Desktop Fan Softwares

ယနေ့ကာလတွင်ကွန်ပျူတာကို လိုအပ်ချက်တစ်ခုအနေဖြင့် အသုံးပြုနေသည်သာမကပဲ  စိတ်အပန်း ဖြေစရာတစ်ခုအနေဖြင့်ပါ တွင်တွင်ကျယ်ကျယ်အသုံးပြုနေကြပြီဖြစ်ပါသည်။ ကွန်ပျူတာ အသုံးပြုသူများ အနေဖြင့် မိမိတို့၏ကိုယ်ပိုင်ကွန်ပျူတာကို လှလှပပဖြင့် အသုံးပြုနိုင်ရန်အတွက် Desktop Fan Software များကို စုစည်းတင်ပြလိုက်ပါသည်။
Change drive icon
          ကွန်ပျူတာအတွင်း Partition အလိုက်ခွဲခြားထားသည့် Drive များကို မိမိတို့နှစ်သက်ရာ Icon ပုံများသို့ ပြောင်းလဲပေးနိုင်သည့် Portable Software တစ်ခုဖြစ်ပါသည်။ အသုံးပြုရန်အတွက် Install ပြုလုပ်စရာမလို အပ်ပဲ ရိုးရိုးရှင်းရှင်းဖြင့် လွယ်ကူစွာအသုံးပြုနိုင်ပါသည်။ Change Drive Icon Software ကို Double Click ဖြင့် ဖွင့်လိုက်သည်နှင့် အောက်ဖော်ပြပါပုံအတိုင်းတွေ့မြင်ရမည်ဖြစ်ပါသည်။ List Of Drive တွင် ကွန်ပျူတာအတွင်း ရှိ Drive များကိုတွေ့မြင်ရမည်ဖြစ်ပြီး Icon ပြောင်းလဲလိုသည့် Drive ကိုရွေးချယ်ပေးရပါမည်။ ထို့နောက် Icon File Path မှတစ်ဆင့် ပြောင်းလဲလိုသည့် Icon ပုံစံများမှ နှစ်သက်ရာကိုရွေးချယ်ပေးရပါမည်။ ရွေးချယ်ပြီးပါက Change Drive Icon ကို Click ၍ပြောင်းလဲနိုင်ပါသည်။
အောက်ဖော်ပြပါပုံအတိုင်း ကွန်ပျူတာအတွင်းရှိ Drive များကို မိမိတို့စိတ်ကြိုက် Icon များဖြင့် လှလှပ ပတွေ့မြင်နိုင်မည်ဖြစ်ပါသည်။
Download ချရန်
changedriveicon

Lady Bug On Desktop
          ကွန်ပျူတာ Desktop ပေါ်မှာ Lady Bug အကောင်လေးများ လျှောက်သွားနေခြင်းကို သဘောကျသူ များအတွက်ဖြစ်ပါသည်။ အောက်ဖော်ပြပါပုံအတိုင်း ကွန်ပျူတာအသုံးပြုနေစဉ်အတွင်း Lady Bug အကောင် လေးများ လှုပ်ရှားနေသည်ကိုတွေ့မြင်ရမည်ဖြစ်ပါသည်။ Software ကို Install ပြုလုပ်ပြီးနောက် ကွန်ပျူတာ ညာဘက်အောက်ထောင့်ရှိ Lady Bug Icon ကို Right Click နှိပ်၍  Settings သို့ဝင်ရောက်ရပါမည်။ ထို့နောက် ကွန်ပျူတာဖွင့်သည်နှင့် Lady Bug အကောင်လေးများပေါ်လာစေရန်၊ အကောင်အရေအတွက် မည်မျှပေါ်ထွက်လာစေရန် စသည်တို့ကိုပြင်ဆင်ပေးနိုင်ပါသည်။
          ထို့နောက် OK ပေးလိုက်ပါက Lady Bug အကောင်လေးများကွန်ပျူတာပေါ်တွင် လှုပ်ရှားသွားလာနေ သည်ကို တွေ့မြင်ရမည်ဖြစ်ပါသည်။ Lady Bug များကိုပိတ်လိုပါက Lady Bug Icon ကို Right Click နှိပ်၍ Close all Lady Bug မှတစ်ဆင့်ပိတ်နိုင်ပါသည်။ ထို့အပြင် Lady Bug အကောင်လေးများကို တစ်ကောင်ခြင်းအလိုက်ဖြစ်စေ၊ သက်မှတ်ထားသောအရေအတွက်လိုက်ဖြစ်စေ တိုးပွှားစေရန်လုပ်ဆောင်နိုင်ပါသည်။
Download ချရန်
ladybugondesktop
Fly On Desktop
           Fly On Desktop  သည်အထက်ဖော်ပြပါ Lady Bug Software ကဲ့သို့အသုံးပြုပုံခြင်းတူညီမှုရှိပါသည်။ ကွဲပြားသည့်အချက်မှာ Lady Bug အကောင်လေး များနေရာတွင် အောက်ဖော်ပြပါပုံအတိုင်း ယင်ကောင်လေးများ ဖြစ်နေသည်ကိုတွေ့ရပါမည်။
Download ချရန်
flyondesktop13
Desktop Icon Toy
Desktop Icon Toy Software သည် Desktop ပေါ်တွင်ထားရှိသည့်  Folder၊ Microsoft Word အစရှိသည်တို့ကို မိမိနှစ်သက်ရာပုံစံသို့ထားရှိပေးရန်ပြုလုပ်သည့ှ်Software ဖြစ်ပါသည်။ Desktop Icon Toy Software ကို Full Version အဖြစ်အသုံးပြုနိုင်ရန်အတွက် Serial Key ပါရှိပါသည်။ Download ချပြီးနောက် 32 bit၊ 64 bit နှစ်မျိုးအနက်မှ မိမိကွန်ပျူတာအမျိုးအစားအလိုက် ရွေးချယ်ပေးရပါမည်။ Install ပြုလုပ်ပြီး နောက်  Keygen ကို Click ရပါမည်။ ထို့နောက် Generate ကို Click ၍ Serial Key ကိုရယူရပါမည်။
ထို့နောက် Quick Lunch မှ Desktop Icon Toy ကို Right Click မှတစ်ဆင့် Option သို့ဝင်ရောက်ရပါမည်။ Option တွင် Register Info သို့ဝင်ရောက်ကာ User Name နှင့် Serial Number တို့တွင် Keygen မှကူးယူ ထားသည့် အမည်နှင့်နံပတ်တို့ကိုဖြည့်သွင်းပေး၍ OK ပေးရပါမည်။ ထိုအခါ Register ပြုလုပ်ပြီးစီးကြောင်း Message ကိုတွေ့မြင်ရမည်ဖြစ်ပြီးနောက် Desktop Icon Toy Software ကို Restart (ပိတ်ပြီးနောက်ပြန်ဖွင့်) ပြုလုပ်ပြီးအသုံးပြုနိုင်ပြီဖြစ်ပါသည်။
Desktop Icon Toy ကို Right Click ဖြင့်နှိပ်၍ Lay out တွင် Music၊ Star၊ Shape စသည်ဖြင့်ရှိပြီး နှစ်သက်ရာကိုရွေးချယ်ပေးလိုက်သည်နှင့် ကွန်ပျူတာ Desktop ပေါ်ရှိ File များ၊ Folder များသည်လည်း ပုံသဏ္ဍန်များပြောင်းလဲသွားပါမည်။ ဥပမာကြယ်ပုံကိုရွေးချယ်ပေးလိုက်ပါက ကြယ်ပုံ၊ အသည်းပုံကိုရွေးချယ် လိုက်ပါက အသည်းပုံစသည်ဖြင့်ပြောင်းလဲသွားပါမည်။ Align To တွင် ကွန်ပျူတာ၏ဘယ်ဘက်ခြင်း၊ ညာဘက် ခြမ်းစသည်ဖြင့်ရွေးချယ်ပေးနိုင်ပါသည်။ Software တွင်ပါရှိသည့် Layout များကိုကြိုက်နှစ်သက်ခြင်းမရှိပါက မိမိနှစ်သက်သလို Folder များ File များကိုထားရှိပြီး Save Layout As မှတစ်ဆင့် သိမ်းဆည်းကာ အမည်ပေး ပြီးနောက် Layout အသစ်တစ်ခုကိုဖန်တီးနိုင်ပါသည်။ Icon Hiding တွင် Icon များကို အမြဲတမ်း Hid ဖြစ်နေ စေခြင်း၊ Mouse အသုံးပြုခြင်းကို Desktop ပေါ်မှဖယ်လိုက်သည်နှင့် Folder များ Hide ဖြစ်သွားစေခြင်းစသည် ဖြင့်အသုံးပြုနိုင်ပါသည်။ Folder Name၊ Icon Name များကိုလည်းထို့အတူ အသုံးပြုနိုင်ခြင်းကြောင့် ကွန်ပျူတာ Desktop ကိုရှင်းရှင်းလင်းလင်းဖြင့်အသုံးပြုလိုသူများအတွက် အလွန်အသုံးဝင်ပါသည်။ Desktop Icon Toy Software ကိုအခြားသူအသုံးမပြုစေလိုပါက Option မှတစ်ဆင့် Security သို့ဝင်ရောက်ကာ Password ပေးထားနိုင်ပါသည်။ ထိုသို့ Password ပေးထားခြင်းဖြင့် Software ကိုအသုံးပြုသည်နှင့် Password ရိုက်ထည့်မှသာ အသုံးပြုနိုင်မည်ဖြစ်ပါသည်။
 
Download ချရန်


No comments: