သည်နေ့တင်မဲ့ ပို့စ်လေးကတော့ ဘလော့မိတ်ဆွေအပေါင်းအတွက် မိမိတို့ ဘလော့ကိုနောက်ခံ ပုံစံ
ဒီဇိုင်းဆန်းဆန်းလေးတွေနဲ့ အလှဆင်ဖို့ နောက်ခံ ပုံအမျိုးမျိုး ဒီဇိုင်းအမျိုးမျိုး ရယူနိုင်တဲ့ ဆိုဒ်လေးကို
လမ်းညွှန်ပေးပါ့မယ်...
ကုဒ်ယူနည်းလေးနဲ့တစ်ကွ ရှင်းပြထားပါတယ်...
ပထမဆုံး သည်ကနေ သွားလိုက်ပါနော်..
ရောက်တာနဲ့ အပေါ်ကပုံပြထားသလို background ဆိုတာကို ကလစ်ပါ။ ဒါဆို ပုံတွေ ရှိတဲ့နေရာကနေ
မိမိ နှစ်သက်တဲ့ ပုံကိုရှာလိုက်ပါ။ တွေ့ပြီဆိုတာနဲ့.. အဲပုံပေါ် ကလစ်လိုက်ပါ။
အဲခါမှာ အဲပုံလေးပေါ်လာမယ် အောက်နားမှာ ဆွဲချကြည့်လိုက်ပါ....
သည်လိုလေးတွေ့မယ်.. အပေါ်ဇယားကွက်ထဲက ကုဒ်တွေကိုဘဲ ကော်ပီ ကူးယူလိုက်ပါ။
ထည့်နည်းကတော့...
(၁) ဘလော့ကာဝင်လိုက်ပါ
(၂) ဘလော့ကာ layout ကိုကလစ်ပါ
(၃) Add a gadget ကိုကလစ်ပါ
(၄) Html/Javascript ကိုကလစ် ကျလာတဲ့ ဘောက်ထဲ စောစောက ကော်ပီယူတဲ့
ကုဒ်တွေကို ထည့် ပြီး save ပေးလိုက်ပါ...
ဒါဆို မိမိ ဘလော့နောက်ခံလေး လှပစွာ တွေ့ ရပါ့မယ်..
မလိုအပ်တော့ပါက ထည့်ထားတဲ့ နေရာကို edit ကလစ်ပြီး remove ပေးလိုက်ယုံပါဘဲ။
အဆင်ပြေချောမွေ့ပါစေ...ဗျာ.................
အောင်အောင်(မကစ)
www.ledimyethar.com
www.aungsanmks.blogspot.com

No comments:
Post a Comment