ထမင်းမေ့ဟင်းမေ့ အင်တာနက်သုံးပြီး သတိမေ့တတ်သူများအတွက် Online Alarm Clock လေးပါ။

အင်တာနက် သုံးဖို့ ကွန်ပျူတာရှေ့ ထိုင်လိုက်ပြီ ဟေ့ဆိုလိုက်တာနဲ့ ...နာရီ
မသိ ၊ အချိန် မရှိတော့ ။ ဘယ်အချိန်တွေ ဖြစ်လို့ ဖြစ်မှန်းလဲမသိ ။ ဘာလုပ်လို
့လုပ်ရမှန်းလဲ မသိ ။ ချိန်းထားတာတွေ အကုန်လွဲ ... ။ ဟိုလွဲ ဒီလွဲ
ဖြစ်နေသူများအတွက် ..... ။
အင်တာနက် များသုံးမိပြီဆိုလျှင် ဆေးသမားများ ထက် ဆိုးသည် ဆိုသည်ကို ယခု လက်ရှိ အင်တာနက် အသုံးပြုသူတိုင်း
သဘောပေါက်ကြပါလိမ့်မယ် ။ ခဏလေးလို့ ထင်လိုက်ပေမဲ့ .. တစ်နာရီ ၊
နှစ်နာရီလောက်ကြာချင်လည်း ကြာနေတတ်တယ် ။ ပြီးတော့မှ ..... ဟာ ..သွားပြီ .. ။
လုပ်စရာရှိတာတွေ မလုပ်ရဘူးးးး ဟု ... လွဲသွားသူတွေ တစ်ပုံကြီးးးးး ။
အဲ့ဒါကြောင့် အဲ့လို မဖြစ်ရအောင် ... အင်တာနက် သုံးနေတာလေးလည်း မပျက်အောင်.....ဒီလိုလေးပဲ လုပ်ထားပေးလိုက်ပါ ... ။
http://kukuklok.com/ (Click) ဒီမှာယူပါ
click တစ်ချက် နှိပ်ပြီး အဲ့ဆိုဒ်လေးကို ဖွင့်ထားပေးလိုက်ပါ ။ ဖွင့်လိုက်တာနဲ့ .ရိုးရှင်းလှတဲ့ ဆိုဒ်ရဲ့ အပြင်အဆင် ဟာ ..စိတ်ကို
ဖမ်းစားသွားပါလိမ့်မယ် .... ။
Digital နာရီလေး တစ်လုံးးးးး ( အပေါ်မှာ လက်ရှိ ရောက်နေတဲ့ current time ကို ပြနေလိမ့်မယ် ) နဲ့ ...
ဘေးနားမှာ ကြက်ဖ ပုံလေးနဲ့ ..... ( ရွာက ကြက်တွန်သံလေး အလွမ်းပြေပေါ့....)
အဲ့ဒါဆို အရင်ဆုံး ကိုယ် လုပ်စရာ ရှိတဲ့ အချိန် ကို နာရီလေးမှာ ချိန်ပြီး set alarm ပေးလိုက်ပေါ့.... ။
ပြီးရင် ကြက်ဖ ပုံလေးမှာ preview sound ကို နှိပ်ကြည့်လိုက်ပါ ... ။ အဲ့ဒါဆို မိမိ
alarm ပေးထားတဲ့ အချိန်မှာ ကြက်တွန်သံနဲ့ ... alarm လေး ပေးနေပါလိမ့်မယ် ။
( ကြက်ဖ ပုံလေး ဘေးနားက arrow လေးတွေကို နှိပ်ပြီး ရိုးရိုးနှိုးစက် နာရီသံ
၊ electronic တတီ...တီ..မြည်သံ ၊ slayer guitar မြည်သံ အကျယ်ကြီးနဲ့ ...၊
တပ်မတော်သားများအကြိုက် .. စစ်ချီတေးသံ ... အစရှိတဲ့.. မိမိ
ကြိုက်နှစ်သက်ရာ alarm အသံများကိုလည်း ရွေးချယ်ပေးလို့ ရပါသေးတယ် ။ )
အဲ့ဒါဆို ရင်... အဲ့ဆိုဒ်လေး ကိုဖွင့် alarm လေးကို set လုပ်ပေးပြီးး မိမိ
သုံးချင်တဲ့ .. အင်တာနက်ကို ကြိုက်သလို ထိုင်သုံးနေပါ... ။ alarm လေး
မြည်လာတဲ့ အချိန်မှာတော့ .. မိမိ တစ်ခုခု လုပ်စရာ ရှိလာပြီ ဆိုတာကို ..
အလိုလို alarm မြည်သံ ကြားတာနဲ့ သတိရလာပါလိမ့်မယ် ..... ။
(Online Alarm Clock လေး ဖြစ်တာကြောင့် နက် မရှိတဲ့ အိမ် က စက်တွေကတော့ အဆင်ပြေမှာ
မဟုတ်ပါဘူး ။ အင်တာနက် အသုံးပြုနေရတဲ့ ရုံးဝန်ထမ်းတွေ အတွက်ကတော့ ဒီ Online
Alarm Clock လေးက ပြောမပြတတ်လောက်အောင် အဆင်ပြေစေပါလိမ့်မယ်..... ။ )
အားလုံးပဲ .. အင်တာနက်သုံးပြီးး လုပ်စရာ ရှိတဲ့ အချိန်မှာ လုပ်စရာ ရှိတဲ့ အလုပ်ကို
..ပြီးပျက် အောင်မြင်စွာ လုပ်ဆောင် နိုင်ကြပါစေဗျာ .... ။



တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။

No comments: