gmail.ပို့နည်းအကြောင်း

ကျွန်တော်ကြုံတွေ့ နေရတဲ့ အကြောင်း ကတော့ အခု အင်တာနက်သုံးနေကြတဲ့ လူငယ် တော်တော်များများဟာ chatting ကို ပဲ အဓိကထား သုံးနေကြတာကိုတွေ့ နေရပါတယ် ။ အဲဒီလို Gtalk နဲ့ chatting ပြောနေ ကြရင်း နဲ့တစ်ဖက်က ဓာတ်ပုံတွေ ပို့ပေး လိုက်တဲ့ခါ မှာ ဘယ်လိုဖွင့် ရမယ်ဆိုတာရယ် တစ်ဖက်က ဓာတ်ပုံတောင်း လို့ ဘယ်လိုပို့ ပေး ရမယ်ဆိုတာ ကို မသိကြတဲ့ သူတွေ တော်တော် များ များ ကို ကြုံ တွေ့နေရပါတယ်။ ပြီးတော့ (ဥပမာ...ကောင်လေးက ကောင်မလေးဆီကို) ငါ နင့်ဆီကို စာပို့ထား တာတွေ့လား၊ ဖတ်ပြီးပြီလား လို့မေးတဲ့ အခါမှာ ..ဟင် ...အဲဒါ ဘယ်မှာ သွား ဖတ်ရမလဲ ဆိုတဲ့ အမေး တွေကိုလည်း ကြားနေရပါတယ်။ အဲဒီလို ဖြစ်နေတဲ့သူတွေ အတွက် အဆင် ပြေအောင် ကျွန်တော် နားလည်သလိုလေး ကို အီးမေးပို့နည်း အီးမေး ဖတ်နည်း ဆိုပြီးတော့ ....ရေးသား တင် ပြလိုက်ပါတယ်.။သိပြီးသား သူ များ သည်းခံကြပါနော်။ လုံးဝ မသိသေးသူများ အတွက် ရည်ရွယ်ပါသည်။
ပထမဆုံးအနေနဲ့ အီးမေးပို့တော့မယ်ဆိုရင် ကိုယ့်ရဲ့ အကောင့် ကို Sing in အရင်ဝင်ရပါတယ်။ Mozilla Firefox ဒါမမဟုတ် Internet Explorer ကိုဖွင့်လိုက်ပါ။ ပြီးတာ့ www.google.com ကနေ Gmail ဆိုတာကို နှိပ်လိုက်ပါ။ အဲဒီလိုနှိပ်လိုက်ရင် အောက်ကပုံအတိုင်း ပုံစံလေး ကျလာပါလိမ့်မယ်။ အဲပြောရအုံးမယ် MPT ယူထားတဲ့အင်တာနက် လိုင်း မဟုတ်ရင်တော့ Access Denied ဆိုပြီးကျလာပါလိမ့်မယ်။ အဲဒီလိုကျလာရင် Address Bar ကိုသွားပြီးတော့ http://www...ဆိုတဲ့နေရာမှာ http နဲ့း ရဲ့ကြားမှာ s လေးထည့်ပေးလိုက်ပါ။ဒီလိုလေး https://www.goo.........ထည့်ပြီး ရင် Enter ခေါက်လိုက်ရင်အောက်က ပုံစံ အတိုင်း ကျလာပါလိမ့်မယ်။ အပေါ်က ပြောတဲ့အတိုင်း မလုပ်တက်ရင် ဒီမှာ နှိပ်လိုက်ပါ။ အောက်က ပုံစံ အတိုင်း တက်လာပါလိမ့်မယ်။
အဲဒီ ပုံစံကျ လာပြီဆိုရင်တော့ ကိုယ် Gmail ရဲ့ Username နဲ့ Password ကို ဖြည့်ပြီးတော့ Sing in နှိပ်လိုက်ပါ။
ခဏလေး စောင့်လိုက်ပါ ။ ခဏနေရင် သင့်ရဲ့ အကောင့် ထဲ ရောက်သွား ပါပြီ။ အောက်က ပုံစံအတိုင်း မြင်တွေ့ရမှာပါ။
ကိုယ့်ရဲ့ အကောင့် ထဲ ရောက်သွားပြီဆိုတာ နဲ့ ကိုယ့်မေး ရဲ့ အ၀င်စာ (Inbox) ထဲ ကို ရောက်သွား တာ ပါ။ အဲဒီကနေမှ ကိုယ်ဖတ်ချင်တဲ့ စာ ပေါ် မှာ ကလစ်ကလေး နှိပ်ပြီးတော့ ဖတ်ကြည့်ရပါတယ်။ အဲဒီလို ဖွင့်ဖတ်လိုက်တဲ့ အခါ မှာ ပုံပါလာ ခဲ့ ရင် အောက်နား မှာ ပုံ ကလေး ကိုမြင်တွေ့ရမှာ ဖြစ်ပါတယ်။ အဲဒီပုံကိုကြည့်ချင်ရင်တော့ ပုံရဲ့ ဘေး နားမှာ View နဲ့ Download်ဆိုပြီးပါပါတယ် ။ ကြိုက်တာ ကို နှိပ်ကြည့်လို့ ရပါတယ်။ ဒီလိုပဲ သီချင်း ဆိုရင်လည်း အဲဒီ အတိုင်း ပဲ လုပ်ယူရမှာ ဖြစ်ပါတယ်။
အဒါ ကတော့ ကိုယ့်ဆီမှာ ရောက်နေတဲ့ စာ ကို ဖွင့်ဖတ်တဲ့ နည်းလေး ပါ။
အခုပြောမှာကတော့ စာပို့တဲ့ နည်းလေး ကိုပြောပါမယ်။ ကိုကနေ အီးမေးပို့တော့မယ်ဆိုရင် ဘယ်ဘက်ဘေး အပေါ် နားက Compose Mail ကိုနှိပ်လိုက်ပါ ။ အဲဒါလေး ကို နှိပ်လိုက်ရင် အောက်က ပုံစံမျိုးလေး ဖြစ်လာပါလိမ့်မယ်။
၁။ To: ဆိုတဲ့နေရာ မှာ ကိုယ်ပို့ မယ့်သူရဲ့ E-mail လိပ်စာကိုအပြည့်အစုံရိုက်ပါ။ အီးမေးဆိုတဲ့ အတွက်မေး တွေ က အများကြီးဖြစ် နိုင်ပါတယ်။( ဥပမာ-koko123@gmail.com, or , aungaung@yahoo.com) စသည်ဖြင့် မည်သည့် အီးမေး မဆို ပို့လို့ ရပါတယ်။
၂။ CC: ကတော့ Carbon Copy လို့ ခေါ်ပါတယ်။ ကိုယ်ပို့ မယ့် စာတစ်ဆောင်ထည်းကို လူအများကြီးဆီကို တစ် ပြိုင်ထည်း ပို့ တဲ့ အခါ မှာ သုံးပါတယ်။ E-mail တစ်ခုနဲ့ တစ်ခု ကြား comma ( ,) ခံ ပြီးတော့ ပို့ရပါတယ်။
၃။ BCC: ကတော့ Blind Carbon Copy လို့ခေါ်ပါတယ်။ လျှို့ ၀ှက်စာ ပို့တဲ့ အခါ မှာ ပဲ သုံးပါတယ်။
၎။ Subject: က တော့ ကိုယ်ပို့ မယ့် စာ ရဲ့ အကြောင်းအရာပါ။ (ဥပမာ-ဓာတ်ပုံပို့လိုက်တယ်ဆိုရင် photo ) မထည့် လည်း ရပါတယ်။ No Subject အနေနဲ့ ရောက်သွားမှာ ပါ။
၅။ Subject ရဲ့အောက်နားက Attachment ဆိုတာကတော့ ဓာတ်ပုံတို့ mp3 သီချင်းတို့ ပို့တဲ့ အခါ မှာ အဲဒီ Attachment ကို နှိပ်ပြီးတော့ Browse ကိုနှိပ် လိုက်တဲ့အခါမှာ Box ကလေး တက်လာရင် ကိုယ်ပို့မယ့် ဖိုင်ကို ရှာ ပြီးတော့ ရွေးပေးလိုက်ပါ။ နောက်တစ်ပုံထပ်ထည့် ချင်တယ်ဆိုရင်တော့ Attach Another file ကိုနှိပ်ပြီးတော့ ထည့်လို့ရပါတယ်။
၆။ အောက်က ကွင်းပြင်ကျယ်ကျယ်ကြီးကတော့ ကိုပို့ မယ့် စာတွေ ကို ကြိုက်သလောက် ရိုက်ပေတော့။ မြန်မာလို ရိုက် ပို့ ချင် ရင်လည်း ရတယ်နော်။
၇။ စာရိုက်လို့လည်း ပြီး ပုံ ထည့်လို့ လည်း ပြီးပြီဆိုရင်တော့ ပို့ လို့ ရပါပြီး ။ အောက်နား မှာ ရော အပေါ် နား မှာ ရော Send ဆိုတာ ပါပါတယ် ။ ဘယ် Send နှိပ်နှိပ် အတူတူ ပါပဲ။ Send နှိပ် ပြီးရင်တော့ ခဏ စောင့်လိုက်အုံးနော်။ Your message have been send ဆို ပြ မှ ပို့ တာ ရောက်တာ ပါ။
Gmail ပို့နည်းလေး ပြောပြီးပြီဆိုတော့ နောက်ထပ် ဆက်ပြောမှာကတော့ Gmail ထဲ မှာ ပါဝင်တဲ့ အကြောင်း အရာ လေးတွေကိုပြောပြပေးပါ့မယ်။အောက်က ပုံကိုအရင်ကြည့်လိုက်ပါ။အဲဒီမှာ နံပါတ်အစဉ်အတိုင်း ပြောပေးပါ့မယ်။
1 . Compose Mails ကတော့ အီးမေး ပို့တဲ့ အကြောင်းအရာ ပါ။ အပေါ်မှာ ပြောပြီးပါပြီ။
2 . Inbox (5) ဆိုတာကတော့ ကိုယ့်ရဲ့ မေးထဲ မှာ ရောက်နေတဲ့ စာတွေ ထဲ က မဖတ်ရသေးတဲ့စာ ( ၅) စောင်ရှိတယ် ဆိုတာကိုပြောတာပါ။ မဖတ်ရသေးတဲ့စာနဲ့ ဖတ်ပြီးသား စာ က ခွဲခြားလို့ ရပါတယ်။ မဖတ်ရသေးတဲ့စာ က စာလုံး မည်း (Bold) ဖြစ်နေတာပါ။ ဖတ်ပြီးသား စာတွေက ပုံမှန် အတိုင်း ပါပဲ။ ဖတ်မယ်ဆိုရင်တော့ ကိုယ်ဖတ်ချင်တဲ့စာပေါ် မှာ ကလစ်လေး နှိပ်ပြီးတော့ ဖတ်ယုံပါပဲ။ ဖတ်ပြီး လို့ ရှေ့ကိုပြန်သွးချင်တယ်ဆိုရင်တော့ Back to Inbox က နေပြန်သွားလို့ ရပါတယ်။
3 . Stared * ကတော့ ကိုယ့်ထဲမှာ ရောက်နေတဲ့စာတွေထဲက အရေး ကြီးတဲ့စာ ကို Star ( * ) ပြပြီးတော့ မှတ်ထားလို့ ရပါတယ်။ Star ပြ တာ ကတော့ အဲဒီ Star ပွင့်လေးပေါ်မှာ ကလစ် တစ်ချက်နှိပ်လိုက်ရုံပါပဲ။ ပြန်ဖြုတ်ချင်ရင်လည်း ကလစ် တစ်ချက်နှိပ်ပြီးတော့ ဖြုတ်လို့ ရပါတယ်။
4 . Chats ကတော့ ကျွန်တော်တို့ gtalk မှာ chat ထားတဲ့စာတွေ ကို ဘယ်နေ့ ဘယ်ရက် ဘယ်သူနဲ့ chat ထားတယ်ဆိုတာကို တစ်ခုချင်း ပြန်ကြည့်လို့ ရပါတယ်။ မှတ်ချက်။ ။ gtalk setting ထဲက Chat ကို Save လုပ်ထား မှပြန်ကြည့်လို့ ရတာပါ။ Don't Save လုပ်ထားရင်တော့ ပြန်ကြည့်လို့ ရမှာ မဟုတ်ပါဘူး ။
5 . Sent Mail ဆိုတာကတော့ ကိုယ်ကနေ တစ်ခြားလူတွေဆီကို ပို့ ထားတဲ့ စာတွေ ဓာတ်ပုံတွေကို သီချင်းတွေ ၊ ကို ပြန်ကြည့်လို့ ရပါတယ် ။ ဒါ အပြင် ဓာတ်ပုံတွေ ဆိုရင်လည်း ပြန်ယူလို့ ရပါတယ်.။
6 . Drafts ဆိုတာကတော့ ကိုယ်ကနေ သူငယ်ချင်းတစ်ယောက်ဆီကို စာပို့ ဖို့ စာရိုက်နေတဲ့အခါ စာက များနေ တယ် ရိုက်လို့ လည်း မပြီးသေးဘူး ကိုယ်က တနေရာကို ထသွား မယ်ဆိုရင် အဲဒီ စာ ကို ယာယီသိမ်းထား ခဲ့လို့ရပါတယ်။ Standard view ဆိုရင်တော့ Auto သိမ်းပေးပါတယ်။ အဲဒီလိုသိမ်းမပေးဘူး ဆိုရင်လည်း Save now ဆိုပြီးတော့ သိမ်းထားခဲ့လို့ ရပါတယ်။ ပြန်လာမှ Drafts ထဲကနေ ပြန်ထုတ်ယူပြီးတော့ ဆက်ရိုက်ပြီးတော့ ပို့ လို့ ရပါတယ်။
7 . Spam ကတော့ ကိုယ့်ရဲ့ မေးထဲ ကိုကြော်ငြာမေးတွေ နဲ့ မသင်ကာစရာ မေး တွေ ကို gmail အဖွဲ့ ကနေ auto ထည့်ပေးလိုက်တာပါ။ ဖွင့် ဖတ်မကြည့်တာပဲကောင်းပါတယ်။ ဖြတ်ပြစ်တာပဲကောင်းပါတယ်။ (ကျွန်တော်သိတာပြောတာပါ...ဒီထက်သိတဲ့သူရှိလည်း ပြန်ပြောပေးကြပါ။)
8 . Trash ဆိုတာကတော့ အမှိုက်ပုံးပါ။ ကိုယ့်ထဲမှာရောက်နေတဲ့စာတွေထဲက မသုံးတော့တဲ့စာတွေကို ဖြတ်ပြစ်လို့ ရပါတယ်။ ဘယ်လိုဖြတ်မလဲဆိုရင် ကိုယ်ဖြတ်ချင်တဲ့စာရဲ့ ထိပ်က လေးတောင့် ကွက်လေး ကို တစ်စ် လေး ပေးပြီးတော့ အပေါ် နား ဒါမှမဟုတ် အောက်နား မှာ Delete ကိုနှိပပြီးတော့ ဖြတ်လို့ ရပါတယ်။ အဲဒီလိုဖြတ်လိုက်တဲ့ စာ ဟာ Trash ထဲကိုရောက်သွားတာပါ။ အဲဒီ Trash ထဲကနေမှ ပြန်ဖြတ်ချင်ရင်တော့ Delete Forever ဆိုပြီးတော့ ဖြတ်လိုက်လို့ ရပါတယ် ။ ပြန်ခေါ်ချင်ရင်တော့် Move to Inbox ဆိုပြီး နှိပ်လိုက်ရင်ပါတယ်။ အဲဒီ Inbox ထဲက ညာ ဘက်နားမှာ Star * ပြထားတာလေး ကတော့ ကိုယ့်စီကိုပို့လိုက်တဲ့စာ ထဲမှာ Attach file ( ပုံ ဒါမှမဟုတ် သီချင်း ) ပလာတယ်ဆိုတာကိုပြတဲ့သဘောပါ။
လုပ်ဆောင်ချက်အားလုံးကတော့ ပြီးသွား ပါပြီ ။ ပြန်တော့မယ်ဆိုရင်တော့ ကျွန်တော်တို့ ကြည့်နေတဲ့ ကွန်ပျူတာရဲ့ အပေါ်ညာဘက်တောင့်နားက Sign Out ကိုနှိပ်ပြီးတော့ ထွက်ပြီးမှ ပြန်ပါ။
မှတ်ချက်။ ။ လုံး ၀ မသိသေးသူများအတွက်ရည်ရွယ်၍ ရေးသားခြင်းဖြစ်ပါညည်။ သိပြီးသော သူများ ဖတ်ချင်ရင်ဖတ်ကြည့်ပါ။ မဖတ်ချင်ရည်လည်းနေကြပါ။

No comments: