laptop က desktop background က ပုံရိပ်တွေပျောက်ပျောက်သွားလို့ window ထပ်မတင်ဘဲ ဘယ်လိုလုပ်ရမလဲ

Posted: 17 May 2012 01:45 AM PDT
soeyarzaryarzar: ကျွန်တော့် laptop က desktop background က ပုံရိပ်တွေပျောက်ပျောက်သွားလို့ window ထပ်မတင်ဘဲ ဘယ်လိုလုပ်ရမလဲ ကူညီပေးပါဦးခင်ဗျာ..... အာကာဖြိုး။ 
အာကာဖြိုး။              ။ ဒီမေးခွန်းက နဲနဲတော့ ခွကျကျနိုင်ပါတယ် ဘယ်လိုဖြစ်နေတယ်ဆိုတာ ကျွန်တော်လဲ မမြင်ရတော့ ဖြေရတာ ခက်နေပါတယ် မေးထားတဲ့စာနဲနဲပေါ်မှာပဲ ထင်တာတွေကို ဒါဖြစ်နိုင်တယ်ဆိုပြီးဖြေရတာဆိုတော့ ခက်တယ်ပေါ့ဗျာ အကိုမေးသလို  desktop background က ပုံရိပ်တွေပျောက်ပျောက်သွား တယ်ဆိုတာ ဖြစ်လေ့ဖြစ်ထရှိတာကိုပဲ ဖြေပေးလိုက်ပါ့မယ် အကိုမေးတာနဲ့ တိုက်ရိုက်သက်ဆိုင်မှု ရှိမရှိတော့ မသိဘူးပေါ့ဗျာ ကျွန်တော်လဲ ရမ်းသမ်းဖြေရသလို ဖြစ်နေတာမို့ပါ
ဒီလိုဖြစ်ရတာ ယေဘုယျ ပြောရရင် အချက်နှစ်ချက်ကြောင့် ဖြစ်နိုင်ပါတယ်
(၁) ၀င်းဒိုး အက်တစ်မဖြစ်တာ(Genius) ဖြစ်မဖြစ် စစ်ကြည့်ပါ မဖြစ်ရင် အက်တစ်ဖြစ်အောင် ကိုယ့်စက်နဲ့ ကိုက်ညီတဲ့  Loader  တစ်ခုခုကိုဒေါင်းပြီး စက်မှာ လုပ်ပေးလိုက်ပါ
(၂) ဒီအချက်က ပြောရရင် ဘယ်ဝင်းဒိုးတင်ထားတယ်ဆိုတာ မပါတော့ အသုံးများတဲ့ window 7 အတွက် ဖြေပေးလိုက်ပါ့မယ်

Desktop နေရာလွတ်ပေါ်မှာ ညာကလစ် နှိပ်ပါ  personlized ကို နှိပ်ပါ background နေရာမှာ ပုံတစ်ခုခုကို ရွေးပေးပါ နောက် window color ထဲက Appearance index ဆိုတဲ့ Link လေးကိုနှိပ်ပေးပါ အဲဒီထဲက Desktop လို့ပြနေတဲ့နေရာမှာ မြှားလေးကိုနှိပ်ချပြီး Icon ဆိုတာကိုရွေးပေးပြီး Fonts နေ၇ာမှာ zawgyi-one ကိုရွေးပေး ပြီး Apply နောက် OK ပေးပါ ပြီးရင် Save Change ဆိုတာလေးကို နှိပ်ပေးပါ ဒီလောက်ဆိုရင် အဆင်ပြေသွားပါလိမ့်မယ်
ဒါပေမယ့်လို့ ၀င်းဒိုးက အက်တစ် မဖြစ်ရင်တော့ ခဏခဏ  ပြန်ပြန် ဖြစ်နေမှာပါ ဒီလိုဖြစ်၇တဲံ အကြောင်းအရင်းက ၀င်းဒိုး အက်တစ်မဖြစ်လို့ ဖြစ်ရတယ်ဆိုတာ အများဆုံး ပါ သေချာစစ်ပါ ၀င်းဒိုးပြန်တင်ဖို့ မလိုပါဘူး
မူရင်း။    ။  ဒီမှာ

No comments: