ကဲ ဒုတိယအကြိမ် ထပ်ပြောလိုက်ပါမယ် . keygen ပါပါတယ် . တစ်ခါတည်း ထည့်ပြီးသားပါ . မပါဘူးမလုပ်ပါနဲ့ .
တင်ပေးလိုက်ပါပြီ . တောင်းထားတဲ့သူရှိလို့ပါ . မနည်းရှာလိုက်ရတယ် . keygen တစ်ခုရဖို့ . တင်ပေးလိုပါပြီ . ဘာအတွက်သုံးတယ်ဆိုတာကို မေးမယ့်မေးခွန်းထဲမှာ password
နဲ့ပတ်သက်တဲ့ မေးခွန်းမျိုးတွေကို ပြန်ဖြေပေးမှာမဟုတ်ပါဘူး ဒါပေမယ့်
ဘယ်လိုမျိုး cover ယူရမယ် . ဘယ်လိုမျိုး လုပ်ရင် အဲ့လိုလူမျိုးတွေကို
ကျော်လွှားနိုင်မယ်ဆိုတာမျိုးကိုတော့ ဖြေပေးပါ့မယ် . လူဆိုတာလဲ အခက်သားလား .
မကောင်းတာကို လုပ်မယ်ဟေ့ဆိုရင် အဖော်မလိုဘူး . ကောင်းတာလုပ်ဖို့ဆိုရင်တော့
ရှေ့ဆုံးက . မယုံရင် အင်တာနက်မှာ google ကနေ ရှာတဲ့ search word မှာ ကြည့်ကြည့်လိုက် . ထပ်ဆုံးကနေ သွားနေတာက ဘာနာမည်တွေ ဖြစ်မလဲလို့ . သိတယ်မဟုတ်လား (sexy) ဆိုတာမျိုးက ထပ်ဆုံးက . နည်းပညာဆိုတာကတော့ ဟိုးအောက်ဆုံးမှာ ရှိနေလိမ့်မယ် . မဟုတ်တဲ့ အကြောင်းတွေက ထိပ်ဆုံးက . ဘာမှသာ မတတ်တာ H*** မယ် h*** ချင်တယ် ဆိုတဲ့သူတွေက ထိပ်ဆုံးက . ဟက်ကာဆိုတဲ့ သူတော်တော်များများက . သူတို့ကိုယ်တိုင် နာမည်ခံတာမဟုတ်ပါဘူး . သူက program
တွေရေးရဲ့နဲ့ သူများရေးလိုက်ပြီးသား ပစ္စည်းတွေရဲ့ အားနည်းချက်ကို ရှာပြီး
ထိုးဖောက်တာကို ဟက်ကာလို့ တစ်ခြားသူတွေက ခေါ်တာပါ . နောက်တစ်ခု ဥပမာပေးရရင်
ကျွန်တော်တို့ Iphone တွေဗျာ . apple ကနေ ထုတ်တုန်းကတော့ သူထုတ်တဲ့ iphone တွေထဲမှာ ရှိတဲ့ သီချင်းတွေကို copy ကူးလို့မရအောင်လုပ်ထားသလို . apple က ထုတ်တဲ့ iphone ကို သူသတ်မှတ်ထားတဲ့နိုင်ငံကလွဲပြီး တစ်ခြားနိုင်ငံမှာ သွားသုံးလို့မရဘူး . ဖုန်းလိုင်းမမိဘူး . SIM card ထည့်လဲ လိုင်းတက်လာမှာမဟုတ်ဘူး . အဲ့ဒီ့တော့ အဲ့ဒီ့ iphone က ပစ်လိုက်ရရောလား . အရင်တုန်းကတော့ ပစ်လိုက်ရပါတယ် . အခုတော့ မပစ်ရတော့ပါဘူး . jailbreak လုပ်ပြီးတော့ ကျွန်တော်တို့ international sim card တွေ ထဲက ကိုကြိုက်တဲ့ card ကိုတောင် ထည့်လို့ရနေပါပြီ . အဲ့ဒီ့ h***** တွေရဲ့ စွမ်းဆောင်ရည်တွေပါ . သူတို့တွေက မသိနားမလည်တဲ့ ပချိပချက် program
သမားတွေလောက်ကို မတိုက်ခိုက်တတ်ပါဘူး . သူတို့တိုက်ခိုက်တာက
တစ်ကယ့်ထိပ်တန်း စီးပွားရေးလုပ်ငန်းရှင်တွေ ကိုပါ . ကျွန်တော်တို့
ပြည်သူတွေ အတွက်အကျိုးရှိစေမယ့် စွမ်းဆောင်ရည်မျိုးကိုပေးတဲ့သူတွေကတော့
ပြည်သူတွေဖက်ကပေါ့ . လုပ်ငန်းရှင်တွေဖက်ကနေလဲ အဲ့ဒီ့ h***** တွေကို တိုက်ခိုက်ဖို့အတွက် ဒီ့ထက် version
မြင့်တဲ့ ပစ္စည်းတွေကို ထပ်ထုတ်ပြီး . သူတို့ တိုက်ခိုက်ထားတဲ့
အားနည်းချက်ကို ပြန်ပြီး ပိတ်ဆို့လိုက်တယ် . အဲ့ဒီ့လိုနဲ့ လုပ်ငန်းရှင်နဲ့ h***** တွေဟာ သူတစ်ပြန်ကိုတစ်ပြန် တိုက်ခိုက်နေကြတာပါ . မြန်မာပြည်သားတွေလို gtalk လေးကို ဟက်နိုင်တာနဲ့ ဟက်ကာလို့ ကိုယ့်ကိုယ်ကို နာမည်တတ်နေတဲ့ ခပ်ပဲ့ပဲ့ h***** မျိုးတော့ အဲ့ဒီ့မှာ မရှိပါဘူး . gtalk ကို h*** နိုင်တယ်ဗျ . ကျွန်တော်က မြန်မာပြည်က h*****
.ပေါ့လို့သွားပြော ဟိုက ရီလိုက်လိမ့်မယ် . h***** တွေဟာ သူတို့ကို
ဘယ်တော့မှ ဘယ်ကမှန်း မသိကြပါဘူး . သူ့ရဲ့ နာမည်ပြောင်တစ်ခုအနေနဲ့တောင်မှ
သိဖို့ အတော်လေးကို ခက်ခဲပါတယ် . အခုတစ်လော ကျွန်တော်တွေ့နေရပါတယ် . virus လုပ်တဲ့ software လေးကို အသုံးချပြီး trojan လေးလုပ်လိုက် . မြန်မာနာမည်လေးပေးပြီး အဲ့ဒီ့ virus လုပ်တဲ့ software လေး အားကိုးနဲ့ software ထဲမှာပါတဲ့ ပုံသေနည်းတွေနဲ့ လိုက်ပြီးတော့ လုပ်နေတာ . တစ်ကယ့်ကို ရီဖို့ကောင်းပါတယ် . သရက်ချောင်း virus
လား . မင်းကိုချစ်တယ် ဆိုလားမသိဘူး အတော်များပါတယ် . ကျွန်တော်ကတော့
အတော့်ကို ရီချင်တာ . ဒီလိုလူမျိုးတွေလုပ်နေတာက နွားခြေရာခွက်ထဲမှာတော့
သူတို့က အတော်ဆုံးပေါ့ . ဟဟ . ကျွန်တော့်ဆီမှာ virus လုပ်တဲ့ software
တွေ ကွန်ပျူတာနဲ့တောင် ထည့်လို့မဆံ့ဘူး ရှိတယ် . ဒါပေမယ့် အခုအချိန်အထိ
ဘယ်သူ့ကိုမှ မတိုက်ခိုက်ခဲ့ဖူး . သူများဖြစ်နေတာတွေကိုပဲ လိုက်ပြီး
ဖြေရှင်းပေးခဲ့တာ . ကျွန်တော်ဟိုးအရင်က တစ်ယောက်ကိုပေးခဲ့ဖူးတယ် . သူက
အရမ်းတောင်းပန်လို့ပါ . ကတိတွေလဲ အထပ်ထပ်ပေးလို့ ပေးလိုက်တယ် . မကြာပါဘူး
အဲ့ကောင်လေး လက်တည့်စမ်းလိုက်ပါတယ် . အဲ့ဒီ့နောက်ပိုင်း ဘယ်သူ့ကိုမှ
မပေးတော့တာ အခုအချိန်အထိပဲ . စိတ်ကုန်တာထက် စိတ်ပျက်တာ ပိုများတယ် .
လာလိုက်ရင် gmail h*** ချင်တယ် လုပ်ပေးပါ .သင်ပေးပါတဲ့ . နောက်တစ်ခုရှိပါသေးတယ် . website ကို down
အောင် တိုက်ခိုက်တာပါ . ဒါတွေဟာ တစ်ကယ်တော့ သိရင်လွယ်ပါတယ် .
မသိရင်သာခက်တာ . ဒါတွေကို အဟုတ်ကြီးထင်ပြီးတော့ ကိုယ့်ကိုယ်ကို
အထင်ကြီးနေတတ်တဲ့ ခပ်ကြောင်ကြောင် လူတွေက ကိုယ့်မြန်မာအချင်းချင်း မသိတဲ့
လူတွေကို နှိပ်ကွပ်ဖို့ ဖြစ်လာတာတော့ အတော့်ကို ဆိုးရွားပါတယ် . ကျွန်တော်
ဒီရှေ့ ဆိုင်တွေကို သွားရင် ဘာတွေ လုပ်သင့်သလဲဆိုတာကို ရေးပေးပါဦးမယ် .
ဒီလိုလူမျိုးတွေ ရန်က လွတ်အောင်လို့ . ကျွန်တော် နားလည်တတ်ကျွမ်းသလောက်
လက်လှမ်းမီသလောက်လေးပါ . ကဲဒီကောင်လေးကို သုံးတတ်ရင်သုံးပါ . မသုံးတတ်ရင်
မသုံးပါနဲ့ . ကျွန်တော့်ကိုတော့ ပြန်မမေးပါနဲ့ . ကဲကဲအောက်မှာ download လုပ်လိုက်ပါဦး ..
No comments:
Post a Comment