
ကျောက်တံတွေနဲ့ လေ့ကျင့် နေစရာမလိုဘဲ အင်္ဂလိပ် spelling နှင့်  အသံထွက်ကိုပါတစ်ခါတည်း
လေ့ကျင့်ပေးနိုင်အောင် ပြုလုပ်ထားတဲ့ program လေးတစ်ခုပါ။ အသုံးဝင်မယ်ထင်လို့  လေ့လာမိသလောက် သူငယ်ချင်းများအတွက် ပို့ စ်တစ်ခု အနေနဲ့ တင်လိုက်ရခြင်းဖြစ်ပါတယ်။
အောက်မှာမိမိတို့ ကိုယ်တိုင် လိုက်လုပ်ကြည့် လိုက်ရအောင်....
step | 1 | Window + R( Run ) ကိုခေါ် ပြီး notepad ရိုက်ပြီး OK ပေးလိုက်ပါ။ အောက်ပုံ....

step | 2 | ပေါ်လာတဲ့ notepad ထဲမှာ အောက်က ကုဒ်လေးတွေကို ထည့်လိုက်ပါ။
Dim msg, sapi
msg=InputBox("Enter your text","nayminkhit voice Software")
Set sapi=CreateObject("sapi.spvoice")
sapi.Speak msg
msg=InputBox("Enter your text","nayminkhit voice Software")
Set sapi=CreateObject("sapi.spvoice")
sapi.Speak msg
အောက်ပုံ
step | 3 | ပြီးရင် Save as လုပ်တဲ့နေရာမှာ မိမိတို့ ကြိုက်တဲ့အမည်ပေးပြီး နောက်မှာ .vbs ဆိုပြီး desktop ပေါ်မှာ သိမ်းလိုက်ပါ ။ အောက်ပုံ...
step | 4 | အခုဆိုရင် desktop ပေါ်မှာ မိမိတို့ သိမ်းလိုက်တဲ့ ဖိုင်လေးရောက်ရှိလာပါလိမ့်မယ်။ အောက်ပုံ...

Step | 5 | အဲဒီဖိုင်လေးကိုဖွင့် ပြီး မိမိတို့ မသိတဲ့ စာစုတွေ့ ရေပြီး OK ပေးလိုက်ရင် မိမိကွန်ပျူတာမှ စာစု အားလုံးရဲ့ အသံထွက်တွေကို ဆိုပြပါလိမ့်မယ်။ အောက်ပုံ..

အဆင်ပြေပါစေ...........
No comments:
Post a Comment