Control Panel ထဲမှsetting များကို run boxမှာခေါ်သုံးခြင်း(မသိသေးသူများတွက်သာ)

Control Panel ထဲမှsetting များကို run boxမှာခေါ်သုံးခြင်း(မသိသေးသူများတွက်သာ)
+++++++++++++++++++++++++++++++
အမြဲတမ်း ပိုစ်ရေးမယ်ဆိုရင်ခေါင်းစဉ်ကိုဘယ်လိုပေးရမှန်းးကိုမသိဘူးးးးး
ခုလည်း ခေါင်းစဉ်ကြည့်ရုံနဲ့နားမလည်လောက်ဘူးထင်တယ်. ဆိုလိုချင်တာက control panel မှာရှိတဲ့ optionတွေတစ်ခုခြင်းစီရဲ့ run box(press window key+R) မှာခေါ်သုံးနိုင်မဲ့ command လေးတွေကိုပြေပြချင်တာပါ
ဘယ်ကွန်မန်းကဘယ်လိုဆိုတာတော့တားလည်းမသိဘူးနော်
သိချင်ရင်ကိုယ်တိုင်စမ်းကြည့်
(ဘယ်လိုသုံးရလည်းဆိုတော့ window key+R နိပ်ပါ ကျလာတဲ့ box မှာ အောက်ပါ command လေးတွေရိုက်ပီး သွားချင်တဲ့နေရာကိုသွားနိုင်ပါတယ်)
ပုံမှန်အားဖြင့်တော့ control panel ထဲက optionတွေတွက် command တွေက .cpl ဆုံးပါတယ် 

ဥပမာ
ncpa.cpl(Network နဲ့ပတ်သတ်ပီးကလိဖို့ပါ) 
appwiz.cpl(application တွေ uninstall လုပ်ဖို့ပါ)
desk.cpl(Monitor နဲ့ပတ်သတ်ပီးကလိဖို့ပါ)
main.cpl(mouse နဲ့ပတ်သတ်ပီးကလိဖို့ပါ)
timedate.cpl(date and tiem နဲ့ပတ်သတ်ပီးကလိဖို့ပါ)
တော်ပီကျနော်လည်းဒီလောက်ပဲသိတယ်.
ထပ်သိချင်သေးရင်
အရင်ဆုံး C:\windows\system32\search box မှာ *.cpl လို့ရိုက်Interခေါက်ပါ
အဲ့မှာကျလာတဲ့ .cplဆုံးတာလေးတွေက run မှာရိုက်နိုင်တဲ့ကောင်လေး
တွေပါ (ကလိဖို့ပေါ့)
နောက်ထပ် ရှိသေးတယ်
.msc ဆုံးတဲ့ကောင်တွေပါ run boxမှာသုံး ဖို့ပဲနော်
ဥပမာ 
gpedit.msc(ဒီနေရာကနေ မလိုအပ်တာတွေပိတ်ပင်တာတို့ cmd ,registry,task manager run ဒါတွေပိတ်ထားလို့ရပါတယ်)
services.msc(services နဲ့ပတ်သတ်တာကလိဖို့ပါ)
် ဆက်သိချင်သေးရင်အထက်ကအတိုင်းပါပဲ
C:\windows\system32ရဲ့ 
searchobox မှာ *.msc လို့ရိုက်ပီးInterခေါက်ပါ
အော် * ဆိုတာ all ကိုဆိုလိုတာပါ .msc ဆုံးတဲ့ ဟာမှန်သမျှ အကုန်ပြပါပေါ့
.msc ပဲရိုက်ထည့်ကြည့်ပါ foloder တွေကောဘာတွေကောညာတွေကောအကုန်ကိုကျလာတော့တာပဲ
*လေးထည့်လိုက်တော့စုစည်းတဲ့သဘော်မျိုးလေးဖြစ်သွားတာပေါ့ ဟဲ.
နောက်ဆုံးတစ်ခုက window 7အတွက်ပါ
start ကိုနိပ် search box မှာ clean လို့ရိုက်ထည့်ပါ ထိပ်ဆုံးမှာ diskclean up ကျလာပါမယ် 
အဲ့မှာ right click ထောက်ပါ properties ထဲဝင်ပါ shortcut ဆိုတဲ့ tab ကိုသွားပါ 
နောက်ဆုံးမှာ cleanmgr.exe ဆိုတာလေး .exe ဖြုတ်ပီး run box မှာ cleanmgr လို့ရိုက်ပီးInter ခေါက်ကြည့်ပါ
ဒါဆိုရင် disk clean up ကျလာပါလိမ့်မယ် check တို့ defrag လုပ်တာတို့တူတူပဲနော်
ကျွန်တော်ဒီ command တွေရှာပြီးတင်ပေးလို့ရတယ်နော် 
နေရာတိုင်းမှာလည်းတွေ့နိုင်တာပဲ
ကိုယ်တိုင်ကလိစေချင်လို့ပါ
""ကလိမှပျက်မှာ ပျက်မှပြန်ပြင်မှာပြန်ပြင်မှ တတ်မှာ""
အဆုံးမသတ်နိုင်တဲ့ looping ကြီး
အားလုံးအဆင်ပြေပါစေခင်ဗျာ
ရပ်စောက်သား(IT Learner And Sharer)

No comments: