XXX You tube ကနေ mp3 အဖြစ် ပြောင်းပြီးသားလေးတခါတည်း ဒေါင်းချင်ပါတယ်ဆိုတဲ့ ဘော်ဘော်တွေအတွက် XXX

သူငယ်ချင်းတို့ရေ….. ဟိုတလောတုန်းက ညီမလေးတစ်ယောက်က You tube က သီချင်းလေးကို mp3 အဖြစ်ဒေါင်းချင်တယ်ဆိုလို့ ရိုးလေးအလုပ်မအားဖြစ်နေလို့ တင်မယ် တင်မယ်နဲ့ မတင်ဖြစ်ဘူးလေ။
ရိုးလေးသိသလောက်လေးကို အတတ်နိုင်ဆုံး နားလည်အောင် ပြောပြလိုက်ပါတယ်နော်။
ရိုးလေး ဘာမှ မတတ်ပါဘူး။
ရိုးလေးက internet browser ကို firefox ပဲသုံးတော့ firefox နဲ့ပဲ ပြောပြမယ်နော်။
ပထမဆုံး firefox browser ကိုဖွင့်လိုက်ပါ။ ပြီးတော့ menu bar မှာ tools ဆိုတာလေးကို တွေ့ရမှာပါ။ အဲ့ tools ကို နှိပ်လိုက်ပြီး ကျလာတဲ့ထဲက Add-ons ကို ထပ်နှိပ်လိုက်ရင် အခုလို တွေ့ရမှာ ဖြစ်ပါတယ်။
  Add-ons ကို ထပ်နှိပ်လိုက်ရင် အခုလို တွေ့ရမှာ ဖြစ်ပါတယ်။
ဒီပုံစံကတော့ ရိုးလေးနဲ့ တူချင်မှ တူမယ်နော်။ ဘယ်လိုပဲ ဆိုဆို Add-ons နှိပ်လို့ ပေါ်လာတဲ့ထဲက ဘယ်ဘက်အခြမ်းမှာ Get Add-ons ဆိုတာကို ထပ်နှိပ်လိုက်နော်။ အဲ့မှာ search ဆိုတဲ့ အကွက်လေးတွေ့လိမ့်မယ်နော်။ အဲ့ အကွက်မှာ Youtube to mp3 converter pro 1.12  လို့ ရိုက်ထည့်လိုက်ပါ။ အဲ့မှာ သတိထားဖို့တစ်ခုက You နဲ့ tube ကို space bar မခြားပဲ ရိုက်ပေးပါနော်။ ခြားလို့လဲရပါတယ်။ ဒါပေယ့် ကျလာမယ့်ဟာတွေက မတူခဲ့ရင် ရိုးလေးပြောတာနဲ့ မတူမှာစိုးလို့ပါနော်။ အဲ့လိုရိုက်ထည့်လိုက်ရင်  Add-ons တွေ အများကြီးကျလာပါလိမ့်မယ်။ အဲ့ထဲကမှ Youtube to mp3 converter pro 1.12 ဆိုတာလေးကို တွေအောင်ရှာလိုက်နော်။ ရိုးလေးရှာတော့ ဒုတိယမြောက်မှာ တွေ့တယ်။ အဲတာလေးတွေ့ရင် ညာဘက်အခြမ်းမှာ install ဆိုတာလေးကို တွေ့မယ်နော်။ ရဲရဲသာနှိပ်လိုက်ပါ။

တကယ်လို့ သူ အလုပ်လုပ်ပြီးရင် restart firefox ဆိုတဲ့စာတန်းလေးပေါ်လာခဲ့ရင် အဲ့စာတန်းလေးကို နှိပ်လိုက်ပါ။ အဲလိုနှိပ်လိုက်လို့ firefox ပြန်တက်လာပီဆိုရင် You tube ထဲက သီချင်းတပုဒ်ကို ဖွင့်လိုက်ပါ။ သီချင်းရဲ့ အောက်ခြေမှာ download mp3 ဆိုတာလေးကိုတွေ့ရမှာဖြစ်ပြီး ဘေးမှာ မျှားလေးကိုတွေ့သေးရင် ထပ်နှိပ်လိုက်ပါ။
တကယ်လို့ restart firefox မပေါ်လာရင်လည်း ကိစ္စမရှိပါဘူး။ ဆက်ပြီးတော့ You tube ထဲက သီချင်းတပုဒ်ကို ဖွင့်လိုက်ပါ။ သီချင်းရဲ့ အောက်ခြေမှာ download mp3 ဆိုတာလေးကိုတွေ့ရမှာဖြစ်ပြီး ဘေးမှာ မျှားလေးကိုတွေ့သေးရင် ထပ်နှိပ်လိုက်ပါ။ အဲ့ခါမှာ 128 လား 192 လား စသဖြင့် ကိုယ် စိတ်ကြိုက် ရွေးလို့ရပါပြီ။ အသင့်တော်ဆုံးကတော့ 128 ပဲ ဖြစ်ပါတယ်။
အားလုံးပဲ အဆင်ပြေကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

:):) သိပြီးသားသူတွေအတွက်တော့ လျှာရှည်မိတယ်ဆိုရင် ၀န္တာမိပါနော်.... :):)

အားလုံးပဲ ကာယသုခ စိတ္တသုခနဲ့ ပြည့်စုံကြပါစေ။

ချစ်ခြင်းအားဖြင့်
XXX  ရိုးရိုးလေး XXX

No comments: