ဖုန်းထဲကဓါတ်ပုံများ Computer သို့ ကြိုးမဲ့ပို့နိုင်သော Cool Photo Transfer


Androis User တို့ လုံးဝကြိုက်သွားစေမယ့် Cool Photo Transfer အလန်းလေးတစ်ခုကို တင်ပေးလိုက်ပါတယ်။ ဖုန်းထဲကဓါတ်ပုံများကို Computer သို့ ကြိုးမဲ့ပို့ချင်တယ်ဆိုရင် ဖုန်းနှင့် Computer ကို WiFi ဖြင့်ချိတ်ပြီး ပို့ရမှာဖြစ်ပါတယ်။

Computer မှာ Cool Photo Transfer Software ကို Install လုပ်ထားရပါမယ်။ ဖုန်းထဲမှာ Install လုပ်ထားတဲ့ App နှင့် Computer မှ Software ချိတ်ဆက်ဖို့အတွက် ဖုန်းမှ WiFi Hotspot လွှင့်ပြီး ချိတ်ဆက်ပါ။

Computer ထဲက Server Software မှာ IP နံပါတ်များ ဖော်ပြပါလိမ့်မယ်။ ဖုန်း App ထဲက Manual Connect ကို နှိပ်ပြီး Server Software မှာ ဖော်ပြထားတဲ့ IP နံပါတ်များကို ရိုက်ထည့်လိုက်ပါ။ ဒါဆို ဖုန်းနှင့် Computer ချိတ်ဆက်ပြီးပါပြီ။ ဖုန်းနှင့် Computer ချိတ်ဆက်ပြီးသွားရင်တော့ ဖုန်းထဲကဓါတ်ပုံများကို Computer သို့ ပုံစံအမျိုးမျိုးနဲ့ ပို့နိုင်ပါတယ်။

ပို့နိုင်တဲ့ပုံစံများကတော့…

- ဓါတ်ပုံများကို ဘယ်/ညာ/အပေါ်/ အောက်ဘက်သို့ တွန်း၍ပို့ခြင်း
- Monitor နှင့်ဖုန်း မျက်နှာချင်းဆိုင် တို့ထိ၍ပို့ခြင်း
- လက်ဖျောက် သို့မဟုတ် လက်ခုတ်တီး၍ ပို့ခြင်း
- ဓါတ်ပုံပေါ်မှာ လက်ဝှေ့ရမ်း၍ ပို့ခြင်း
- ဖုန်းကိုလှုပ်ခါ၍ ပို့ခြင်း
- အသံပေး၍ ပို့ခြင်း

ဒီထက် ပိုသိချင်တယ်ဆိုရင် အောက်က Link မှာ Video လေးကြည့်လိုက်ပါ။

တစ်ခုတော့ရှိတယ် Server Software ရဲ့ Setting က Photo Save Option မှာ Auto Save ကိုရွေးပြီး Save ချင်သောနေရာကို ရွေးထားပေးပါ။

Updated: September 2013
Requires Android2.2 and up
Current Version1.0
Size: 4.4MB



1Mobile Corner

No comments: