gtalk ကနေ တစ်ခြားသူကို သီချင်းပေးနားထောင်မယ်။ ( window 7 အတွက် )

အားလုံးမင်္ဂလာပါခင်ဗျာ...
အားပြီးဆိုတော့ အပျော်တမ်း နည်းပညာ ပိုစ့်တွေ ရေးပါတော့မည်..။
မနက်က နေမင်းဆိုင်မှာ ကောင်လေးက ကောင်မလေးကို သိချင်း ပေးနာထောင်မလိုတဲ့ flash song လင့်တွေလာတောင်းတယ်
သူကောင်မလေး တောင်းတဲ့သီချင်းက flash song မရှိဘူး စက်ထဲ MP3 ဘဲရှိတယ်..။
အဲတော့ ဒီလို လေးလုပ်လိုက်  အဆင်ပြေသွားမယ်လို ဆိုပြီး  လုပ်ပြလိုက်တယ်ဗျ.
အဲဒီနည်းလေးကို အခုပြောပြမယ်ဗျ.. သိပြီးသားဆိုရင်တော့ အားနာပါတယ်..။
ကဲစမယ် gtalk ကနေ တစ်ခြားသူကို သီချင်းပေးနားထောင်ဖို့  အရင်ဆုံး..
desktop >>>> Refresh  (သုံးကြိမ်လုပ် ) လိုက်ပါ... ပြီးပြီးဆိုမှ ဆက်လုက်ပါ...။ (အလားကား ညာခိုင်းတာအဟီး....)
ပုံ(၁)ကိုကြည့်ပါ
ပထမဆုံ အသံအတိုးအလျော့လုပ်တဲ့ ဆောင်းပုံစံလေးကို ညာကလစ်ထောက်လိုက်ပါ...
Recording devices ကို နိတ်ပါ.. ပြီးတာနဲ ပုံ(၂)က box ကျလာပါလိမ်မယ်..။
ပုံ(၂)
ပုံ(၂) ရဲ box ရဲ့ လွတ်နေတဲ့ နေရာမှာညာကလစ်ထောက်လိုက်ပါ ပြီးရင် မျှပြထားတဲ့အတိုင်း..
Show disabled devices ကို နိတ်လိုက်ပါ (အမှန်ခြစ်ပေးတာပေါ့ ). ပြီးတာနဲ ပုံ(၃) ကလို  ပေါလာပါလိမ်မယ်.
ပုံ(၃)
ပုံမှာပြထားတဲ့အတိုင်း အဲဒီ Stereo mix ကို ညာကလစ်ထောက်ပြီး Enable နိတ်လိုက်ပါ.. သူ Disable ပြောင်းသွားတာနဲ တစ်ပြိုင်ထဲ
အဲဒီ Stereo mix လေး လင်းလာပါလိမ်မယ်.. ok လုပ်ပြီးရင်အဆင်ပြေပါပြီး..။
ပြီးလျင် desktop >>>> Refresh  (သုံးကြိမ်လုပ် ) လိုက်ပါ..အဟဟဟ
gtalk ကိုဖွင့်ပြီး မိမိနာထောင်စေလိုသော သူကို ဖုန်းခေါ်လိုက်ပါ..
သူ answer လိုက်ပြီးဆိုတာနဲ သိချင်းဖွင့်ပြလိုက်ပါတော့... အဆင်ပြေသွားပြီးပေါ့
မှတ်ချက် ။ ။ လိုင်းအပြည့် တတ်နေမယ်ဆို ပိုကောင်းပါလိမ်မယ်..
ကဲ အားလုံး အပျော်တမ်း နည်းပညာလေး သိလိုက်ရလို ကြေနပ်နိုင်မယ်ထင်ပါတယ်..
အားလုံးအဆင်ပြေကြပါစေဗျာ.။
နေမင်းသူ (သထုံသားလေး)

No comments: