ထုပ်ထုပ် Flash Songs မှ ပုံများ နှင့် ပုလင်း လှုပ်နည်း


ထုပ်ထုပ် လုပ်ထားတဲ့ သီချင်းထဲက ပုံလေးတွေ ကို ဘော်ဘော်တို့ တွက် ပြန်ပီး ရှယ်လိုက်တယ် နော်
 
Grass 
မြက်ခင်းလိုချင်ရင် ဒီပုံထဲကနေပဲ ဖြတ်ထုတ်လိုက်ပါနော်
 
 
Bamboo shaking
Pendulum
 
ပုလင်းလှုပ်တာလေးကို မသိတဲ့ သူတွေအတွက် တင်ပေးလိုက်ပါတယ်နော် ။အရင်ဆုံး
 
အပေါ်က Pendulum ဆိုတာလေ ကို ဒေါင်းလိုက်ပါခင်ညာ့။
 
ပြီးရင် ဆွစ်မက် ဆော့ဝဲကို ဖွင့်လိုက်မယ်နော် ။နောက် import animation ထဲကနေ
 
စောနက ဒေါင်းထားတဲ့ Pendulum ဖိုင်လေးကို ဖွင့်ထည့်လိုက်ရင် အောက်မှာ ပြထားတဲ့
 
အတိုင်း ပေါ်လာပါလိမ့်မယ်နော်။



အဲလိုပေါ်လာရင် ညာဘက် ဘောက်ထဲက outline ထဲကနေ အဲဒီဖိုင်လေးက + ပုံလေးကို
နှိပ်ပီး ဖြည်လိုက်ရင် အောက်က ပုံအတိုင်း ကျလာမယ်နော်။

  အဲလို ကျလာရင် ကျန်တာတွေ အကုန် delete လုပ်ပီး မိမိ နဲ့ အဆင်ပြေမဲ့ ချိန်သီးလေး
တစ်ခုပဲ ချန်ခဲ့ပါဂျာ။အောက်က ပုံအတိုင်းလေး ကျန်တဲ့ အထိပေါ့။

ပြီးရင် အောက်က ပုံမှာ ၀ိုင်းပြထားတဲ့ line tool ကိုယူပီး အထက်အောက် မျဉ်းဖြောင့်
တစ်ကြောင်းဆွဲလိုက်ပါနော်။တစ်ခု ကြိုပြောချင်တာက နောက်ခံအရောင် က
အမဲရောင် ဖြစ်ရမယ်နော် background အရောင်ကို ပြောတာနော်။
အပေါ်က ပုံမှာ ပြထားတဲ့ အတိုင်း မျဉ်းဖြောင့် ပေါ်နေပေမဲ့  အနက်ရောင်
နဲ့ပဲထွက်လာမှာပါနော်။ဒါကို အရောင်လဲ ပြောင်းရပါမယ် မျဉ်းလိုင်း အထူအပါးလဲ လိုသလို
ချိန်လို့ရပါတယ် ။
  
အနီရောင် ဘောင်ခတ်ပြီး တော့ အပေါ်မှာ ပြထားတဲ့  ပုံကတော့ မျဉ်းလိုင်း အထူအပါး
ချိန်တာပါခင်ညာ့။ အဲဒီဘေးက အပြာရောင် ဘောင်လေးကတော့ နှိပ်ပြီး
အရောင် ပြောင်းမှာပေါ့နော်။
   ဒါက နှိပ်ပြီး အရောင် ကို အနီရောင်လေး ၀ိုင်းပြထားတဲ့တိုင်း
အဖြူရောင်ကို ရွေးလိုက်တာပါ။

အရောင် ပြောင်းလို့ ပြီးပြီဆိုရင်တော့ import picture ထဲကနေ net က ဒေါင်းလို့ရတာပဲ
ဖြစ်ဖြစ် မိမိဘာသာ ဖန်တီးထားတာပဲ ဖြစ်ဖြစ် ထည့်လိုက်ပါမယ် အပေါ်မှာ
တွေ့ရတဲ့တိုင်းပေါ့။ ဒါပေမဲ့ တစ်ခု သတိထားရမှာက ထည့်မဲ့ ပုလင်းပုံကို photoshop နဲ့
ဘေးမှာ  အပို အလို မရှိပဲ ဖြတ်ရမဲ့ အပြင် ပုလင်းပုံရဲ့ နောက်ခံ ကိုလဲ အနက်ရောင် ပြောင်း
ထားရပါမယ်။

ပုံထည့်ပြီးသွားရင်တော့ အပေါ်ပုံမှာ ပြတဲ့ အတိုင်း အဆင်ပြေမဲ့ ဆိုဒ် ကိုချုံ့ပြီး အစက
ဆွဲထားတဲ့ မျဉ်းထိပ်လေး မှာကပ်ပေးလိုက်ပေါ့နော်။

   နောက်ထပ်ဆက်လုပ်ရမှာက ဆွဲထားတဲ့ မျဉ်းလေးရယ် ပုလင်းရယ်ကို အပေါ်ပုံမှာ ပြထား
တဲ့အတိုင်း ၂ ခုလုံးကို select လုပ် ညာကလစ်နှိပ်ပြီး Group as Group လုပ်ရမှာပါ။
အနီရောင် ဘောင်လေးခတ်ပြထားပါတယ်။

Group လုပ်ပီး သွားပီဆိုရင်တော့ အပေါ်ပုံမှာ ပြထားတဲ့  အတိုင်း တစ်ခုထဲ ချန်ခဲ့တဲ့
ချိန်သီးလေးကိုသွားဖို့ ညာဘက်က အနီရောင် ဘောင်လေး ခတ်ပြတဲ့နေရာ က
movie clip ကိုနှိပ်လိုက်ပါမယ်။ ကလစ်ပြီးရင် အပေါ်မှာ အနီရောင် ဘောင် အကြီး နဲ့ ခတ်ပြ
ထားတဲ့ အထဲမှာ လှုပ်တဲ့ effect လေးတွေ တွေ့ပါလိမ့်မယ်။အကုန်လုံး ကို  select ပေးပြီး
Copy  ယူပါမယ်။ ပြီးရင်တော့ စောစောက Group လုပ်ထားတဲ့ နေရာ ကိုသွားပြီး
အပြာရောင်လေးနဲ့ ၀ိုင်းထားတဲ့ နေရာမှာ paste effect လုပ်လိုက်ပါမယ်။အောက်က
ပုံအတိုင်းပေါ့

paste effect လုပ်ပြီးရင်တော့ အောက်က ပုံအတိုင်း  play ကို နှိပ်ပြီး စမ်းလိုက်ပါ။
ပုလင်းနေရာ ရွေ့သွားတာက လွဲရင် ပုလင်းလေး လှုပ်တာတွေ့ရပါပြီ။

နောက်နေရာကို တော့ နဲနဲမှန်းချိန်လိုက်ရင် ရပါတယ်။
မလိုတဲ့ ဘေးက ချိန်သီးလေး ကို ဖြုတ်လိုက်ပေါ့နော်။


ကဲလှုပ်လို့ရပါပြီဗျာ။ မရှင်းတာ ရှိရင်လဲ ကွန်မန့်မှာ မေးသွားပေါ့နော် ။
အဆင်ပြေကြပါစေ ခင်ညာ။ဆွစ်မက် ကို ဘယ်မှာ ဒေါင်းရမလဲ  မေးနေတဲ့ 
ဘော်ဒါများအတွက် အိမ်ရှေ့ မှာ တင်ထားပေးသလို အောက်မှာ ဒေါင်းလိုက်လဲ
ရပါတယ်နော် ....
အပိုင်း(၂) မှာမေးထားတဲ့ မာန်ရေးးးးးး format factory က သီချင်း ချုံ့ရုံ သက်သက် ပါ
ဖလက်သီချင်း လုပ်တဲ့ ဆော့ဝဲ မဟုတ်ပါဘူး။အောက်မှာ ဒေါင်းလိုက်နော်..


ထိုလင့်တွင်အပြည့်အစုံဖတ်ပါ: http://www.mm-flashsongs.com/profiles/blog/show?id=5202681%3ABlogPost%3A1301291&xgs=1&xg_source=msg_share_post#ixzz217v7Qbyu

No comments: