ဒီသင်ခန်းစာမှာ Beginner များအတွက် Dreamwaver ကို သုံးပြီး ကိုယ်ပိုင် Webpage လေးတစ်ခု ဖန်တီးပြမှာ ဖြစ်ပါတယ်။ `
ကျွန်တော်တို့ ပထမဦးဆုံး Website တစ်ခု မဖန်တီးခင် Mycomputer ထဲက D: မှာ Project အမည်နဲ့ Folder တစ်ခုကို ကြိုတင်ပြုလုပ်ထားလိုက်ပါ။ ထို့ Project Folder ထဲတွင် BusinessSite အမည်ဖြင့် Folder အသစ်တစ်ခုထပ်ပြုလုပ်ထားလိုက်ပါ။
၁။ Dreamwaver Software ကို ဖွင့်လိုက်ပါ။
ထို့နောက် ပုံမှာပြထားတဲ့အတိုင်း “Create New” အောက်မှာရှိတဲ့ “Dreamweaver Site” ကို Click နှိပ်လိုက်ပါ။

Site Definition Box ကျလာပါက “BusinessSite” ဆိုပြီး အမည်ပေးပြီး Next ကို နှိပ်လိုက်ပါ။ ဒီနေရာမှ မိမိကြိုက်နှစ်သက်တဲ့အမည်ပေးလို့လည်းရပါတယ်။

ပုံတွင်ပြထားသည့်အတိုင်း ရွေးချယ်ပြီး Next ကို နှိပ်လိုက်ပါ။

ကျွန်တော်တို့ အခုနက ကြိုတင်တည်ဆောက်ခဲ့တဲ့ Project Folder ထဲမှ BusinessSite ကို လမ်းကြောင်းရွေးချယ်ပေးပြီး Next ကို နှိပ်လိုက်ပါ။ Folder မဆောက်ရသေးတဲ့သူတွေကတော့ ပုံမှာပြထားတဲ့အတိုင်း လမ်းကြောင်းနေရာမှာ ကျွန်တော်ပြထားတဲ့အတိုင်းရေးလိုက်ပါ။ ဒါဆို D: အောက်မှာ Project Folder ကို သူ့ဘာသာသူတည်ဆောက်ပေးပါလိမ့်မယ်။

None ကို ရွေးပြီး Next နှိပ်လိုက်ပါ။

ထို့နောက် Done ကို နှိပ်လိုက်ပါက
ပုံတွင်ပြထားသည့်အတိုင်း မြင်တွေရရမှာဖြစ်ပါတယ်။ ထို့နောက် ကျွန်တော်တို့
ဓာတ်ပုံတွေသိမ်းဖို့အတွက် ညာဘက်ထောင့်မှာရှိတဲ့ Site - BusinessSite ကို နှိပ်ပြီး Right ClickNew Folder ကို ရွေးကာ images ဟုအမည်ပေးပြီး Folder တစ်ခုကို BusinessSite Folder အောက်မှာ ဆောက်လိုက်ပါတယ်။

အထက်ပါအဆင်များပြီးဆုံးပါက ကျွန်တော်တို့ Template တစ်ခုကို Create ပြုလုပ်ဖို့ File Menu အောက်က New ကို နှိပ်လိုက်ပါ။ ထို့နောက် ပုံတွင်ပြထားသည့်အတိုင်း ‘Blank Template’ > Template Type: ‘HTML Template’ > Layout: ‘none’ ကို အဆင့်ဆင့်ရွေးလိုက်ပါ။

ထို့နောက် template ကို သိမ်းရန်အတွက် File အောက်မှ Save As ကို နှိပ်လိုက်ပါ။ ထို့နောက် template လို အမည်ပေးပြီး Save မှတ်လိုက်ပါ။ ဒါဆိုလျှင် template ကို မိမိရဲ့ BusinessSite ရဲ့အောက်မှာ Template Folder တစ်ခုကို တည်ဆောက်ပြီး template.dwt ဆိုပြီး Save မှတ်ပေးတာကို တွေ့ရမှာဖြစ်ပါတယ်။


ကျွန်တော်တို့ရဲ့ Template မှာ ဒီဇိုင်ပြုလုပ်ရန်အတွက် Layout သတ်မှန်ရန်အတွက် Insert > Layout Objects > Div Tag ကိုရွေးချယ်ကာ header ဟုအမည်ပေးပြီး New CSS Rule ကို နှိပ်လိုက်ပါ။


New CSS Rule Box ကျလာပါက #header လို့အမည်ပေးပါ။ New Style Sheet File ကို ရွေးပေးပြီး Ok ကို နှိပ်လိုက်ပါ။

styles လို့အမည်ပေးပြီး Save မှတ်လိုက်ပါ။

CSS Rule Box ကျလာပါက ပုံမှာပြထားတဲ့အတိုင်း အဆင့်ဆင့်ပြုလုပ်လိုက်ပါ။ ဒီနေရာမှာတော့ ကျွန်တော်တို့ Tutorials ဖြစ်တဲ့အတွက် ကျွန်တော်လုပ်ပြထားတဲ့အတိုင်းပဲလိုက်လုပ်ပါ။ ပုံတွေကိုတော့
ဒီနေရာမှာ Download ပြုလုပ်ပြီး ပုံတွေကို Copy ကူးကာ မိမိပြုလပ်ထားတဲ့ D:>Project>images ထဲမှာ Paste လုပ်ထားလိုက်ပါ။ ပြီးရင်တော့ အောက်မှာပြထားတဲ့အတိုင်း လုပ်လိုက်ပါ။
Background ပုံထည့်ရန်အတွက် Browser ကို နှိပ်ကာ D:>Project>images ထဲက ကျွန်တော်တို့ သိမ်းထားတဲ့ header-bg ဆိုတဲ့ပုံကိုရွေးလိုက်ပါ။


ထို့နောက် Ok ကို နှိပ်လိုက်ပါက Insert Div tag Box ကျလာပါက OK ကို နှိပ်လိုက်ပါ။ ပြီးလျှင် Design ကို Click နှိပ်ပြီးကြည့်လိုက်ပါ။

ထို့နောက် ကျွန်တော်တို့ Layer နောက်တစ်ခုလုပ်ရန်အတွက် Window > CSS Styles ကို Click နှိပ်လိုက်ပါ။ ‘New CSS Rule’ icon ကို နှိပ်လိုက်ပါ။

ပြီးလျှင် အောက်မှာပြထားတဲ့အတိုင်း ဖြည့်လိုက်ပါ။
- Selector type: Tag
- Selector Name: body
- Rule Definition: styles.css
OK ကို Click နှိပ်လိုက်ပါ။

ပြီးလျှင်တော့ အောက်ကပုံအတိုင်းလေူ လုပ်လိုက်ပါ။ 0 ပဲပေးလိုက်ပါ။ ဒါမှ ဘယ်ညာနှစ်ဖက်လုံး အပြည့်ဖြစ်သွားမှာဖြစ်ပါတယ်။

ကျွန်တော်တို့ ‘Content for id “header” Goes Here’ ဆိုတဲ့နေရာမှာ Logo ထည့်မှာဖြစ်တဲ့အတွက် အဲ့ဒီစာသားတွေကို Delete လုပ်လိုက်ပါ။ ထို့နောက် Insert > Image ကို နှိပ်ပြီး Logo ပုံလေးကို ရွေးလိုက်ပါ။ ထို့နောက် alternate textါ်တွင် မိမိကြိုက်နှစ်သက်တဲ့အမည်ပေးလိုက်ပါ။ ကျွန်တော်ကတော့ BusinessSite Logo လို့အမည်ပေးလိုက်ပါတယ်။ ပြီးလျှင် OK နှိပ်လိုက်ပါ။

ဒါဆို ကျွန်တော်တို့ရဲ့ Header မှာ ယခုလိုမြင်ရမှာဖြစ်ပါတယ်။

ကျွန်တော်တို့ Logo ထည့်ထားတဲ့ header ကို Select လုပ်လိုက်ပါ။ အောက်ဆုံးမှာ ဒီလိုလေးတွေရမှာဖြစ်ပါတယ်။ မတွေ့တဲ့သူတွေကတော့ Select မှတ်တာမှားနေလို့ပါ။ မတွေ့ရင်လည်း Code ကို သွားပြီး အောက်မှာပေးထားတဲ့ Code ကိုရှာလိုက်ပါ။

Select မှတ်ပြီးလျှင် Code ကို သွားပါ။ Header Code ကို Select မှတ်ပေးထားတာတွေ့ရပါမယ်။ အပေါ်က မတွေ့တဲ့သူတွေကတော့ ဒီ Code ကို ရှာလိုက်ပါ။


ကျွန်တော်တို့ အပေါ်ပုံမှာ ပြထားတဲ့အတိုင်း Code ရဲ့နောက်ဆုံးမှာ cursor လေး ချပြီး Insert > Layout Objects > Div Tag ကိုရွေးကိုရွေးချယ်ကာ menu ဟုအမည်ပေးပြီး New CSS Rule ကို နှိပ်လိုက်ပါ။

ပြီးလျှင်တော့ ဟိုအပေါ်အဆင့်မှာ ပြုလုပ်ခဲ့တဲ့အဆင့်အတိုင်း အောက်မှာပေးထားတာတွေကို မှန်အောင်ဖြည့်လိုက်ပါ။
- Selector Type: ID
- Selector Name: #menu
- Rule Definition: styles.css
‘CSS Rule Definition for #menu’Box ကျလာရင် အောက်ကအတိုင်း ဖြည့်လိုက်ပါ။
- Background> Background- image: images/menu-bg.jpg
- Box > Width: 100%
- Box > Height: 32px
- Click OK
ပြီးလျှင်တော့ ကျွန်တော်တို့ Design ကိုရွေးပြီး ကြည့်လိုက်ပါ။ အခုလုပ်သွားတဲ့အဆင့်က အပေါ်က အဆင့်တွေအတိုင်းဖြစ်တဲ့အတွက် ပုံနဲ့တကွမရှင်းပြတော့ဘူးနော်။ မလုပ်တက်ရင် အပေါ်အဆင့်တွေကို သေသေခြာခြာပြန်ကြည့်ပါ။
ထို့နောက် Menu ပြုလုပ်ရန်အတွက် Content for id "menu" Goes Here ကို ဖျက်လိုက်ပြီး Insert > Image ကို နှိပ်ပြီး Home ပုံကိုရွေးပြီး မိမိကြိုက်နှစ်သက်တဲ့အည်ကိုပေးပြီး OK နှိပ်လိုက်ပါ။ ထို့နောက် Home ပုံလေးဘေးမှာ cursor ချပြီးအခုနကအတိုင်း Insert > Image ကို နှိပ်ပြီး ပုံးတွေရွေးပြီးအမည်တွေပေးလိုက်ပါ။ အဲ့ဒီမှာ Menu အတွက် about-us ၊ contact-us၊ services တွေရှိပါတယ်။ တစ်ခုစီရွေးပြီး လုပ်လိုက်ပါ။ ပြီးရင်တော့ အောက်ကပုံအတိုင်းမြင်တွေ့ရမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ Code ကို သွားလိုက်ပါ။

ထို့နောက် မှာရေးထားတဲ့ အောက်မှာ ပြထားတဲ့ Code ကိုရှာပြီး ရဲ့နောက်မှာ cursor ချလိုက်ပါ။

ထို့နောက် အရင်အဆင့်တွေအတိုင်း Insert > Layout Objects > Div Tag ကိုရွေးကိုရွေးချယ်ကာ middle ဟုအမည်ပေးပြီး New CSS Rule ကို နှိပ်လိုက်ပါ။

- Selector Type: ID
- Selector Name: #middle
- Rule Definition: styles.css
‘CSS Rule Definition for #middle’ Box ကျလာရင် အောက်ကအတိုင်း ဖြည့်လိုက်ပါ။
- Box > Width: 100%
- Click OK
ထို့နောက် Content for id "middle" Goes Here ကို Select မှာကာ Delete လုပ်ပြီး Insert > Layout Objects > Div Tag ကိုရွေးကာ submenu ဟုအမည်ပေးပြီး New CSS Rule ကို နှိပ်လိုက်ပါ။
အောက်မှာပေးထားတာတွေကို မှန်အောင်ဖြည့်လိုက်ပါ။
- Selector Type: ID
- Selector Name: #submenu
- Rule Definition: styles.css
‘CSS Rule Definition for #submenu’ Box ကျလာရင် အောက်ကအတိုင်း ဖြည့်လိုက်ပါ။
- Box > Width: 25%
- Box > Float: left
- Click OK
ထို့နောက် မိမိရဲ့ submenu div တွင် Content for id "submenu" Goes Here ကိုတွေရပါမယ်။ ကျွန်တော်တို့ Code ကို သွားပြီး
ကိုရှာပြီး ရဲ့နောက်မှာ cursor ချပြီးရင်တော့ အရင်ကအတိုင်းပါပဲ။ Insert > Layout Objects > Div Tag ကိုရွေးကာID တွင် content ဟုအမည်ပေးပြီး New CSS Rule ကို နှိပ်လိုက်ပါ။
အောက်မှာပေးထားတာတွေကို မှန်အောင်ဖြည့်လိုက်ပါ။
- Selector Type: ID
- Selector Name: #content
- Rule Definition: styles.css
‘CSS Rule Definition for #submenu’ Box ကျလာရင် အောက်ကအတိုင်း ဖြည့်လိုက်ပါ။
- Box > Width: 75%
- Box > Float: left
- Click OK

ထို့နောက် ကျွန်တော်တို့ CSS မှာ Body ကို ပြင်ရန်အတွက် Window > CSS Styles ကို နှိပ်လိုက်ပါ။ ထို့နောက် Body ကိုရွေးပြီး Right Click နှိပ်ပြီး Edit ကို ရွေးလိုက်ပါ။

ပုံမှာ ပြထားတဲ့အတိုင်းပြင်ပြီး Click နှိပ်လိုက်ပါ။

င်္Font ပြောင်းသွားတာကို တွေ့ရပါမယ်။

ကျွန်တော်တို့ footer အတွက် Div တစ်ခုထပ်လုပ်ပါမယ်။ သိတဲ့အတိုင်းပဲ Code ကို သွား ရဲ့နောက်ဆုံးမှာ cursor ချပြီးရင်တော့ အရင်ကအတိုင်းပါပဲ။ Insert > Layout Objects > Div Tag ကိုရွေးကာID တွင် footer ဟုအမည်ပေးပြီး New CSS Rule ကို နှိပ်လိုက်ပါ။
အောက်မှာပေးထားတာတွေကို မှန်အောင်ဖြည့်လိုက်ပါ။
- Selector Type: ID
- Selector Name: #footer
- Rule Definition: styles.css
‘CSS Rule Definition for #footer’ Box ကျလာရင် အောက်ကအတိုင်း ဖြည့်လိုက်ပါ။
- Box > Width: 100%
- Box > Height: 33 px
- Box > Clear: both
- Block > Text align: Right
- Background> Background-image: footer-bg.jpg
- Type > Color: #FFF
- Click OK

အခုဆိုရင်တော့ basic layout template လုပ်လို့ပြီးပါပြီခင်ဗျာ။ File > Save All ကိုနှိပ်ပြီး Save မှတ်လိုက်ပါ။
ဟူးးးးးးးးးးး ဖတ်တဲ့သူတွေတော့နားလည်မလည်မသိဘူး။ ရေးတဲ့ကျွန်တော်တော့ လက်တွေ တော်တော်ညောင်သွားပြီ။ ဒါကြောင့် ဒီမှာ ခဏနားမယ်။ ပြီးလျှင် ဒုတိယပိုင်း သင်ခန်းစာ (၂) ကိုရေးပြီး Dreamwaver CS4 နဲ့ အခြေခံ Website ပြုလုပ်နည်းကို ဆက်လက်ရှင်းပြပါမယ်။ Software မရှိသေးတဲ့သူတွေကတော့ Dreamweaver CS4 Portable ကို ဒီနေရာကနေ Download လုပ်လိုက်ပါ။
Webpage အတွက် ပုံတွေကို ဒီနေရာကနေရယူပြီး rar ဖိုင်ဖြေပြီး m51aimage ထဲက ပုံတွေကို Copy ကူးပြီး images အောက်မှာ သိမ်းလိုက်ပါ။
‘content’ div ထဲက ‘Content for id “content” Goes Here’ ဆိုတဲ့ စာသားကို ဖျက်ပြီး Insert > Template Objects > Editable Region ကို ရွေးလိုက်ပါ။

New Editable Region တွင် content ဟု အမည်ပေးလိုက်ပါ။

ယခုလိုမျိုး မြင်တွေ့ရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ လက်ရှိ Templete ကို Save မှတ်လိုက်ပါ။

ကျွန်တော်တို့ Page တစ်ခု ဖန်တီး၇န်အတွက်
- File > New
- Page From Template > BusinessSite > template
ကို ရွေးပြီး Create ကို နှိပ်လိုက်ပါ။ ထို့နောက် File Name ကို index.html လို့ အမည်ပေးပြီး Save မှတ်လိုက်ပါ။



ထို့နောက် Title ရှိ ‘Untitled Document’ နေရာတွင် မိမိကြိုက်နှစ်သက်သည့် အမည်တစ်ခုပေးလိုက်ပါ။ ကျွန်တော်ကတော့ ဒီမှာ BusinessSite Home Page လို့ပေးလိုက်ပါတယ်။ ထို့နောက် အပေါ်ပုံတွင် အမဲဖြင့်ပြထားသော Content နေရာတွင် စာမျက်နှာတွင် မိမိရေးချင်သည့် မိမိကြိုက်နှစ်သက်သည့် Post တစ်ခုကိုရေးလိုက်ပါ။ Post တွင် ခေါင်းစဉ်ပါအောင်တော့ရေးပါ။ ထိုရေးထားသော စာများသည် Browser ပေါ်တွင် မြင်တွေ့ရမည့်စာများဖြစ်ပါသည်။

ထို့နောက် မိမိရေးထားသည်ကို ပြန်ကြည့်ရန် File> Preview in Browser > ထဲမှ မိမိကြိုက်နှစ်သက်သည့် Browser ကို ရွေးကာ Preview ကြည့်လိုက်ပါ။

ထို့နောက် ကျွန်တော်တို့ရေးထားတဲ့ Post မှ ခေါင်းစဉ်ကို Select မှတ်ပြီး Format > Paragraph format > Heading 1 ကိုရွေးလိုက်ပါပြီး Preview ကြည့်လိုက်ပါ။


ကျွန်တော်တို့ အခုနကအတိုင်း မိမိတို့ရေးထားတဲ့ Post ၇ဲ့ခေါင်းစဉ်ကို Select မှတ်ကာ layout အသစ်တစ်ခုဖန်တီးရန် Insert > Layout Objects > Div Tag ကိုရွေးကိုရွေးချယ်ပြီး New CSS Rule ကို နှိပ်လိုက်ပါ။

New CSS Rule Box ကျလာပါက အောက်မှာပေးထားတာတွေကို မှန်အောင်ဖြည့်လိုက်ပါ။
- Selector Type: ID
- Selector Name: h1
- Rule Definition: styles.css

‘CSS Rule Definition for h1’ Box ကျလာရင် အောက်ကအတိုင်း ဖြည့်လိုက်ပါ။
- Type > Font-size: 18 px
- Type > Color: #D6130A
- Click OK

ယခုဆိုလျှင်တော့ ကျွန်တော်တို့ခေါင်းစဉ်ဟာ အရောင်ပြောင်းသွားပြီ ယခုလိုမြင်တွေ့ရမှာ ဖြစ်ပါတယ်။

ထို့နောက် မိမိရေးထားတဲ့ Post မှာ ဓာတ်ပုံတင်ရန်အတွက် မိမိဓာတ်ပုံထည့်လိုသည့်နေရာတွင် cursor ချပြီး Insert > Image ကိုနှိပ်လိုက်ပါ။ထို့နောက် ကျွန်တော်တို့ ပုံတွေသိမ်းထားတဲ့ images folder ထဲက picture.jpg ကို ရွေးလိုက်ပါ။ ထို့နောက် alternate text တွင် မိမိကြိုက်နှစ်သက်တဲ့အမည်ပေးလိုက်ပါ။ ပြီးလျှင် OK နှိပ်လိုက်ပါ။ ဒါဆို မိမိရဲ့ Post မှာ ဓာတ်ပုံလေးရောက်လာမှာ ဖြစ်ပါတယ်။ ထို ဓာတ်ပုံ ကလစ်နှိပ်ပြီး ‘Properties’ Panel မှာရှိတဲ့ ‘Align’ တွင် Right ကို ရွေးပေးလိုက်ပါက မိမိရဲ့ ဓာတ်ပုံဟာ စာသာတွေရဲ့ ညာဘက်ကို ရောက်ရှိသွားမှာ ဖြစ်ပါတယ်။


ဓာတ်ပုံ ကလစ်နှိပ်ပြီး ‘Properties’ Panel မှာရှိတဲ့ ‘H Space’မှာ 10 လို့ရိုက်လိုက်ပါ။

ယခုဆိုလျှင်တော့ ကျွန်တော်တို့ မှုလစာမျက်နှာဖြစ်တဲ့ index.html ကို ဖန်တီးလို့ပြီးစီးပါပြီ။ ထို့ကြောင့် Save မှတ်ပြီး Preview ကြည့်လိုက်ပါ။
အပေါ်အဆင့်တွေမှာ လုပ်ပြခဲ့တဲ့ index,html ဖန်တီးသလိုမျိုး about-us.html ၊ contact-us.html၊ services.html တို့ကို မိမိတို့ စိတ်တိုင်းကျဖန်တီးလိုက်ကြပါ။ ဒါပေမယ့် contact-us.html ကိုတော့ Page တစ်ခုသာ ဖန်တီးပြီး ဒီအတိုင်းထားထားလိုက်ပါ။ Content ကို ဖျက်ပြီး Post မတင်ထားပါနှင့်။
ကျွန်တော်တို့ Page တွေ ဖန်တီးပြီးပြီဆိုလျှင် Page တွေကို Link ချိတ်ရန်အတွက် Window > Files ကိုခေါ်လိုက်ပါ။ ဒါမှမဟုတ်လည်း ညာဘက်ခြမ်းက File အောက်မှာ တွေ့ရမှာ ဖြစ်ပါတယ်။

‘Templates’ folder ထဲက template file (template.dwt) ကို Double Click နှိပ်ပြီး ဖွင့်လိုက်ပါ။
‘Home’ menu button ကို Select မှတ်ပြီး ‘Properties’ Panel ထဲက Link နေရာတွင် http://multiplygroups.multiply.com/index.html ဟုတ်ရိုက်လိုက်ပြီး ‘Border’ field တွင် 0 လို့ပေးလိုက်ပါ။ Link တွင် index.html ကို မရိုက်ချင်ပါက Link ဘေးမှာရှိတဲ့ နာရီလိုပုံလေးကို Click နှိပ်ပြီး ညာဘက် File အောက်မှာရှိတဲ့ index.html ဖိုင်ကို Drag ဆွဲးသွားလည်းရပါတယ်။

ကျန်တဲ့ menu icon တွေကိုလည်း သက်ဆိုင်ရာ Page များနှင့် အပေါ်အဆင့်ကအတိုင်း Link ချိတ်လိုက်ပါ။
Link ချိတ်ပြီးလျှင် Save မှတ်လိုက်ပါ။ Box ကျလာပါက Update ကို ရွေးလိုက်ပါ။

ကျွန်တော်တို့ contact-us.html ကို ဖွင့်လိုက်ပါ။
ထို့နောက် အမည်းနဲ့ရေးထားတဲ့ content ကို Select မှတ်လိုက်ပြီး Insert > Form > Form ကို သွားလိုက်ပါ။ ထိုအခါ Form tag အတွက်နေရာကို အနီရောင်ဖြင့် မြင့်တွေ့ရပါမယ်။
ထို့နောက် Insert Form > Text field ကို သွားပြီး Name လို့အမည်ပေးလိုက်ပါ။

Text field ရပါက Email အမည်ဖြင့် Field တစ်ခုထပ်လုပ်ရန်အတွက် Text field ရဲ့အနောက်မှာ cursor ချပြီး Enter ၂ ချက်လောက်ခေါက်လိုက်ပါ။ ထို့နောက် Insert Form > Text field ကို သွားပြီး Email လို့အမည်ပေးလိုက်ပါ။
Email field ရပါက Message အတွက် Field ကို အထက်က အတိုင်းဖန်တီးလိုက်ပါ။
ထို့နောက် Message Field ကို Click နှိပ်ပြီး Properties အောက်မှာရှိတဲ့ Char Width တွင် 45 Max Chars တွင် 5 နှင့် Multi line တို့ကိုရွေးချယ်ပေးလိုက်ပါ။
နောက်ဆုံးအနေနဲ့ Message ရဲ့အောက်မှာ Button ပြုလုပ်ရန် Insert > Form > Button ကိုရွေးပြီး OK ကို နှိပ်လိုက်ပါ။ အားလုံးပြီးဆုံလျှင် ယခုလိုမျိုး မြင်တွေ့ရမှာဖြစ်ပါတယ်။

ပြီးလျှင် Save မှတ်လိုက်ပါ။
ကျွန်တော်တို့ template.dwt ကို ဖွင့်လိုက်ပါ။
ထို့နောက် ‘submenu’ div မှာ ရှိတဲ့ ‘Content for id “submenu” Goes Here’ ကို Select မှတ်ပြီး ဖျက်လိုက်ပါ။ nsert > Table ကို ရွေးပြီး ပုံတွေင်ပြထားသည့်အတိုင်း ပြုလုပ်ကာ OK ကို နှိပ်လိုက်ပါ။

- Select the table [Right click within the table > Select Table] and align it ‘Center’ in the ‘Properties’ Panel.
- Click within the top row of the table and insert the image ‘submenu-top-bg.jpg’
- Click within the bottom row of the table and insert the image ‘submenu-btm-bg.jpg’
- Click within the middle row
- From the Properties panel, select and click the ‘Edit Rule’ button
- Create a ‘class’ style called ‘.sub-bg’ within ‘styles.css’
- ပုံတွင်ပြထားသည့်အတိုင်း အဆင့်ဆင့်ပြုလုပ်လိုက်ပါ။
- Type in the submenu items
Save မှတ်လိုက်ပါ။ Box ကျလာပါက Update ကို ရွေးလိုက်ပါ။
styles.css ကိုဖွင့်ပါ။ ထို့နောက် Window > CSS Styles ကို ဖွင့်လိုက်ပါ။ ထို့နောက် #menu style ကို Select လုပ်ပြီး Right click ကိုနှိပ်ကာ Edit ကိုရွေးပြီး အောက်ပါအတိုင်း ပြုလုပ်လိုက်ပါ။

ထို့နောက် #footer style တွင်လည်း Right
click ကိုနှိပ်ကာ Edit ကိုရွေးပြီး Box > Margin > Top: 20 px
လုပ်လိုက်ပါ။ styles.css ကို Save မှတ်လိုက်ပါ။
#middle style တွင်လည်း Right click ကိုနှိပ်ကာ Edit ကိုရွေးပြီး အောက်ပါအတိုင်း ပြုလုပ်လိုက်ပါ။
#middle style တွင်လည်း Right click ကိုနှိပ်ကာ Edit ကိုရွေးပြီး အောက်ပါအတိုင်း ပြုလုပ်လိုက်ပါ။

ပြီးရင်တော့ File တွေအားလုံးကို Save All မှတ်လိုက်ပါ။ Preview ကြည့်လိုက်ပါ။ အားလုံး completed ဖြစ်သွားပါပြီ။

နောက်ဆုံးအဆင့်အနေနဲ့ File တွေကို Upload လုပ်ပါမယ်။
င်္ ‘Files’ panel ထဲက ‘Expand to show local and remote sites’ icon ကို Click နှိပ်လိုက်ပါ။

‘Connects to remote host’ icon ကို Click နှိပ်ပါ။

FTP ကို ရွေးပြီး ပုံတွင်ပြထားသည့်အတိုင်း ပြုလုပ်ပါ။


‘Test Connection’ button ကို နှိပ်လိုက်ပါ။

Next ကို နှိပ်ပါ။ No, do not enable check in and check out ကိုရွေးပါ။ Next ကို နှိပ်ပါ။

Done ကို နှိပ်ပါ။ ပြီးလျှင်တော့
- You will be taken back to the Expanded ‘Files’ Panel again.
- Click the ‘Connects to Remote host icon’ again.
ထို့နောက် ဖိုင်တစ်ခုခြင်းစီကို ‘Put Files’ icon ကို နှိပ်ပေးပါ။ ( template file မပါ)

No comments:
Post a Comment