G-Mail Account ရယူခြင်း ( နည်းပညာ )
Internet ချိတ်ဆက်သုံးစွဲမယ့် သူအနေနယ့် ကိုယ်ပိုင် E-Mail တစ်ခုရှိသင့်ပါတယ်။ Program တွေကို Dowload လုပ်တဲ့အခါ ကိုယ့်ရဲ့ E-Mail လိပ်စာကို ပေးမှသာ Download လုပ်နိုင်တာမျိုးကို ကြုံတွေ့ရတတ်ပါတယ်။ ဒါကြောင့် E-Mail Address လိပ်စာတစ်ခုကို ရယူထားသင့်ပါတယ်။ အလွယ်ကူဆုံးနဲ့ အခမဲ့ ရရှိနိုင်တာတဲ့ Google Mail လို့ခေါ်တဲ့ G-Mail ပါပဲ ။
ဒါကြောင့် ပထမဆုံးအနေနယ့်
Google Search Engine ပုံစံကွက်ထဲမှာ ဖော်ပြနေတဲ့ Gmail နေရာတည့်တည့်မှာ Mouse နဲ့ ရွေးချယ်ပြီး တစ်ချက်နှိပ်လိုက်ပါ။
အယ့်ဒီနောက် ပေါ်လာတဲ့ ပုံစံကွက်ထဲက Create Account ကို ရွေးချယ်ပြီး တစ်ချက်နှိပ်လိုက်ရမှာဖြစ်ပါတယ်။
E-mail လိပ်စာအသစ် ရယူနိုင်တဲ့ Form ပေါ်လာမှာ ဖြစ်တယ်။
အဲဒီ Form မှာ ပါရှိတဲ့ ကွက်လပ်တွေမှာ ဖြည့်စွက်ရမှာ ဖြစ်ပါတယ်။
ပုံမှာဖြည့်စွက်ရမယ့် Form ကို ဖော်ပြပေးထားပါတယ်။ ဖြည့်စွက်ပုံကတော့ စာသားဖြည့်ရမယ့် အကွက်နေရာတွေမှာ Mouse နဲ့ တစ်ချက်နှိပ် နေရာချပြီး ဖြည့်လိုတဲ့ စာသားတွေကို ရိုက်ထည့်ရမှာဖြစ်ပါတယ်။
အရင်ဆုံး ကိုယ့်ရဲ့ အမည်ကို ထည့်သွင်းရမှာ ဖြစ်ပါတယ်။ ပထမအမည်ကို First Name အကွက်မှာ ရိုက်ထည့်ပြီး နောက်ဆုံးအမည်ကိုတော့ Last Name နေရာမှာထည့်ရေးရမှာဖြစ်ပါတယ် ။
ပြီးရင် Desire Login Name နေရာမှာ ကိုယ်သတ်မှတ်လိုသော Gmail အမည်ကို ရိုက်ထည့်လိုက်ပါ။ နမူနာအနေနဲ့ snow girl ဆိုတဲ့ စာသားကို ရိုက်ထည့်လိုက်ပြီပဲထား…
ဆက်လက်ပြီး အခုလို ရိုက်ထည့် လိုက်တဲ့အမည်နဲ့ တူညီတဲ့ အလားတူအမည်များ ရှိသလားဆိုတာကို စစ်ဆေးရန် Check availability ကို တစ်ချက် နှိပ်လိုက်ရမှာ ဖြစ်ပါတယ်။ အချိန် အနည်းငယ်စောင့်လိုက်ပြီး Gmail မှာ
သူများသတ်မှတ်ပြီးသား အလားတူ အမည်ရှိ/မရှိ ဆိုတာ ရှာဖွေနေမှာ ဖြစ်ပါတယ်။
တကယ်လို့ တွေ့ရှိခဲ့ရင်လည်း ကိုယ်ရိုက်ထည့်ထားတယ့် နာမည်ရဲ့ နောက်မှာ
ကြိုက်နှစ်သက်တဲ့ ဂဏန်းတွေကို ထပ်မံဖြည့်စွက် သတ်မှတ်နိုင်ပါတယ်။ ဒါကြောင့်
အဲ့ဒီအကွက်ထဲမှာ sonw girl 1000 ကို နောက်တစ်ကြိမ် ရိုက်ထည့်ပြီး နောက်တစ်ခါ Check availability ကို တစ်ချက် နှိပ်ပြီး ပြန်လည် စစ်ဆေးလိုက်ပါ။ ဒီတစ်ခါ သတ်မှတ်လိုက်တဲ့ snow girl 1000 အမည်ကို လက်ခံလိုက်ပြီဖြစ်ကြောင်း ကို snow girl 1000 is available ဆိုပြီးဖော်ပြနေတာကို တွေ့ရမှာပါ။
အဲဒီနောက် ဆက်လက်ပြီး Password တွေကို ရိုက်ထည့်သတ်မှတ်ရမှာဖြစ်ပါတယ်။ ဒါကြောင့် အောက်ဘက်မှာ ရှိတဲ့ Choose a password အကွက်မှာ သတ်မှတ်လိုတဲ့ ကိန်းဂဏန်းတွေစာသားတွေကို မိမိ စိတ်ကြိုက် ထည့်သွင်းပြီး Password အဖြစ်သတ်မှတ်နိုင်ပါတယ်။ နောက်တစ်ကြိမ် အဲဒီ ကိန်းဂဏန်းအတိုင်း Re-enter password အကွက်နေရာမှာ ထပ်မံရိုက်ထည့် လိုက်ပါ။ ပြီးရင် အောက်မှာ ရှိတဲ့ Security question အကွက်ထဲက What was your first phone number ဆိုတဲ့ မေးခွန်းကို ရွေးချယ်ပြီး တစ်ဆက်တည်း Answer အကွက် နေရာမှာ ကိုယ့်တယ်လီဖုန်းရဲ့ ဂဏန်းအစစာလုံးကို ရိုက်ထည့်သတ်မှတ်လိုက်ပါ။ ပြီးရင် Word Verification မှာ ဖော်ပြထားတဲ့စာသားအတိုင်း လွတ်နေတဲ့ ကွက်လပ်နေရာမှာ ရိုက်ထည့်ပါ။ အောက်ဘက်ဆုံးမှာ ရှိတဲ့ I accept, Create my account ကို Mouse နဲ့ ရွေးချယ်ပြီး တစ်ချက်နှိပ်လိုက်ပါ။
ပြီးတာနယ့် အချိန်အနည်းငယ်အတွင်းမှာပဲ Gmail Account တစ်ခုရယူပိုင်ဆိုင်ပြီးသွား မှာဖြစ်ပါတယ်။ ဆက်လက်ပေါ်လာတယ့်ပုံစံကွက်မှာ Congratulation ဆိုတဲ့ စာသားအဖြစ် ဖော်ပြနေမှာ ဖြစ်ပါတယ်။
ဆက်လက်လုပ်ဆောင်ရမှာကတော့ Google Web Site ထဲ ပြန်လည် ၀င်ရောက်ပြီး နောက်တစ်ကြိမ် Gmail နေရာမှာ တစ်ချက်နှိပ်လိုက်ပါ။ ပေါ်လာတဲ့ ပုံစံကွက်မှာ ပါရှိတဲ့ Username နေရာမှာ စောစောက လုပ်ဆောင်ပြီးဖြစ်တယ့် Gmail Account ရယ့် နာမည်ထည့်ရိုက်လိုက်ပါ။ ပြီးရင် Password နေရာမှာတော့ စောနကကိုယ့်ပေးထားတယ့် လျို့ဝှက်နံပါတ်ကို ထည့်ရိုက်လိုက်ပါ
ပြီးရင် Sign in ဆိုတယ့်နေရာလေးကို တစ်ချက်နှိပ်လိုက်ပါ ။ အခုလိုလုပ်ဆောင်ပြီးရင်တော့ G-Mail ထဲကို Sign in ၀င်ရောက်တယ်လို့ခေါ်ပါတယ်
G-Mail အကောင့်လျှောက်တာ မလုပ်တတ်တယ့် သူငယ်ချင်းတွေ ကို မွန်လေး လွယ်တယ့်နည်းလမ်းလေး ဖော်ပြခဲ့ပါတယ်…
အားလုံးပဲ Gmail လျှောက်တာ အဆင်ပြေမယ်လို့ ထင်ပါတယ်
MM Flash Songs မှ သူငယ်ချင်း အားလုံးကို ခင်မင်စွာဖြင့်
မွန်လေး
No comments:
Post a Comment