ပထမ
1.Winkey+R ကိုနှိပ်ပါ ပေးလာတဲ့ နေရာမှာ diskmgmt.msc ကိုရိုက်ထည့်ပေးပါ နောက် Enter ပေါ့နော် အောက်ကပု့လေး အတိုင်းပေါ့ (လုံးဝမသိသေးသူများအား စာနာမှုဖြင့် တစ်ပုံစီ လုပ်ပြီး တင်ပေးထားတာ နားလည်ပြီးသူများ ထပ်မံ နားလည်ပေးပါ)
ပေါ်လာတဲ့နေရာမှာ hard drive partitions တွေကို format, create နဲ့ delete တွေ ပြုလုပ်လို့ရပါတယ် အခုပြောပါတော့ ဖန်တီးတဲ့ အပိုင်းပေါ့နော်
partition တစ်ခု ဖန်တီးဖို့ unallocated space ဆိုတာ လိုအပ်ပါတယ် Unallocated space ဆိုတာ အခြေခံကျတဲ့ disk space ကိုပြောတာပါ နဲနဲ ဖြည့်တွေးလိုက်နော်
2.main drive ပေါ်မှာ ညာကလစ်နှိပ်ပါ နောက် “Shrink Volume.” ဆိုတာကို ရွေးပေးပါ
သင် ပိုင်းချင်သလောက်ကို တွက်ချက်ပြီး ထည့်ပေါ့နော် ထည့်ပြီးပြီးဆိုရင်တော့ “Shrink.” ကိုနှိပ်ပါ
unallocated space အတွက် format သို့မဟုတ် “foundation” တစ်ခုလိုအပ်ပါတယ်.ဒီအတွက် အပေါ်ကလုပ်ခဲ့တဲ့ အသစ်ရလာတဲ့ နေရာမှာ ညာကလစ်နှိပ်ပါ “New Simple Volume.” ကို ရွေးထားလိုက်ပါ
New Simple Volume Wizard ပေါ်လာပါမယ် ဒီဘောက်က သင့်ကို installation process လုပ်ဖို့ လမ်းညွှန်သွားပေးပါလိမ့်မယ်
drive letter တစ်ခု ရွေးပေးပါ
disk အတွက် file system တစ်ခု ရွေးပါမယ် “NTFS” file system ကိုရွေးပေးလိုက်ပါ
“Volume Label” text box ထဲမှာ partition နာမည်အတွက် ကြိုက်တာ ရိုက်ထည့်.
“Finish” ကိုနှိပ်ပါ
အခုဆိုရင် သင်ဖန်တီးတာလေး အောင်မြင်စွာ ပြီးဆုံးသွားပြီဆိုတာ မြင်ရမှာပါ
အာကာဖြိုး(နည်းပညာ)
မူရင်းလင့် ။ ။ အာကာဖြိုး(နည်းပညာ)
No comments:
Post a Comment