HTC desire 816 4.4.2 ဖုန်းတွေကို Root လုပ်နည်း အပြည့်အစုံ

မင်္ဂလာပါ
FB မှ ညီအကိုတစ်ယောက်တောင်းဆိုထားတာလေးပါ
HTC desire 816 4.4.2 ဖုန်းတွေကို Root လုပ်နည်းကို
တင်ပေးပါဦးဆိုလို့ အားလုံးလည်း အဆင်ပြေသွားအောင်
တင်ပေးလိုက်ပါတယ်။

 ဖုန်းကို Root မလုပ်မှီတော့ သင့်ဖုန်းရဲ့ ဘက်ထရီအားကတော့
အနည်းဆုံး 70 to 80% ရာခိုင်နှုန်းလောက်ရှိထားသင့်ပါတယ်။


 Setting>Developer Option ကိုသွားပြီး
USB debugging ကို အမှန်ခြစ်လေးပေးထားပါ။

မိမိဖုန်းကို Root လုပ်ခြင်းကိစ္စ မစမှီတော့
 မိမိဖုန်းရဲ့ Data များအားလုံးကို Backup လုပ်ထားသင့်ပါတယ်

ဖုန်းရဲ့ Data များနဲ့ App များကို Backup လုပ်နည်းကို ကျနော်
ဟိုတလောက ဖုန်းမှာတင် လုပ်နည်းနဲ့ ကွန်ပျူ တာကနေလုပ်ယူ
နည်းများကို အသေးစစ်ရှင်းပြပေးခဲ့ပါပြီ။

ဖုန်းမှာတင် Backup apk များကို အသုံးပြု ပြီး
Backup အလွယ်တကူ လုပ်ယူနည်းကို အောက်လင့်မှာ ၀င်ဖတ်ပေးပါ။

 ဖုန်း System တစ်ခုလုံးကို Backu and Restore ဆိုင်ရာ ဖုန်းမှာတင် အလွယ်တကူ လုပ်ယူနည်းအပြည့်အစုံ

 ဖုန်းရဲ့ Data များနဲ့ App များကို ကွန်ပျူ တာကနေ
Backup Tool များကို အသုံးပြု ပြီး အလွယ်တကူ Backup လုပ်
ယူနည်းကိုတော့ အောက်ကလင့်မှာ လေ့လာကြည့်လိုက်ပါ

ဖုန်း System တစ်ခုလုံးကို Backup & Restore လုပ်ဖို့ရန်အကောင်းဆုံး ဆော့ဝဲများနဲ့ အသုံးပြုနည်း အပြည့်အစုံ 

Backup လုပ်နည်း Restore လုပ်နည်းကို နားလည်ပြီးရင်တော့
HTC desire 816 4.4.2 ဖုန်းတွေကို Root လုပ်နည်း အောက်မှာ ဆက်လေ့လာကြည့်ပါ။

ကွန်ပျူ တာအတွက် Driver ကိုအောက်ကလင့်မှာရယူပါ

HTC Phone Driver For Windows

ဒီ HTC Desire 816 ဖုန်းတွေကိုတော့ Custom Recovery ကနေ
Root လုပ်ယူရမှာ ဖြစ်ပါတယ်။ လိုအပ်တဲ့ Root file, fastboot mode file တွေကို အောက်မှာ ဒေါင်းလော့ရယူလိုက်ပါ။

Custom Recovery for HTC Desire 816


Click Here to Download fastboot.zip

 လိုအပ်တာတွေကို ဒေါင်းလော့ရယူပြီးရင်တော့ ဖုန်းကို Reboot ချလိုက်ပါ၊
 ပြီးရင် Fastboot Mode ၀င်ရမှာဖြစ်တဲ့အတွက် volume down+power button တွေကို
တစ်ပြို င်တည်းတွဲနှိပ်ထားလိုက်ပါ အနည်းဆုံး ၆-၇  စက္ကန့်လောက်ကြာပြီးလို့
 အောက်ကပုံအတိုင်း ပေါ်လာခဲ့ရင်လွှတ်လိုက်ပါ။


စောနားကဒေါင်းလော့ရယူထားတဲ့ .recovery.img ကို fastboot folder သို့
ပြောင်းထားလိုက်ပါ။

ဖုန်းနဲ့ကွန်ပျူ တာကို ချိတ်ဆက်လိုက်ပါ၊ fastboot folder ကိုသွားပါ
 shift + right click ကိုတွဲနှိပ်ပါ ပေါ်လာတဲ့ စာတန်းတွေထဲ
“Open Command Window Here” ဆိုတာကိုနှိပ်လိုက်ပါ။

“Open Command Window Here” ဆိုတာကိုနှိပ်လိုက်တာနဲ့
အောက်ကပုံအတိုင်း ပေါ်လာပါလိမ့်မယ်။

 အပေါ်ကပုံအတိုင်း ADB Commander အသင့်ဖြစ်နေခဲ့ရင်တော့
Root လုပ်ရန်အတွက် အောက်ကစာသားကို ရိုက်ထည့်ပါ ကူးထည့်လိုက်ရင်လည်းရပါတယ်။

 ရိုက်ထည့်မယ်ဆိုရင်တော့ Space ခြားတဲ့နေရာ စသဖြင့် စာသားမှာ
ပါသည့်အတိုင်း မှန်အောင် ရိုက်ထည့်ပေးပါ၊ ပြီးရင် ကီးဘုတ်မှ Enter ကိုတစ်ချက်ခေါက်လိုက်ပါ။ 

 fastboot flash recovery recovery_en.img

 Enter ကိုခေါက်လိုက်ပြီးရင်တော့ ဘာမှထလုပ်စရာမလိုတော့ပါ
စောင့်နေလိုက်ပါ ဖုန်းက Rooting Process အားလုံးပြီးသွားရင်တော့
Reboot ကျသွားပါလိမ့်မယ်။ ပြန်တက်လာရင်တော့ သင့်ဖုန်းလေး
Root လုပ်ခြင်းကိစ္စ အောင်မြင်ပြီးဆုံးသွားပါပြီခင်ဗျား။

Root Checker လေးနဲ့ စမ်းကြည့်လိုက်ပါ။

Click Here to Download Root Checker

OR

Click Here to Download Root Checker


 SuperSu apk ကို အသုံးပြု ပြီး Rootလုပ်နည်း
=======================
 ဒီတစ်ခါ HTC desire 816 4.4.2 ဖုန်းတွေကို SuperSu ဖြင့်
Root လုပ်နည်းကို လေ့လာကြည့်ရအောင်ပါ

ပထမဆုံး ဖုန်းကို Root လုပ်ဖို့ရန် SuperSu zip ကိုအောက်မှာရယူပါ

UPDATE-SuperSU-v2.04.zip

 လိုအပ်တဲ့ SuperSu zip လေးကို ရပြီးရင်တော့
Recovery Mode ကိုဝင်ပြီး အလွယ်တကူ Root လုပ်နည်းကို
 အောက်ကလင့်မှာ ဆက်လေ့လာကြည့်ပါ။

 SuperSU Apk လေးဖြင့် Root လုပ်နိုင်နည်းအပြည့်အစုံ

 တောင်းဆိုထားကြတဲ့ ညီအကိုများအနေဖြင့်
ကျေနပ်မှုတစ်စုံတစ်ရာ ရကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

ခင်မင်လေးစားလျှက်

အဆင်ပြေပါစေ


ဇူးနစ်(နည်းပညာ)

No comments: