"USB Drive Not Recognized" Error ဖြေရှင်းနည်း

USB  ပေါက်မှာ ထိုးတဲ့ external device တွေဟာ တစ်ခါတစ်ရံမှာ detect မမိဖြစ်နေတက်ပါတယ်။ ဒီလိုဖြစ်ခဲ့တယ်ဆိုရင် Tast-bar မှာ "USB Drive Not Recognized" လို့ Error Message ပြသတတ်ပါတယ်

ဒီလိုဖြစ်လာရင် လူများစုလုပ်တတ်တာကတော့ USB Memory Stick ကို ဖြုတ်လိုက် တပ်လိုက် လုပ်တာပေါ့လေ တကယ်တော့ ဒီလိုလုပ်တာဟာ အလုပ်မဖြစ်ပါဘူး 
ကဲ ဘယ်လိုဖြေရှင်းကြမလဲ ဆိုတော့ 

နည်းလမ်း(၁)


- ကွန်ပျူတာကို ပိတ်ပြီး Power Supply ကြိုးကို ဖြုတ်လိုက်ပါ။(မားသားဘုတ်မှာ Power ဝင်နေတဲ့အတွက် ကြိုးတွေ ဖြုတ်လိုက်ဖို့ လိုအပ်ပါတယ်)


- တစ်မိနစ်ကြာတဲ့အထိ ကွန်ပျူတာကို ပိတ်ထားပါ။


-ပြီးရင် ကွန်ပျူတာကို ပြန်ဖွင့်ပါ။ System မှာ (Printer, Network Service...) တွေ ပြီးဆုံးအောင်အထိ တပ်ပြီးမှ Memory Stick ကို စက်မှာ ပြန်ထိုးပါ။


နည်းလမ်း(၂)


- နောက်တစ်နည်းကတော့ Run Box မှာ devmgmt.msc ကို ရိုက်ထည့်လိုက်ပါ။


- Device Manager ပေါ်လာရင် My Computer မှာ ကလစ်နှိပ်ပါ။(Stick ကိုစက်မှာ တပ်ပြီးသား ဖြစ်ပါစေ)


- Action Menu အောက်က "Scan for Hardware Changes" command ကိုနှိပ်လိုက်ပါ။


ဒီအခါမှာ ကွန်ပျူတာက USB ကိုမြင်နိုင်ပါပြီ။ အဝါရောင် Error Message ကို မြင်ချင်ပါတယ်ဆိုတာတောင် မြင်ရမှာ မဟုတ်တော့ပါဘူး။ 
မူရင်း ။     ။   အာကာဖြိုး 

No comments: