Windows 7 Step by Step Installation လုပ်နည်း

မင်္ဂလာပါခင်ဗျာ…
ကျွန်တော် အခုတင်ပေးမှာက OS 7 တင်တဲ့ နည်းပါခင်ဗျာ…
သိတဲ့ သူအတွက်တော့လွယ်နေမှာပေါ့ ..
မသိသေးသူတွေအတွက်ကို ရည်ရွယ်ပြီး တင်ပေးလိုက်ခြင်းဖြစ်ပါတယ်…
မသိတဲ့ သူတွေအတွက်ကတော့ windows တစ်ခါတင်ရင် တင်ရင်
အနည်းဆုံး ၅၀၀၀ ကျပ်လောက်တော့ ကုန်မယ်ထင်တယ်
ဒါ့ကြောင့် မကုန်သင့်တာ မကုန်အောင်လို့ ကိုယ်တိုင်လုပ်တတ်အောင်လို့ မျှဝေပေးလိုက်ပါတယ် ခင်ဗျာ….
ကဲ ကျွန်တော်တို့ စပြောကြရအောင်………..
Windows 7 installation လုပ်သည့်အခါ မိမီတင်သည့်ံwindows 7 (Ultimate or Eternity)DVD တစ်ချပ်ရှိဖို့ လိုအပ်ပါမယ်…..
windows 7 DVD ခွေကို DVD ROM DRIVE ထဲထည့်လိုက်ပါ..
ခွေထည့်ပြိးလျှင် ကွန်ပျူတာကို restart ချပြီး ပြန်တတ်လာတဲ့ အချိန်မှာ
keyboard မှ Delete key ကို ၅ ကြိမ်ထက်မနည်းနှိပ်ပေးပါ..(အလွယ်နည်းလေး
အတိုင်းပြောပေးတာပါ) Desktop computer တွင် အများအားဖြင့် Delete key
ကို နှိပ်ပေးရပြီး Laptop computer များတွင် F1 (သို့ )F2 key ကို နှိပ်ပေးရပါတယ်….
အခုဆိုရင် BIOS တတ်လာပါပြီ..
1.Advanced Bios Feature သိုဝင်လိုက်ပြီး

2.First Boot Device ကို DVD ROM ထားရပါမယ်.

3.Second Boot Device ကို Hard Disk ထားရပါမယ်.
ရွေးချယ်ပြီးပါက keyboard မှ F10 ကိုနှိပ်ကာ save and exit လုပ်ရပါမယ်.
Enter ခေါက်လိုက်တာနဲ့  windows installation စတင် လုပ်ဆောင်ပါပြီ
Restart ကျသွားပြီး ပြန်တတ်လာတဲ့ အခါ
press any key to boot CD or DVD ဆိုလျှင် Enter or F8 ကိုနှိပ်ပေးလိုက်ပါ
အောက်က ပုံအတိုင်း Black screen နဲ့ loading file တတ်လာပါမယ်..
Step(1)

ကိုယ့်ရဲ့ System ကို CD ကနေ Boot လုပ်ဖို့ ပြင်ဆင်ပြီးသွားတဲ့ နောက်မှာ Restart ပြန်အတက် Installation ခွေ ထည့်အပြီး မြင်ရမယ့် Screen က ဒီလို။ ဒီအဆင့်က installation ဆက်လက်လုပ်ဆောင် နိုင်ဖို့ အတွက် လိုအပ်တဲ့ Driver files တွေကို Loading လုပ်ဆောင်နေတဲ့ အဆင့်ဖြစ်ပါတယ်။။။။။။။။
Step(2)

Windows 7 installation progress ဟာ နောက်ကွယ်မှာ ဆက်လက် လုပ်ဆောင်နေကြောင်း ဖော်ပြနေတဲ့ Screen ဖြစ်ပါတယ်။ ဘာမှ လုပ်ဆောင်ဖို့ မလို စောင့်ကြည့်နေယုံပါပဲ။။။။။။။။
Step(3)

ဒီအဆင့်မှာ ကိုယ့်စက်မှာ အသုံးပြုမယ့် Language , Time နဲ့ Currency format အပါအဝင် ကီးဘုတ် အမျိုးအစားကိုပါ ရွေးချယ်ပေးရမယ်။ ပြီးရင် Next လုပ်လိုက်ပါ။။။။။။။။
Step(4)

အားလုံး အဆင်သင့် ဖြစ်ပြီဆိုရင် ဒီအဆင့်မှာ Install Now .. ဒီ installation ဟာ Clean installation မို့လို့ ပုံမှန်အားဖြင့် အောက်မှာတွဲပါနေတဲ့ Repair your computer တို့ ဘာတို့ကို ထည့်သွင်း စဉ်းစားဖို့ မလိုဘူး .. အဲကောင်တွေက နဂိုရှိပြီးသား Windows 7 error တစ်ခုခု တက်ပြီး ပြန်ပြင်ချင်ရင် သုံးတာ .. လောလောဆယ်တော့ Install now ကိုပဲ နှိပ်လိုက်ပါ။။။။။။
Step(5)


Install Now ကို နှိပ်လိုက်ပြီးနောက်မှာ Setup စတင်လုပ်ဆောင်ပါပြီ ဆိုတဲ့ အကြောင်း ပြတဲ့ Screen တက်လာတယ် .. မိမိစက်ရဲ့ စွမ်းဆောင်ရည်ကို လိုက်ပြီး ဒီနေရာမှာ အချိန်အနဲနဲ့ အများကြာမှာပါ စက်ကောင်းရင်တော့ မိနစ် ၂၀ လောက်ပါပဲ။။။။။
Step(6)

ဒီအဆင့်မှာကတော့ သူတို့ ဖော်ပြထားတဲ့ License Agreement ကို အသုံးပြုက နားလည်သဘောပေါက်ပြီး သဘောတူ လက်ခံပြီးကြောင်း အတည်ပြုစေတဲ့ နေရာ .. ဒီနေရာမှာ I accept the license terms ကို Select လုပ်ပြီးမှာ ရှေ့ဆက် လုပ်ဆောင်လို့ ရမယ်။။။။။
Step(7)

ဒီအဆင့်မှာ ကိုယ်လုပ်မယ့် Setup က Upgrade installation လား Custom installation ဆိုတာ ရွေးပေးရမယ် .. Upgrade installation ဆိုတာ အလွယ်ပြောရရင် နဂိုရှိပြီး Windows ( ဥပမာ – Vista ) ကနေ နောက်သူ့ထက်မြင့်တဲ့ Versions ( ဥပမာ – Windows 7 ) တစ်ခုဆီ မြှင့်တာကို ခေါ်ပြီး .. Custom ဆိုတာကတော့ နဂိုရှိပြီးသား ဝင်းဒိုးရှိနေမယ် ဆိုရင်တောင် ဒီ ဝင်းဒိုးအသစ်နဲ့ အစကနေ အဆုံး အသစ်တစ်ခုအနေနဲ့ အစားထိုးစေတာကို ခေါ်တယ် .. Custom installation ကို Clean installation လုပ်ဆောင်မှု အနေနဲ့ သုံးတယ်။
Custom installation ဆိုတာကိုပဲ ရွေးပေးလိုက်ပါ။ ဘာဖြစ်လို့ လဲ ဆိုတော့ ကျွန်တ်ာတို့ က Free သုံးမှာလေ။။။
Step(8)

ဒီပုံမှာတော့ Unallocated space ဆိုပြီး 24GB ရှိတဲ့ Disk တစ်ခုပဲ ရှိလို့ Windows Setup ကို ဒီမှာပဲ တင်ရမယ် .. တကယ်လို့ ပါတေးရှင်း ၂ ခုရှိနေရင်တော့ ကြိုက်ရာ တစ်ခုမှာ ရွေးတင်နိုင်တယ် ..ဒီ နေရာမှာပဲ ACPI/RAID/SATA controller တွေအတွက် လိုအပ်မယ့် Drivers တွေကို Load Driver Option ကနေ တစ်ဆင့် install လုပ်လို့ ရတယ် .. တစ်ခြားဖြည့်သွင်းရမယ့် Drivers မရှိခဲ့ရင် Next ကိုနှိပ်ပါ။။။။။။။
Step(9)

ဒီ advanced options ပေါ်လာခဲ့ပြီ ဆိုရင် ဒီနေရာကနေ ပါတေးရှင်း တစ်ခုတည်း ရှိတာကို ၂ ခု ( သို့တည်းမဟုတ် ) ၃ ခု အစရှိသဖြင့် ခွဲတာတွေ .. နဂိုရှိနေပြီးသား ပါတေးရှင်း အဟောင်းကို Format ချတာတွေ လုပ်ဆောင်နိုင်မယ်။ ရည်ရွယ်ထားတဲ့ ပါတေးရှင်းမှာ လုပ်ဆောင်ချင်တဲ့ ပြင်ဆင်မှုတွေ လုပ်ဆောင်သွားပြီရင်တော့ Next ကို နှိပ်ပါ။။။။။။။။
Step(10)

ဒီအဆင့်ကတော့ Windows 7 installation ရဲ့ အဓိကအပိုင်းဖြစ်တဲ့ major components တွေ install လုပ်တဲ့ အပိုင်း .. ဒီ Process က စက်ရဲ့ စွမ်းဆောင်ရည်ပေါ်လိုက်ပြီး ၁၀ မိနစ်ကနေ မိနစ် ၆၀ ပတ်ဝန်းကျင် ကြာမြင့်နိုင်ပါတယ်။။။။။။။။။
Step(11)

အထက်က အဆင့်မှာဖော်ပြခဲ့တဲ့ လုပ်ဆောင်မှုတွေ တစ်ဆင့်ချင်း ( အောက်ဆုံး Completing installation အဆင့်မပါ ) အဆင့်အားလုံး ၁၀၀ % လုပ်ဆောင်ပြီးရင် ဒီ အဆင့်မှာ ကွန်ပြူတာ Reboot ကျသွားမယ်။ စောင့်ရတာ စိတ်မရှည်လို့ ချက်ချင်း ကျစေချင်ရင် Restart Now ကို နှိပ်လို့လည်း ရပါတယ်။
Step(12)

ဒီအဆင့်ကတော့ registry settings တွေကို Update လုပ်တဲ့ Process .. ဘာမှ လုပ်ဖို့ မလို .. ထိုင်ကြည့်နေယုံပါပဲ။။။။။။။
Step(13)

ဒီအဆင့်မှာ Setup စတင်လုပ်ဆောင်နေပြီ ဆိုတာ ပြပါတယ်။။။။။
Step(14)

အဆင့် ( ၁၀ ) မှာ မပြီးဆုံးသေးပဲ ကျန်နေခဲ့တဲ့ နောက်ဆုံးအဆင့် Completing installation အဆင့်ကို ဒီအဆင့်မှာ သူ့ဘာသာသူ ဆက်လုပ်ပါတယ်။။။။။။။။
Step(15)

ဒီအဆင့်မှာ Windows 7 installation ရဲ့ ကနဦး installation လုပ်ဆောင်မှုတွေ ပြီးစီးပြီး ကွန်ပြူတာ ဒုတိယ တစ်ကြိမ် Reboot ကျဦးမယ်။ လုပ်ဆောင်ဖို့ ကျန်နေသေးတဲ့ Setup လုပ်ငန်းစဉ်တွေကို Windows ပြန်အတက်မှာ ဆက်လက်လုပ်ဆောင်သွားမယ် ဆိုတာ ဒီအဆင့်မှာ ပြပါတယ်။။။။။
Step(16)

Windows 7 စတင်ပါပြီ .. ဒီ Screen ကို ဝင်းဒိုးတက်တိုင်း မြင်တွေ့ရမှာပါ။။။။
Step(17)

ပထမဆုံးအကြိမ် စတင်အသုံးပြုမှု အတွက် အခြေအနေအားလုံး အဆင်သင့် ဖြစ်အောင် ပြင်ဆင်ပေးနေတဲ့ အဆင့်ပါ။ ဒီ အဆင့်ကိုတော့ ဒီတစ်ကြိမ်သာတွေ့ရမှာ ဖြစ်ပြီး နောက် Windows တက်တိုင်း မြင်တွေ့ရမှာ မဟုတ်ပါဘူး။။။။။။
Step(18)

ဒီ အဆင့်က Windows 7 ရဲ့ အလှအပတွေကို အဓိက ဖော်ဆောင်ပေးမယ့် Aero စွမ်းဆောင်ရည် ကွန်ပြူတာ မှာ အပြည့် အဝ ရှိမရှိ Video performance ကို စစ်ဆေးနေတဲ့ အဆင့်ပါ။။။။။
Step(19)

စစ်ဆေး ဆုံးဖြတ်မှုတွေ အားလုံးပြီးဆုံးလို့ အဆင်ပြေပြီဆိုရင် ဒီ အဆင့်မှာ ကိုယ့်ကွန်ပြူတာအတွက် အမည်နဲ့ Network မှာသုံးမယ့် အမည်ကို ပေးရမယ်။ ပြီးရင် Next ကိုနှိပ်လိုက်ပါ။။။။။။
Step(20)

ဒီအဆင့်မှာတော့ create လုပ်ခဲ့တဲ့ အကောင့် အတွက် password ကို ပေးရမယ်။ သေချာစေချင်လို့ ၂ ခါပေးခိုင်းတယ်။ ပြီးတော့ တကယ်လို့ ကိုယ့် password ကို မေ့သွားခဲ့မယ် ဆိုရင် ရုတ်တရက် အစပြန်ခေါ်လို့ ရအောင် password hint ကိုပါ ပေးပေးရမယ်။။။။။။။။ (မပေးလည်းရတယ် ကိစ္စမရှိဘူး)
Step(21)

တကယ်လို့ ကိုယ်ဟာ တကယ့် Genuine Windows 7 DVD ဝယ်ခဲ့တယ် ဆိုရင် ဒီနေရာမှာ အဲ့ DVD နဲ့ တူတူ ပါလာတဲ့ Product key ကို ထည့်ပေးရမယ်။ အဲ့ဒီ ကီးဟာ ကိုယ့်စက်မှာ Windows 7 ဘယ် Version ကို တင်ရမယ် ဆိုတာ ဆုံးဖြတ်ပေးမှာ ဖြစ်ပြီး ၊ 32 bit ရော 64 bit ရောအတွက် Product key က တူတူပဲ။ တကယ်လို့ ကိုယ်သုံးတဲ့ DVD က မူရင်းခွေ မဟုတ်ဘူး ဆိုရင် Automatically activate Windows when I’m online. ဆိုတာကို ကလစ်ပေးပြီး ဝင်းဒိုးတက်လာမှ Windows Genuine Crack တစ်ခုနဲ့ Genuine ဖြစ်သွားအောင်လုပ်လို့ ရသလို တကယ်လို့ ကိုယ့် အခွေက ပြင်ဆင်ထားတဲ့ Activated လုပ်ပြီးသား အခွေ ဆိုရင်လည်း ဒီနေရာမှာ Automatically activate Windows when I’m online. ကိုပဲ ဘေးက Check box မှာ အမှတ်ပေးပြီး ရှေ့ဆက်သွားလို့ ရတယ်။
Step(22)

ကွန်ပြူတာတစ်ခုလုံးအတွက် Problems အနည်းဆုံးနဲ့ တည်ငြိမ်တဲ့ စွမ်းဆောင်ရည် အပြည့်ရဖို့ ၊ Windows တစ်ခုလုံး အစဉ်သဖြင့် Update ဖြစ်နေစေဖို့ အကောင်းဆုံးက ဒီနေရာမှာ Use Recommended Settings ကို သုံးတာ အကောင်းဆုံးပါပဲ .. မလိုချင်လည်း ပိတ်ထားလို့ ရပြီး ဒီ Options အချိန်းအပြောင်းက နောက်မှ Ctrl panel ကနေ ပြန်လုပ်ယူလည်း ရပါတယ်။။။။
Step(23)

ကွန်ပြူတာအတွက် လိုအပ်တဲ့ Time and Date Settings ကို ဒီနေရာမှာ ချိန်ညှိပေးရပါတယ်။။။။။။။။
Step(24)

ကိုယ့် ကွန်ပြူတာဟာ ဘယ်လို network မျိုးမှာ ရှိတယ်ဆိုတာ ရွေးချယ်ပေးရမယ်။ အများအားဖြင့်တော့ အိမ်သုံး ကွန်ပြူတာတွေ အတွက် Home Network ကိုရွေးချယ်ကြပြီး .. အလုပ်မှာ ရှိတဲ့ network မှာ သုံးမယ့် ကွန်ပြူတာတွေ အတွက် Work network .. ဒါမှမဟုတ် Network မှာ ရှိတဲ့ ဘယ်ကွန်ပြူတာကိုမှ မသိဘူး ဥပမာ Airport မှာလိုမျိုး Coffee shop မှာလိုမျိုး သုံးတဲ့ ကွန်ပြူတာ ၊ နောက်ပြီး အဲ့ကွန်ပြူတာက Mobile Broadband လည်း ရှိနေတယ်ဆိုရင် ဒါကို Public network .. စသဖြင့်ရွေးချယ်ပေးရပါမယ်။။။။။။။။။။
Step(25)

ခုနကလို ရွေးချယ်မှုတွေ ပြီးဆုံးတဲ့ နောက်မှာတော့ ဒီအဆင့်မှာ Network နဲ့ ချိတ်ဆက်မှု အပိုင်း လုပ်ဆောင်ပါတယ်။။။။။။။။
Step(26)

ဒါကတော့ နောက်ဆုံးတကာ့ နောက်ဆုံးအဆင့် finalizing settings သတ်မှတ်တဲ့ အဆင့်ပါ။။။။။။။။။။။။။
Step(27)

Windows တက်လာပါပြီ။ ဒါ Welcome Screen ပါ။
Step(28)

အားလုံး အသင့်ဖြစ်စေဖို့ Desktop ကို ပြင်ဆင်နေပါပြီ။ ပြီးပါတော့မယ်။။။။။။။
Step(29)

ဒါ Windows 7 ပါပဲ .. အားလုံးပြီးခဲ့ပါပြီ။ လိုအပ်တာလေးတွေ ပြင်ဆင်ရမှာလေးတွေ တော့ ရှိသေးတယ် .. ဒါပေမယ့် ဒီ ၂၉ ဆင့်ကတော့ ဝင်းဒိုးအကြမ်းထည် ပုံဖော်ခြင်းပဲ .. သူ့ နောက်မှာ လိုအပ်မယ့် drivers တင်တာတွေ .. softwares တင်တာတွေ ရှိသေးတယ် .. ခေါင်းစဉ်က Windows Installation မို့လို့ ဒီလောက်ဆို လုံလောက်ပါပြီ။ဒီ Post လေးမှာ အဆင်မပြေတာများရှိခဲ့ရင် ကျွန်တော့်ကိုပြောပါ။ အဆင်ပြေခဲ့ရင် သူငယ်ချင်းတွေကို share ပေးပါ။။။။။။။။။။။
♥♥♥ပျော်ရွှင်ပါစေ♥♥♥

No comments: