Registry Editor ကိုပိတ်နည်း

ကလိတတ်သော သူငယ်ချင်းလေးများရှိနေလျှင် ကိုယ့်စက်ကို Registry Editor လေးကို ပိတ်ထားတာ အကောင်းဆုံးပါ...အောက်မှာ Registry Editor ပိတ်နည်းလေးကို ပြောပြပေးထားပါတယ်...

Registry Editor ကိုပိတ်နည်း

- Win key+R ကိုနှိပ်ပါ။ Run Box လေးပေါ်လာရင် gpedit.msc ကိုရိုက်ထည့်ပြီး Enter ကိုနှိပ်ပါ။

- Group Policy Editor လေးပေါ်လာမည်။

- User Configuration >> Administrative Templates >> System ထိရောက်အောင်သွားပါ။

- ပြီးလျှင် ညာဘက် Setting အကွက်ထဲက Prevent access to registry editing tools ကိုရှာပြီး Double Click နှိပ်ပါ။

- ပေါ်လာတဲ့ နေရာလေးမှာ Enable ကိုရွေးပြီး OK နှိပ်ပါ။

- ပြီးရင် ဖွင့်ထားတာတွေ အားလုံးကို ပိတ်ပြီး Registry Editor လေးကို ပြန်ခေါ်ကြည့်ပါ။ သူပေါ်မလာတော့ပါဘူး။

အဆင်ပြေပါစေနော်....

No comments: