Teamviewer 7 သုံးပြီး တခြားစက်ထဲဝင်ကြည့် မယ်။


ဒီပိုစ်လေးကို ဒီမြန်မာချစ်သူဆိုဒ်မှာပဲ အကိုတစ်ယောက်တင်ထားတာ တွေ့ ပါတယ်။
တချို့ ကဘယ်လိုသုံးရသလဲဆိုတာ သိကြပေမဲ့ အချို့ မသိသေးသော ကျွန်တော်သူငယ်ချင်းများအတွက်
ကျွန်တော်ပုံများနှင့် တကွ ပြန်လည်တင်ပေးလိုက်ပါတယ် ခင်ဗျာ၊



ကဲပထမဆုံး ဆောဝဲလ်လေးကို အောက်မှာဒေါင်းပါ။



ဒေါင်းပြီးသွားရင်တော့  အင်စတော ကိုယ်ဘာသာဆက်လုပ်လိုက်ပါ ခင်ဗျာ
အင်စတောလုပ်ပြီးပြီဆိုရင် ဖွင့်လိုက်ပါဗျာ။
အောက်ကပုံလေးပေါ်လာပါမယ်။

အဲဒီမှာတွေ့ ရတဲံ့ Your ID_ အဲဒါက မိမိရဲ့ ID ဖြစ်ပါတယ်။
Password ဆိုတာကတော့  မိမိရဲ့ ပက်ဝေါ့ ပါပဲ
ကိုယ်စက်ကိုတခြားလူက၀င်ကြည်တဲ့ အခါ အဲဒီနှစ်ခု့သိမှသာ ၀င်ကြည်လို့ ရပါမည်။


ကျွန်တော်တခြားစက်တလုံးထဲကို စမ်းဝင်ပြပါမည် ခင်ဗျာ။
သြော်....တစ်ခု့ ဒီလိုမျိုးဝင်ကြည်ဖို့ နှစ်ဖက်စလုံးမှာ ဒီဆောဝဲလ်တော့ ရှိဖို့ လိုမယ်နော်။
ပထမဆုံးအပ်ါက Parter ID နေရာမှာမိမိဝင်ကြည်မဲ့ စက်ရဲ့ Your ID ဖြည်လိုက်ပါ။
ပြီးရင်တော့ Connect to partner ဆိုတာထပ်နှိပ်ပါ။ အဲမှာအောက်ကပုံလေးကိုကြည်ပါ။
အဲဒီက Password နေရာမှာ မိမိဝင်ကြည်မဲ့စက်ရဲ့ Password ထည်ပေးလိုက်ပါ။
ပြီးလျှင် Login ပေါ့ ။


ကဲဒါဆိုမိမိဝင်ကြည်မဲ့သူရဲစက်ထဲကို ကိုယ်ရောက်သွားပါပြီ။
အောက်က ပုံကိုကြည့်ပါ။


ဒါဆိုရင်မိတ်ဆွေဝင်ကြည်တဲ့စက်ထဲရောက်သွားပါပြီ၊
ဒါကျွန်တော် သူငယ်ချင်းတစ်ယောက်ရဲ့ စက်ထဲဝင်ရောက်နေတာပါ။
သူဘာလုပ်နေလဲ အခု့ ကြည်မလားအောက်ကပုံကိုကြည်ပါ၊

ပုံထဲမှာမြင်တဲ့ အတိုင်သူ ဂိမ်းကစားနေပါတယ် ခင်ဗျာ။
ကျွန်တော်တောင်လုပြီး ဘိလိယက်(ဂိမ်း) တစ်ချက်ထိုးလာခဲ့ သေးတယ်။
နောက်က Background က ကျွန်တော်ကွန်ပျုတာ Wallpaper ပါ၊



ကဲပြီးပါပြီခင်ဗျာ
အားလုံးကိုခင်မင်လျှက်

ရောင်နီလင်း

No comments: