About Portable Document Format (PDF) File

About Portable Document Format (PDF) File
နှင့်
ပျောက်သောသူရှာလျှင်တွေ့ ၊ သေသောသူကြာလျှင်မေ့


What is a PDF file?
A Portable Document Format (pdf) file is a self-contained cross-platform document. In plain language, it is a file that will look the same on the screen and in print, regardless of what kind of computer or printer someone is using and regardless of what software package was originally used to create it.
Although they contain the complete formatting of the original document, including fonts and images, PDF files are highly compressed, allowing complex information to be downloaded efficiently.
PDF file အကြောင်း
ဒီတစ်ခါတော့ PDF File အကြောင်းလေး ပြောပြချင်ပါတယ်… ရုံးလုပ်ငန်းလုပ်နေတဲ့သူတိုင်း PDF File အကြောင်းကို အနည်းနဲ့  အများ သိပြီး ဖြစ်ပါလိမ့်မယ်… ရုံးလုပ်ငန်းတွေမှာ စာစီစာရိုက်ခြင်းကို Microsoft Word ကိုသော်လည်းကောင်း၊ PageMaker ကိုသော်လည်းကောင်း သုံးစွဲကြပါတယ်… ကုမ္ပဏီအများစုမှာ PDF File ကို အသုံးပြုတာများလာတာကိုလည်း တွေ့  ရှိရမှာပါ…
PDF ဆိုသည်မှာ Portable Document Format ပါ… PDF နဲ့  သိမ်းထားတဲ့ File တွေကို Print ထုတ်တဲ့အခါ Screen ပေါ်မှာ မြင်ရတဲ့ မိမိမျက်မြင်အခြေအနေအတိုင်း ထွက်လာနိုင်ပါတယ်… PDF File မှာ သုံးထားတဲ့ စာသားကို ဘယ်လို Font နဲ့ ရေးရေး၊ ပုံတွေကို ဘယ်လို Software နဲ့  ဆွဲထားဆွဲထား ဂရုစိုက်စရာမလိုပဲ PDF File မှာပါတဲ့အတိုင်း မြင်နိုင်၊ Print ထုတ်နိုင်တာပါ…
PDF File တွေဟာ Highly Compressed လုပ်ထားလို့  File Size ငယ်တဲ့အတွက် Download လုပ်ရတာ လျင်မြန်လွယ်ကူပါတယ်…

How to Download the software
Virtually anyone - including Windows, DOS, Macintosh, SUN, and UNIX system users - can view and print a PDF file using the free Adobe® Reader®, from the Adobe web site.
To download the free Adobe® Reader® from the Adobe® Web Site:
For assistance in downloading and installing the software, see the Adobe® Web site document Adobe® Reader® Troubleshooting Guide at Adobe®'s Web Site.
Adobe® also has information on accessibility resources at its site.
ဒါပေမဲ့ PDF File တွေကို ဖတ်နိုင်ဖို့ ကတော့ မိမိစက်ထဲမှာ Adobe Reader ဆိုတာကို ရှိနေရမှာပါ… Adobe Reader ကို http://get.adobe.com/uk/reader/ မှာ Free Download ရယူနိုင်ပါတယ်…
 Computer ၀ယ်မယ်ဆိုရင် Microsoft Office Package နဲ့  Adobe Package တွေကို ထည့်ပေးတတ်ပါတယ်…

How to View PDF Files
Once the Adobe® Reader® software is properly installed, you just need to click on a link to a .pdf file and it will be loaded for viewing on your computer. Note that the file is sent to your computer as a temporary file that will be deleted when you exit your browser.
PDF files are indicated by either the letters [PDF or pdf].
PDF File Extension က .pdf ပါ… File Name မှာ .pdf လို့ ပါရင် PDF File Format ပါ…

How to Print PDF Files
When printing PDF files from within your web browser, do NOT use the web browser print facility. Instead, use the print button in the Adobe® Reader® tool bar.

PDF File တွေကို Print ထုတ်မယ်ဆိုရင် Web Browser မှာ မထုတ်ပဲ Adobe Reader Tool Bar က Print ကိုပဲ အသုံးပြုသင့်ပါတယ်…


How to Save PDF Files
To save the file for later use once you have loaded it for viewing, on most browsers you just select "File" then "Save As..." from the menu bar. To just save without viewing, place the cursor over the link to the pdf file, hold down the shift key and click the mouse. This should bring up the "Save As" window.

PDF File ကို သိမ်းမယ်ဆိုရင် File >>>Save as နဲ့  သိမ်းပါ...

ခုနောက်ပိုင်း Microsoft Word 2007 မှာ Save as… PDF နဲ့  သိမ်းလို့ ရတဲ့အတွက် အဆင်ပြေ လွယ်ကူပါတယ်…
လွမ်းတို့  ကုမ္ပဏီမှာ စာတွေကို PDF File နဲ့  ပို့ တာများပါတယ်…
သက်ဆိုင်ရာဌာနတွေကို ပို့ ဖို့ လိုအပ်တဲ့အခါ Color Printer နဲ့  ထုတ်ရင် ပို့ လိုက်တဲ့စာအတိုင်း ထွက်လာလို့ ပါပဲ…
PDF File အနေနဲ့  ပို့ တဲ့အခါ File Size ငယ်တဲ့အတွက် Download လုပ်ရာမှာလည်း လွယ်ကူပါတယ်…


PDF File အကြောင်းလေး ပြောရင်း သူငယ်ချင်းတို့ ကို ပြောပြစရာအကြောင်းလေး တစ်ခု ရှိပါတယ်…
လွမ်း MM Flash Songs မှာ ၀င်ရောက်ပြီးနောက်ပိုင်း သူငယ်ချင်းများစွာ ရခဲ့ပါတယ်…
သူငယ်ချင်းများထဲက သူငယ်ချင်းတစ်ယောက်ဖြစ်တဲ့ ကိုနေဦးနော်ကို သူငယ်ချင်းတို့  မှတ်မိမယ်ထင်ပါတယ်…
နင့်အလိုကျ နဲ့  အိပ်မက်တစ်ခု သီချင်း နှစ်ပုဒ်ကို Flash Song ရေးဖို့  သီချင်းပေးပို့ ခဲ့တဲ့သူပါ…
လွမ်းကို မဧကရီ လို့  ခေါ်တတ်ပါတယ်…
မဧကရီ ဗဟုသုတရအောင်ဆိုပြီး စာတွေ ရေးပို့ တတ်ပါတယ်…
လွမ်းဆီ ပို့ တဲ့စာတိုင်းကို PDF File နဲ့  ချည်းပဲ ပို့ ပေးခဲ့တာပါ…
သူငယ်ချင်းတွေကို ဧကရီ ဝေမျှချင်ပါတယ်လို့  ခွင့်တောင်းတော့ မဧကရီအတွက် ရေးထားတဲ့စာတွေမို့  မဧကရီ သဘောကျ လုပ်နိုင်ပါတယ်တဲ့လေ…
လွမ်းက လွမ်းနေတတ်သူဆိုတော့ လွမ်းကို ပျော်စေချင်တဲ့သူတစ်ယောက်ပါ…
ကိုနေဦးနော် ရေးသားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ကို သူငယ်ချင်းတွေကို ဝေမျှပေးလိုက်ပါတယ်…
PDF File Format နဲ့  ဖတ်ရတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ပေါ့နော်…
File Size မကြီးတဲ့အတွက် Download လုပ်ရာမှာလည်း လွယ်ကူမှာပါ…
ဇာတ်လမ်းလေးခေါင်းစဉ်က ပျောက်သောသူရှာလျှင်တွေ့ ၊ သေသောသူကြာလျှင်မေ့…တဲ့
စာမျက်နှာ ၂၂-မျက်နှာရှိပါတယ်… ပထမဆုံးစာမျက်နှာလေးကို Print ထုတ်ပြီး တင်ပေးထားပါတယ်…
ဒီနေရာလေး မှာ Click လုပ်ပြီး ဖတ်ကြည့်ပါနော်…
File Size က 573KB ပဲ ရှိပါတယ်...
မိမိစက်မှာ Adobe Reader လေး ရှိရင် ဖတ်လို့ ရနိုင်ပါတယ်…
လွမ်းရဲ့ နည်းပညာများကိုလည်း PDF File များနဲ့  အခွင့်သင့်လျှင် တင်ပေးသွားပါမယ်...
သူငယ်ချင်းများအားလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေ…


လွမ်းဧကရီ
၂၇-၀၇-၂၀၁၂
ည ၁၁း၁၀ နာရီ

No comments: