Software ကို Download ချပြီး
Install ပြုလုပ်ပြီးနောက် အောက်ဖော်ပြပါအတိုင်း Photo Instrument
အသုံးပြုပုံကို နမူနာ ၈ မျိုးဖြင့်ပြသထားသည်ကိုတွေ့မြင်ရပါမည်။
နမူနာပြသထားသည်ကို ကြည့် ရှူရန်အတွက် Double Click ဖြင့်နှိပ်၍
ကြည့်ရှူနိုင်ပါသည်။ ကြည့်ရှူနေစဉ်အတွင်း Mouse ကိုအသုံးမပြုရပါ။
အဆုံးထိမကြည့်ရှူလိုပါက Keyboard မှ Esc ကို နှိပ်၍ Exit
ပြုလုပ်နိုင်ပါသည်။
Photo Instrument ကို Full
Version အဖြစ်အသုံးပြုရန်အတွက် အောက်ဖော်ပြပါပုံအတိုင်း Buy Now မှတစ်ဆင့်
Registration ကို Click ၍ Email Address နှင့် Registration Key တို့တွင်
Download ချစဉ် ကပူးတွဲပါရှိသည့် Notepad အတွင်းမှ Email Address နှင့်
Registration Key တို့ကိုဖြည့်သွင်း၍ Register Click ပြီးနောက် Full
Version အဖြစ်အသုံးပြုနိုင်ပြီဖြစ်ပါသည်။
မျက်နှာပြင်ကြမ်းတမ်းနေမှုများကိုပြင်ဆင်ခြင်းအောက်ဖော်ပြပါပုံသည် Photo Instrument မှ Blur နှင့် Simulate Function နှစ်ခုကို အသုံးပြု၍ ပြောင်းလဲထားသည့်ပုံဖြစ်ပါသည်။
အဆိုပါ Function ၂
ခုကိုအသုံးပြုရန်အတွက် ပထမဦးစွာ Blur Function ကိုရွေးချယ်ရပါမည်။
ထို့နောက် Size အရွယ်အစားကိုရွေးချယ်ပြီး Hardness နှင့် Radious
အရွယ်အစားကို လိုအပ်သလိုရွေးချယ်၍ ညာဘက်ရှိ ဓာတ်ပုံပေါ်တွင် Mouse ကို Drag
ဆွဲ၍ Edit ပြုလုပ်နိုင်ပါသည်။ Simulator Function ကိုလည်း အထက်ပါနည်းတူ
တစ်လှည့်ဆီအသုံးပြုပြီး မိမိတို့၏ ဓာတ်ပုံများကို
စိတ်ကြိုက်ပြင်ဆင်နိုင်ပါသည်။ ပြင်ဆင်မှုပြု လုပ်နေစဉ်အတွင်း
မှားယွင်းလုပ်ဆောင်မိပါက Undo နှင့် Redo တို့ကို အသုံးပြုနိုင်ပါသည်။
Photo Instrument ရှိ Liquify
Function ကိုအသုံးပြု၍ ကာတွန်းရုပ်ပြောင် caricature များရေး
ဆွဲနိုင်ပါသည်။ အောက်ဖော်ပြပါပုံမှာ Liquify
ကိုအသုံးပြု၍ပြောင်းလဲထားသည့်ပုံဖြစ်ပါသည်။ မိမိတို့သူငယ်ချင်း
များ၏ပုံများကို ပြုပြင်ပြောင်းလဲ၍
ပျော်ရွှင်ဖွယ်ရာဟာသပုံလေးများဖန်တီးနိုင်မည်ဖြစ်ပါသည်။
မျက်နှာပြင်အလင်းမညီမျှခြင်းနှင့်ဓာတ်ပုံပေါ်ရှိအရာဝထ္ထူများကိုဖယ်ထုတ်ခြင်း
ဓာတ်ပုံတစ်ပုံရှိမျက်နှာပေါ်တွင်မျက်နှာပြင်အလင်းအချိုးအစားမမျှတမှုများကို
ပြင်ဆင်ရန်အတွက် Gla- mour Skin က Function ကို အသုံးပြုပြီး၊ ဓာတ်ပုံရှိ
မိမိမနှစ်သက်သည့်အရာဝထ္ထူများကိုဖယ်ထုတ်ရန်အတွက် Remove Function ကို
အသုံးပြုပါသည်။ အသုံးပြုပုံမှာ အထက်တွင်ဖော်ပြထားသည့်အတိုင်းပင်ဖြစ်ပါသည်။
အောက်ဖော်ပြပါပုံမှာ အဆိုပါ Function ၂ ခုကိုအသုံးပြု၍
ပြုပြင်ထားသည့်ပုံဖြစ်ပါသည်။ ပုံတွင် မူရင်းပုံ၌ မျက်နှာတွင်
အလင်းမညီမျှမှုဖြစ်ပေါ်နေသည်ကို Gla- mour Skin Function
အသုံးပြု၍ပြုပြင်ထားပြီး၊ မူရင်းပုံ ရှိ ဆွဲကြိုးကို Remove Function
အသုံးပြု၍ ဖယ်ထုတ်ထားသည်ကိုတွေ့မြင်ရပါသည်။ အဆိုပါပြင်ဆင်မှုများ မှာ
နမူနာအနေဖြင့်ဖော်ပြထားခြင်းဖြစ်ပြီး အသုံးပြုသူများအနေဖြင့်
မိမိတို့စိတ်ကူးများအတိုင်း ဓာတ်ပုံများကို
လှပကျော့ရှင်းစွာဖန်တီးပြုပြင်နိုင်မည်ဖြစ်ပါသည်။
ထို့သို့ပြုလုပ်ခြင်းများအပြင် Color Photo ကို Black and White
ပြုလုပ်ခြင်း Skin Clearner ပြုလုပ် ခြင်း၊ Photo File Size
များလျော့ချခြင်း၊ Clone ပြုလုပ်ခြင်း၊ Brush ပြုလုပ်ခြင်း စသည်တို့ကိုပါ
ဆောင်ရွက်နိုင် ပါသည်။ အသုံးပြုရန်အခက်အခဲရှိပါက Help မှ Help Video
မှတစ်ဆင့် နမူနာပြုလုပ်ချက်များကို လေ့လာနိုင် ပါသည်။Detail of Photo Instrument
File Size 3.00 MB
Company Fatykhov Timur
File Version 4.4.0.471
Date Created: 1/5/2012 9:55 AM
Download ချရန်
PhotoInstrument_setup
မူရင်း link; ;http://www.cherrymyay.com/2012/02/photo-instrument-software/
No comments:
Post a Comment