ဓါတ်ပုံတွေ ကိုအပျော် သဘောနဲ့ ရုပ်ပြောင်တွေလုပ်ဖို့ Faces - Photo Fun

ဒါကတော့ သူငယ်ချင်းတွေကို အပျော် အပျက် သဘောနဲ့ စလို့နောက်လို့ ရတဲ့ appl လေးပါ

မျက်နှာပေါ်မှာ မျက်မှန်တို့ နှုပ်ခမ်းမွှေးအတု တပ်တာတို့ လုပ်လို့ရပါတယ်။

အပိုတခု့ အနေနဲ့ ဦးထုပ်တလုံးလည်း ထပ်တပ်ပေးလို့ရပါတယ်။

သူငယ်ချင်းတို့ ပျော်ရင်ချင်တယ်ဆိုရင် ဒါလေးကို ဒေါင်းလိုက်ပါ

DOWNLOAD

ကိုလတ်(ကျွဲဆင်း)
Faces for Android Have fun with your photos. Select a photo and Faces will find faces within your photo and allows you to easily place a selection of hats, glasses and beards over the faces of your friends and family Once you have added the effects to your photo you can save the photo, or easily share the photo with you friends. The photo should have clearly identifiable faces or the app may not find faces within the photo. The application will work best if your photo is medium sized (e.g. 800x600 photo).

YouTube က HD Movies တွေကို ဒေါင်းဖို့ Youtube HD Downloader

ကွန်ပြူတာမှာ IDM ကိုတော့ အများဆုံးအသုံးပြု့ကြပါတယ်။မြန်လည်းမြန်တယ်လေ။

ဒီကောင်လေးကတော့ IDM နဲ့ အဆင်မပြေတဲ့ အခါ မျိုး IDM မရှိတဲ့ အခါမျိုးတွေမှာ 
အသုံးပြု့လို့ရပါတယ်။

Movies အကောင်းစား HD တွေ ကိုဒေါင်းဖို့ အတွက် အသင့်တော်ဆုံးပါပဲ

အသုံးပြု့မယ်ဆိုအောက်မှာယူသွားလိုက်ပါ ခင်ဗျာ
 



အားလုံးပဲအဆင်ပြေနိုင်ပါစေ

★★WRC Powerslide - PC Game (976Mb)★★

 
မိမိကွန်ပြူတာပေါ်ကနေကားမောင်းချင်သူတွေအတွက်တင်ပေးလိုက်ပါတယ်။ဒီကားပြိုင်ပွဲဂိမ်းလေးကတော့
အခန်းဆက်များစွာပါဝင်သောကားပြိုင်ပွဲဂိမ်းပဲဖြစ်ပါတယ်။ရုပ်ထွက်ကြည်ပြီးကစားလို့ကောင်းပါတယ်။
ဖိုင်ဆိုဒ်ကတော့ 976Mb ရှိပါတယ်။ဖိုင် 6 ဖိုင်ခွဲပြီးတင်ပေးထားပါတယ်။ဝင်းဒိုးအားလုံးကစားနိုင်ပါတယ်။
Game Screenshots









 



Burn -iso
Install
Play
Enjoy !!!



ဖိုင်ဖြည်နည်းမသိပါက ဒီမှာနှိပ်ပြီး ၀င်ကြည့်ပါ။


Thank You For Downloading And Dont Forget to Clicking Once on a Ad Banner.
အဆင်ပြေတယ်ဆိုရင်တော့ကြော်ငြာများကို (တစ်နေ့မှ) တစ်ကြိမ်လောက်သာ ကလစ်ခဲ့ပါခင်ဗျာ။


 
★★နည်းပညာမြို့တော်★★

★★ Photoshop Tools များ၏လျှို့ဝှက်ချက်များ (E-Book)★★

Photoshop ရဲ့လျှို့ဝှက်ချက်မှာ Tools တွေကိုသင့်တော်ရာအလိုက်ရွေးချယ်အသုံးပြုတတ်ခြင်းဟာအဓိက
ကျပါတယ်။ဒီလိုရွေးချယ်အသုံးပြုတတ်ဖို့အတွက် Tool တိုင်းကိုကျွမ်းကျင်စွာအသုံးပြုတတ်ဖို့လိုအပ်ပါတယ်။
ဒီလိုကျွမ်းကျင်စွာအသုံးပြုတတ်ဖို့သူငယ်ချင်းတို့ကိုဒီစာအုပ်ကများစွာအထောက်အကူပြုပေးပါလိမ့်မယ်။
ပုံတွေနဲ့တဆင့်ချင်းလုပ်ဆောင်ချက်တွေကိုအသေးစိတ်စိတ်ရှင်းပြပေးတဲ့အတွက်ပိုပြီးနားလည်သဘော
ပေါက်လွယ်ကူစေပါတယ်။Layer နဲ့ 3D ဒီဇိုင်းတွေကအစအသေးစိတ်ပုံတွေနဲ့လုပ်ဆောင်ချက်တွေကို
ရှင်းပြပေးထားသည်ဖြစ်ပါသောကြောင့် Photoshop နည်းပညာရပ်ကိုသူငယ်ချင်းကစိတ်ဝင်စားသူတစ်
ယောက်ဆိုရင်တော့မရှိမဖြစ်ဆောင်ထားသင့်တယ်လို့အကြံပေးပါရစေ။ဖိုင်ဆိုဒ်ကလည်း 9Mb ပဲရှိတဲ့
အတွက်အဆင်ပြေစေပါတယ်။အပြေးအလွှားလေးဒေါင်းလိုက်ကြပါစို့....

ရေးသားသူ။ ။MyoSat(Mr.Photo) ဖြစ်ပါတယ်။



Thank You For Downloading And Dont Forget to Clicking Once on a Ad Banner.
အဆင်ပြေတယ်ဆိုရင်တော့ကြော်ငြာများကို (တစ်နေ့မှ) တစ်ကြိမ်လောက်သာ ကလစ်ခဲ့ပါခင်ဗျာ။



http://bc.vc/UwnuAu 
(or)

http://adfoc.us/14251338029247 
(or)

http://adfoc.us/14251338029297 
★★နည်းပညာမြို့တော်★★

Squid Proxy ကိုအသုံးပြု၍ အင်တာနက် အမြန်နှုန်းကို မြှင့်တင်ခြင်း

Proxy ဆိုတာ client နှင့် Server ရဲ့ ကြားမှာ ကြားခံ ဆောင်ရွက်ပေးတဲ့ အရာပါ ဥပမာ ကျတော် တို့ က www.google.com လို့ Browser ကနေဝင်လိုက်တယ်ဆိုပါစို့ ကြားထဲမယ် proxy ရှိမယ်ဆိုရင် google.com အထိ သွားစရာမလိုပဲ သူ့ထဲ မှာရှိတဲ့အတိုင်း တစ်ခါတည်းထုတ်ပေးလိုက်ပါတယ် မိမိရဲ့ ip address ကို web server တွေက မသိအောင်ဖုံးကွယ်တဲ့နေရာမှာလည်း သုံးပါတယ် Proxy တွေက အမျိုး အစားအလိုက်လည်း ကွဲသေးတာကို Transparent proxy ,Anonymous  အစရှိသဖြင့် ပေါ့ ကျနော်လည်းအဲ့လောက်ပဲ ရမ်းတုတ်နိုင်တယ် ကွန်ပြူတာ တက္ကသိုလ်တက်နေတဲ့ သူမှမဟုတ်တာ :P ကဲကျနော်တို့ တစ်ခု စဉ်းစားကြည့်ရအောင်
ကိုယ်နဲ့ နီးနီးနားနား proxy ကိုသုံးမယ် ပြီးရင် ကိုယ်အသုံးများတဲ့ ဆိုဒ်တွေက proxy မှာ cache တွေရှိရင် proxy ကလည်း update ဖြစ်ရင် အဲ့ကနေ တစ်ခါတည်းယူရင် ဟန်မကျဘူးလား အင်တာနက်ဆိုင်တွေကတော့ အခုလိုဆိုင်တွင်းမှာ proxy သုံးရင် user တစ်ယောက် ချင်းဆီ အတွက် အသုံးပြုမယ် data usage လည်း နည်းမသွားနိုင်ဘူးလား တစ်ယောက်ကလည်း ဒီဆိုဒ်ကို ကြည့် နောက်တစ်ယောက် ကလည်း ဒီဆိုဒ်ကို ကြည့် ပြန်ပြီး ဒေါင်းနေရရင် မပင်းပန်းဘူးလား အဲ့အတွက် proxy သုံးရင် cache ဖိုင်ကနေ တစ်ခါတည်းထုတ်ပေးရင်အဆင်ပြေနိုင်ပါတယ် ကဲ ကျနော် ရမ်းတုတ် တာနည်းနည်း များသွားပြီဆိုတော့ အခု ရေးမယ့် အကြောင်းအရာကို ဆက်ပါမယ့် ကွန်ပြူတာထဲမှပဲ ကိုယ် proxy ထားမယ် cache ဖိုင်တွေထားမယ် ကိုယ်ထက်ခါထက်ခါ ကြည့်မယ့်ဆိုဒ်တွေဆို ကိုယ်စက်မှာ cache ဖိုင်တွေကျန်ခဲ့တဲ့ အတွက် မြန်မြန် ဝင်ရောက်နိုင်မယ် ဘယ်လောက်ဟန်ကျလဲ

ဘယ်လို့လုပ်ရမလဲဆိုတာဆက်ဖတ်ပေးပါဦး နည်းနည်းရှုပ်တယ်ထင်ရင် သေချာ တစ်ဆင့်ချင်းလုပ်ပါ မ ခက်ပါဘူး
အဆင့် (၅) ဆင့်ခွဲထားပါတယ်
၁.Squid Proxy ကိုရယူခြင်း
၂.Computer ကို Squid အတွက်ပြင်ဆင်ခြင်း
၃.Facebook နှင့်တခြား ဆိုဒ်များကို အသုံးပြုလို့ရအောင်ပြင်ဆင်ခြင်း
၎.မိမိ နှစ် သက်ရာ DNS ကို အသုံးပြုခြင်း
၅.Squid Service ကိုပြုတ်မကျ အောင်ပြင်ဆင်ခြင်း

နံပတ် လေးး အချက်ကို စိတ်ကြိုက် ပြင်ဆင်ပြီးတော့ အသုံးပြုသူတွေအတွက်ပဲ ရည်ရွယ်ပါတယ် ပုံမှန်ကတော့ ကျော်ခဲ့လိုက်ပါ ကျနော်လည်း ဒီအတိုင်း သုံးနေတာပါ

၁.Squid Proxy ကိုရယူခြင်း

အဆင့်တစ်ခုနေနဲ့ရေးရလောက်အောင် ဘာမှမရှိပါဘူး အောက်ကလင့်မှာသွား ဒေါင်းလိုက်ပါ
ဟီးးးးးးးးးးစိတ်မဆိုးနဲ့နော်
Download=>Link1/Link2

၂.Computer ကို Squid အတွက်ပြင်ဆင်ခြင်း
ဒေါင်းပြီးလို့ရလာတဲ့ Zip File ထဲက Squid ဆိုတဲ့ Folder ကို C:ထဲကိုကော်ပီကူးထည့်လိုက်ပါ
(လွယ်လွယ်ပြောရင် C ပေါ့ Window Install လုပ်ထားတဲ့ အပိုင်းဆိုရင်လည်းမမှားပါဘူး )
ပြီးရင် C:\squid\etc ကိုသွားလိုက်ပါ



.Default ဆိုတဲ့ Exetnsion ကိုဖြုတ်လိုက်ပါ
အခုလိုပေါ့

.default ဆိုတာလေးကို
ဖျက်လိုက်ပေါ့ဗျာ R-Click=>Rename ရှင်းပါတယ်နော်

မှတ်ချက်။     ။.default ဆိုတဲ့ extension ကိုမမြင် ရဘူးဆိုရင်  Window 7 မှာဆိုရင် folder Option view=>show extension ကနေပြန်ပြီးတော့ ဖော်လို့ရပါတယ် (အတိအကျရှိချင်မှရှိပါမယ် ကျတော်အခု window 8 နဲ့အသားကျတာကြာပြီဆိုတော့) Window 8 အတွက်တော့ အောက်မှာပုံပြထားပါတယ်

Win+R=>inetcpl.cpl ရိုက်ပြီးတော့ internet option ကိုဝင်လိုက်ပါ
connection=>LAN Settings
Address က localhost
Port က 3128 ထည့်လိုက်ပါ 



၃.Facebook နှင့်တခြား ဆိုဒ်များကို အသုံးပြုလို့ရအောင်ပြင်ဆင်ခြင်း
ဒီနေရာမှာ တစ် ခုမေးစရာရှိတယ် တခြား ဆိုဒ်တွေဝင်လို့ရင် facebook ကောဝင်လို့ မရဘူးလားဆိုတာကို မရပါဘူးခင်ဗျာ Facebook အတွက် ကိုထပ်ပြီးတော့ပြင်ဆင်ပေးဖို့ လိုအပ်ပါတယ် ဘယ်လိုပြင်ရမှာလဲ ဆိုတာကို ကြည့်ကြရအောင်ပါ
C:\squid\etc  ကိုသွားလိုက်ပါ  squid.conf ကို notepad နှင့်ဖွင့်လိုက်ပါ notepad++ နှင့်ဖွင့်လည်းကိစ္စမရှိပါဘူး

Win+R=>notepad ဆိုပြီး notpad ဖွင့်ပြီးတော့ notepad ထဲ့ကို Drag ဆွဲထည့်လည်းရပါတယ်
Notepad နှင့်ဖွင့်ပြီးသွားပြီဆိုရင် Ctrl+F ကိုနိတ်ပါ
http_access deny all ဆိုပြီးရှာလိုက်ပါ
# http_access deny all ဆိုတဲ့နေရာမှာ အောက်ကစာသားတွေနဲ့အစားသွင်းလိုက်ပါ

http_access allow all
acl fb dstdomain .facebook.com
http_access deny CONNECT fb
http_reply_access deny fb

# မပါတာကို သတိထားပါ ဖြုတ်ထားရပါမယ် ကျနော် အောက်မှာပြထားတဲ့ ပုံကိုသေချာကြည့်ပါ

၎.မိမိ နှစ် သက်ရာ DNS ကို အသုံးပြုခြင်း

ဒီအဆင့်ကို ကျော်ခဲ့လည်း ကိစ္စ မရှိပါဘူးDNS ကို ကိုယ့်စိတ်ကြိုက်ထားသုံးချင်တဲ့ သူတွေအတွက်ပါ
dns_nameservers 8.8.8.8 8.8.4.4
8.8.8.8 ဆိုတာ preferred DNS server ပါ
8.8.4.4 ဆိုတာ Alternate DNS Server ပါ
မိမိစိတ်ကြိုက်လည်း ထည့်သွင်းနိုင်ပါတယ် အကောင်းဆုံးDNS ကိုဘယ်လိုရှာမလဲဆိုတာကိုဒီမှာ ရှုပါ

၅.Squid Service ကိုပြုတ်မကျ အောင်ပြင်ဆင်ခြင်း

Command Prompt ကိုဖွင့်လိုက်ပါ
Win+R=>cmd ပေါ့ဗျာ window 7 ဆိုရင် run box ကရပါတယ် window 8 ဆိုရင် win+X ကိုနိတ်ပါ command prompt(admin) ကိုနိတ်ဝင်ပါ အောက်မှာ ကျနော် ပြထားတဲ့ စာကြောင်းသုံးကြောင်းကို တစ်ကြောင်းချင်းစီရိုက်ပြီးတော့ Enter ခေါက်သွားပါ
squid –i
squid –z
ကျနော်ရိုက်ထားတဲ့ ပုံကိုကြည့်လိုက်ပါ
Failed ဆိုပြီးဖြစ်နေတယ် ကျနော့်မှာ ရှိပြီးသားမို့ပါ ရဲရဲသာ ရိုက်သွား ဘာမှမမှားဘူး စိတ်ချ ကိုယ်ရပြီဆိုမှ ကျတော်တင်ပေးတာ

အပေါ်က အဆင့်တွေအကုန်လုံးပြီးပြီထင်ပါတယ် ဒီတစ်ဆင့်ပြီးရင် သုံးလို့ရပါပြီ
ဘာဖြစ်လို့ဒီအဆင့်ကိုထည့်သွင်းထားတာလဲဆိုတော့ Suqid Service က internet ချိတ်ထားတယ် လိုင်းနည်းနည်းရှိရင် အလိုလိုနေရင် စတင်ပါတယ် ဒါပေမယ့် သုံးလို့မရအောင်ကျသွားးရင်တော့ လိုင်းတက်လာရင်တောင် သူကိုပြန်စောင့်နေရတာအလုပ်တစ်ခုပါ အခုအဆင့်ကိုလုပ်လိုက်ရင်ဘာမှစောင့်စရာမလိုတော့ပါဘူး တစ်ခါစထားရင်းလိုင်ရှိရှိမရှိရှိပွင့်နေပြီသားပါ ကျနော့်အတွက်တော့လုံးဝအဆင်ပြေသွားပါတယ်ဆက်ဖတ်ကြည့်ကြရအောင်ပါ
Win+R=>services.msc ကိုရိုက်ပြီးတော့ Service ကိုဝင်လိုက်ပါ
Squid ဆိုတဲ့ Service ကိုရှာလိုက်ပါ S ကိုနိတ်ပြီးတော့ရှာလိုက်ပါ နည်းနည်းတော့မျက်စီရှင်ရပါမယ်
တွေပြီနော်

ပြီးရင်တော့ Double Click နိတ်ပြီးဝင်လိုက်ပါ
Logon မှာ  Allow Service To Interact With Desktop ကို အမှန်ခြစ်(check) ပေးလိုက်ပါ
OK ပေါ့ အဲတာဆိုရင် internet လိုင်းကျရင်လည်း ပြန်မကျတော့ပါဘူး
squid service ကိုစတာကတော့ အင်တာနက်ချိတ်ထားရင် အလိုလို စပါတယ် မစသေးရင်တော့
win+R=>cmd=>net start squid ဆိုပြီး စရင်ပဲဖြစ်ဖြစ် ကျနော် အောက်မှာပုံပြထားသလို
start ကိုနိတ်ပြီးတော့စ နိုင်ပါတယ်
win+R=>services.msc
squid ကို R-click ထောက် ပြီးရင် start ပေါ့ဗျာ

ဒီတစ်ခါတော့လုံးဝသုံးလို့ရပါပြီ chrome,firefox,internet explorer ကြိုက်တဲ့ Browser ကိုဖွင့်ပြီးသုံးလို့ရပါပြီ cache ဖိုင်တွေများလာတာနှင့်အမျှ Data Usage ကသက်သာလာပါလိမ့်မယ် မလို့အပ်တဲ့ Data တွေကို Cache ကနေပဲယူလိုက်တာမို့ လိုင်းလည်းမြန်လာပါလိမ့်မယ်


             Visit My Blog For More Tech Articles, How To Guides,Computer Tips And Tricks
                                                                                        
                                                                                                                                                                                    


★★Download Accelerator Plus (DAP) Premium 10.0.5.9 + Activator★★

Download Accelerator Plus ဆော့စ်ဝဲကတော့ download speeds ကို 400% ထိတောင်မြန်တယ်
လို့ဆိုထားပါတယ်။shutdowns, lost connections, နဲ့အခြားသော errors တွေအတွက်လည်းပူစရာ
မလိုပါဘူး။Resume support ရပါတယ်။လက်ရှိသုံးနေတဲ့လူဦးရေ 165 million ရှိနေပါတယ်။YouTube, Facebook အစရှိသည်တို့မှလည်း videos များကို automatically Download လုပ်ပေးပါတယ်။
Pause & Resume ရတဲ့အတွက်သူငယ်ချင်းတို့အတွက်ပိုပြီးအဆင်ပြေစေပါတယ်။Full ဖြစ်စေဖို့အတွက်
ဒေါင်းလော့စ်ဖိုင်ထဲမှာ Activator လေးကိုထည့်သွင်းပေးထားပါတယ်။အသုံးပြုနည်းကိုတော့သေချာဖတ်
ပါ။ဖိုင်ဆိုဒ်က 15Mb ပဲရှိပါတယ်။ဝင်းဒိုးအားလုံးမှာအသုံးပြုနိုင်ပါတယ်။

Features
• Download Speed – Download files as fast as possible:
* Proven – advanced patented technology
* Trusted – Over 165 million installs (users)
* Recognized – World Economic Forum 2008 Technology Pioneer
• Download Security – Download safer as you see what the leading security programs say about your files
• Pause & Resume – Continue broken or paused downloads
• Video Preview – Watch previews of videos as they download
• Broadband Optimization – Get the most from high speed internet connections
• File Shredder – Completely shred and destroy files
• Trace Cleaner – Remove download traces from your computer
• Private Folder – Lock, hide, and protect your downloads
• ZIP Preview – Preview and extract Zip files as they download

Video Expansions:
• SpeedBit Video Downloader – Download YouTube / web videos to your computer
• SpeedBit Video Accelerator – Expansion to watch YouTube / web videos without pauses and buffering

Other DAP Features:
• Preview pane – Preview downloads of Music and Video files
• Download list – Advanced management of downloads queues, priorities and statuses
• File Information pane – Advanced information of downloaded files and sources
• Completed downloads list – Separate list of completed downloads
• DAP Drive integration – Save downloads and Upload files to DAP Drive web storage
• Media Center Tab – Conveniently manage your media files
• Superior Usability – New interface with flexible design options
• Integrates with all browsers – Internet Explorer, Netscape, Opera, Mozilla/Firefox

Requirements
OS: Windows 2000 | Windows NT4 | Windows XP | Windows Vista | Windows 7 | Windows 8

HomePage - http://www.speedbit.com/dap/




http://bc.vc/njdCHv 
(or)

http://adfoc.us/14251337762595 
(or)

http://adfoc.us/14251337762606 
နည်းပညာမြို့တော်

Facebook System အားလုံးကို Myanmar Lunguage ပြောင်းနည်း

 
 
ဒီနေ့ Facebook System အားလုံးကို Myanmar Lunguage ပြောင်းနည်းလေးရေးတင်လိုက်ပါတယ်။ ဒီနည်းကို ရေးတင်ရခြင်း ရည်ရွယ်ချက်မှာ မသိသေးသူတွေအတွက် ပညာတခု တိုးပွားစေချင် တာပါ။ မြန်မာစာနဲ့ ဆိုတော့ Facebook Setting တခုလုံးကို လိုသလို စိတ်ကြိုက် နားလည် စွာ မွှေနှောက် နိုင်မှာ ဖြစ်ပါတယ်။ 
တခုရှိတာက Facebook Myanmar Lunguage က Zawgyi.one ဖောင့်နဲ့ မကိုက်ညီတာ ပြဿနာ။ Myanmar3.ttf ဖောင့်မှ မြန်မာလိုကောင်းစွာမြင်ရမှာပါ။ ပြီးတော့ Myanmar3.ttf သုံးနေရင်လည်း Zawgyi.one ဖောင့် ကို ကြည့် လို့ မရပြန်ဘူး။ အဲတာပြသနာ သူငယ်ချင်းတို့ရေ။ အဲတာကြောင့် ဒီနည်းလေး အတိုင်း လုပ်ပြီး Facebook Setting ကို မြန်မာစာနဲ့ ၀င်မွှေနှောက်၊ ပြီးရင် Lunguage English ပြန်ပြောင်းပြီး Zawgyi.one နဲ့ပြန်သုံးပေါ့။ 
အခုကျနော်ရေးတင်ပေးတာလည်း မသိသေးသူတွေ အတွက် ပညာတခု တိုးပွားစေချင်တဲ့ သဘောပါ။ စမ်းကြည့်မှ တတ်မှာပါ။ ဒါကြောင့် စမ်းသပ်ချင်ရင် အောက်မှာ ပုံနှင့်တကွ ကျနော်ရေးပြတဲ့ အတိုင်း လုပ်စမ်းကြည့်လိုက်ပါ။ အရင်ဆုံး Myanmar3.ttf ဖောင့်ကို ဒီလင့်မှာ ဒေါင်းလိုက်ပါ။ ပြီးရင်  Facebook ရဲ့ ဒီလင့်ကို ၀င်လိုက်ပါ အောက်ကပုံလို မြင်ရပါမယ်။

ပြီးရင် ပုံမှာပြထားတဲ့အတိုင်း Lunguage ကို Edit ထဲဝင်ပြီး English (UK) နေရာမှာ မြန်မာဘာသာ ကိုပြောင်းပေးပါ။ ပြီးရင်တော့ Save Change ကို ကလစ်လိုက်ပါ။ အောက်ကပုံလို မြင်ရပါမယ်။

အဲတာဆိုရင်တော့ မြန်မာစာတော့ ရပါပြီ။ မြန်မာစာ အမှန်မြင်ရဖို့ကတော့ ခုနက ဒေါင်းထားတဲ့ Myanmar3.ttf ကို Install ပါ။ တကယ်လို့ Window XP မှာဆိုရင်တော့ Myanmar3.ttf ကို ကော်ပီပြီး Control Panel ထဲဝင်ပြီး Font ထဲမှာ Paste ချလိုက်ရင်လည်း အဆင်ပြေပါတယ်။ ပြီးရင် မြန်မာလို အားလုံးမြင်ရဖို့ကတော့ မော်ဇီလာမှာ Myanmar3.ttf ကို ပြောင်းပေးရမှာဖြစ်ပါတယ်။ 
 ပြောင်းနည်းတော့ ဒီလင့်မှာ ၀င်ကြည့်လိုက်ပါ။ ကျနော် Zawgyi.one ပြောင်းနည်းပဲရေးထားပါယ်။ အဲဒီ အတိုင်း ပဲ လုပ်ရမှာပါ။ Zawgyi.one နေရာမှာ Myanmar3.ttf ကို အစားထိုးပြောင်း ထည့်ပေါ့။ ပြီးရင်တော့ အောက်ကပုံလို သင့် Facebook အကောင့်ဟာ မြန်မာလို ကောင်းစွာမြင်နိုင်ပါပြီ။
ပြဿနာက Zawgyi.one နဲ့ Myanmar3 ဖောင့်က မတည့်ပြန်ဘူး။ ဒါကြောင့် မြန်မာတွေ zawgyi.one နဲ့ ရေးတဲ့စာကို အမှန်မမြင်ရပြန်ဘူး။ Facebook Setting လောက်ကိုပဲ မိမိစိတ်တိုင်းကျ နားလည်အောင် ၀င်မွှေ နှောက်ပြီးရင် Lunguage English ပြန်ပြောင်းပေါ့။ ဒီလင့်ထဲ ၀င်ပြီး ပြန်ပြောင်း လိုက်လို့ ရပါ တယ်။  မော်ဇီလာ ဖောင့်ကိုလည်း Zawgyi.one ပြန်ပြောင်းပေါ့။

အားလုံးကို Zawgyi.one နဲ့ ကိုက်ညီအောင် ပြောင်းရဖို့ကတော့ မရပါဘူးနော်။ ကျနော်က Facebook Developer မဟုတ်တော့ သူပေးတာကိုပဲ အဆင်ပြေအောင် ညှိ တတ်အောင် နည်းရေးတင်ပေးတဲ့ သဘောပါ။ ဒီလောက်ဆို မသိသေးတဲ့ သူငယ်ချင်းတွေ အားလုံး ရှင်းလင်း သဘောပေါက်လိမ့် မယ်ထင်ပါတယ်။
အားလုံးအဆင်ပြေပါစေ.......။

ဇော်မင်းသန်း www.zawminthan.com ရဲ့ ပို့စ်ကို တိုက်ရိုက် မျှဝေတာဖြစ်ပါတယ်..

GiliSoft USB Lock 4.1.0 + Key (Final Full Version) 6Mb !!!

မိမိကွန်ပြူရဲ့လုံခြုံရေးထားချင်လို့ပဲဖြစ်ဖြစ် ၊ ကိုယ်မသိပဲကွန်ပြူတာထဲကနေ Data,file အစရှိသည်တို့ကို
အခြားသူမယူစေရန်ကာကွယ်နိုင်အောင် USB port တွေကို lock ချထားနိုင်တဲ့ Final Version ဖြစ်တဲ့
GiliSoft USB Lock 4.1.0 ကိုတင်ပေးလိုက်ပါတယ်။အခြားသော programs နှင့် devices တွေကိုလည်း
disable ပြုလုပ်နိုင်သည့်အပြင် CD / DVD drives တွေကိုလည်း "read-only" သာထားလို့ရပါတယ်။
ဖိုင်ဆိုဒ်ကတော့ 6Mb ပဲရှိပါတယ်။Full Version ဖြစ်စေဖို့အတွက်အထဲမှာ Serial key လေးကိုထည့်သွင်း
ပေးထားပါတယ်။နောက်ထပ်ပါဝင်တဲ့လုပ်ဆောင်ချင်တွေကိုအောက်မှာဖတ်ကြည့်ပါ။


GiliSoft USB Lock - is an easy to use utility that helps you lock the USB port, make CD / DVD drives are "read-only", block some websites, forbid some startup programs and disable more devices.

Features:
- Turn off the read / write to USB.
- Turn off the read / write CD or DVD.
- Block access to specified Web sites.
- Blocking run specified programs.
- Turn off the printer, modem ports - COM / LPT, IrDA, Bluetooth.
- Password protection.
- If the user enters the wrong password more than 5 times, the program will send an alarm signal (alarm), by e-mail.
- Very easy to use program with friendly interface.
- Fully support Intel Pentium D Dual-Core and AMD Athlon 64X2 Dual-CoreProcessor.

GiliSoft USB Lock is an easy to use program designed to help you protect your portable devices and much more.

It is an easy and powerful Endpoint DLP Suite that helps you lock the USB port, make DVD / CD burner read-only, block some websites, forbid some programs and disable more devices.
Date: 2014
Platform: Windows XP/Vista/7/8
Language: English


http://adfoc.us/14251337683108 
(or)

http://adfoc.us/14251337697239 
(or)

http://adfoc.us/14251337697272 
နည်းပညာမြို့တော်

* ဘာ့ကြောင့် ကွန်ပြူတာ လေးနေရသလဲ *

ကျွန်တော်စကားနည်းနည်းလောက်ပြောပါရစေ..ကျွန်တော်
ကွန်ပြူတာကို(အခုစတင်သုံးစွဲတဲ့သူငယ်ချင်းတွေအတွက်)သိသင့်
တဲ့အဓိကအကြောင်းအရာလေးတွေကိုနည်းနည်းလောက်သိသ
လောက်လေးပြောပြချင်တာပါ။ကျွန်တော်ဆီလာမေးတဲ့သူငယ်ချင်း
တွေရဲ့စက်ထဲဝင်ကြည့်လိုက်ရင်တော်တော်များများတွေ့နေရတဲ့
ပြဿနာတွေထဲကအကြောင်းအရာလေးတွေကိုဘယ်လိုဖြေရှင်း
ရလဲဆိုတာကိုမသိသေးသူတွေအတွက်ပြန်လည်ပြောပြချင်းပဲဖြစ်
ပါတယ်။
(1)-----
မိမိရဲ့ကွန်ပြူတာမှာမလိုအပ်ပဲ Antivirus Software
တွေ 2ခု /3ခုထည့်ထားမျိုးရှောင်ပါ။သူ့ကြောင့်လည်းစက်လေး
တာမျိုးတွေဖြစ်တတ်ပါတယ်။စိတ်ကြိုက် 1-ခုကိုပဲပုံမှန် Update
လုပ်ပြီးသုံးပါ။
(2)-----
ဆော့စ်ဝဲတွေကို Install လုပ်တဲ့အခါမှာ Next ကိုပဲနှိပ်ပြီး
ဆက်သွားမျိုးထက်ပေါ်လာတဲ့စာမျက်နှာတိုင်းကိုသေချာဖတ်ပြီး
မှ Next ကိုနှိပ်စေချင်ပါတယ်။မလိုအပ်တဲ့နောက်ကွယ်ကပါလာတဲ့
ကြော်ငြာဆော့စ်ဝဲတွေကြောင့်စက်လေးစေနိုင်ပါတယ်။ပေါ်လာတဲ့
စာမျက်နှာမှာအမှန်ချစ်တွေပါလာရင်သေချာကြည့်ပါ။မလိုအပ်တဲ့
အမှန်ချစ်တွေကိုဖြုတ်ပြီးမှာ Install လုပ်စေချင်ပါတယ်။
(3)-----
Desktop မှာကိုယ်မသိတဲ့/ကိုယ်ထည့်သွင်းထားခြင်းမဟုတ်တဲ့
ဆော့စ်ဝဲတွေရှိနေရင် Control panel ကနေဖြစ်ဖြစ် ၊ Uninstaller
ဆော့စ်ဝဲတစ်ခုခုဖြင့်ပြန်ထုတ်ပြစ်ပါ။Uninstaller ဆော့စ်ဝဲကိုလည်း
ကိုယ့်စိတ်ကြိုက်ဖြစ်စေမည့်ဆော့စ်ဝဲကောင်းတစ်ခုကို Update
လုပ်ပြီးပုံမှန်သုံးပေးပါ။မလိုအပ်တဲ့ဆော့စ်ဝဲတွေကြောင့်လဲ
ကွန်ပြူတာကိုနှေးကွေးစေပါတယ်။
(4)-----
ကွန်ပြူတာမှာဂိမ်းကစားတာကြာသည်ပဲဖြစ်ဖြစ် ၊ ကွန်ပြူတာ
သုံးတာအချိန်ကြာမြင့်လာလျှင်ခဏရပ်နားပြီး Refresh 10ကြိမ်
လောက်လုပ်ပေးပါ။မိမိကွန်ပြူတာကို Disk Cleaner (1)ရက်
ခြားပုံမှန်လုပ်ပေးပါ။ Recycle Bin (အမှိုက်ပုံး)ထဲမှာပြစ်ထား
တာတွေတကယ်မလိုအပ်တော့ဘူးဆိုရင် Delete လုပ်ပြစ်ပါ။
(5)----
တစ်ချို့ကွန်ပြူတာတွေမှာ Local Disk GB နည်းနေလျှင်
ဆော့စ်ဝဲတွေအဆမတန် Install လုပ်ခြင်း ၊ သိုလှောင်ခြင်းမှ
ရှောင်ပါ။အတတ်နိုင်ဆုံးမိမိဝင်းဒိုးနှင့်ကိုက်ညီသောဆော့စ်ဝဲ
မျိုးသာ Install လုပ်ပါ။
(6)----
ဝင်းဒိုး Xp သုံးစွဲသူတွေအတွက်အရမ်းရှေးကျတဲ့ဝင်းဒိုး XP
မျိုးယခုအချိန်မှာမသုံးသင့်တော့တာအမှန်ပါ။နောက်ထွက်လာ
တဲ့ 2013/2014 ထွက် XP မျိုးကိုသာသုံးစေချင်ပါတယ်။ဘာကြောင့်
လဲဆိုတော့နောက်ထွက်လာတဲ့ဆော့စ်ဝဲတွေကအရင် Version
ဟောင်းတွေမှာ Install လုပ်လို့လက်မခံတာတွေတွေ့ရပါတယ်။
(7)---
ကိုယ်မသုံးဖူးတဲ့ဝင်းဒိုးသုံးတဲ့အခါမှာအတတ်နိုင်ဆုံးသူနဲ့သက်ဆိုင်
တဲ့ဝင်းဒိုးအသုံးပြုနည်းစာအုပ်တွေဖတ်စေချင်ပါတယ်။ဒါမှဒီ
ဝင်းဒိုးကိုဘယ်လိုအသုံးပြုလဲဆိုတာသိမှာပါ။မသုံးတတ်ပဲဇွတ်သုံး
လို့ဝင်းဒိုးပျတ်ရင်ပြန်တင်လို့ရပေမယ့်ကွန်ပြူတာထဲမှာရှိနေတဲ့ Data
တွေပျက်ရင်တော့ငွေကုန်ကြေးကျများပါမယ်။
(8)-----
တကယ့်လိုကိုယ့်အဓိကအသုံးပြုနေတဲ့ဆော့စ်ဝဲတွေကို Crack +
Patch တွေနဲ့ရောသုံးထားတယ်ဆိုရင်တော့ Auto Update
ဆော့စ်ဝဲတွေသုံးခြင်းမှရှောင်ပါ။တစ်ချို့ Auto Update Software
တွေကြောင့်အသုံးပြုမရတာာမျိုးလည်းရှိပါတယ်။
(9)---
မိမိကွန်ပြူတာကိုအသုံးပြုပြီးလို့ပိတ်တော့မယ်ဆိုရင် Desktop မှာ
Browser / Folder / Software စသည်တို့ကိုသေချာကုန်စင်
အောင်ပိတ်ပြီးမှစက်ကိုပိတ်ပါ။အလျှင်စလိုပိတ်ခြင်းကြောင့်
ကွန်ပြူတာကို Crash ဖြစ်စေပါတယ်။
(10)---
ဝင်းဒိုးတင်ပြီးပြီးချင်းအရင်ဆုံး 7zip / WinRar စသည့်ဆော့စ်ဝဲ
ကိုအရင် Install လုပ်ပြီးမှအခြားမိမိလိုအပ်သောဆော့စ်ဝဲတွေကို
အင်စတောလုပ်လို့အကြံပေးချင်ပါတယ်။အားလုံးအင်စတောလုပ်ပြီး
ရင်တော့ Vlc Player ကို Install လုပ်ပါ။

ဆက်ရန်.....

ဒီစာပိုဒ့်တွေသည်မသိသေးသောအခြေခံကွန်ပြူတာလေ့လာနေ
သူအတွက်အသိတစ်ခုတိုးအောင်ရေးသားထားခြင်းဖြစ်ပါတယ်။
(ဆရာလုပ်ခြင်းမဟုတ်ပါ)...မျှဝေခြင်းသာ...

Yangontrhar(နည်းပညာမြို့တော်)
www.mm-knowledge.com