ပြူတင်ပေါက်များ ပြင်ဆင်ခြင်း (Adjust Windows Setting)

            
ဝင်းဒိုးစ်ဆက်တင်များ ပြင်ဆင်ခြင်း (Adjust Windows Setting)
ဝင်းဒိုးစ်အသစ်ပြန်တင်ပြီးတဲ့နောက်မှာ ဆက်တင်တချို့ကို ပြင်ဆင်သတ်မှတ်ထားဖို့လိုပါမယ်။

ဖော်မတ် ချခြင်း (Formatting Drive-D)
ဝင်းဒိုးစ် ထည့်သွင်းစဉ်မှာ Drive-C ကိုဘဲ ဖော်မတ်ချခဲ့တာဖြစ်ပါတယ်။ Drive-D ကတော့ ဖော်မတ် မချရသေး တဲ့အတွက် အသုံးပြုလို့ မရသေးပါဘူး။ အဲဒီအတွက် သူ့ကို ဖော်မတ်ချပေးဖို့ လိုပါမယ်။

1. My Computer ကိုဖွင့်ပါ။
2. Drvie-D > Right Click > Format လုပ်ပါ။ (ဘာညာ ဘာညာတွေမေးရင် OK လို့သာ အဖြေပေးလိုက်ပါ။) ဖော်မတ်ချချိန် ၁၅မိနစ်ကနေ နာရီဝက်လောက်အထိ ကြာနိုင်ပါတယ်။
3. ပြီးသွားတဲ့အခါမှာ Report Message box ပေါ်လာပါမယ်။ OK လုပ်ပါ။ နောက်ထပ် Close လုပ်ပါ။ Drive-D ကို သုံးလို့ ရပါပြီ။

အော်တိုအပ်ဒိပ်နဲ့ ဖိုင်းယားဝေါ (Automatic Update & Windows Firewall)
အော်တိုအပ်ဒိတ်ကို ပိတ်ထားပါ။ နောက်မဟုတ်ရင် သူကခဏခဏ လာရှုပ်နေပါမယ်။ နောက်ပြီး မလိုအပ်တဲ့ ပြဿနာတွေလည်း ပေါ်လာနိုင်ပါတယ်။ (ဥပမာ- ကိုယ်သုံးနေတဲ့ ၀င်းဒိုးစ်ဟာ ၀ယ်ထားတာ မဟုတ်ဘူး။ ရီဂျစ်စတာ ပြန်လုပ်ပါ။ စသဖြင့် ပေါ့လေ။) သူ့ကို ပိတ်ထားဖို့အတွက်

1. Start > Control Panel ကိုဖွင့်ပါ။
2. Automatic Update ကိုဖွင့်ပါ။
3. Turn off Automatic Updates ကို Check လုပ်လိုက်ပါ။ OK လုပ်ပါ။

ဝင်းဒိုးစ်ဖိုင်းယားဝေါကိုလည်း ပိတ်ထားပါ။ ဘာလို့ဆိုတော့ ၀င်းဒိုးစ်ရဲ့ ဖိုင်းယားဝေါက မစွံလို့ပါ။ သုံးဖို့လိုအပ်မယ်ဆိုရင် အခမဲ့ရတဲ့ Zone Alarm Firewall ကိုသုံးပါ။ သူက ပိုကောင်းပါတယ်။ ၀င်းဒိုးစ်ဖိုင်းယားဝေါကို ပိတ်ဖို့အတွက် …

1. Start > Control Panel ကိုဖွင့်ပါ။
2. Windows Firewall ကိုဖွင့်ပါ။
3. Off (not recommanded) ကို Check လုပ်လိုက်ပါ။
4. အပေါ်ဒေါင့်မှာရှိတဲ့ close ကနေ ပိတ်လိုက်ပါ။

စက်တွင်အသုံးပြုမည့် ဘာသာစကား (Regional and Language Options)
Regional & Language Options ကိုလည်း တခါတည်း ပြင်ထားရင် ပိုကောင်းပါတယ်။ ဘာလို့ဆို နောက်ထပ် ဆော့ဝဲတွေ ထပ်ထည့်တဲ့အခါမှာ အမြဲတမ်း English Language အဖြစ် ပေါ်လာဖို့ဖြစ်ပါတယ်။ နောက်မဟုတ်ရင် အခြား ဘာသာစကား တွေနဲ့ ပေါ်လာတတ်ပါတယ်။
အဲဒီအတွက် …

1. Start > Control Panel ကိုဖွင့်ပါ။
2. Regional and Language Options ကိုဖွင့်ပါ။
3. အနီရောင်ဝိုင်းပြထားတဲ့နေရာတွေမှာ English / United State ပြောင်းပေးပါ။ (ကွန်ပြူတာကို ဘယ်ဘာသာစကားနဲ့ သုံးမှာလဲဆိုတာကို သတ်မှတ်ပေးတာပါ။ ကိုယ်နှစ်သက်ရာ ဘာသာစကားကို ပြောင်းထားပေးနိုင်ပါတယ်။)
4. Advanced ကိုဖွင့်ပြီး အနီဝိုင်းပြထားတဲ့နေရာမှာ English (United State) ပြောင်းပေးပါ။


အခြားဘာသာစကားများ ထည့်သွင်းခြင်း (Add other language)
ကွန်ပြူတာမှာ စာတွေရိုက်တဲ့အခါမှာ Eng: ဘာသာစကား တခုတည်းမကဘဲ အခြား ဘာသာစကား တွေနဲ့ပါ သုံးချင်တယ်ဆိုရင် Language tab မှာလည်း ပြင်ထားဖို့ လိုပါမယ်။

1. Install files for complex …. (Including Thai) နေရာကို check လုပ်ထားပေးပါ။ (Windows CD တောင်းရင် ထည့်ပေးပါ။ သူ့ဘာသာသူ အင်စတောလုပ်သွားပါလိမ့်မယ်။ Restart တောင်းရင်လည်း လုပ်ပေးရပါမယ်။)
2. ကွန်ပြူတာပြန်ပွင့်လာတဲ့အခါမှာ အဲဒီ Regional Language ကိုတခါပြန်ဖွင့်ပြီး Detail ကိုဖွင့်ပါ။
3. ပေါ်လာတဲ့ box မှာ Add ကိုကလစ်ပါ။ (ပြီးရင် ကိုယ်ထည့်ပေါင်းချင်တဲ့ ဘာသာစကားကို ရှာပြီး ကလစ်လုပ်ပေး လိုက်ရုံပါဘဲ။)


ကွန်ပြူတာအသုံးပြုသူ အမျိုးအစား (User Accounts)
ဝင်းဒိုးစ်စနစ်မှာ User Account အများကြီးထားခွင့်ပြုပါတယ်။ Admin Account (စီမံခန့်ခွဲသူ)၊ Limited Account (ကန့်သတ်ချက်ရှိသူ)၊ Guest Account (ဧည့်အသုံးပြုသူ) စသဖြင့် Account အဆင့်အတန်း အမျိုးမျိုးခွဲခြား သတ်မှတ်ပေးနိုင် ပါတယ်။

Admin အဆင့်ရှိသူက ၀င်းဒိုးစ်စနစ်တခုလုံးကို ထိန်းချုပ်နိုင်ပါတယ်။ ဆော့ဝဲတွေ ထည့်သွင်းတာ၊ ဖျက်ပစ်တာ စတာတွေကို လုပ်နိုင်ခွင့်ရှိပါတယ်။ အခြား Account တွေကို ဖျက်ပစ်နိုင်ခွင့် ရှိပါတယ်။

Limited အဆင့်သာဆိုရင်တော့ ကွန်ပြူတာမှာ ထည့်သွင်းထားပြီးသား ဆော့ဝဲတွေ၊ ဟာ့ဒ်ဝဲတွေ အားလုံးကို အသုံးပြုခွင့် ရှိပေမယ့် အသစ်ထည့်သွင်းတာ၊ ရှိနေတာတွေကို ဖျက်ပစ်တာ စတဲ့လုပ်ငန်းတွေကို လုပ်ပိုင်ခွင့်မရှိပါ။

Guest အဆင့်ကတော့ ကွန်ပြူတာမှာ ရှိနေတာတွေအားလုံးကို အသုံးပြုခွင့်မရှိပါဘူး။ အချို့ဆော့ဝဲတွေ၊ အချို့ဟာ့ဒ်ဝဲတွေကို သုံးခွင့်ရှိမှာမဟုတ်ပါ။ ဥပမာ- ပရင်တာအသုံးပြုခွင့်မရှိတာမျိုး။

ဝင်းဒိုးစ်ကို အင်စတောလုပ်ပြီးတဲ့အချိန်မှာ Administrator Account တခုဘဲ ပေါ်ပါမယ်။ အဲဒါက built-in account (တခါတည်း ပါလာပြီးသားအကောင့်) ဖြစ်ပါတယ်။ ပထမဆုံးလုပ်ယူတဲ့ အကောင့်ဟာ Admin ဘဲဖြစ်ပါမယ်။ ဒုတိယနဲ့ နောက်ထပ်လုပ်တဲ့ အကောင့်တွေကိုတော့ Admin ဖြစ်စေ၊ Limited ဖြစ်စေ သတ်မှတ်ပေးနိုင်ပါတယ်။

ကိုယ့်အနေနဲ့ နောက်ထပ် Account တွေ ထပ်လုပ်နိုင်ပါတယ်။ သတိပြုရမှာက နောက်ထပ် အကောင့်အသစ်လုပ်ပြီး ကွန်ပြူတာ ရီစတတ်လုပ်ချိန်ကျရင် မူလကရှိခဲ့တဲ့ Administrator Account ပျောက်သွားမှာဖြစ်ပါတယ်။

Account အသစ်ထည့်သွင်းဖို့အတွက် …

1. Start > Control Panel ကိုဖွင့်ပါ။
2. User Accounts ကို ဖွင့်ပါ။
3. Administrator နဲ့ Guest နှစ်ခုကိုဘဲ တွေ့ရမှာဖြစ်ပါတယ်။
4. အသစ်တခု ရယူချင်ရင် Create new account ကို ကလစ်လုပ်ပါ။
5. နောက်ထပ်ပေါ်လာတဲ့ box မှာ account name ထည့်ပေးပါ။
6. နောက်ထပ် box မှာ Computer Admin / Limited တခုခုကိုရွေးပေးပါ။


ဝင်းဒိုးစ်သို့ဝင်ရောက်ရန်ပုံစံ ရွေးချယ်ခြင်း (Welcome Screen & Fast User Switching)
ဒီဟာကတော့ ကွန်ပြူတာစဖွင့်တဲ့အချိန်မှာ user acc: အားလုံးကို ဖော်ပြပေးဖို့နဲ့ user acc: တခုကနေ တခုကို ပြောင်းတဲ့အချိန်မှာ Log out လုပ်ဖို့ မလိုအောင် ဖန်တီးပေးမှာဖြစ်ပါတယ်။
အဲဒီအတွက် …

1. Start > Control Panel > User Accounts ကို ဖွင့်ပါ။
2. Change the way users log on or off ကိုကလစ်လုပ်ပါ။
3. ပုံမှာပြထားတဲ့အတိုင်း check box ၂ခုလုံးကို အမှတ်ခြစ်ထားပြီး Apply Options ကို ကလစ်လုပ်ပါ။


ဝဘ်စာမျက်နှာများကို အင်တာနက်မချိတ်ဆက်ထားဘဲ ကြည့်ရှုခွင့် (Enable Offline)
အကယ်၍ check box တွေကို ပိတ်ထားတယ် (check လုပ်လို့မရဘူးဆိုရင်) ဆိုရင် Enable Offline ကို အရင် ပြန်ပိတ်ထားပေးဖို့ ပြောပါလိမ့်မယ်။ အဲဒီ box တက်လာရင် Enable Offline ကိုပိတ်လိုက်ပါ (uncheck လုပ်လိုက်ပါ။)

ပြင်ပကွန်ပြူတာများနှင့် ချိတ်ဆက်မှု (Client Services for Netware)
နောက်တခုဖြစ်နိုင်တာက Client Services for Netware ရှိနေလို့ ဖြစ်ပါမယ်။ အဲဒီ Client Services ကို Unstall လုပ်ပေးရပါမယ်။ Client Services ကို Unstall လုပ်ဖို့အတွက် …

1. Start > Control Panel > Network Connections ကိုဖွင့်ပါ။
2. Local Area Connection ကို Right Click > Properties ကို ကလစ်လုပ်ပါ။
3. အပေါ်ဆုံးမှာ ရှိနေမယ့် Client Services for Netware ကိုကလစ်လုပ်ပါ။
4. သူ့အရှေ့မှာရှိတဲ့ check box ကိုဖြုတ်ပါ။ (အမှန်ခြစ်ထားတာကို ဖျက်ပစ်ပါ။)
5. အောက်မှာရှိတဲ့ Unstall ကို ကလစ်လုပ်ပါ။ (ခဏနေရင် Restart တောင်းပါမယ်။ Restart လုပ်ပြီးမှ Change the way users log on or off ကို ပြန်ပြင်ပေးလို့ ရမှာဖြစ်ပါတယ်။)
 http://youth-it-technican.blogspot.com/  
 http://kolinthalarwaddythar.blogspot.com/  
https://www.facebook.com/groups/technologymynoat/

Youtube မှသီချင်းများကိုလင့်ခ်လေးဘဲယူပီးဒေါင်းလုပ်ဆွဲမယ်.......


ဒီဆော့ဝဲကိုသိပီးသားလူလည်းရှိမှာပါ.....မသိသေးသောသူများအတွက်ရည်ရွယ်ပါသည်။
ဒီဆော့ဝဲလေးကတော့..Youtubeကသီချင်းတွေကိုဒေါင်းလုပ်ဆွဲပေးပါတယ်....
ဘယ်လိုလုပ်ရလည်းဆိုတော့...
သူငယ်ချင်းတို့ကြိုက်တဲ့သူချင်းကိုအရင်ရှာလိုက်ပါ...ရှာလို့ပီးသွားရင်.....သီချင်းရဲ့လင့်ခ်လေးကိုcopyယူပြီး..
paste URLရဲ့ရှေ့ကအကွက်ထဲကိုကလစ်ပီးဖြည့်ပေးလိုက်ပါ.....ပီရင်အောက်ကအနီရောင်လေးနဲ့ DOWNLOAD ဆိုတာလေးကိုကလစ်လိုက်ပါ.....
ဒေါင်းလုပ်လုပ်နေတာကိုတွေ့မြင်ရမှာဖြစ်ပါတယ်....
ကြာမဲ့အချိန်တွေပါတခါတည်းပြထားပါတယ်......
ကြိုက်နှစ်သက်ရာလင့်ခ်တစ်ခုခုမှဒေါင်းလုပ်ယူလိုက်ပါ.....
                                                                       
                                                                       
                     (၁)mediafireမှာဒေါင်းရန်
                                           
                           (၂)minus.comမှာဒေါင်းရန်
                                           
                                       (၃)ziddu.comမှာဒေါင်းရန်)

               အဆင်ပြေကြပါစေ.....
                            ဆရာအားလုံးကိုထာဝရလေးစားလျှာက်...

                                                                              ZMO

32 Bits နှင့် 64 Bits ကွာခြားချက်များ

                
အားလုံးပဲ မင်္ဂလာပါခင်ဗျာ...
 ကျွန်တော် ဒီနေ့ အကြောင်းအရာလေး တခုကို အခြေခံပြီးရေးပေးချင်ပါတယ်. လူတိုင်းတော့ ဒီပြသနာကို တက်နေတာ မဟုတ်ပေ့မယ့် 32 @ 64 bit ကို မခွဲခြားတက်ကြသေးဘူး ဖြစ်နေကြတယ်. 32 နဲ့ 64 ကကွာခြားချက်တွေ အများကြီးရှိပါတယ်။ ဒါပေ့မယ် ခု အရင်ဆုံးပြောပြမှာက မိမိစက်မှာ 32 လား 64 လားဆိုတာကို ကြည့်တက်ဖို့နဲ့ မိမိ စက်ရဲ့ Processor က build in က 64 bit ကိုလက်ခံလားဆိုတာကို တချက်ကြည့်ရပါလိမ့်မယ်။ ဒါတွေကို ဘယ်လိုကြည့်ရမလဲဆိုတာတွေကို အရင်ပြောပြီးသွားရင်တော့ ကျွန်တော် နောက်ဆုံးဆွေးနွေးပေးမှာကတော့ မိမိစက်မှာ ရမ်းထားတဲ့ 32 ဒါမှမဟုတ် 64 bit OS ကို သုံးနေကြတယ် ဒီနှစ်ခုမှာဘာတွေက အားသာချက်ရှိတယ် ဘယ်လိုတွေကွဲပြားသွားတယ်ဆိုတာကို အနည်းအကျဉ်းပြောပြပါ့မယ်။
အရင်ဆုံး မိမိစက်မှာ 32 လား 64 လားလို့ မေးရင် ဖြေနိုင်ဖို့တွက်ကတော့ နည်းလမ်းမျိုးစုံရှိပါတယ် ..ကျွန်တော်ကတော့ အတက်နိုင်ဆုံး အလွယ်ဆုံးနည်းလမ်းကိုပဲ့ ပြောပါမယ်. ၁ မျိုးတည်းမဟုတ်ပဲ့ ကျွန်တော် နှစ်မျိုးပြောပြပါ့မယ်.  
ပထမ ..တခုအနေနဲ့
အရင်ဆုံးဘာဆောဝဲမှာ မလိုပဲ့ ကျွန်တော်တို့  MY computer >>Right click>> properties >>System ရှဲ့system Type ကို ကြည့်လိုက်ရင် 64 လား 32 လားဆိုတာကို သိပါပြီ။ ဘာလို့ 32 ဖြစ်နေရတာလည်း 64 ဖြစ်နေရတာလည်းဆိုတာကို နောက်ဆက်တွဲ အနေနဲ့ ထပ်ရှင်းပြပါ့မယ်။

ဒုတိယ တခု အနေနဲ့
window key >>>Start menu,>>> Programs -> Accessories -> System Tools -> System Information
ဒီအပေါ်က အဆင့်အတိုင်းတဆင့်ခြင်း သွားပြီးတော့ အောက်ကပုံလေးလိုနေရာလေး system type ကို ကြည့်လိုက်ရင် တွေ့ပါလိမ့်မယ်။ အောက်ကပုံလေးတိုင်းကြည့်လိုက်ရင် မြင်ပါလိမ့်ဦးမယ်....

ဒီအပေါ်က နှစ်ခုနဲ့တင် ကိုယ့်စက်က 32 လား 64 လားဆိုတာကို ခွဲခြားတက်လောက်ပြီထင်တယ်။ ဒါဆိုရင် ကိုယ်သုံးမဲ့စက်က 64 ကိုလက်ခံလားဆိုတာကို ကျွန်တော်တို့ ဆက်လေ့လာကြည့်ကြရအောင်... စက်တိုင်းကတော့ 32 bit ကိုလက်ခံပါတယ်။ ဒါကြောင့် ကျွန်တော်တို့က 64 ကိုလက်ခံလားပဲ့ တချက်ကြည့်ရပါတော့မယ် .. ကဲ ဒါဆို ကျွန်တော်တို့ ဘယ်လိုကြည့်ကြမလဲ?
First …
ပထမဆုံးအနေနဲ့  Control Panel\ System and Security\ System  

(သို့မဟုတ်)

My computer >> Right click >> Properties >> System >>Rating >> Window Experences Index ကနေ>>View and printed detail … ကိုနိုပ်လိုက်ရင် အဲ့မှာ ဆက်ကြည့်ကြည့်ပါ.. အောက်ကပုံကိုကြည့်လိုက်ပါ...


အနီနဲ့ဝိုင်းပြထားတဲ့နေရာကိုကြည့်ကြည့်လိုက်ပါ.. 64 bit capable  မှာ Yes ဖြစ်နေတာကို သတိထားမိပါလိမ့်မယ်။ ဒါဆိုရင် ဒီစက်က 64 bit OS ကိုလက်ခံ ပါတယ် အသုံးပြုလို့လည်း ရပါလိမ့်မယ်။ဒီလို လက်ခံတိုင်းလည်း 64 bit ကိုသုံးလို့ရပြီလားဆိုရင်တော့ ကျွန်တော်တို့ တချက်ပြန်စဉ်းစားရပါလိမ့်ဦးမယ်။ ဒါကတော့ 64 bit OS ရဲ့ System Requirement ကို တချက်ကြည့်ရပါမယ်။ 64 bit OS က RAM 2 Gb ရှိမှ အသုံးပြုလို့ ရမှာပါလို့ ဖော်ပြထားပါတယ်။
  • 1 gigahertz (GHz) or faster 32-bit (x86) or 64-bit (x64) processor
  • 1 gigabyte (GB) RAM (32-bit) or 2 GB RAM (64-bit)
  • 16 GB available hard disk space (32-bit) or 20 GB (64-bit)
  • DirectX 9 graphics device with WDDM 1.0 or higher driver
ဒါကြောင့်မိမိစက်မှာ Ram 2 gb ရှိတယ်ဆိုရင်တော့ အသုံးပြုလို့ ရမှာ ဖြစ်ပြီး မရှိရင်တော့ နောက်ထပ် ထပ်တိုးပေးရပါလိမ့်မယ် မတိုးပေးချင်ဘူးဆိုရင်တော့ 32 bit ကိုပဲ့ အသုံးပြုနေဖို့ပဲ့ အကြံပြုလိုပါတယ်။...
Second...
ဒီတခုကတော့ ဆောဝဲနဲ့ ကျွန်တော်တို့ ခွဲခြားနည်းပါ ဒါကတော့ အကြမ်းဖျင်း မဟုတ်တော့ဘူး ဒီဆော့ဝဲနဲ့ဆိုရင် CPU. Graphit .RAM  တွေပါ မက caches တွေကိုပါ ကြည့်လို့ ရပါလိမ့်မယ်။ ဒီနည်းမှာတော့ ကိုယ့်စက်မှာ ရမ်းနေတဲ့ OS က အထီးလား အစ်မလား ခွဲခြားတက်အောင်လုပ်တာ အဆင့်မရူပ်ပါဘူး. အောက်က ပုံကိုကြည့်လိုက်ရင် သဘောပေါက်မှာပါ။ဆော့ဝဲနာမည်က CPU_Z ပါ သူက Freeware ဖြစ်သလို System application ပါ... ဒီနေရာမှာ http://www.cpuid.com/softwares/cpu-z.html ဒေါင်းယူနိုင်ပါတယ်။ အကုန်လုံးကိုကြည့်လို့ ရပါတယ်။ ဒီလောက်ဆိုရင် အဆင်ပြေမယ်ထင်ပါတယ်။ အခုတော့ 64 bit ကို လက်ခံ အသုံးပြုနိုင်လားဆိုတာကို သိချင်တဲ့ အတွက် အောက်မှာ ပုံနဲ့ အနီနဲ့ ၀ိုင်းပြထားပါတယ်။ EM64T ဆိုတာကို တွေပါလိမ့်မယ်။ ဒါဆို 64 ကို လက်ခံပါတယ်... 
 
ဒါဆိုရင် ကျွန်တော်တို့ 64 လား 32 လား ကြည့်တက်ပြီ ကိုယ့်စက်မှာ 32 ရော 64 ကိုရော ကြိုက်တာ ရွေးသုံးနိုင်တဲ့ Processor   ရှိလားကြည့်တက်ပြီ... ဒါဆို ကျွန်တော်တို့ ဆက်သွားရမှာက 32 နဲ့ 64 ရဲ့ကွာခြားချက်တွေပါပဲ့. ဒါကို လူတော်တော်များများ တိတိကျကျ မသိကျသေးပါဘူး။ ကျွန်တော် သိသလောက် ပြောပြပါ့မယ်။  
32 bit နှင့် 64 bit ရဲကွာခြားချက်များ....
အပိုင်း ၁ ကို ဆက်လက်ရေးသားပါဦးမယ်......
Windows Vista 64-bit edition is probably the first stable version of 64-bit Windows operation system, despite the fact that XP does have 64-bit version but that wasn’t a very stable one that people can rely on. However, because Vista itself has many own compatibility issues the 64-bit version didn’t really go off the ground.
This has changed in Windows 7. People are eager to give its 64-bit a try if their hardware supports it. And we also highly recommend that you should go that route if your hardware is equipped by the latest technology. Not only does it give you a better performance gain but it also gives your much big room to grow on your computer.
If you are still a bit of confusing what this 64-bit version really is about, here are a few things that may help you a little bit to clear it up.

1. What’s the difference between 32-bit and 64-bit?

In short, the 64-bit version of Windows handles much larger amounts of RAM, and more effectively than a 32-bit system. You might ask how much larger in 64-bit comparing to 32-bit. Here is an illustrative example that speaks itself quite well.
A 8-bit system is like the size of a business card;
A 16-bit system is like the size of a table;
A 32-bit system grows to like a whole world;
But when it comes to 64-bit, it explodes the size to like an universal.
How big exactly in a 64-bit system?
However, even though 64-bit provides that much large space, Windows 7 only supports up to 192GB access on physical memory.

 

2. No waste of installed RAM on a 64-bit system

 

If you haven’t noticed, Windows 7 32-bit is capable of only using 3G of RAM. By contrast, Windows 64-bit can not only make use of much larger RAM space, but is capable of using the memory remapping feature of a modern BIOS, which allows the Operating system to really use the complete 4GB.
Therefore, if you install Windows 7 64-bit on a 4GB computer you will not waste 1GB of RAM any more like you would with Windows 7 32-bit.

3. Performance fact on a 64-bit system

 

If you are hoping that your 32-bit of applications will run faster on a 64-bit system, you might be disappointed. The truth of fact is that
Only applications that are optimized for 64-bit will run faster than their 32-bit counterparts. Hence, if you have software whose vendor explicitly endorses 64-bit, then you might notice improved speed with Windows 7 64-bit.

4. Compatibility concerns on 64-bit system

 

This was a big concern to both XP 64-bit and Vista 64-bit but is getting a lot better on Windows 7. Both software and hardware vendors understands now the future belongs to 64-bit, and have made a huge effort on getting more and more software and hardware compatible with the latest architecture.
Microsoft, as the platform supplier, also has made huge improvement on Windows, 7 in particular. They also built an online Windows 7 Compatibility Center for people to check and find out whether the program or device is compatible with the 64-bit version of Windows 7. As hardware and software vendors continue to update this information, so check back often.

5. How to tell if my computer is 64-bit ready?

 

There are two tools that you can use to determine if your processor is 64-bit ready. However, you will need to have a windows installed first in order to run these tools. Otherwise, head over to BIOS to see if you can find any information indicating what type of your processor is running on your computer.
And here is how to tell if your installed Windows 7 is running on 64-bit or 32-bit, if you already have a windows 7 installed.

6. Can I run a 32-bit program on 64-bit system, or vice versa?

 

The short answer is, yes, you can run a 32-bit program  on a 64-bit system but you cannot run a 64-bit software on a 32-bit Windows.

7. Can I upgrade a 32-bit Windows 7 to 64-bit?

 

Too bad, there is no direct upgrade path that you can do so. You will need to back up your files and choose the Custom option during Windows 7 installation.

                မှတ်ချက်။  ။ 32bit နဲ့  64bit ကိုနာမလည်သေသူများအတွက် ကိုနေမင်းမောင်ဆိုဒ့်မှပြန်လည်မျှဝေပေးခြင်းဖြဟ်ပါသည်။  ။
        အားလုံးပဲအဆင်ပြေပါစေလို့............

                                                                                                                  (မင်းထက်)

ဒုတိယအကြိမ်းမြောက်wifiဖေါက်ခြင်း

အရင်တစ်ခါကလဲတင်ဖူးပါတယ် အခုကနောက်software တစ်မျိုးပါ ကြိုက်တဲလူရှိသလို မကြိုက်တဲလူလဲရှိမှာပါ နည်ပညာပိုစ့် ရေးရတာကိုဝါသနာပါ ပါတယ် လိုက်တောရှာရတာပေါ ပြောနေတာလိုရင်ကိုမရောက်တော့ဘူးဖြစ်နေတယ်  ဒီမှာနော်  ကဲစမ်းပြီတော့ သုံးကြည်လိုက်ပါနော် မကြိုက်ရင်တော့ မသိဘူး သူငယ်ချင်တွေ ပျော်ရွှင်ကြပါစေ

print screen(screen ပေါ်မှာရှိတဲ့အရာအားလုံးကိုဓာတ်ပုံရိုက်ယူထားမယ်)

ဒီဆော့ဝဲလေးကိုသိပီးသားလူလည်းရှိကြမှာပါ....
မသိသေးသောသူများအတွက်ရည်ရွယ်ပါတယ်.......
မရှိမဖြစ်လိုအပ်တဲ့ဆော့ဝဲကောင်းလေးပါ....
ဘာလို့လည်းဆိုတော့.....မိမိစက်မှာတခုခုဖြစ်ရင်...print screen ဖမ်းပီးဆရာ့ဆရာများကိုအကူအညီတောင်းလို့ရတာပေါ့...
အသုံးပြုနည်းကလွယ်တော့.အသုံးပြုနည်းတော့တင်မပေးတော့ပါဘူး.....
ဆော့ဝဲက(4.0MB)ဘဲရှိပါတယ်....လိုအပ်ရင်အောက်ကလင့်ခ်ခုခုမှဒေါင်းလုပ်ယူပါ.....
(၁)mediafireမှာဒေါင်းရန်
(၂)minus.comမှာဒေါင်းရန်..
(၃)ziddu.comမှာဒေါင်းရန်
သူငယ်ချင်းတို့အဆင်ပြောတဲ့လင့်ခ်ကနေဒေါင်းလုပ်ဆွဲလိုက်ပါ..........
                                                                             ဆရာအားလုံးကိုထာဝရလေးစားလျှက်......
                                                                                                                                     ZMO

Hard Disk ကိုကိုယ်တိုင် Partation ခွဲကြရအောင်


ကျွန်တော် ဆရာတော် အရှင်အိန္ဓက မေးထားတာလေး ရှိတာနဲ့ ဒီပို့စ်လေးကို ရေးဖြစ်သွားတာပါ .. ကျွန်တော် အရင်ကလည်း  EASEUS.Partition.Master.v7.1.1  ကိုအသုံးပြုပြီး Partation ခွဲနည်းကို ဗီဒီယို ဖိုင်လေးတွေနဲ့ တင်ပေးခဲ့ဖူးပါတယ် .. အခုတော့ ကျွန်တော် HarDisk တစ်လုံးကို Partation ဘယ်လိုခွဲ လို့ရမလည်း ဘယ်လိုနည်းလမ်းနဲ့ ဆိုရင် အဆင်ပြေမလည်း Hard Disk တစ်လုံးကို Format ပြန်ချပြီး Partation အသစ်ဘယ်လို ပြန်ခွဲမလည်း ဆိုတာကို ကျွန်တော် ရေးပေးသွားပါမယ် .. ကျွန်တော် အခုရေးပေး သွားမယ့် နည်းလမ်းလေးကတော့ လက်ရှိ ကျွန်တော် ကိုယ်တိုင် အသုံးပြုနေတဲ့ နည်းလမ်းပဲ ဖြစ်ပါတယ် .. 

ကျွန်တော်ကတော့ Hard Disk တစ်လုံးကို Partation ခွဲချင်တဲ့ အခါမှာ EASEUS.Partition.Master.v7.1.1 ကိုအသုံးပြု ပါတယ် .. ဒီကောင်လေး ကိုကျွန်တော် ဘာကြောင့် အသုံးပြုရတာလည်း ဆိုတော့ အသုံးပြုရတာ အဆင်ပြေသလို မိမိတို့ ခွဲချင်တဲ့ ပမာဏကို စိတ်ကြိုက် တွက်ချက်ပြီး  ခွဲပေးနိုင်တာ ကြောင့်လည်း ဖြစ်ပါတယ်  .. ပြီးရင် အသုံးပြု ရတာလည်း  လွယ်ကူပါတယ် .. 

အရင်ဆုံး Hard Disk တစ်လုံးကို Partation ခွဲတာကို မဖော်ပြခင် မိမိတို့က လက်ရှိအသုံးပြုနေတဲ့ Hard Disk ကြီးတစ်ခု လုံးကို Format ချပြီး Partation အသစ်ကနေ ပြန်ပြီးတော့ ခွဲချင်သူတွေ အတွက် Windows Installation လုပ်ရင်းနဲ့ Hard Disk တစ်ခုလုံးကို Format ဘယ်လို ချရမယ် ဆိုတာကို ရှင်းပြပေးထားတဲ့ Video File လေး တင်ပေးလိုက်ပါတယ် .. ကျွန်တော် အခုတင်ပေးလိုက်တဲ့ Video File လေးကို သေချာကြည့် လိုက်တာနဲ့ Hard Disk အဟောင်း တစ်လုံးကို Partation အသစ်ပြန်ခွဲ ချင်တဲ့ အခါမှာ ဘယ်လို Format ချမလည်း .. နောက်တစ်ချက်က Hard Disk အသစ်တစ်လုံးကို Windows တင်တဲ့ အခါမှာ မူရင်း Hard Disk ကနေပြီးတော့ Partation အသစ် တစ်ခု ဖန်တီးပြီး Windows Installtaion ဘယ်လို လုပ်ဆောင် ရမလည်း ဆိုတာကို သဘောပေါက် သွားမှာ ဖြစ်ပါတယ် ..  U-Tube ကနေ ကြည့်လို့ အဆင်မပြေ သူတွေ ကတော့ အောက်မှာ ဒေါင်းလော့ ချသွားလိုက်ပါ .. 



အပေါ်က Video File လေးကို ကြည့်ပြီးပြီ ဆိုရင်တော့ ကျွန်တော်တို့ Partation ဘယ်လို ခွဲမလည်း ဆိုတဲ့ အပိုင်းကို ဆက်ပြီး သွားကြရအောင် ဗျာ .. ကျွန်တော် အခု ရေးပေးမဲ့ နည်းလမ်းလေးကတော့ Windows အတွင်းမှ Partation ခွဲခြင်းလို့ ပြောရင်လည်း ရပါတယ် .. ဒါတွေကို မပြောခင် သိထားသင့် တာလေးတွေကို အရင် ရှင်းပြပေး သွားပါမယ် .. Hard Disk တစ်လုံးကို Partation ခွဲပြီ ဆိုရင် အားလုံးပဲ သတိထား ကြည့်ကြည့် လိုက်ပါ .. အရင်ဆုံး File System ကို သတ်မှတ် ပေးတဲ့ အခါမှာ ကျွန်တော် တို့အနေနဲ့ အခုနောက်ပိုင်းမှာ NTFS အမျိုးအစား ကိုသာ ရွေးချယ် ကြတော့ပါတယ် .. NTFS ကို ရွေးချယ် ကြသလို ဘာကြောင့် NTFS ကိုရွေးချယ် ကြတယ် ဆိုတာကိုလည်း သိထားဖို့ လိုပါတယ် .. 

အရင်တုန်းက Hard Disk တွေကို Partation ခွဲတဲ့ အခါမှာ FAT File System ကို အသုံးပြုကြပါတယ် .. FAT  File System တုန်းက ဆိုရင် ကျွန်တော်တို့ အနေနဲ့  Hard Disk ရဲ့ FAT File System ထဲမှာ အစုလေး တွေခွဲထား ပါမယ် ..အဲ့ဒီ အစုလေး တစ်စုရဲ့  Data တွေ သိမ်းဆည်း နိုင်တဲ့ ပမာဏကို 32 KB သတ်မှတ်ထားပါတယ် .. ကျွန်တော် တို့အနေနဲ့ အဲ့ဒီ အစုကလေးတစ်ခုမှာ အချက်အလက် တစ်ခုကို သိမ်းတော့ မယ်ဆိုရင် အစုတစ်ခုကို Freespace က 12 KB ယူပါတယ် .. အဲ့ဒီအတွက် ကျွန်တော် တို့အနေနဲ့ သိမ်းလာတာ များလာပြီ ဆိုတာနဲ့  Freespace ကလည်း များလာမှာ ဖြစ်ပါတယ် .. ဒါက FAT  File System တုန်းကပါ ..

အခုနောက်ပိုင်း NTFS File System မှာကျတော့ ကျွန်တော်တို့ အနေနဲ့ စောစောက အစုကလေး တစ်စုမှာ အချက်အလက် တွေကို သိမ်းတဲ့အခါ ပေးလိုက်ရတဲ့ Free Space 12 KB နေရာမှာ 4 KB အထိ ချုံလိုက်တာ ဖြစ်တာအတွက် အချက်အလက်တွေ သိမ်းတဲ့အခါမှာ အရင် FAT File System တုန်းက ထက်စာရင် NTFS မှာ Free Space နည်း သွားတဲ့အတွက် သိမ်းဆည်းဖို့  Space ပိုများလာမှာ ဖြစ်ပါတယ် .. ဒါကြောင့် အခုနောက်ပိုင်းမှာ ကျွန်တော်တို့ အနေနဲ့  Hard Disk တစ်လုံးကို Partation ခွဲတော့မယ် ဆိုရင် File System မှာ NTFS ကို အသုံးပြု ကြတော့တာ ဖြစ်ပါတယ် .. 

နောက်တစ်ချက်ကတော့ Primary နဲ့ extended သတ်မှတ် ကြတာပဲ ဖြစ်ပါတယ် .. extended ကို Secondary Partation လို့လည်း ခေါ်ပါတယ် .. Primary Partation ကိုထားမယ် ဆိုရင် Hard Disk တစ်လုံးမှာ အများဆုံး Partation လေးပိုင်း အထိပဲ ထားလို့ ရတယ်ဆိုတာကို သိထားဖို့ လိုပါတယ် .. အများ အားဖြင့်တော့ Primary Partation ကို C တစ်ခုကို သားထားပြီး ကျန်တဲ့ Partation တွေကို ( Ectended ) Logical Partation ကိုသာ ထားကြပါတယ် .. Logical Partation ကတော့ အပိုင်း ( 24 ) ပိုင်းအထိ ထားလို့ ရပါတယ် .. ဒါပေမယ့် A နဲ့ B တော့ မပါပါဘူး ။။ A နဲ့ B က Floppy Drive အတွက် သတ်မှတ်ပေးထားတာ ဖြစ်ပါတယ် ..

ဒီနေရာမှာ ကျွန်တော့် အနေနဲ့ Primary Partation အကြောင်းကို အနည်းငယ် ပြောပြချင် ပါတယ် .. Primary Partation ဆိုတာ Windows တင်တဲ့ အခါမှာ Primary Partation မှာသာ Boot လုပ်ပေးတာ ဖြစ်တဲ့အတွက် ကျွန်တော်တို့ အနေနဲ့ Windows Installation တွေ ပြုလုပ် တော့မယ်ဆိုရင် Primary ဖြစ် သတ်မှတ် ပေးထားတဲ့ Partation ပေါ်မှာသာ ပြုလုပ် နိုင်မှာ ဖြစ်ပါတယ် .. နောက်တစ်ချက် လက်ရှိ သုံးနေတဲ့ Hard Disk ဟာ Badsector တွေများ ပြီး ပျက်စီးဖို့ များနေတဲ့ အချိန်မှာ ကျွန်တော်တို့ အနေနဲ့ Hard Disk ကြီးတစ်ခုလုံးကို Format ရိုက်ပြီး Partation တွေကို Primary ထားပြီး အသုံးပြု ခြင်းကလည်း Hard Disk ဆက်လက် အသုံးပြု နိုင်ဖို့ အတွက် အချိန် ဆွဲဆန့်ပေးနိုင်မှာ ဖြစ်ပါတယ် .. ဒီနေရာမှာ Primary Partation ကို 4 ပိုင်းသာ ထားနိုင်တယ် ဆိုတာကိုတော့ အားလုံး သိပြီး ဖြစ်ပါလိမ့်မယ် ..

ကဲဒါဆိုရင်တော့ မိမိတို့ အနေနဲ့ Hard Disk တစ်လုံးကို Partation ခွဲတော့မယ် ဆိုရင် ဘာတွေကို ဘယ်လို သတ်မှတ် ပေးနိုင်တယ် ဆိုတာကို သိသွားပြီလို့ ထင်ပါတယ် .. ဆက်ပြီးတော့ EASEUS.Partition.Master.v7.1.1  ကို အသုံးပြုပြီး Partation ဘယ်လို ခွဲရမယ် ဆိုတာကိုတော့ ကျွန်တော် အောက်မှာ Video File လေးတွေ တင်ပေးထားပါတယ် .. ဒီ Video File  လေးတွေကို သေချာကြည့်လိုက်တာနဲ့ အားလုံးပဲ အဆင်ပြေပြေ နဲ့ လုပ်ဆောင် တက်သွားပါလိမ့်မယ် ..  ကျွန်တော် နည်းနှစ်နည်း တင်ပေးထားပါတယ် .. ဒီနေရာမှာ ကျွန်တော် ပြောချင်တာကတော့ Partation တွေကို ပိုင်းတဲ့အခါမှာ MB နဲ့သာ ဖော်ပြထားတဲ့အတွက် ကျွန်တော်တို့ အနေနဲ့ 1 GB မှာ 1024 MB ရှိတယ် ဆိုတာကိုတော့ သိထားဖို့ လိုပါလိမ့်မယ် .. ဒါမှသာ တွက်တဲ့အခါမှာ အဆင်ပြေမှာ  ဖြစ်ပါတယ်. .. EASEUS.Partition.Master.v7.1.1  ကိုတော့ အောက်မှာ တင်ပေးထားပါတယ် ..

Partation တစ်ခုမှအသစ်ထပ်ခွဲခြင်း 

 

.ရှိပြီးသား Partation များထဲမှအသစ်ထပ်ခွဲခြင်း

.





Downloading From Ziddu
Downloading From Ziddu

အားလုံးပဲအဆင်ပြေကြပါစေ .. ကျေးဇူးတင်ပါတယ်ခင်ဗျာ ..
ရေးသားသူ။    ။ ကိုနေမင်းမောင်

ဒီပို့စ်ကို PDF ဖိုင်လိုချင်ပါ ဒီမှာနှိပ်လိုက်ပါ

မိမိ gtalk ကို ဘယ်လို ကာကွယ်ကြမလဲ.


 မိမိ gtalk ကို ဘယ်လို ကာကွယ်ကြမလဲ

ကျနော် ရေးတာတော. မဟုတ်ပါဘူး၊
လို လို မယ် မယ် ပေါ.။


ဆိုင်ဘာမှ သုံးသူများ အတွက် (သို့) သူများ PC မှာ သုံးမယ်ဆိုရင်။

တော်တော်များများက Gmail password hack မယ်ဆိုတာနဲ့ အရမ်းကို
စိတ်ဝင်စားကြတယ်ဗျ။ ဘာလို့သူများ password ကို သိချင်ကြမှန်း မသိဘူး။
ဘာမှ ကောင်းကျိုး မရှိဘူး။ ရေးတဲ့လူတွေ ရှိတော့လည်း
ပြောပြရတော့မှာပေါ့ဗျာ။

ရေးကြတာကတော့ connection ကျအောင်လုပ် gtalk က password တွေ ••••
အဖြစ်ပေါ်လာရင် သူတို့ပြောတဲ့ Software နဲ့ ကြည့်ပေါ့ဗျာ။ အင်း ...
အဲဒီထက်ကောင်းတဲ့နည်းရှိတယ်ဗျ ... see passwoord လို့ ခေါ်တယ်။
ဒီကောင်လေးမှာ မှန်လိုပုံစံလေးပါတယ်။ password နေရာမှာ မှန်ဘီလူး
လိုကြည့်လိုက်ရင်ပေါ်ပြီပဲ။ portable လည်းရှိပါတယ်။

အဲဒါထက်ဆိုးတာ တစ်ခုရှိတယ်ဗျ။ ဒီလိုဗျာ .. keylogger လို့ခေါ်တယ် ..
window စတက် ကတည်းက စအလုပ်လုပ်တယ်။ ပိတ်လိုက်လည်း နောက်ကွယ်မှာ
လုပ်နေတယ်။ tray icon လည်း မပေါ်ဘူး။ ရှိမရှိ မသိရဘူးပေါ့ဗျာ။ သူက ခင်ဗျား
keyboard မှာ ရေးလိုက်သမျှ၊ mouse နဲ့နှိပ်သမျှတွေကို အချိန်နဲ့တကွ
မှတ်ထားပေးတယ်ဗျ။ အဲဒါဆို ဘာတွေ ပါသွားမလဲ တွေးကြည့်လေ။ ပထမဆုံး gtalk
sign in ၀င်မယ်ဗျာ။ သွားပြီ user name ရော ၊ password ရော။ နောက်ပြီးရင်
ကိုယ့်ချစ်သူနဲ့ နှစ်ကိုယ်ကြားတွေပြောမယ်၊ ဒါမှမဟုတ်
လုပ်ငန်းပိုင်းတွေပြောမယ်။ တစ်ချို့တွေ credit card နံပါတ်တွေ ရိုက်မယ်
အကုန်ကျန်ခဲ့တာဗျ။ ဘယ်လောက် ဆိုးသွားနိုင်မလဲ တွေးကြည့်ပေါ့။ အထူးသဖြင့်
ဆိုင်ဘာ ကနေ သုံးရတဲ့လူတွေ။ တွေးသာကြည့်ပါတော့ဗျာ ... (All in 1
key-logger ဆိုရင် ဓါတ်ပုံတွေ၊ အသံတွေ၊ ဗီဒီယိုတွေကိုပါ
မှတ်ပေးထားနိုင်တယ်၊ သတိထားနော်.. မင်းသား/မင်းသမီးတွေပါ ဖြစ်သွားမယ်
ဟဟ)။

အဲဒါကို ရှိမရှိ ကြည့်ဖို့ ပြီးတော့ ကိုယ်ရေးခဲ့သမျှ မကျန်ခဲ့ဖို့ ကျနော်
ပြောပြပါ့မယ်။ ကိုယ့်သူငယ်ချင်းနဲ့ သက်ဆိုင်သူတွေကိုတော့
အသိပေးပြောပြလိုက်ပေါ့ဗျာ။ တကယ်ကျန်ခဲ့တယ်ဆိုတာ
အားလုံးမှတ်ပေးနိုင်တယ်ဆိုတာ မယုံဘူးလား .. ဟဟ software ရှာပြီး
စမ်းကြည့်ပေါ့ဗျာ။ ကျနော် fileden မှာ host တင်ပြီးသားကို ရှိတယ်။
ဒါပေမယ့် မပေးဘူး .. အကျိုးမရှိဘူးလေဗျာ။

ကဲ ကြာပါတယ် .. ကိုရေးတာတွေ password တွေ ပါမသွားအောင် လုပ်လိုက်ရအောင်
.. ။ Ctrl+Shift+Esc (or) Ctrl+Atl+Del နဲ့ Task manager ကို ခေါ်လိုက်ဗျာ
..။ Process ဆိုတဲ့ tab ကို နှိပ်ပြီး msdts.exe ဆိုတာကို လိုက်ရှာကြည့်
ဗျာ။ ရှိတယ်ဆို keylogger သုံးထားလို့ပေါ့ ။ အမြန်သာ click နှိပ်ပြီး End
process ပေးလိုက်ပေတော့ ။ အဲဒါဆိုရင်တော့ keylogger ကို ကာကွယ်နိုင်ပြီ
ဖြစ်ပါတယ်။

အကောင်းဆုံးနည်းလမ်းကတော့ task manager မှာရှိတဲ့ process tab
ထဲမှာရှိနေတဲ့ကောင်တွေထဲက ကိုယ်သုံးမယ့် gtalk လောက်ပဲ အိုကေထားပြီး
ကျန်တာတွေကို disable သို့မဟုတ် end process ပေးလိုက်တာပါပဲ...ဘာလို့ဆို
ရိုးရိုးယူဆာတွေအနေနဲ့က ဘယ်လိုဖိုင်လ်က အချက်အလက်တွေကို
ရီကော့လုပ်တာလဲဆိုတာ မသိနိုင်တော့ အန္တရာယ်ကင်း ဘေးရှင်းအားလုံးကို end
process လုပ်ပြီး ကိုယ်သုံးတဲ့ကောင်ကိုပဲ manually ခေါ်သုံးတာ
အကောင်းဆုံးပါပဲ။

Facebook Account ကို Delete လုပ်ခြင်း

Facebook Account ကို လုံးဝအသုံးမပြုလိုတော့ဘဲ ဖျက်ပစ်ချင်တယ်ဆိုရင် အောက်ပါနည်းလေးအတိုင်း ဖျက်ပစ်နိုင်ပါတယ်..
- မိမိ Facebook Account ကို Sign in ပြုလုပ်ပါ။
- Ctrl+T ကိုနှိပ်ပြီး Tab အသစ် တစ်ခုကို ခေါ်ပါ။
- Address Bar တွင်
http://www.facebook.com/help/contact.php?show_form=delete_account
ကိုရိုက်ထည့်ပြီး Enter နှိပ်ပါ။
- Submit ကိုနှိပ်ပါ။
- ပြီးနောက် Account Password နှင့် Security Check တွင်ပေးထားသော စာသားများကို မှန်ကန်အောင်ရိုက်ပေးပါ။
- Okay ကိုနှိပ်ပါ။
နောက်ထပ် Okay ကိုထပ်နှိပ်ပေးပါ။
-- မှတ်ချက် ။ ၁၄ ရက်အတွင်း ပြန်လည်အသုံးပြုနိုင်ပါသေးတယ်။... အဆင်ပြေပါစေနော်...

USB မှ Window တင်တက်စေဖို့ ( အပြည့်အစုံ)



USB မှ Window တင်နိုင်ဖို့ အတွက်

1.ပထမဆုံး ကိုယ့်ရဲ့ စက်မှာ 64 Bit တင်ချင်လို့ စစ်ဆေးကြည့်ချင်ရင်တော့ ဒီမှာ စစ်ကြည့်နိုင်ပါတယ်..။

2.ကိုယ်လိုချင်တဲ့ Window ISO File တွေကို ဒီမှာ ရွေးချယ်ပီး Download ရယူနိုင်ပါတယ်...။
3. ISO File ကို Download ရယူပီးပီးဆိုရင် Rar File ကိုဖြေလိုက်ပါ...။
4. USB မှ Window တင်နိုင်စေဖို့ အတွက် Bootable USB ဖြစ်အောင် ပြောင်းလဲ ယူရမှာပါ..။
အဲလို လုပ်ဖို့အတွက်   USB Stick ကို Computer မှာ  Plug ထိုးလိုက်ပါ...။



5.Bootable  USB   ဖြစ်အောင်ပြောင်းနိုင်စေဖို့ အတွက် ပထမဆုံး  မိတ်ဆက်ပေးချင်  တာကတော့ 
Win ToFlash ဆိုတဲ့ Tool လေးပါပဲ ဒီ Tool လေးကတော့ ကိုယ်တို့ ISO ရဲ့
Components တွေ စုံလင်မှု ရှိမရှိပါစစ်ဆေးပေးတဲ့ အတွက် အကြိုက်တွေ့စေပါတယ်..။
လိုချင်ရင်တော့ ဒီမှာ ယူနိုင်ပါတယ်..။
1. ပထမဆုံးသူရဲ့ ဒီလို Interface လေးရှိမှာပါ..။



2. Advanced Mood ကိုသွားပါ..။ Task အောက်က Drop Down လေးမှာ

ကိုပြောင်းမယ့် Window Version ကိုရွေးပါ..။
3.Create ကိုဆက်နှိပ်လိုက်တဲ့ အခါမှာ ဒီလို Interface လေးမှာ အပေါ်ကတော့
ISO File ရှိတဲ့ Path ကိုရွေးပေးရမှာ ဖြစ်ပီးအောက်ကတော့ USB ရှိနေတဲ့
Path ကိုရွေးချယ်ပီး Run ကိုနှိပ်လိုက်ရုံပါ..။
ပြောင်းလဲမှုပီးဆုံးသွားရင်တော့ Finished လို့ပေါ်လာမှာပါ..။
ဒါဆိုရင်တော့ Window တင်ဖို့ အတွက် Bootable USB တစ်ခုရပါပီ...။


အဲဒီလို Bootable USB  ပြောင်းလဲနိုင်တဲ့ တစ်ခြား Tool လေးတွေနဲ့ မိတ်ဆက်ပေးပါမယ်..။
1. ဒီ Tool လေးကတော့ ISO to USB လေးပါ...။ 
ဒီမှာ ယူနိုင်ပါတယ်...။
2. ဒီ Tool လေးကတော့ Win To Bootic လေးပါ ..။
လိုချင်ရင်တော့ ဒီမှာ ယူနိုင်ပါတယ်..။
3.နောက်တစ်ခုကတော့ WinUSB Maker ပါတဲ့ ..။ 
ယူချင်ခဲ့ရင်တော့ ဒီိကို သွားလိုက်ပါ..။
အပေါ်က မိတ်ဆက်ပေးခဲ့တဲ့ Software တွေကိုမသုံးဘဲ Command Prompt ကနေ ပီး
USBကိုပြောင်းချင်ပါတယ်ဆိုရင်တော့  ကို  Thura  ရေးတဲ့ USB မှ Window တင်နည်း
PDF ကို ဒီမှာ ယူနိုင်ပါတယ်...။


USB Window တင်နည်း


1. ကွန်ပျူတာကို Restart ချပြီး Keyboard မှ Delete Key ကိုနှိပ်ထားလိုက်ပါ..။


2. BIOS ထဲကိုရောက်ရင် Advanced BIOS Features ကို select လုပ်ပြီး Enter ခေါက်ပါ ။


3.F irst Boot ကို USB HDD  လို့ပြောင်းပေးပါ.။

4. Second Boot Device ကို Hard Disk လို့ပြောင်းပေးပါ..။


5. Keyboard မှ F10 ကိုနှိပ်ပြီး Save ပါ..။
ပြန်တက်တဲ့အခါ USB ကနေ၀င်းဒိုးတက်မှာပါ..။


.......................................................................
ရိုးရိုး CD ကတင်နည်းစာအုပ်ကတော့ ဒီနေရာ မှာ ယူနိုင်ပါတယ်..။
ဝင်းဒိုး တင်ပီး အပ်တီဗိတ် ဖြစ်စေဖို့ အတွက် လိုအပ်တဲ့ ၀င်းဒိုး လုပ်ဒါ ကိုတော့
   အောက်မှာယူလိုက်ပါ..။

ကိုစုဆောင်းထားသမျှကို အားလုံး တစ်ခါတည်း ယူချင်ပါတယ်ဆိုရင်တော့ 
လုပ်ဒါ ( 7 ) ခုထည့်ပေးထားပါတယ်


မသိသေးသော သူများအတွက်သာ
အားလုံးအဆင်ပြေကြပါစေ
မျိုးကို

MakeUpInstrument 5.7 Build 575


  ဒီဆော့ဝဲလေးကိုသိတဲ့သူတွေလဲရှိမှာပါ...သုံရတာအဆင်ပြေတယ်..လုပ်ရတာလဲလွယ်တယ်..ဘာတွေလုပ်လို့ရလဲ
ဆိုရင်မျက်နှာအလှပြင်တာ...မျက်ခုံပြင်တာ...နှုတ်ခမ်း..နှာခေါင်..အကုန်ပြုပြင်လို့ရတယ်ဗျ..အယုံရင်စမ်းကြည့်
လိုက်ပါ...ကျွန်တော်ကတော့ကြိုက်တယ်ဗျ...ဒီကောင်လေးကို..ဘော်ဘော်တို့လဲသုံးရအောင်လို့ပြန်ရှဲလိုက်တာပါ..
လိုချင်ရင်တော့အောက်မှာယူလိုက်ပါနော်..အဆင်ပြေကြပါစေဗျာ...
Look down for it is important features:
Drag and drop to open photos in this photo editor.
Copy/Paste image from Clipboard.
PSD file (PhotoShop Format) support in Editing.
Multi Language support.
Save to computer as .jpg, .png, .bmp and other file formats.
And many more features...

   
Main menu includes these tools:
Lipstick
Eyeshadow
Eyeliner
Blusher
Glamour Skin
Shampoo
Toothbrush
Return to Original
                           
                                                                                             Mirrorcreator links   

                                                  Mediafire Link