Windows on/off မှာ မိမိနှစ်သက်ရာ သီချင်းလေးတွေနဲ့ ဖွင့်ချင်/ပိတ်ချင်ရင်


Windows on/off မှာ မိမိနှစ်သက်ရာ သီချင်းလေးတွေနဲ့ ဖွင့်ချင် ပိတ်ချင်ရင်
Windows 7 On Off မှာ မိမိတို့ နေ့စဉ်ကြားနေကျ အသံလေးတွေ ရိုးအီနေပြီလား။
ဒါဆိုရင်တော့ မိမိကြိုက်နှစ်သက်ရာ သီချင်းသံတွေနဲ့ အစားထိုး ပြောင်းလဲလို့ရပါတယ်။
ပြောင်းပုံ ပြောင်းနည်းလေးကလည်း လွယ်ပါတယ်။
လုပ်ကြည့်ကြရအောင် …



၁။ Run Box (windows + R) ကိုဖွင့်ပါ။


၂။ Run Box ထဲမှာ mmsys.cpl ကို ရိုက်ထည့်ပြီး OK သို့မဟုတ် Enter ခေါက်ပါ။

၃။ ကျလာတဲ့ Box ထဲက Sounds ကို ကလစ်ပါ။





၎။ ထို Box ထဲကမှ Sound Scheme: အောက်မှာ Windows Default ကို ရွေးပါ။



၅။ တစ်ဆက်တည်း Program Events: အောက်မှာ Windows Logon / Windows Logoff ကို
ရွေးချယ် (Select) ပေးပါ။
(ဒီနေရာမှာ မိမိ ပြင်ဆင်လိုသော အခြားအသံပိုင်းဆိုင်ရာများကိုလည်း ရွေးချယ်နိုင်ပါတယ်)




၆။ Browse နေရာကနေ မိမိပြောင်းလဲလိုသော သီချင်း သံစဉ်များကို ထည့်ပါ။
(မိမိအသုံးပြုသောသီချင်း မှန်မမှန် Play Buttom (Test) နေရာကို
ကလစ်၍ ပြန်လည် စစ်ဆေးနိုင်ပါတယ်)



၇။ Apply – Ok လုပ်ပါ။




၈။ ပြီးစီးပြီဆိုရင် Restart ချကြည့်လိုက်ပါ။
 Windows Off သို့မဟုတ် Windows On တွင် သင်အသုံးပြုလိုက်သော
သီချင်းသံလေး ကြားရပါလိမ့်မယ်။





ပုံလေးတွေတစ်ကွ တင်ပေးထားတဲ့အတွက် လုပ်ရတာ လွယ်ကူမှာပါ။
တစ်ခုတော့ ရှိပါတယ်။
ကိုယ်အသုံးပြုတဲ့ သီချင်းဟာ wav Format ဖြစ်ရပါမယ်။
MP3 , AAC , AMR , MMf , M4A , M4R စတဲ့ အသံဖိုင်တွေတော့ အသုံးပြုလို့ ရမှာမဟုတ်ပါဘူး။
ကိုယ့်မှာ wav အသံဖိုင်မရှိဘူးဆိုရင် Format Factory လို
Converter တစ်ခုခုနဲ့ ပြောင်းလဲနိုင်ပါတယ်။



ကဲ … ကလိတာမှ ဝါသနာပါတယ်ဆိုတဲ့သူတွေ ကလိကြရအောင်လားဗျာ …

No comments: