Facebook ကပုံတွေကို Mouse တင်ရုံနဲ့အကြီးကြည့်နိုင်တဲ့ Addon




 Thumbnail  ပုံလေးတွေကို Mouse တင်လိုက်တာနဲ့အကြီးပြပေးနိုင်ပါတယ် ၊
ကျွန်တော်သုံးကြည့်တဲ့အခါမှာ တော်တော်လေးအဆင်ပြေတာတွေ့ရပါတယ် 
အဓိကက Facebook မှာပေါ့ဗျာ Album ထဲဝင်လိုက်ရင် ပုံအသေးလေးတွေပေါ်တယ်လေ
အဲဒါတွေကို mouse လိုက်ထောက်ရုံနဲ့ အကြီးကြီးပေါ်ပါတယ် ၊ (ကွန်မကောင်းရင်တော့စောင့်ပေါ့) :P
ပေါ့ပေါ့ပါးပါး Addon လေးတစ်ခုပါပဲ ၊
Facebook အပြင် တခြား Social Site တွေကိုပါ Support လုပ်ပေးပါတယ် .. ၊ 
 လိုချင်ရင်အောက်မှာသွားပြီး ယူနိုင်ပါတယ်


Firefox သုံးသူများအတွက် ဒီကို  နှိပ်ပါ
Chrome သုံးသူများအတွက် ဒီကို  နှိပ်ပါ 
"ဒီကို" ဆိုတဲ့နေရာကိုနှိပ်လိုက်ပါ ( အနီနဲ့ပြထားပါတယ် )
ပြီးရင်ခဏစောင့်ပါ ... Firefox ရဲ့ဘယ်ဘက်အပေါ်မှာ Notification လေးတစ်ခုတက်လာပါလိမ့်မယ် Allow နှိပ်ပေးလိုက်ပါ
Auto Install လုပ်ပေးသွားပါလိမ့်မယ် ပြီးရင် Firefox restrat ချဖို့ လာပြောပါလိမ့်မယ် Firefox restart ချပြီးရင်ရပါပီ




အားလုံးပဲ အဆင်ပြေကြမယ်လို့ထင်ပါတယ် ၊

ပြန်ထုတ်ချင်ရင်။  ။
( Eros : install လုပ်ပြီး မှမသုံးချင်တော့ရင် ဘယ်လို uninstall ပြန်လုပ်ရမလဲဗျ..... ) ဟုတ်ကဲ့ Firefox မှာ
Ctrl + Shift + A   ကိုနှိပ်လိုက်ပါ  Extensions ဆိုတဲ့ Tab မှာ Thumbnail Zoom ဆိုတဲ့နံမည်နဲ့တွေ့ပါ့လိမ့်မယ်ခင်ဗျာ သူ့ကို Remove ဆိုတာနှိပ်လိုက်ပြီး Firefox restart လုပ်လိုက်ရင်
Uninstall ဖြစ်သွားပါလိမ့်မယ် ...
 http://phyomyanmarkyaw.blogspot.com/2012/05/mouse-addon.html

No comments: