ကွန်ပြူတာသည် သုံးသည့်အချိန်ကြာလာသည်နှင့်အမျှ နှေးလာသည်ဆိုသည်မှာ ဟုတ်ပါသလား

မေး ။ ကွန်ပြူတာသည် သုံးသည့်အချိန်ကြာလာသည်နှင့်အမျှ နှေးလာသည်ဆိုသည်မှာ ဟုတ်ပါသလား။
ဖြေ ။ Windows မှာဆိုရင်တော့ ဟုတ်ပါတယ်။ Linux နှင့် Mac (Apple) တို့တွင် နှေးလာခြင်းမှာမသိသာပါဘူး။

မေး ။ Windows မှာဖြစ်ပြီး Linux နှင့် Mac တို့မှာ မဖြစ်တာက ဘာကြောင့်ပါလဲ။
ဖြေ ။ Windows တွင် File Fragmentation နှင့် Registry Fragmentation များဖြစ်လာသောကြောင့်ဖြစ်လာတာပါ။ အဓိကက Windows ရဲ့ File System ( FAT & NTFS ) တို့ကြောင့်ဖြစ်ပါသည်။

မေး ။ အဲဒီလိုနှေးလာရင် ဘာလုပ်ရပါမလဲ။
ဖြေ ။ အရင်ဆုံးစက်မှာ မလိုအပ်တဲ့ ဖိုင်တွေကိုရှင်းပစ်ပါ။

၁။ မလိုအပ်တဲ့ Program တွေကို Uninstall လုပ်ပါ။ ဖိုင်တွေကို ဖျက်ပစ်ပါ။ ( CC Cleaner လို software မျိုးသုံးပြီးရှင်းပေးရင် ပိုကောင်းပါတယ်၊ သုံးခဲ့တယ်ဆိုရင်တော့ အဆင့် ၅ ကိုကျော်လိုက်ပါ။)

၂။ Recycle Bin တွေကို Clear လုပ်ပါ။

၃။ Start menu > Run box (Shortcut – Windows Key + R ) ထဲမှာ Temp လို့ရိုက်ပြီး Windows Temp ကိုရှင်းပါ။

၎။ Run box ထဲမှာဘဲ %temp% လို့ရိုက်ပြီး Temp File ကိုရှင်းပါ။

၅။ My Computer ကိုဖွင့်ပါ။ မိမိစက်ရဲ့ ဝင်းဒိုးတင်ထားတဲ့ drive ကို right click လုပ်ပြီး properties ကိုသွားပါ။ General Tab အောက်မှာ Disk Clean Up ဆိုတာကို နှိပ်ပါ။ ခဏစောင့်လိုက်ပြီး ပေါ်လာတဲ့ box မှာ More Option ကိုသွားပါ။


System Restore အောက်က Clean Up ဆိုတာကို click လုပ်လိုက်ပါ။ ပြီးရင် OK နှိပ်ပြီးပြန်ထွက်လိုက်ပါ။

၆။ စက်ကို Restart တစ်ခါလုပ်ပါ။

၇။ Run Box ထဲမှာ dfrg.msc လို့ရိုက်ပြီး Disk Defragmentator ကိုဖွင့်ပြီး HardDisk တွေအားလုံးကို Defrag လုပ်လိုက်ပါ။ (တစ်ကယ်လို့ အခြား defragment software ရှိရင်လဲ သုံးနိုင်ပါတယ်)

၈။ Registry Cleaning / Fixing software တစ်ခုခုသုံးပြီး Registry ကို Clean လုပ်ပါ။ ပြီးလျှင် Registry ကို Defrag လုပ်ပါ။ (Advance System Care Free Version – IO Obit)

၉။ ကွန်ပြူတာကို Restart လုပ်လိုက်ပါ။ အရင်ကထက် ပိုမြန်လာတာကိုတွေ့ရမှာပါ။

မေး ။ Memory Stick / USB Drive တွေကိုရော Defrag လုပ်သင့်ပါသလား။
ဖြေ ။ Solid State Drive တွေ (အခုလက်ရှိသုံးနေတဲ့ flash drive / memory chipေ တွေ) ဆိုရင် Defrag လုပ်စရာမလိုပါဘူး။ ဒီ Drive တွေရဲ့ Reading / Writing ပုံစံက Harddisk တွေနဲ့ မတူလို့ပါ။ သူတို့မှာ Fragmentation ဖြစ်သွားလို့ Speed Loss ဖြစ်တာမရှိသလောက်နည်းပါတယ်။

မေး ။ Hard Disk တွေမှာ Bad Sector ပေါ်လာရင်ဘယ်လိုလုပ်ရပါမလဲ။
ဖြေ ။ HDD Regenerator တို့ Bad Sector Repair တို့လို software တွေသုံးပြီးရှင်းလို့ရပါတယ်။ နောက်တစ်နည်းကတော့ Bad Sector ရှိနေတဲ့ Partition ကို Clone ပွားလိုက် (Backup လုပ်လိုက်) ။ ပြီးရင် Partition ကို Format လုပ်လိုက်ပါ။ Format လုပ်တဲ့အခါမှာ Quick Format ဆိုတာကိုမရွေးပါနဲ့။ ဒါဆိုရင် Bad Sector ကိုအလိုလိုရှာပြီး ရှင်းသွားမှာပါ။ ပြီးမှ ခုနက Backup ကို ပြန်ပြီး Restore လုပ်လိုက်ရင်ကောင်းသွားပါပြီ။

Credit : http://edu-junction.org

No comments: