Mozilla-Firefox ကိုမြန်လာအောင်လုပ်နည်း

မိတ်ဆွေ သူငယ်ချင်းများ မင်္ဂလာပါ
ကျွန်တော် ဒီတခါပြောပြချင်တာက Firefox အသုံးပြုသူများအတွက်
ဆော့ဝဲနဲ့အသုံးမပြုပဲ SPEED မြှင့်တဲ့ Add-on လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်
ပုံလေးတွေနဲ့တော့မရှင်းပြတော့ဘူးဗျာ အချိန်သိပ်မရလို့ပါ
မသိဘူး နားမလည်ဘူးဆိုရင်လည်းပြန်လည်ဆွေးနွေးနိုင်ပါတယ်
ကဲစမယ်

သူ့ကိုFirefox မှာ run ထားလိုက်မယ်ဆိုရင် မိမိရဲ့Firefox လေးအရင်ကထက်ပိုမို
မြန်ဆန်လာတာတွေ့ရပါလိမ့်မယ်။ လုပ်နည်းလေးကို ကျွန်တော်ရှင်းပြထားပါတယ်
အရင်ဆုံး ဒီနေရာ လေးကိုသွားရပါမယ်။
ok ရောက်ပြီဆိုရင် Add to firefox ဆိုတာကိုနှိပ်လိုက်ပါ
ပြီးရင် ခဏစောင့်ပေးပါ
Okသူအလုပ်လုပ်တာလေးပြီးပြီဆိုရင်
Install Now လို့ပ်ါလာပေါ်လာပါလိပ်မယ် ကလစ်လိုက်ပါ
ပြီးရင် Firefox ကို Restart Now လို့ပေါ်လာတာကိုတွေ့ရင် ကလစ်လိုက်ပါ
Firefox ပြန်ပွင့်လာတဲ့အခါမှာ Firefox အပေါ်ဘားမှာရှိတဲ့ Tools ကိုနှိပ်ပါ
Tweak Network Setting ကိုတွေ့ပါလိပ်မယ် ကလစ်လိုက်ပါ
ကလစ်လိုက်တဲ့အခါမှာ box လေးတစ်ခုကျလာပါလိပ်မယ်
တကယ်လို့boxမကျလာဘူးဆိုရင် Settingလုပ်ပြီးသားပါ
ဆက်ပြောပါမယ် boxကျလာတယ်ဆိုရင်
Pipelining နဲ့ Proxy pipelining ဆိုတာလေးကို အမှန်ခြစ်လေးပေးပြီး
Power ကိုနှိပ်ပေးပါ။
ပြီးရင်တော့ Apply and Ok ကိုသာနှိပ်လိုက်ပါ
ဒါဆိုရင် အခုလုပ်နေတဲ့ Setting လေး ပြီးပါပြီ
မသိသေးသောမိတ်ဆွေသူငယ်ချင်းများအတွက်ပါ။
အားလုံးကိုခင်မင်လေးစားလျက်..။

No comments: