို့) F ကိုဆိုလိုတာပါ။)
၃။ Sysres.exe ဆိုတဲ့ နာမည်နဲ့ file ကို ရှာပြီး delete လုပ်လိုက်ပါ။
၎။ ပြီးရင် run ထဲမှာ regedit လို့ရိုက်ပြီး registry editor ထဲမှာ

HKEY_CURRENT_USERSoftwareMicrosoftWindowsCurrentRun

သို့သွားပါ။ပြီးရင် ညာဘက်က pane ထဲမှာ "sres" ဆိုတဲ့ နာမည်နဲ့ entry တစ်ခုကိုတွေ့ပါလိမ့်မယ်။ အဲဒီ entry ကို delete လုပ်လိုက်ပါ။ ဒါဆိုရင် ဒီ virus ကို ဖယ်ရှားခြင်း အောင်မြင်စွာ ပြီးဆုံးသွားပါပြီ။

ဒီ virus မကိုက်ခံရဘူးသေးတဲ့သူငယ်ချင်းများ စမ်းချင်ရင် email လိပ်စာသာပေးလိုက်ပါ ကျွန်နော်စမ်းရအောင်ပို့ပေးပါမယ်။



                                                                    နန်းတော်သခင်


မူရင်းလင့်။ http://achitnanntaw.grou.ps/talks/5329516

No comments: