Window 7 မှာ keyboard ကို အသုံးပြုပြီး hidden လုပ်ထားတဲ့ စိတ်ဝင်စားဖွယ် features များ

MISTAKE 51 Area
မှ Window 7 မှာ keyboard  ကို အသုံးပြုပြီး hidden လုပ်ထားတဲ့ စိတ်ဝင်စားဖွယ် features များ ကို ကိုတင်ထွန်းလွင်မှ ရေးပြီး မိတ်ဆွေများအတွက် တစ်ဆင့် ပြန်လည်မျှဝေပေးပါသည်။

၁။ Windows Docking
ကျွန်တော်တို့ Window 7 OS တင်ထားသည့် Computer မှာ Browser ၊ File ၊ Program တွေကို Screen မှာ ဘယ်/ ညာထားပြီး ကြည့်နိုင်ဖို့ Mouse နှင့် Drop ဆွဲပြီး ကြည့်ကြသလို Double Click နှိပ်၍ maximize ပြုလုပ်ပြီး window top / bottom border ကို Mouse နှင့် လိုအပ်သလို ချိန်ညှိပြီး အသုံးပြုကြတယ်ဆိုတာ အားလုံးသိပြီးသား ဖြစ်မှာပါ။
Mouse နှင့် ရွှေ့ပြီး Control ပြုလုပ်နေမည့်အစား Keyboard မှာ ရှိတဲ့ Shortcut တွေကို အသုံးပြုပြီး အပေါ်မှာပြောခဲ့တာတွေကို Control ပြုလုပ်နိုင်ပါတယ်။

Win+Left Arrow နှင့် Win+Right Arrow ကို အသုံးပြုပြီး ဘယ်/ညာကို လွယ်ကူမြန်ဆန်စွာ ချိန်းနိုင်ပါတယ်။
Win+Up Arrow နှင့် Win+Down Arrow ကို အသုံးပြုပြီး maximizes နဲ့ restores / minimize ကို ပြုလုပ်နိုင်သလို Win+Shift+Up Arrow နှင့် Win+Shift+Down Arrow ကျု အသုံးပြုပြီး restores / minimize ပြုလုပ်ကာ vertical size ကို မိမိလိုသလို ချိန်ညှိနိုင်ပါတယ်။

၂။ Switching Through Opened Windows
မိမိ Computer မှာ အမြဲအသုံးပြုလေ့ရှိတဲ့ Program တွေကို လွယ်ကူစွာ အသံပြုနိုင်ဖို့အတွက် Taskbar မှာ တင်ထားတဲ့ Icon တွေကို keyboard ပနေ လွယ်ကူ လျှင်မြန်စွာ ဖွင့်နိုင်ပါတယ်။ Win+1, Win+2, Win+3 ….အစရှိသဖြင့် Win+9 ထိ အသုံးပြုနိုင်ပါတယ်။

၃။ Controlling Taskbar Applications ( Win+T to Get to Taskbar Items )
Taskbar မှာ ရှိတဲ့ Icon တွေကို Win+T နှင့်တွဲနှိပ်ပြီး မိမိဖွင့်လိုတဲ့ Applications များကို Enter ကို နှိပ်ပြီး ဖွင့်လှစ်နိုင်ပါတယ်။

၎။ Create a New Folder
New Folder အသစ်တစ်ခုတည်ဆောက်မယ်ဆိုလျှင် သာမန်ရိုးကျအတိုင်း Right Click --- New --- Folder ဆိုပြီး တဆင့်ပြီးတဆင့်သွားပြီးတည်ဆောက်နေမည့်အစား
Ctrl+Shift+N ကို နှိပ်ပြီး လျှင်မြန်စွာတည်ဆောက်နိုင်ပါတယ်။

၅။ Shift+Right-Click Enhances Send to Menu
ကျွန်တော်တို့ ပုံမှန်အားဖြင့် Program ပဲ ဖြစ်ဖြစ် Folder ပဲ ဖြစ်ဖြစ် .. အစရှိသ၍ မိမိ Copy ကူလို၍ဖြစ်စေ Desktop ပေါ်သို့ Shortcut တင်တဲ့အခါမျိုးမှာပဲ ဖြစ်စေ Right Click မှ Send to ကို နှိပ်ပြီး ပြုလုပ်ကြပါတယ်။ အဲ့ဒီမှာ မြင်တွေ့ရတဲ့ Send to Menu က ရိုးရှင်းပါတယ်။

Shift+Right-Click ကို နှိပ်ပြီး Send to ကို Click နှိပ်ကြည့်ပါ။ ပိုမိုပြည့်စုံတဲ့ Send to Menu ကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

၆။ Powerful Calculator
Window 7 မှာ ပါတဲ့ ရိုးရှင်းတဲ့ Calculator ကို ပြည့်စုံတဲ့ Calculator အဖြစ်အသုံးပြုချင်တယ်ဆိုရင် အောက်မှာပြထားတဲ့ အတိုင်း လုပ်ကြည့်လိုက်ပါ။

၇။ Display Projection
ကွန်ပျူတာနှင့် ချိတ်ဆက်ပြီး presentation/projector ပြမယ်ဆိုရင် Win+X ကို နှိပ်ပြီး Windows Mobility Center ကို ခေါ်ကာ Presentation mode မှာ Turn On ကို ရွေးပေးထားရပါမည်။ Win+P ကို နှိပ်ကာ မိမိပြလိုသည့် ပုံစံကို ရွေးပေးနိုင်ပါတယ်။

၈။ Win+Pause helps you check System Properties
မိမိကွန်ပျူတာရဲ့ System ကို အမြန်ကြည့်ချင်တယ်ဆိုရင် Win+ Pause ကို နှိပ်ပြီး လျှင်မြန်စွာ ကြည့်ရှု့နိုင်ပါတယ်။

၉။ Quickly Open Windows Task Manager Tesk Manager ကို Ctrl+Alt+Del ဖြင့် ခေါ်ဆိုမည့်အစား Ctrl+Shift+Esc ကို နှိပ်ပြီး ခေါ်ဆိုခြင်းက ပိုမို မြန်ဆန်စေပါတယ်။

၁၀။ Win+Space to Quickly Show Desktop
ကျွန်တော်တို့ Program တစ်ခုခုကို အသုံးပြုရင်း Desktop ကို ခဏကြည့်မယ်ဆိုလျှင် မိမိလက်ရှိ အသုံးပြုနေသော Application ကို Minimize လုပ်ပြီး ကြည့်မည့်အစား Win+Space bar ကို နှိပ်ထားပြီး ကြည့်နိုင်ပါတယ်။

Keyboard ကို အသုံးပြုပြီး လုပ်ဆောင်နိုင်တာတွေအများကြီးရှိပါသေးတယ်။ နောက်ပိုင်း အသုံးဝင်တာတွေကို ဆက်လက်ဖော်ပြပေးပါဦးမည်။
MISTAKE 51 မှ ကို တင်ထွန်းလွင် တင်ပြထားသော ၀င်းဒိုး-၇ အတွက် အသုံးဝင်သော ကီးဘုတ် short cut များဖြစ်ပါတယ်။
ကိုတင်ထွန်းလွင်အား ဒီနေရာလေးမှ ခရက်ဒစ်ပေးပါသည်။

No comments: