စမ်ဆောင်း 4.3 အထက်ဖုန်းများ မြန်မာစာ 100% မှန်အောင်လုပ်နည်း….


ဘာဆော့ဝဲမှ ထောက်ပံ့ပေးစရာမလိုပါဘူး ကျနော်ပေးထားတဲ့ ဖိုင်လေးကို ညွှန်ပြထားတဲ့ဖိုဒါထဲသို့ ထည့်ပေးလိုက်ယုံနဲ့ မြန်မာစာမှန်သွားမှာ ဖြစ်ပါတယ် :) 
Android 4.3 ကနေစပြီး ဖုန်းတော်တော်များများဟာ ( -ျ ) ( -ု ) ( -ူ ) ( -ာ ) ( -် ) ( -့ ) တွေ အထဲကိုဝင်နေတဲ့ပြသနာနှင့် အစရှိသောစာလုံးတွေ မမှန်တာတွေရှိကြပါတယ် ထိုပြသနာကို အောက်ကနည်းအတိုင်း ဖြေရှင်းလိုက်ပါ ။
““ ထိုပြသနာကို ဖြေရှင်းဖို့ရန် မိမိဖုန်းမှာ Root ရှိထားဖို့ပဲ လိုအပ်ပါတယ် ””
ပြီးရင်တော့ ကျနော်ပေးထားတဲ့ others.xml ဖိုင်လေးကို Root Explorer ဆော့ဝဲဖွင့်လိုက်ပြီး >>> system ဖိုဒါထဲဝင် >>> csc ဆိုတဲ့ဖိုဒါထဲကို ထည့်ပေးလိုက်ပါ ။
ပြီးရင် ထို others.xml ဖိုင်လေးကို RW — R — R ပေးပြီးတော့ ဖုန်းကိုပိတ်ပြီး ပြန်ဖွင့်လိုက်ပါ မြန်မာစာမှန်သွားတာကို သင်မြင်တွေ့ရမှာဖြစ်ပါတယ် :)
မှတ်ချက် ။ ။ Samsung ဖုန်းများအတွက်သာ သီသန့်ဖြစ်ပါတယ် တခြားမည်သည့်ဖုန်းမျှ မရသေးပါ ။ Samsung ဖုန်းမှာပါဝင်တဲ့ Browser တော့ မြန်မာစာမှန်မည်မဟုတ်ပါ ။ စမ်ဆောင်းမှ မြန်မာစာပါပြီးဖုန်းများမှာလဲ မှန်ခြင်းမရှိသေးပါဘူး :)
Root Explorer ဆော့ဝဲထဲက ဖိုင်တစ်ခုခုကို rw-r-r ပေးခိုင်းတဲ့အခါ

rw-r-r ရအောင် မည်သို့ပေးရသည်ဆိုတာကို ပုံနှင့်ပြသထားပါတယ်
သင်ပေးချင်သော ဖိုင်တစ်ခုခုကို ဖိထားလိုက်ပါ အဲ့မှာစာပေါ်လာတဲ့အထဲက Permissions ကို ဝင်လိုက်ပါ ။ ပုံတွင်ပြထားသည့် အကွက်ရွေးဖို့ရန်ပေါ်လာပါမယ် ။ အဲ့မှာ ပြထားသည့်အတိုင်း အမှန်လေးတွေခြစ်ပေးလိုက်ပါ အဲ့တာ rw-r-r ပေးခြင်းပါပဲ ။
others.xml ဖိုင်လေးကို အောက်မှာကြိုက်ရာလင့်ကနေ ဒေါင်းယူပါ :)
““ တစ်ချို့ဖုန်းတွေမှာ မိမိရဲ့ဖောင့်ပိုင်းကို ကလိထားမှုနှင့် မိမိထည့်ထားတဲ့ဖောင့်မြန်မာဖောင့်တို့ကြောင့် မြန်မာစာပျောက်သွားတာမျိုးဖြစ်တတ်ကြပါတယ် ။ ထိုသို့ပျောက်သွားပါက အောက်ကသုံးခုကို ညွှန်ပြထားတဲ့နေရာသို့ သွားထည့်ပေးလိုက်ပါ :) ””
ထို 2 ခုကို system >>> etc ဆိုတဲ့ ဖိုဒါထဲကို သွားထည့်ပေးလိုက်ပါ ။ fallback_fonts.xml ကို ဒီမှာဒေါင်းပါ fallback_fonts_sbrowser.xml ကို ဒီမှာဒေါင်းပါ
ZawgyiOne-Ghost  TTF မြန်မာဖောင့်ကို ZawgyiOne2008 လို့ နာမည်ပြောင်းပြီး system >>> fonts ဖိုဒါထဲ သွားထည့်ပေးလိုက်ပါ
ပြီးရင် 3 ခုလုံးကို rw – r – r ပေးလိုက်ပြီး ရီစတတ်ချလိုက်ပါ သေချာပေါက် ရပါပြီ ။
Ref & Credit to:http://freemobilesharing.blogspot.com and DjjoeMan

No comments: