မင်္ဂလာပါ။ Android အသုံးပြုသူများ အနေနဲ့ root ဖောက်ရခြင်းအကြောင်း၊ ဘယ်လို root ဖောက်ရမယ်ဆိုတာ၊ အားလုံးလိုလိုသိချင်ကြပါတယ်။ အများစုအနေနဲ့ သိထားတာ တခုက မြန်မာစာ ထည့်သွင်းအသုံးပြုနိုင်ဖို့ပါ။ မြန်မာစာ ရာနှုန်းပြည့် မှန်ကန်စေဖို့ပါ။ တချို့ ဆော့ဝဲတွေက rooted ဖြစ်ပြီးသား root ဖောက်ပြီးသားမှ အသုံးပြုလို့ရနိုင်တာမို့ root ဖောက်ကြရပြန်ပါတယ်။ ဒီထက်ပြည့်စုံအောင်ဆိုရင်.... Rooting နဲ့ပတ်သက်သမျှ ကျနော်လေ့လာတွေ့ရှိသမျှကို အားလုံးအတွက်ပြန်လည် စုစည်းမျှဝေထားခြင်းပါ။ လက်လှမ်းမှီသမျှ ကူညီမျှဝေပေးခြင်းအားဖြင့် အသိဗဟုသုတ တိုးပွားစေခဲ့ပါနော်။
Android Rooting ဘယ်လိုလုပ်သလဲ
Android root လုပ်တယ်ဆိုတာ မလွယ်ဘူး ဆိုပေမယ့် သဘောသဘာဝနဲ့ နည်းလမ်းကို သိသွားရင်တော့ မခက်ခဲတော့ပါဘူး၊ ဒါပေမယ့် Android Root လုပ်တဲ့ အခါ ဖြစ်ပျက်သွားတဲ့ နောက်က Process ကတော့ အတိအကျသိဖို့ ခက်ခဲသလို စိတ်ဝင်စားစရာလဲ အလွန်ကောင်း လှပါတယ်၊