မင်္ဂလာပါ သူငယ်ချင်း...။
ဒါတစ်ခါနေမင်းပြောချင်တာက Email တွေ များလို ၇ှပ်ရှက်ခက်နေတဲ့ သူများအတွက်ပေါ့ဗျာ..။
ကျွန်တော်တို့အတွက် Gmail ကထပ်ဖြည့်ပေးလိုက်တဲ့ လုပ်ဆောင်ချက်အသစ်လေးအကြောင်းပါ။
ကျွန်တော်တို့ရဲ့ Gmail ထဲမှာရှိတဲ့ ၀င်လာသမျှစာတွေကို ခေါင်းစဉ်လေးတွေနဲ့ ခွဲပြီးသိမ်းတာကို
ရေးခဲ့ပြီးပါပြီ။ အ၀င်စာတွေကို ရွှေ့ချင်တဲ့အခါ ရွှေ့ချင်တဲ့ စာရှေ့က လေးထောင့်ကွက်လေးကို အမှန်ခြစ်ပေးပြီး
Move to ကိုဖွင့်ပြီး ရွှေ့ခဲ့ရတာ။အရင်ကပါ။
အခုတော့ Gmail က ကျွန်တော်တို့အတွက် လုပ်ဆောင်ချက် အသစ်တစ်ခု ဖြည့်ပေးလိုက်ပါပြီ။
ကျွန်တော်တို့ နေရာရွှေ့ချင်တဲ့ အ၀င်စာ ရဲ့ရှေ့က ``အစက်လေးတွေနဲ့ပြထား´´ တဲ့နေရာမှာ
Cursor တင်လိုက်တာနဲ့ လက်ဝါးပုံလေး ပေါ်လာပါလိမ့်မယ်။ ဒါဆိုရင် ထားချင်တဲ့ ခေါင်းစဉ်အောက်
တွန်းရွှေ့လိုက်ရုံပါပဲခင်ဗျာ။
အရမ်းအဆင်ပြေတယ်ဗျ။ သူငယ်ချင်းတွေကို သုံးကြည့်စေချင်လို့ပါ။ ကျွန်တော်ရေးလိုက်တဲ့အထဲမှာ
မရှင်းလင်းတာများပါခဲ့ရင် ကျွန်တော့်အားနည်းချက်ပါ။လိုအပ်ရင်ပြန်မေးနိုင်ပါတယ်ခင်ဗျာ။
ကျွန်တော့်ထက်နောက်ကျမှ မာတီကိုရောက်လာပြီး လေ့လာဆဲ သူများအတွက် ရည်ရွယ်ပါတယ်။

No comments:
Post a Comment