Internet သုံးစွဲမှုမှာ
ဖုန်းနဲ့ သုံးစွဲမှုများလာတာနဲ့မှ အသစ်ပေါ်လာတဲ့ App များထဲမှာ Viber ကို
လူကြိုက်များ သုံးစွဲမှုပိုများပါတယ်။ အားသာချက်က ပုံပို့ခြင်း၊ စာပို့ခြင်း၊
ဖုန်းခေါ်ခြင်းများကို အင်တာနက်ရှိရုံဖြင့် ဖရီးလုပ်ဆောင်နိုင်ပြီး လွယ်လင့်
မြန်ဆန်စေလို့ လူကြိုက်များတယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ Group Chat တွေကနေ
ကိုယ့်ဖုန်းနံပတ်ကို ပြန့်စေနိုင်သလို ဖုန်းနံပတ်ကို အကြောင်းအမျိုးမျိုးနဲ့
သိသူတွေက ဖုန်းခေါ်ခြင်း Message
ပို့ခြင်းများကို လုပ်ဆောင်နိုင်လို့ စိတ်အနှောင့်အယှက်တွေ ကြုံရတာမျိုးတွေ ကျွန်မ
အက်မင်ကိုယ်တိုင် ခံစားခဲ့ရဖူးလို့ ဒီ Post လေးကို တင်ဆက်ပေးလိုက်ရပါတယ်။
Viber ကနေ
ကိုယ်မသိတဲ့သူတွေ ၊ ကိုယ်ဖုန်းမခေါ်စေချင်တဲ့သူတွေက messages တွေ ph call တွေဝင်နေ
ခေါ်လာနေလို့ စိတ်အနှောက်အယှက်ဖြစ်နေရင် ဒီနည်းလမ်းလေးကို စမ်းသပ်ကြည့်လိုက်ပါဦး။
အရင်ဆုံး
ရှိပြီးသား viber ထဲကနေ exit(from more option)နဲ့ထွက်လိုက်ပါ။
နောက်
ပြန်ပီးတော့ activate လုပ်ဖို့အတွက် မိမိဖုန်း နံပါတ်ပြန်ရိုက်ထည့်တဲ့အခါ
မိမိဖုန်းနံပါတ်ရဲ့ နောက်ဆုံးမှာ ဂဏန်းတစ်လုံး
အပိုထည့်ရိုက်လိုက်ပါ။e.g.09400000011 (နောက်ဆုံး 1 ကအပို တလုံးပါ)
Viber ကနေ
code အတွက် ဖုန်းခေါ်တဲ့အခါ မိမိရဲ့ဖုန်းထဲကိုပဲ ဝင်ပါတယ်။နောက်ဆုံး ဂဏန်းက အကျုံးမဝင်ပါဘူး။
viber
အချင်းချင်းအတွက်ကျတော့ အပိုထည့်လိုက်တဲ့ ဂဏန်းတလုံးက အကျုံးဝင်ပါတယ်။
အဲ..viber
code ရပီဆိုရင်တော့ မိမိဆီကို messages,ph call တွေခေါ်စေချင်တဲ့သူကို ကိုကအရင်
message ပို့လိုက်ပါ။
ဒါမှ မိမိ
အပိုထဲ့ထားတဲ့ viber ph နံပါတ်ကိုသူတို့ကသိမှာပါ။
ဒါဆိုရင်တော့
မိမိဆီကို မပို့စေချင်တဲ့ messagesတွေ မလာစေချင်တဲ့ ဖုန်းcallတွေကို ကာကွယ်ပီးသား
ဖြစ်ပြီး viber ကြောင့်စိတ်အနှောက်အရှက်ဖြစ်နေတဲ့ သူငယ်ချင်းတို့လဲ
အေးဆေးဖြစ်သွားပါလိမ့်ပါမည်။
ADMIN~~ Ma Lwan Po Cho











No comments:
Post a Comment