TVU မှာ ကိုယ်ပိုင်ရုပ်သံလွင့်မယ်

         TVU Player အကြောင်းကိုတော့ ဒီပို့စ်လေးမှာ ကျွန်တော် ရေးသားခဲ့ပြီးပါပြီ။ ခုတင်ပြမယ့် အကြောင်းအရာကတော့ TVU Player မှာ ကိုယ်ပိုင် ရုပ်သံလိုင်းသစ်လွင့်တဲ့နည်းလေးပါ။
         ပထမဆုံးအဆင့်အနေနဲ့ ဒီမှာ အရင်ဆုံး Registerလုပ်လိုက်ပါ။ ပြီးရင်တော့  ဒီနေရာမှာ ကိုယ်ထုတ်လွင့်ချင်တဲ့ ရုပ်သံလိုင်းသစ်ကို ပြုလုပ်လိုက်ပါ။ ပြီင်္းရင်တော့ ကိုယ့်ရုပ်သံလွင့်နိုင်ဖို့အတွက် TVU Broadcaster လေးကို ဒီမှာ သွားပြီးဒေါင်းလိုက်ပါ။ ဖိုင်ဆိုဒ်လည်းသေးတာမို့ အဆင်ပြေပြေဒေါင်းနိုင်ကြလိမ့်မယ်လို့ မျော်လင့်ပါတယ်။
        ဒေါင်းပြီးသွားလို့ Install လုပ်ပြီးတဲ့အခါ သင့်ရဲ့ Web Browser မှာ အောက်က စာမျက်နှာမျိုးပေါ်လာပါလိမ့်မယ်။ ပေါ်လာပြီဆိုရင် သင့်ရဲ့ TVU အကောင့်ကို SIGN IN ဝင်လိုက်ပါ။
TVUBroadcast  
               ဝင်ပြီးရင်တော့ အပေါ်က ပုံလေးပေါ်လာပါလိမ့်မယ်။ ရုပ်သံလွင့်ဖို့ အတွက် Source ကိုသွားပါ။
TVUBroadcast 2
 
             ပြီးရင်တော့ ကိုယ် ထုတ်လွင့်ချင်တဲ့ ပုံစံကိုရွေးပြီး ထုတ်လွင့်ရမှာပါ။ Live Audio/Video မှာတော့ ကိုယ့်ရဲ့ Web Cam / Earphone  ကနေတိုက်ရိုက်ထုတ်လွင့်မှုပြုလုပ်နိုင်ပါတယ်။
             Stream မှာတော့ YOUTUBE က ဗီဒီယို ကုဒ်တွေကို ယူပြီး ထုတ်လွင့်နိုင်ပါတယ်
              File List မှာတော့ ကိုယ့်မှာရှိတဲ့ wmv ဗီဒီယိုဖိုင်တွေပဲဖြစ်ရမှာပါ။ ဒီလိုဖိုင်တွေကို အစီအစဉ်အတိုင်း upload လုပ်ပြီးလွင့်နိုင်ပါသေးတယ်။
              ဒီနေရာမှာ ကျွန်တော် တစ်ခုအကြံပေးလိုတာက ကိုယ်တင်မယ့် ဗီဒီယို ဖိုင်တွေမှာ ကိုယ့်ရုပ်သံလိုင်းနာမည်လေးတွေကို အပေါ်ထောင့်တစ်နေရာမှာ တပ်ပေးရင် ပိုပြီးရုပ်သံပီသ လိမ့်မယ်လို့ထင်ပါတယ်။ ဥပမာ -MRTV-4 ဆိုရင် MRTV-4 လို့တပ်ထားပြီး မြဝတီရုပ်သံမှာ MWD လို့တပ်ထားသလိုပေါ့။
            အားလုံးရုပ်သံလိုင်းကောင်းလေးတွေတင်ဆက်နိုင်ကြပါစေဗျာ . . .။
ကြယ်စင်ချစ်သူ
http://myonlinetechnology.blogspot.com

No comments: