FaceBook မှာ ဒီလိုအချက်လေးတွေ လုပ်မယ်ဆို သေချာတယ် သင်ပေါ်ပြူလာဖြစ်ပြီ...

 
အွန်လိုင်းလောကနဲ့ အပြင်လောကမှာကွာဟချက်တွေအများကြီးရှိပါတယ်။ 

အွန်လိုင်းကနေတစ်ဆင့်မိတ်ဆွေအပေါင်းအသင်းတွေဖြစ်ပြီးအပြင်မှာတွေ့ကြဆုံကြတာတွေ
 
လဲပိုပြီးခေတ်စားလာပါတယ်။ဒီလိုနဲ့ပဲအရင်းနီးဆုံးသူငယ်ချင်းတွေလဲ ဖြစ်သွားနိုင်ပါတယ်။

ကျောင်း၊အလုပ်အကိုင်တစ်ဖက်နဲ့ မအားလပ်တဲ့ကြားကမှ ကိုယ်နဲ့တကယ်ရင်းနီးနေတဲ့သူငယ်ချင်း 

ဒါမှမဟုတ်လဲ ဆိုရှယ်လ်နက်ဝေါ့ခ်ကမှတစ်ဆင့် ရင်းနီးကျွမ်းဝင်သွားတဲ့ သူငယ်ချင်းနဲ့ ရေရှည်အထိ 

အမြဲခင်မင်မှုမပျက်တဲ့ ဆက်ဆံရေးမျိုး ဒီ (၁၂) ချက်နဲ့ တည်ဆောက်နိုင်မှာပါ။ ဆိုရှယ်လ် 

နက်ဝေါ့ခ်တွေထဲမှာလူကြီး၊ လူငယ်တွေကြားမှာရေပန်းအစားဆုံးကတော့ ဖေ့စ်ဘွတ်ခ်ပဲဖြစ်ပါတယ်။


*၁)* 
 ကိုယ့်ရဲ့အခင်ဆုံးသူငယ်ချင်းတွေရဲ့ Profile Pictureတွေကို like (ကြိုက်နှစ်သက်ခြင်း) နဲ့ comment 

(ထင်မြင်ချက်ပေးခြင်း) ပြုလုပ်ပေးပါ။ ဒါမှ သူ့တို့ကိုယ်သူတို့  ယုံကြည်မှုတွေရှိလာနိုင်ပြီး သူတို့ဘက်မှာ

 ကိုယ်ကအမြဲရပ်တည်ပေးနေတာ သူတို့ပိုသိလာနိုင်ပါတယ်။
*
၂)* ဘယ်လောက်ပဲဒေါသအမျက်ထွက်ထွက် ဖေ့စ်ဘွတ်ခ်ဝေါလ်ပေါ်မှာ စကားများရန်ဖြစ်ခြင်းတွေ

 မလုပ်ပါနဲ့ ။ အားလုံးအတွက် အရှက်ရစေပါတယ်။

*၃)* မွေးနေ့ပါတီတွေ ဒါမှမဟုတ် တခြားအရေးပါတဲ့ အစီအစဉ်တွေကို 

သူငယ်ချင်းတွေက ဖေ့စ်ဘွတ်ခ်ကနေ တစ်ဆင့် ဖိတ်ကြားလာရင် အကြောင်းပြန်ဖို့ မမေ့ပါနဲ့ ။ ဒါမှ 

ကိုယ်တကယ်လာနိုင်မလာနိုင် သူတို့ကသိနိုင်ပြီး၊ ကိုယ့်ဘက်ကဖိတ်ကြားတာတွေရှိရင်လည်း 

သူတို့ဘက်က တိကျတဲ့ အကြောင်းပြန်မှုတွေကိုရနိုင်မှာပါ။

*၄)* သူငယ်ချင်းတွေကို အပြင်လက်တွေ့ဘ၀မှာ ဖုန်းဆက်ပြီးပဲဖြစ်ဖြစ်၊ 

လူကိုယ်တိုင်သွားပြီးပဲ ဖြစ်ဖြစ် မွေးနေ့ဆုတောင်းစကားပြောပြီးရင်တောင် ဖေ့ဘွတ်ခ်ကနေလည်း

မွေးနေ့ရောက်ရင် မွေးနေ့ဆုတောင်းစကားပြောလိုက်ပါ။ သူတို့  ကျေနပ်ဝမ်းသာနေမှာပါ။

*၅)* လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကပုံတွေက like (ကြိုက်နှစ်သက်ခြင်း) နဲ့ comment

 (ထင်မြင်ချက်ပေးခြင်း) ပေးတာတွေ မလုပ်ပါနဲ့ ။ အထူးသဖြင့် ခေတ်နောက်ကျပြီး 

ကသိကအောက်ဖြစ်စေတဲ့ပုံမျိုးတွေကိုပေါ့။ အတိတ်ကို အတိတ်မှာပဲထားခဲ့ပါ။

*၆)* သူငယ်ချင်းတွေရဲ့ ဖေ့ဘွတ်ခ်အကောင့် ဟက်ခ်လုပ်ခံရရင် သူတို့ကိုတိုက်ရိုက်အကြောင်းကြားပေးပါ။ 

ဒါမှ နောက်တစ်ခါ ဟက်ခ်လုပ်မခံရအောင် သတိထားသွားနိုင်မှာပါ။

* **၇)* In Relationship ကနေ Single လို့ပြောင်းသွားတဲ့ သူငယ်ချင်းတွေရဲ့

 အကြောင်းကို ဖေ့စ်ဘွတ်ခ်ပေါ်မှာ တိုက်ရိုက်စပ်စုတာတွေမလုပ်ပါနဲ့ ။

အကြောင်းစုံကိုပြောပြချင်တဲ့သူတွေကတော့ ကိုယ့်ကို တိုက်ရိုက်ဆက်သွယ်ပြီးပြောပြမှာပါပဲ။

*
၈)* ကိုယ်နဲ့မသိမရင်းနီးတဲ့သူတွေကို Poke မလုပ်ပါနဲ့ ။ ကိုယ်နဲ့သိတဲ့သူတွေကိုလဲ မလိုအပ်ရင် Poke 

မလုပ်ပါနဲ့။ စိတ်အနှောက်အယှက်ဖြစ်စေပါတယ်။

*၉)* မကြားဖူး၊ မမြင်ဖူးတဲ့သူတွေကို သူငယ်ချင်းအဖြစ် request သွားမလုပ်ပါနဲ့ ။ သူစိမ်းတွေက 

အန္တရာယ်များပါတယ်။

*၁၀)* ကိုယ့် Profile Picture တို့  cover pictureတို့မှာ သူငယ်ချင်းတွေပါပါနေရင် 

ကိုယ်တစ်ယောက်တည်း ခန့်ညားလှပနေတဲ့ပုံကို မတင်ပါနဲ့ ။အားလုံးကြည့်ကောင်းတဲ့ပုံမျိုးကို တင်ပါ ။

*၁၁)* သူငယ်ချင်းတွေ အရှက်ရစေမယ့် အကြောင်းအရာတွေကိုသူငယ်ချင်းတွေရဲ့ ဖေ့စ်ဘွတ်ခ် ဝေါလ်မှာ

 မရေးမိပါစေနဲ့ ။

*၁၂)* သူငယ်ချင်းတွေကအခက်တွေ့နေချိန်မှာ ဒါမှမဟုတ် အကူအညီလိုနေချိန်မှာ ကိုယ့်ကို 

အရေးတကြီးဖေ့စ်ဘွတ်ခ်ကနေ မက်ဆေ့ခ်ျလှမ်းပို့နေရင်လဲ စာချက်ချင်းပြန်ပါ။ အားငယ်သူကို 

ကူညီဖေးမတာက သူငယ်ချင်းသံယောဇဉ်တွေကို ပိုခိုင်မာစေနိုင်ပါတယ်။

No comments: