အင်တာနက် ဆိုရာ Network ကို ပိုင်နိုင်စွာ သေချာ ရှင်းလင်းထားတဲ့ စာအုပ်
ဒီစာအုပ်လေးကတော့   အင်တာနက်ပိုင်းဆိုင်ရာ  Network ရဲ့သဘောတရားကို
သေချာရှင်းလင်းပေးထားပြီး အခြေခံဘယ်လောက်ကျသလဲဆိုIP Adress တွေရဲ့
စနစ်တကျ ရေးပြထားတာမို့  ကွန်ပျုတာ ကျောင်းသားတွေ နည်းပညာရှင်တွေနဲ့ 
Network   သီးသန့် လေ့လာနေသူတွေအတွက်   မှီငြမ်းလေ့လာစရာ  စာအုပ်ပါ
အင်တာနက် သုံးနေသူတွေအတွက်  IP adress ဟာ   အလွန် အရေးပါနေတယ်
ဝက်ဆိုဒ်တစ်ခု  အတိုက်ခံရတာ ၊  အကောင့်တစ်ခု     အဖောက်ခံရတဲ့နေရာမှာ
IP လိပ်စာသိမှ ဘယ်နိုင်ငံက လုပ်တဲ့ ဘယ်သူက လုပ်တယ်ဆိုတာ တစ်ဆင့်ချင်း
ခြေရာခံလို့ ရတာပါ ။ ကိုယ်က တစ်ခုခု တိုက်ပီ  ဖောက်ခဲ့ပီဆို IP ဟာခြေရာခံဖို့ 
နေရာစုံစမ်းဖို့ တစ်ဆင့်ချင်း လုပ်ယူရမှာ ကျနော့်  IP သိတာနဲ့ ကျနော်သုံးနေတဲ့
ISP ( Internet Service Provider ) ကိုသွားမေးရင် Register  လုပ်ပီးသုံးတာမို့ 
ကိုယ်နဲ့ ပတ်သက်တဲ့ လိပ်စာ ဖုန်းနံပတ် အကုန်သိသွားပီး နောက်ဆုံး  အိမ်အထိ
ရောက်လာမှာ ။ အခု ခေတ်စားနေတဲ့  ဟက်ကာတွေ တိုက်ခိုက်တာတွေ အလွန်
ချီးကျူးဖို့ ကောင်းပါတယ်။  နာမည်ကြီးနေတာဟာ  အလကား   မဟုတ်ပါခဲ့ပါဘူး
အစိုးရဆိုဒ်ပေါင်းများစွာကို  တိုက်နိုင်ခဲ့တဲ့ BHG ဆိုရင်  ၂၀၁၀ မှာ ကမ္ဘာကျော်ပါ
မြန်မာပညာရှင်တွေ အဲ့သြော အားကျဖို့ ကောင်းပါတယ် Network ဆိုတာကြီးက
လေ့လာမယ်ဆို အလွန်ကျယ်ပြန့် ပါတယ် ရှုပ်ထွေးပါတယ် ။ကိုယ်တိုင်လည်းသိဖို့ 
လေ့လာဆဲသင်ယူဆဲပဲရှိသေးတာမို့  အများကြီး ရှင်းမပြနိုင်ပါဘူး အလုပ်ဝင်ပီးလို့ 
တစ်လအကြာ သူဌေးက မန်နေဂျာကို မေးတယ် လူသစ်က  ဘယ်လိုလဲဆိုတော့
မန်နေဂျာက ပြန်ဖြေတယ် Computer,Networking, Excel,Work  All  အိုကေ
သူဖြေတာ ကိုယ်ကြားရတော့ ဘ၀င်တောင်မြင့်ချင်တယ် တကယ်တော့  အားလုံး
အခြေခံပဲ လေ့လာထားတာပါ Network ရတယ်ဆိုတာလည်း  ဌာနတစ်ခုခုကနေ
အင်တာနက်လိုင်း မရတာ ၊ Printer ,Server,Proxy တွေ  အကြောင်း  အနဲလေး
လေ့လာထား သိထားရုံနဲ့  ဖြေရှင်းနိုင်ပါတယ် ။ ပညာရှင်ဆင့်လည်း မလေ့လာနိုင်
အချိန်မပေနိုင်ပါဘူး ။ ၂၁ရာစုမှာ လူတွေ  သင်တန်းတက်ပီး အေးဆေး ပညာရေး
သုသေသနလုပ်  လေ့လာဖို့  ဆိုတာမလွယ်ပါဘူး ။အလုပ်လုပ်ရင်း ကျောင်းတက်
အခုကာလ အထူးသဖြင့် မြန်မာနိုင်ငံ အခြေနေနဲ့  မလွယ်လှပါဘူး ။ပိုက်ဆံအရမ်း
ချမ်းသာပြီး နောက်ခံကောင်းရင်တော့  ကိုယ်ရခဲ့တဲ့ဘာသာ ကိုယ်သင်ခဲ့ရတဲ့ပညာ
တွေအတွက် အေးဆေး  သုသေသနပြု  အချိန်ပေးဖို့  သင်တန်းတက်ဖို့ ဆိုတာက
တကယ်မလွယ်ပါဘူး အားလုံး ၀မ်းစာအတွက် အလုပ်လုပ်ရပြီဆိုတော့ ကိုယ်တိုင်
လေ့လာသင်ယူခြင်း  ( Self-Study ) ဆိုတာ  ကျနော်နဲ့ ဘ၀တူ  သူငယ်ချင်းတွေ
အလေးထားရမယ့် စနစ်ပါ။ ဒါကြောင့်  ကျနော်သုံးတော့ ဆော့ဝဲ ကောင်းတယ်ဆို
ပြန်ပြောပြတယ် ကျနော်ဖတ်တဲ့စာအုပ် အဆင်ပြေတယ်ဆို  ပြန်ဖတ်စေတယ်နော
အသိပညာကို Share လုပ်တာ မျှဝေတာပါ တတ်လွန်းလို့ ဆရာ လုပ်နေတာတော့
မဟုတ်ရေးချ မဟုတ်ရပါ ။နောက်ဆုံးအနေနဲ့  လမ်းညွှန်ရရင်  ဒီစာအုပ်လေးထဲမှာ
လူပြောများ အသုံးများ သိထားသင့်တဲ့ Proxy ဆိုတဲ့အကြောင်းကို  အခြေခံကစပီး
သေချာ  ရှင်းပြပေးထားသေးတယ်။ proxy ဆိုတာ   မြန်မာပြည်ကလူတွေ ပိုပြီးသိ
ပိုပြီးနားလည်ပါတယ် ၀က်ဆိုဒ်တွေ ကြည့်မရအောင်ပိတ်ရင် တခြား Proxy ကိုသုံး
ကျော်ကြည့်  ခွကြည့်ရပါတယ် ။အဲ့တော့ပိုနားလည်ထားသင်တာက အပိတ်ခံရတဲ့
မြန်မာပြည်ကလူတွေလိုလည်း  ဆိုချင်ပါတယ် ။ မြန်မာပြည်က လူမဟုတ်ခဲ့ရင်လဲ
proxy Server ဟာ Main Computer တစ်ခုကနေ ဌာနအသီးသီးမှာရှိနေလေတဲ့
ကွန်ပျုတာတွေကို  ခွဲဝေချိတ်ဆက်တဲ့နေရာမှာ  ယနေကာလ  လူသုံးအများဆုံးနဲ့ 
အဆင်ပြေဆုံး Internet Sharing System တစ်ခုပါဒီစနစ်ရဲ့ အားသာချက်တွေမှာ
Serverကနေ ကွန်ပျုတာတွေအားလုံး ထိန်းချုပ်တာဖြစ်ပြီး  မကြည့်စေချင်တဲ့ဆိုဒ်
တွေကိုလည်း ပိတ်လို့ ရတယ်။  မြန်မာပြည်မှာ မဖြစ်များတဲ့ Access Denied ဆိုဒ်
လူအတော်များမျာ သိမှာပါ မြန်မာပြည်ရဲ့ နာမည်အကြီးဆုံးနဲ့ လူသုံးအများဆုံးဆိုဒ်
တစ်ခုခု ဖွင့်လိုက်တိုင်း Access Denied ဆိုတာက  အရင်လာနေတော့  သုံးရတာ
စိတ်ပျက်စရာ ကောင်းလှတယ် ကိုယ်တိုင်လည်း ကြုံတာမို့ ဟာသအဖြစ်ပြောတာ
လက်ရှိလည်း ဒီစနစ်ကို နိုင်ငံတကာလုပ်ငန်တွေမှာ သုံးနေတယ် ကျနော်တို့ ရုံးလဲ
ဒီစနစ်သုံးပါတယ် ကောင်တာက ဌာနအသီးသီးက Computer တွေ ဘယ်အချိန်
အထိ လိုင်းချပေးမလဲဘယ်အချိန် လိုင်းဖြတ်မလဲဆိုတာကအစ ထိန်းချုပ်နိုင်တယ်
ရုံးမှာ အရင်ဆို ည ကိုးနာ၇ီခွဲအထိပဲ သုံးခွင့်ရတာ။  အဲ့နောက်ပိုင်းဆိုရင်  လိုင်းက
ဖြတ်ထားတယ် ။အခုတော့ အဲ့စနစ်ပြန်မလုပ်သေးဘူး အင်တာနက်ဆိုင်တွေကလို
Local Network ထဲက Computerမှာ ဘယ်ဝက်ဆိုဒ်တွေ ဖွင့်ခဲ့လဲဆိုတာကိုလည်း
Porxy server log file မှာ ပြန်ကြည့်လို့ ရပါတယ်  အဲ့တော့ ကျနော်ဘာဆိုဒ်တွေ
သုံးတယ် ဖွင့်နေတယ်ဆိုတာ ပြန်ကြည့်ရင်သိတယ် ။တခြားသူတွေလည်း ဒီလိုပါပဲ
ဌာနဆိုင်ရာ  အသီးသီးကနေ  အလုပ်လုပ်နေကြတဲ့သူတွေ ကိုယ်ဖွင့်တာ ပိတ်ရုံနဲ
ပျောက်သွားပီ မသိနိုင်ဘူးဆိုတာ မဟုတ်ဘူး Proxy Server Log File မှာ အကုန်
ပြန်ရှာလို့ ရပါတယ်။ နောက်ထပ်ကောင်းတာတွေကတော့ Local Area Network
ထဲက  ကွန်ပျုတာမှာ အင်တာနက်ကို  Username နဲ့   ပတ်စ၀ပ်သိမှ အသုံးပြုဖို့ 
ထိန်းချုပ်ချင်တယ်ဆိုလည်း ရတယ် တခြားနည်းတွေထက် သာတဲ့နေရာမှာလည်း
ဒီစနစ်က  ဌာနတစ်ခုက ၀က်ဆိုဒ်တစ်ခုကို သုံးတယ်ဆိုလည်း Server Cacheထဲ
မှတ်ထားပေးတာမို့  တခြားဌာနတစ်ခုခုကလည်း ဒီဆိုဒ် ဖွင့်တာဆိုရင်အမြန်ပြန်ချ
ပြန်ပွင့်စေတာမို့ Network Traffic မဖြစ်ပဲ အင်တာနက်မနှေးတော့ဘူးဒီစနစ်တွေ
ဒီပညာတွေဟာ ရုံးတွေမှာ နေတဲ့သူ လုပ်တဲ့သူတွေ သက်ဆိုင်ဆိုင် မဆိုင်ဆိုင်သိဖို့ 
လေ့လာဖို့ လိုပါတယ် သိထားမှ ဆောင်ရန် ရှောင်ရန်ကို သဘောပေါက်ပါလိမ့်မယ်
နည်းပညာခေတ် သတင်းခတ်မို့  တစ်ခုပိုသိရင် တစ်ခုပိုတတ်ရင် အလုပ်ထဲမှာရော
တခြားနေရာတွေမှပါ သူများထက် ခေါင်းတစ်လုံး ပိုမြင့်လိမ့်မယ် ဒါကြောင့် ပညာရပ်
နည်းပညာတစ်ခုခုကို သေချာ လေ့လာနိုင်ပါစေ  သိပါစေ ရည်ရွယ်ပြီး ပြန်မျှနေတာ
ဟာသ ပညာရှင်ကြီးတစ်ဦးပျက်လိုက်တာ သိပါလိမ့်မယ် သူ့ ကိုထောင်ချအမိန်ချတဲ့
တရားသူကြီးမင်းက ကွန်ပျုတာမရှိ နည်းပညာမသိသလို ဖမ်းတဲ့  အမှုလည်း အီးမေး
ဂျီမေး ကွဲပြားစွာမသိတဲ့ ၀န်ထမ်းက Electric Act နဲ့  ထောင် ၂၄ နှစ် ချလိုက်သတဲ့
နောင်ကာလ   မြန်မာနိုင်ငံရေးစနစ်မှာ ပညာတတ်တွေ  နည်းပညာရှင် တကယ်သိ
တကယ်တတ်တဲ့ လူတွေ ပါဝင်စေဖို့  ဆုတောင်းရမှာဖြစ်သလို  တတ်သိသလောက်
ပြုလုပ်ကြဖို့ လည်း လိုပါတယ် ပြောရရင် နိုင်ငံရေးဖက်ရောက်တော့မယ် မီးမလာတဲ့
ဓာတ်တိုင်အောက် ရပ်မိလို့ မှောင်ရိပ်ခိုမှုနဲ့  အဖမ်းခံရမှာလည်း စိုးရိမ်ရပါသေးတယ်
အဆုံးပြောရရင် ဒီစာအုပ်ဟာ Network အတွက်အလွန်အသုံးဝင်တဲ့ စာအုပ်ဆိုတာ
သိစေအပ်ပါတယ် အခြေခံပညာသင်ကနေပညာရှင်အဆင့်တွေထိ ပါဝင်ကြောင်း.။အောက်ပါလင့်မှာယူနိုင်ပါ၏
http://www.zwmnna.com/2013/02/network.html