Internet လိုင်းချိတ်ထားတဲ့ ကွန်ပျူတာတွေကို
အဝေးမှထိန်းချုပ်နိုင်တယ်ဆိုတာ ယုံနိုင်ပါတယ်။ မိမိရဲ့
ကွန်ပျူတာကိုလည်းအခြားသောနိုင်ငံမှ ၀င်ရောက်ထိန်းချုပ်နိုင်ပါတယ်.
အဲ့လိုထိန်းချုပ်ဖို့ နည်းလမ်းနှစ်သွယ်ရှိပါတယ်။
ပထမနည်းလမ်းကို အသုံးများကြပေမယ့် Firewall ခံထားတဲ့ကွန်ပျူတာတွေကိုတော့ မတိုက်ခိုက်နိုင်ပါဘူး . ။ တိုက်ခိုက်ပုံကတော့ Torjan Virus or Spy Program တစ်ခုကို စာဖတ်သူကွန်ပျူတာမှာ Run စေဖို့ပြုလုပ်ရပါတယ်။ c99shall ကဲ့သို့သော BackDoor Program ကိုအသုံးများပါတယ်။
ဒုတိယနည်းလမ်းကတော့ Logmein Program ကိုစာဖတ်သူကွန်ပျူတာမှာ တစ်နည်းနည်းနဲ့ Install ထည့်သွင်းလိုက်ပါတယ်။ အသုံးများတဲ့ပုံစံကတော့ Game တွေ၊ Download တွေမှာ မြုပ်နှံထည့်သွင်းတတ်ပါတယ်.။ အခမဲ့ Software လို့ခေါင်းစဉ်တပ်ပြီး စွဲဆောင်တတ်ပါတယ်။ ဒါကြောင့်တချို့သော Software တွေကို Download မလုပ်ကြပါနဲ့။ မြန်မာနိုင်ငံမှာတော့ အဲ့လိုလုပ်တာနည်းပါတယ်. နိုင်ငံခြားတွေမှာသာအဲ့လိုလုပ်တာပါ။ ပြီးတော့ဥပဒေခွင့်မပြုထားတဲ့ Software တွေကိုဒေါင်းတဲ့အခါမှာလည်း ပါလာတတ်ပါတယ်. ကွန်ပျူတာထဲကို ၀င်ရောက်နိုင်ပြီဆိုလျှင် ၇၅ ရာခိုင်နှုန်းလောက်ထိန်းချုပ်နိုင်ပါတယ်။
အဆိုပါ Logmein မှာနှစ်မျိုးရှိပါတယ်. BackDoor စနစ်နဲ့ Install စနစ်ပါ ။ BackDoor စနစ်ကိုတော့ အဆင့်မြင့် Hacker ကြီးတွေသာ အသုံးပြုကြပါတယ်။
Install ဖြင့် ၀င်ရောက်ထားလျှင်သိရှိနိုင်ပါတယ်။ Task Manager မှာ Logmein.exe ကိုပိတ်နိုင်ခြင်း၊ Delete လုပ်နိုင်ခြင်းနဲ့သုံးခွင့်မရအောင်ပြုလုပ်နိုင်ပါတယ်။
ယခုအခါမှာတော့ Install စနစ်ကိုအသုံးများတာတွေ့ရပါတယ်။ ဥပမာ - စာဖတ်သူဟာ သူငယ်ချင်းကွန်ပျူတာနဲ့ အင်တာနက်သုံးခွင့်ရစဉ် http://secure.logmein.com မှာဝင်ရောက်ပြီး Logmein Program ကို Download လုပ်ထားလိုက်ပါတယ်။ Registry အဖြစ်ထည့်သွင်းရမှာတွေကို ထည့်သွင်းပြီး ID နဲ့ Password ကိုသတ်မှတ်လိုက်ပါ ။
သူငယ်ချင်းအနေနဲ့ အဆိုပါကွန်ပျူတာကို အင်တာနက်လိုင်းချိတ်ထားစဉ် အချိန်မရွေးဝင်ရောက်နိုင်ပြီးမိမိကွန်ပျူတာကဲ့သို့ အသုံးချနိုင်ပါတယ်။ လိုချင်တာတွေရယူနိုင်ပါတယ်။ အသုံးပြုနေတာတွေကိုကြည့်ရှုနိုင်ပါတယ်။ ယခုမြန်မာနိုင်ငံမှာဆိုရင်လည်း အဆိုပါကဲ့သို့ ပိုင်ရှင်မသိအောင်ဝင်ရောက်ထည့်သွင်းလာကြပါတယ်။

No comments:
Post a Comment